
အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်၊
၂၀၂၅ ဒီဇင်ဘာလ ၂၇ ရက် (သျှမ်းသံတော်ဆင့်, ဟုတ်တယ် Vs မဟုတ်ဘူး, The Red Flag) စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ်...
Read More
ပုလော CDM ဆရာမဇနီးမောင်နှံ အသတ်ခံရမှုမှာ KNU ဖမ်းထားသူတွေဟာ PDF တွေဆိုပြီး သတင်းအမှားဖြန့်
ပုလောမြို့နယ်၊ ဆားခဲရွာမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဖြစ်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ဟာ နေအိမ်မှာ ဒီဇင်ဘာလ ၁၆ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (မြိတ်-ထားဝယ်ခရိုင်) ဘက်ကတော့ တရားခံလို့ဆိုသူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ထားတဲ့အပေါ်...
Read More
အေအေပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးကြောင့် သက္ကေပြင်ကျေးရွာမှာ ကလေးငယ်တစ်ဦး သေဆုံးဆိုပြီး သတင်းမှားဖြန့်
MFCN/The Akyab Post/ The Red Flag Dec 22, 2025 Fact check ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာကို အာရက္ခတပ်တော် အေအေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လိုက်တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ် လက်ဖောင်းမှာပါ ပျံံ့နှံ့လျက်...
Read More
နေပြည်တော်စစ်တပ်ဝန်ထမ်းအိမ်ရာကိုအေအေ ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်ဆိုတဲ့ သတင်းအမှား
ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Pii Videos ဆိုတဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာက “ နေပြည်တော်ရှိ စစ်တပ်ဝန်ထမ်းအိမ်ရာတွေကို AAပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်တယ်” ဆိုပြီးတော့ ဗီဒီယိုတစ်ခုဖန်တီးပြီး သတင်းအမှားဖြန့်ဝေနေပါတယ်။ အဲ့ဒီ ဗီဒီယိုတစ်ခုကို ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Pii Videos ဆိုတဲ့ စာမျက်နှာက စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး Likeပြုလုပ်သူ – ၃၁၀၀၀နဲ့ ပြန်လည်မျှဝေသူ ၁၀၀၀ကျော်ရှိနေပြီး ပျံ့နှံ့မှုများနေပါတယ်။...
Read More
ရေဖြူမှာ မွန်လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးသေဆုံးမှုကို ကားနဲ့တိုက်သတ်ခံရတာလို့ သတင်းအမှားဖြန့်
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ရာမညမွန်တပ်တော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ဒီဇင်ဘာလ ၁၆ရက်က ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ဆက်ကြေးကောက်နေတဲ့ PDF ခေါင်းဆောင် တစ်ဦးကို ပြည်သူတစ်ဦးက မကျေနပ်လို့ ကားနဲ့ တိုက်သတ်တယ်ဆိုပြီး ပုံဖျက်ရေးသား ဖြန့်ချိခဲ့ကြပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့...
Read More
အေးသာယာ ဓာတ်ဆီဆိုင် မီးလောင်မှုက PNO တပ်သားကြောင့် ဆိုပြီး သတင်းအမှား ဖြန့်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် Fact-check / ခမ်းသားငေါဝ်း/ MFCN အချက်အလက်စစ်ဆေးခြင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တပင်ရွှေထီးဓာတ်ဆီဆိုင် မီးလောင်မှုနှင့်ပတ်သက်၍ သတင်းအမှား ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။ “Karenni Media” ဟု အမည်ရှိသည့် ဖေ့ဘွတ် စာမျက်နှာကနေ “အေးသာယာ...
Read More
စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့်
စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၈ရက်။ (Fact-Check_DNA) အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲက ထူးခြားတဲ့ရွေးကောက်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေက သာမန်ရွေးကောက်ပွဲသာလျှင်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက နေပြည်တော် ဇေယျာသီရိမြို့နယ်မဲဆွယ်စည်းရုံးရေးမှာ ဝါဒဖြန့်ပြောကြားခဲ့ ပါတယ်။...
Read More
ကျောက်ဖြူနဲ့ ဂွမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ပြည်သူတွေကိုအေအေ တပ်သားတွေဆိုပြီး သတင်းမှားဖြန့်
MFCN/ The Akyab Post Fact check 18 Dec 2025 ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဂွမြို့နယ်တို့ကို စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့သူတွေဟာ အေအေတပ်သားတွေဖြစ်ပြီးတော့၊ ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ချန်နယ်ကနေ ဒီဇင်ဘာလ...
Read More
မြိုင်ဗုံးကြဲတိုက်ခိုက်မှုမှာ PDF တွေ သေဆုံးဆိုပြီး သတင်းမှားဖြန့်ဝေ
၂၀၂၅ ဒီဇင်ဘာ ၁၆ ရက် Fact-check, ဖက်ဒရယ် FM/ The Red Flag / MFCN ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြိုင်ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ PDF တွေ သေဆုံး ခဲ့တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့Truth Media တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ...
Read More
၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်ဆိုပြီး စစ်ခေါင်းဆောင် လိမ်ညာဝါဒဖြန့်
Fact-check _ MFCN/ ဟုတ်တယ် Vs မဟုတ်ဘူး/ ခမ်းသားငေါဝ်း/ The Red Flag ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ အနှစ်ချုပ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်တပ်ကပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝါဒဖြန့်ရာမှာ NLD အစိုးရလက်ထက် တုန်းက ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတယ်ဆိုပြီး...
Read More
ဂျာမေကာမုန်တိုင်း ဗဟိုချက်ကိုပြသတဲ့ ဗီဒီယိုက AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတု
ဂျာမေကာမုန်တိုင်း ဗဟိုချက်ကိုပြသတဲ့ ဗီဒီယိုက AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတု ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ရက်။ (Fact-check _DNA/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag) အနှစ်ချုပ် ဂျာမေကာမုန်တိုင်း ဗဟိုချက်ဆိုတဲ့ လေယာဥ်ကတဆင့် ရိုက်ကူးထားပြီး ဂျာမေကာက မုန်တိုင်း ဗဟိုချက် (eye)...
Read More
DKBA ထိန်းချုပ်ထားသော ဆေးရုံကို KNLA အဖွဲ့ ဗုံးကြဲဆိုသည့် သတင်းအမှား
7 Sep 2025 Fact-check- Myanmar Pressphoto Agency၊ The Red Flag ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော ဆေးရုံကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်တော်(KNLA) အဖွဲ့က ဗုံးကြဲဟု စစ်တပ်ထောက်ခံသော ဝါဒဖြန့်သူများက သတင်းအမှားဖြန့်ဝေလျက် ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၄ရက် နံနက် ၁၀နာရီကျော်တွင်...
Read More
ဧရာဝတီမြစ်ထဲတွင် စစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရမှုသည် ဂျင်းသတင်းများသာဖြစ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်
July 26 2025 By RaHu/ Myanmar Pressphoto Agency-The Red Flag ဧရာဝတီမြစ်ထဲတွင် စစ်ကောင်စီစစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရဆိုသော သတင်းများသည် ဂျင်းသတင်းများ သာဖြစ် ကြောင်း စစ်ကောင်စီလော်ဘီKyaw Swar တယ်လီဂရမ်ချန်နယ်က သတင်းအမှား ဖြန့်ဝေထားသည်။ Kyaw Swar ချန်နယ်က ၂၀၂၅ ဇူလိုင် ၂၃ရက် ညပိုင်းတွင် ဧရာဝတီမြစ်ထဲတွင်...
Read More
ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား
7 July 2025 By Wadi/ MPA – The Red Flag ရန်ကုန်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆဲဗင်းဇူလိုင် ဆန္ဒပြဆိုသည့် အကြောင်းအရာသည် လူမှုကွန်ယက်ဖေ့ဘွတ်၌ ပျံ့နှံ့လျက်ရှိသည်။ “ဆူးကြားကဘူးခါး” ဖေ့ဘွတ်ခ်အကောင့်က ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် စစ်အာဏာရှင်ပြုတ် ကျရေးအတွက် GSC၊...
Read More
ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှု PDF များလက်ချက်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်
June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။ “VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က...
Read More
ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်သတင်းမှား
DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက်...
Read More
မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်မှု NUG စေခိုင်းခြင်းဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို...
Read More
လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်
ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ Lagon Eain, The Red Flag, MFCN အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။...
Read More
အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား
(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More
လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More
မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား
Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More
ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့ ဟု ဓာတ်ပုံအဟောင်းကိုအသုံးပြု၍ ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
By Haythar/ Myanmar Pressphoto Agency- The Red Flag ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီးထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။ ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ...
Read More
လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား
လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch...
Read More
ပါးချိတ်ရောင်ရင် မဲနယ်၊ ဆေးမှင်ပြာလိမ်းရတယ်ဆိုတဲ့ အယူအဆအမှား
မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။ ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း...
Read More
ထိုင်းတွင် တော်လှန်ရေးထောက်ခံသူ မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှား
By Wadi/ Myanmar Pressphoto Agency- The Red Flag ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရဆို သော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ...
Read More
တော်လှန်ရေးအလှူငွေ မထည့်လို့ မြန်မာရှစ်ဦး မလေးရှားမှာ ပြန်ပေးဆွဲခံရတယ်ဆိုပြီး သတင်းအမှားဖြန့်
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ ရက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ကို မှိုင်းဝေနဲ့ ပုလဲမြေ စတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုကတော့ ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအတွက် အလှူငွေမထည့်လို့ ပြန်ပေးဆွဲခံရတာလို့ ဖေဖော်ဝါရီလ ၈ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အထက်ပါဖော်ပြချက်နဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့သတင်းအမှား...
Read More
ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား
၂၀၂၅ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး...
Read More










