Article
ဇန်နဝါရီလ၊ ၂၄ရက်။ (Fact Check) DNA / The Red Flag ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ရက်နေ့နဲ့ ၂၂ရက် နေ့တွေမှာ လေကြောင်းနဲ့ နောင်ချိုမြို့မရဲစခန်း၊ ထွေအုပ်ရုံးနဲ့ TNLAအကြီးပိုင်းတွေအစည်းဝေးလုပ်နေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲချခဲ့တာကြောင့် TNLA အကြီးပိုင်းများစွာ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းကို တိုက်ပွဲသတင်းစုံ ဆိုတဲ့ စစ်တပ်လော်ဘီချန်နယ်ကနေ ပြီးခဲ့ ဇန်နဝါရီ “ ထိခိုက်မှုအနေနဲ့ကတော့ ကြဲတဲ့နေရာတိုင်း ထိထိမိမိရှိပြီး TNLA ၄၀ လောက် သေဆုံးသွားတယ်။ ထွေအုပ် ရုံးထဲက TNLA တွေကတော့ အကုန်နီးပါးသေသွားပြီး ရုံးလည်း ပြားချသွားလို့ Back holeနဲ့ရှင်းထုတ်နေရတယ်”ဆိုတဲ့ စာသားနဲ့အတူ စတင်ဖြန့်ဝေထားပြီး အခြားတယ်လီဂရန်ချန်နယ်တွေကလည်း […]
၂၂ ဇန်နဝါရီလ ၂၀၂၅ (သျှမ်းသံတော်ဆင့်၊ Delta News Agency၊ The Red Flag) အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသောကလေးစစ်သားများဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် People Media ချန်နယ်လ်မှ “စစ်သွေးကြွ NUG အုပ်စုမှ ကလေးငယ်များကို စစ်သားစုဆောင်းထားမှု မြင်ကွင်း” (မူရင်းအတိုင်း) ဟု ရေးသားကာ ဇန်နဝါရီလ ၁၈ ရက်က ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိခဲ့သည်။ ထိုဗီဒီယိုဖိုင်ကို ကြည်ရှုသူပေါင်း ၇၅,၀၀၀ ကျော်ရှိသည်။ မူရင်းလင့်ခ် – https://archive.ph/jIN2F ရွှေနေကြာ – https://archive.ph/Uao8M Min Chit Oo – https://archive.ph/ehHqj သတင်းအမှားဖြန့်ချိသူတွေက […]
တနင်္သာရီမြို့နယ်၊ တကူရွာမှာ ဇန်နဝါရီလ ၁၃ ရက်က စစ်ကောင်စီရဲ့ မြိတ်လေတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘဲ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချရာကနေအရပ်သားတွေထိခိုက်တာလို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၄ရက်မှာ ငြင်းချက်ထုတ်ခဲ့ပါတယ်။ အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။ ဝက်ဘ်ဆိုက်လင့် – https://archive.ph/Mb8i7 တယ်လီဂရမ်ချန်နယ်လင့် – https://archive.ph/drOoM အထက်ပါ ငြင်းဆိုချက်နဲ့ ပတ်သက်ပြီး ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch […]
By Wadi/Myanmar Pressphoto Agency- The Red Flag မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ ၆နာရီခန့်တွင် မြောက်ဦးမြို့ ရမ်း ချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများ လုံးဝ မဟုတ်ကြောင်း၊ သတင်းအတိအကျရထားသည့်အတွက် အေအေစခန်းနေရာကို အတိအကျဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ သေ ဆုံးသွားသူများမှာ အေအေအဖွဲ့က အဓမ္မတပ်သားစုဆောင်းထားသူများနှင့် CDM ပြုလုပ်ထားသည့် ရခိုင် လူမျိုးများ ဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။ အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၀ […]
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် (Fact Check) Delta News Agency/ The Red Flag လက်ရှိလူမှုကွန်ရက် စာမျက်နှာပလက်ဖောင်းအသီးသီးမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်က Los Angeles (or) LA မြို့ အနီးဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုမှာ ဘာသာရေး ကြောင့် မီးကွင်းခဲ့တဲ့အိမ်ဆိုပြီး မီးမလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်ဓါတ်ပုံ ၂ ပုံနဲ့ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်မှာ U Chit Wai အမည်ရှိ Facebook Account ကနေ “ မီးကွင်းခြင်း၊ သူ့ကံတ ရားနဲ့ သူပါပဲ.. ဒါကြောင့် စိတ်ကောင်းကောင်းမွေးမြူကြ-သိကြားသာသနာက ဖြစ်ပျက်လွယ်လွန်းပါတယ်” […]
၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းပုံနှင့်အတူ အခွန်ငွေတောင်းခံသည့် စာရွက်စာတမ်းများပါ ဖြန့်ချိခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၁,၀၀၀ ကျော်ရှိသည်။ မူရင်းလင့်ခ် – https://archive.ph/bkQrQ#selection-287.0-287.17 သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖယ်ဒရယ် FM တို့၏ အချက်အလက်စစ်ဆေးသူများက […]
တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။ အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။ လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့ လိမ်လည်မှုအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီလူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့ အမည်နဲ့ page link ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ Aung Gyi Car Sale Center page – https://archive.ph/mTEbt Si Thu Aung Car Lucky Draw […]
ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်နေ့အထိ ကြည့်ရှုသူ ၁၂၀၀၀ကျော်၊ like and react လုပ်သူ ၁၈၀ ဦး ကျော်ရှိပါတယ်။ သတင်းအမှားလင့်ခ် – https://t.me/KKM28640/9568 တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking […]
ဒီဇင်ဘာလ၊ ၂၇ရက်။ (Fact Check) DNA / The Red Flag မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရန်ပုံငွေ အတွက်လို့ ခေါင်းစဥ်တပ်ပြီး အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ပုံစံနဲ့ ထုတ်ပြန်ချက်တခု လူမှု ကွန်ရက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအယောင်ဆောင် ငွေကြေးလိမ်လည်တဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီ အားပေးထောက်ခံတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ ရွှေနေကြာကနေစတင် စတင်ဖြန့်ဝေထားပြီး တခြား လော်ဘီချန်နယ်တွေကပါ မျှဝေထားကာ “ဒါကြောင့်ပြောခဲ့ကြတာကိုး PDFတွေဆိုတာ ကြာရင်ဓါးပြတွေဖြစ်လာမှာလို့” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားတာကြောင့် ပြန့်နှံ့မှုအားကောင်းနေတာပါ။ သတင်းမှားလင့်ခ် – ရွှေနေကြာ – https://archive.ph/RWxLl KO CHIT (MDY) – https://archive.ph/4lp1h Lashio Thar – https://archive.ph/xpPOK ဘညွန့် – https://archive.ph/uZ1fU […]
၂၀၂၄ ဒီဇင်ဘာလ ၂၄ ရက် (သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag) တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂ ယောက်၊ သူတို့ပြောပုံအရဆိုရင် TNLA က ကောင်တွေက တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုနေတာ။ စစ်သင်တန်းရက်တိုပေးတယ်။ ပြီးရင် ရှေ့တန်းကို အသေခံခိုင်းတယ်” ဟု (မူရင်းအတိုင်း) ဖမ်းဆီးမိသော TNLA စစ်သုံ့ပန်း ရုပ်သံဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။ ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း […]
စစ်ကောင်စီ လော်ဘီချန်နယ်တွေ ဝါဒဖြန့်တာတွေကိုဘာကြောင့် လုပ်ဆောင်နေတာပါသလဲ။ ပြည်သူတွေအနေနဲ့ လော်ဘီ တယ်လီဂရမ် ချယ်နယ်တွေရဲ့ နောက်ယောင်ခံစောင့်ကြည့်မှုစက်ကွင်းကနေလွတ်အောင် ဘယ်လိုပြုမှုနေထိုင်ကြ မှာလဲ။ ဒီအကြောင်းအရာတွေကို ပြည်သူတွေပိုမိုသိရှိသတိပြုနိုင်စေဖို့အတွက် စစ်ကောင်စီရဲ့ သတင်းအတု၊ သတင်းအမှားဖြန့်ချိနေ တာကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ဆီဆက်သွယ်မေးမြန်းထားတာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က တင်ဆက်လိုက် ပါတယ်။
21 December 2024 By Myanmar Pressphoto Agency + Delta News Agency + The Red Flag တောင်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၈ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကိုယ်စားလှယ်ရုံးကနေ သက်တမ်းကုန်တဲ့ နိုင်ငံကူးလက်မှတ်တွေကို တံဆိပ်တုံးတုသက်တမ်းတိုးတာကို လက်မခံတော့ဘူးဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးတဲ့နောက် NUGလက်အောက်သက်တမ်းတိုးခဲ့သူတွေက တောင်ကိုရီးယားမှာ တရားမဝင်အဖြစ်နေထိုင်နေရတယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းကို စစ်ကောင်စီလက်အောက်ခံမီဒီယာတခုဖြစ်တဲ့ kyaw.soe.oo.peoplemedia tiktok အကောင့်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး “လူဦးရေ ငါးသောင်းကနေ တသိန်းကြား NUGရဲ့ရုံးမှာ passportသက်တမ်းတိုးကြတယ် ကြားတယ် ၊ အဲ့ဒီသူတွေက နိုင်ငံမဲ့ပေါ့ဗျာ၊ နိုင်ငံမဲ့တွေဖြစ်သွားပြီ၊ ခွေးလေခွေးလွင့်တွေဖြစ်သွားပြီ။ ဘယ်တော့မှ နိုင်ငံကိုပြန်လာကြရမယ့်သူတွေ မဟုတ်ဘူး။ ပွဲကကြည့်လို့ကောင်းသွားပြီ။ […]
မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။ အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။ “အခုလုပ်ရပ်တွေကို ရပ်ရမယ်၊ မဟုတ်ရင် နင့်မိဘ နင့်အိမ်နဲ့ ရွာ ပြာကျမယ်လို့ ခြိမ်းခြောက်ခံရတာပါရှင့်။ သပိတ် ဆက်လိုက်နေရင် ပစ္စတိုနဲ့ ရှင်းလင်းရမယ်လို့ ရေးသားဖော်ပြခံရတာမျိုးလည်းရှိပါတယ်” မမို့မို့က ပြောပါတယ်။ စစ်ကောင်စီကိုလော်ဘီလုပ်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ အများအပြားရှိတဲ့အကြားက အမဲလိုက်မုဆိုးကြီးသတင်း အမှန်ဆိုတဲ့ ချန်နယ်ကတော့ ထားဝယ်ခရိုင်ကို ပစ်မှတ်ထားပြီး သတင်းအမှားတွေ ဖြန့်ချိနေတာပါ။ မမို့မို့လိုပဲ […]
20 December 2024 By Myanmar Pressphoto Agency + Delta News Agency + The Red Flag ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက ကျောက်ဂူရွာလယ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ Thazin Oo 🇲🇲ချန်နယ်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ည၉နာရီခွဲဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၇၉,၄၃၃ဦး၊ reactionပြုလုပ်သူ ၁,၀၀၁ဦး၊ အကြံပြုချက်ရေးသားမှု ၆၄ခုနဲ့ ပြန်လည်မျှဝေသူ ၉၇ဦးထိရှိနေပြီး အဲ့လိုပြန်လည်မျှဝေသူတွေထဲမှာ တခြား စစ်ကောင်စီ အားပေးထောက်ခံချန်နယ်တွေလည်းပါဝင်နေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။ သတင်းမှားလင့်ခ်များ […]
(Fact Check Articles) Delta News Agency/ The Red Flag ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် စစ်ရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်က ဖေ့ဘုတ်စ်စတဲ့ လူမှုကွန်ရက်တွေ၊ လူစည်ကားရာ လမ်းဆုံလမ်းခွ တွေမှာ အလုပ်ခေါ်စာအတုတွေ ဖြန့်ဝေပြီး အလုပ်လျှောက်ထားသူတွေကို အင်တာဗျူး ခေါ်တွေ့ကာ တပ်သားသစ်အဖြစ် ခြိမ်းခြောက်ခံဝန်လက်မှတ်ထိုး စုဆောင်းမှုတွေပြုလုပ်နေပါတယ်။ အလုပ်အကိုင်ရှာဖွေရေး group တွေမှာ စစ်တပ်ရဲ့ စစ်သားစုဆောင်းရေးတပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေက ပုဂ္ဂလိက/ကုမ္ပဏီဝန်ထမ်းအဖြစ် အလုပ်ခေါ်ယူတဲ့ပုံစံနဲ့ လိမ်လည်ခေါ်ယူနေပြီး စစ်သင်တန်းတက်ခိုင်းကာ စစ်တပ်အတွက် အမြဲတမ်းတပ်သားသစ်အဖြစ် စုဆောင်းမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ စစ်အာဏာသိမ်းထားတဲ့ကာလမှာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ပြန်လည်ထွက်ခွာသွားတဲ့အတွက် အလုပ် အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့လူငယ်တွေ၊ အလုပ်ရှာနေတဲ့လူငယ်တွေ၊ ကျေးလက်ဒေသနေ လူငယ် […]
18 Dec 2024 Myanmar Pressphoto Agency(MPA)/ Delta News Agency/ The Red Flag ရန်ကုန်တွင် စစ်ကောင်စီတပ်က PDF များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ပေါ်တာဆွဲခြင်းမရှိဟု စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ “ဘညွန့်” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းတွင် “ရန်ကုန်မှာ ပဒက်အသိုက်တွေကို ဝင်စီးနင်းနေတော့ ပေါ်တာဆွဲပါတယ်ဆိုပြီး နီပိန်းတွေဖွဖို အစီအစဥ်ဆွဲနေကြတယ်။ new year ကလဲ နီးနေပြီဆိုတော့ ပြည်သူတွေ အပြင်မထွက်အောင် မပျော်ရအောင် ဖွကြလိမ့်မယ်”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားခြင်းဖြစ်သည်။ အဆိုပါသတင်းအမှားဖြန့်ဝေမှုကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၂၈၀၀၀ ကျော်၊ like and react […]
၂၀၂၄ ၊ ဒီဇင်ဘာလ ၁၆ ရက် (သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် )၊ The Red Flag) ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်မှု မရှိကြောင်း၊ သတင်းမီဒီယာများမှ ဖော်ပြသောအကြောင်းအရာသည် မမှန်ကန်ကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး Mawshan Myay Media […]
လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား ပါသေးတယ်။ အဲဒီဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ကြည့်ရာမှာတော့ ပုံဖော်သတင်းအမှားဖြန့်တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။ Suscriber နှစ်သောင်းခွဲကျော်ရှိတဲ့ Truth Media တယ်လီဂရမ်ချန်နယ်ရဲ့ အဲဒီဖော်ပြချက်ကို တယ်လီဂရမ်အသုံးပြုသူ ကိုးထောင်ကျော်က မြင်တွေ့ထားပါတယ်။ အဲဒီချန်နယ်ရဲ့ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ […]
ဒီဇင်ဘာ ၁၆၊ Arakan Express News/ The Red Flag ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ Subscriber ၃၃,၅၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၃,၂၀၀ ကျော်၊ like and react လုပ်သူ ၁၉၇ ကျော်ရှိပါတယ်။ သတင်းအမှားလင့်ခ် https://archive.md/hLTo3 တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ […]
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက် (Fact Check) Delta News Agency/ The Red Flag အာရက္ခတပ်တော် AAကနေ အဓမ္မလူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေလို့ ရခိုင်ကနေ ထွက်ပြေးလာတဲ့ ရခိုင် လူငယ်တွေ ထိုင်းမှာ အဖမ်းခံရတယ်ဆိုပြီး ထိုင်းရဲအဖမ်းခံနေရတဲ့ ဓါတ်ပုံတွေနဲ့အတူ ရေးသားဖြန့်ဝေနေ လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ မင်းဗာကြီး တယ်လီဂရန်ချန်နယ်ကနေ ဒီဇင်ဘာလ ၁၃ ရက်မှာ “AA အကြမ်းဖက်အဖွဲ၏ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေသောကြောင့် ထွက် ပြေးကြသော ရခိုင်လူငယ်များ ထိုင်းတွင်အဖမ်းခံရ”လို့ရေးသားပြီး ဓါတ်ပုံ ၃ ပုံနဲ့အတူစတင် ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ အဲဒီသတင်းကို တခြားလော်ဘီတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ Kyaw Swar, ကိုလှရွှေ(သတင်းမှန်), Snow Queen, […]
၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်, သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် ) ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီးအပြန် နေပြည်တော် PDF ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်လ်မှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး သတင်းမီဒီယာများက ဖော်ပြထားသည့် ဓာတ်ပုံကိုပါ ဖြန့်ဝေထားသည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၁,၀၀၀ ကျော်ရှိသည်။ သတင်းမှားလင့်ခ် – https://archive.ph/z6bH3#selection-231.0-231.51 သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် […]
ဒီဇင်ဘာလ၊ ၁၂ရက်။ (Fact Check) – DNA/ The Red Flag ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ၇ရက်၊ မနက်၆နာရီဝန်းကျင်မှာ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သဲကုန်းရွာအနီးမှာ ဒေသခံအမျိုးသား၄ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းကို စစ်ကောင်စီလက်အောက်ခံမီဒီယာတခုဖြစ်တဲ့ People Mediaကလည်း မနေ့က နေ့လည်၁၂နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၁၅၄၇ဦး၊ reaction ပြုလုပ်သူ သုံးရာကျော်ရှိနေပြီး တခြား လော်ဘီချန်နယ်တွေကပါ မျှဝေထားတာပါ။ သတင်းမှားလင့်ခ် People Media – https://archive.md/FohR0 Snow Queen 🇲🇲🇲🇲🇲🇲– https://archive.md/DrI2t Ye Yint Htet (#yyh) – https://archive.md/2AjDE ဒီသတင်းမှားကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တဆင့်ဖြန့်ဝေနေတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံမီဒီယာဌာနတွေ၊ လော်ဘီချန်နယ်တွေအပြင် သတင်းစာတွေကပါတဆင့် […]
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀ ရက်က စဖြန့်ချိပြီး ဒီဇင်ဘာလ ၁၁ ရက်အထိ ဖြန့်ချိထားဆဲဖြစ်တာကို တွေ့ရပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ The Arakan Express News က အချက်အလက်စိစစ်ကြည့်ရာမှာ သတင်းအမှား ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ် […]
သျှမ်းသံတော်ဆင့်၊ The Red Flag,၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက် ၂၀၂၄ စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ “လက်နက်ကိုင်အကြမ်းဖက်သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလို တုံ့ပြန်သွားမည်” ဟု ပြောဆိုခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ဦးဆောင်ပြီး ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုစစ်ဆင်ရေး တစ်နှစ်ကျော်ကာလအတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တစ်ခုအပါအဝင် တပ်စခန်းများစွာနှင့် မြို့ပေါင်း ၂၄ မြို့ကို စစ်ကောင်စီတပ်ဘက်က လက်လွတ်ဆုံးရှုံးခဲ့ရသည်။ […]
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက် ည ၈ နာရီ ၅၀ကျော်တွင် ဗန်းမော်၊ မံစီဘက်တွင် ဒီဇင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေ ကြောင်း၊ KIA နှင့် PDF က ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ပြုလုပ်နေကြောင်း၊ ထွက်ပြေးတိမ်း ရှောင်သူများကို တားဆီးပိတ်ပင်ကာ ဖမ်းဆီးပြီး တိုက်ပွဲအတွင်း မောင်းထည့်နေကြောင်း၊ […]
ဒီဇင်ဘာလ ၉ ရက် – Federal FM/ The Red Flag ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့ ဒီဇင်ဘာလ၈ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၂၅.၃ ကျော်ရှိတဲ့ Truth media အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် […]
၂၀၂၄ ဒီဇင်ဘာလ ၇ ရက်, သျှမ်းသံတော်ဆင့်၊ The Red Flag ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးသွားသကဲ့သို့ ရေးသား၍ Tik Tok ရုပ်သံဖိုင်တစ်ခုကို ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် U Kyaw Soe Oo ချန်နယ်လ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “တင်နီလာအေး ခေါင်းကြီးပိုင်းမုသွားပြီ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၃,၀၀၀ ကျော်ရှိပြီး U Kyaw Soe Oo ချန်နယ်လ်အပြင် အခြားသော စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။ မူရင်းလင့်ခ် – https://archive.md/6cfo1 ဆက်စပ်သတင်းအမှားလင့်ခ် […]
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံခဲ့ရတယ်လို့ YouTube ၊ Facebook နဲ့ Telegram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ချိနေကြတာတွေ့ရပါတယ် ။ အဲဒီဖော်ပြချက်တွေကို Myanmar Factchecking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ People’s Spring က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ■ YouTube ချန်နယ်တစ်ခုက သတင်းအမှားစဖြန့်ချိ သရုပ်ဆောင် မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး ထိုင်းအစိုးရက သူ့ကို မြန်မာနိုင်ငံပြန်ပို့ဖို့လုပ်နေတယ်လို့ subscriber ပြုလုပ်ထားသူ နှစ်သောင်းလေးထောင်ကျော်ရှိတဲ့ “Toot Pe” ဆိုတဲ့ အမည်နဲ့ YouTube ချန်နယ်က နိုဝင်ဘာလ ၂၇ရက်က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ် ။ […]
By Haythar/Myanmar Pressphoto Agency+The Red Flag ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိပြီးနောက် ဓားပြများသည် NUG ကိုအလုပ်လုပ်ပေးနေသူများဖြစ်ဟုဆိုသည့် သတင်းအမှားများ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂ ရက်မွန်းလွဲပိုင်းတွင် ဓားပြတိုက်သူများကိုဖမ်းဆီးရမိထားသည့် ဓာတ်ပုံများနှင့်အတူ “ ဖမ်းဆီးရမိသူများမှာ NUG အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး ရရှိလာသော ငွေကြေးအား NUG အဖွဲထံ တစ်၀က်ခွဲပေးရ” ဟု ရေးသားဖြန့်ဝေထားသည်။ အဆိုပါရေးသားဖြန့်ဝေမှုကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းအထိကြည့်ရှုသူ ၄၉,၀၀၀ ကျော်၊ Like and React ပေး သူ ၆၆၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။ သတင်းအမှားလင့်ခ်များ […]
အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ် ဒီတစ်ပတ်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက TNLA/PDF တို့သိမ်းယူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီကထိုးစစ်ဆင်အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို စောလားဘွယ်က စိစစ်တင်ဆက်ပေးထားပါတယ်။ #FFM #FederalFM #Factcheck #FreeHtetHtetKhine #FreeAllJournalists Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
ဒီဇင်ဘာလ ၂ ရက် – Federal FM/ The Red Flag လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၃၇,၃ ကျော်ရှိတဲ့ KO Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း သိရှိရပါသည်။ လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်သည် စေတီတော် တည်ရန်အတွက် မန္တလေးသို့ လိုအပ်သောပစ္စည်းများဝယ်ရန် ထီးစဲခါးကျောင်းတိုက်ပိုင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အောင်ကလပ်ကျေးရွာအနီးသို့အရောက် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် KNDF/PDF များမှ လက်နက်ငယ်များနှင့် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် […]
၂၀၂၄ ဒီဇင်ဘာလ ၃ ရက်, သျှမ်းသံတော်ဆင့်၊ The Red Flag စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက အရပ်သားများသည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းကြောင့် သေဆုံးရသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Snow Queen ချန်နယ်လ်မှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး TNLA ထုတ်ပြန်သည့် အချက်အလက်အပေါ်အခြေခံကာ ဒေသခံများက ပြောပြခဲ့သည်ဟုဆိုပြီး ရေးသားဖြန့်ချိခဲ့သည်။ ၎င်းက “သူတို့ (TNLA) ကတော့ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သေတယ်ပေါ့နော့။ ဆိုတော့ သေတာလည်း မှန်တယ်။ လေကြောင်းတိုက်ခိုက်လို့ဆိုတာလည်း မမှားဘူး။ ဒါပေမယ့် သူတို့မပြောရဲတာက အဲဒီအရပ်သားတွေဟာ သူတို့က လူသားဒိုင်းအဖြစ်အသုံးချဖို့ ဖမ်းဆီးထားတဲ့အရပ်သားတွေဆိုတာပဲ….” ဟု(မူရင်းအတိုင်း) အမည်မဖော်လိုသည့် […]
ဒီဇင်ဘာ ၂ – Arakan Express News/ The Red Flag ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အေအေ အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေတယ်လို့ နို၀င်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ Subscriber ၇၀,၄၀၀ ကျော်ရှိတဲ့ Snow Queen အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “တောင်ကုတ်မြို့တွင် AA အဖွဲ့က နေအိမ်များကိုဖောက် ထွင်း၍ ပစ္စည်းများခိုးကာ Tipper Truck ကားဖြင့် သယ်ယူပြီး မော်တော်ဘုတ်များဖြင့် ဒေသပြောင်းရွှေ့မှုများ လုပ်ဆောင်နေ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ Snow Queen တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၁,၁၀၀ […]
ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် နိုဝင်ဘာလ ၁၆ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီး ကျည်စထိမှန်ပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ “FactCheck” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကတော့ ရှင်မုတ္ထီး ရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် လူသေဆုံးတဲ့ ဖြစ်စဉ် လုံးဝမရှိဘူးလို့ ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ တချို့မှာတော့ ဒီဖြစ်စဉ်မှာ အရပ်သားနှစ်ဦး သေဆုံးတယ်လို့ ဖော်ပြကြပါတယ်။ အထက်ပါ ဖော်ပြမှုတွေနဲ့ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ အချက်အလက်လွဲမှားတာ၊ ဖြစ်စဉ်ကို ဖုံးကွယ်ဖို့ ကြိုးပမ်းတာတွေ တွေ့ရှိရပါတယ်။ Subscriber တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တဲ့ “FactCheck” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့ ဖော်ပြချက်ကိုတော့ မြင့်တွေ့ထားသူတစ်ထောင့်ကိုးရာကျော်က ရှိပါတယ်။ အဲဒီချန်နယ်ရဲ့ […]
၂၀၂၄ နိုဝင်ဘာလ ၂၃ ရက်၊ သျှမ်းသံတော်ဆင့်၊ People’s Spring၊ The Red Flag တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုကို ပြန်ရပြီ။ နောင်ချိုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ စက်လက်နတ်တွေနဲ့ ပစ်ပြီး မြေပြင်တပ်ကို ဝင်ရောက်ထန်းချုပ်နိုင်ခဲ့ပြီလို့ သတင်းရရှိ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၇၀၀ ကျော်ပြီး ရွှေနေကြာချန်နယ်လ်အပြင် အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်လ်များပါ ဖြန့်ချိထားသည်။ ရွှေနေကြာ – https://archive.ph/VkOAa ဆက်စပ်သတင်းအမှားလင့်ခ် – […]
By Myanmar Pressphoto Agency + Kantarawaddy Times ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှု ကြောင့် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည် ဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား များ ပျံ့နှံ့လျက်ရှိသည်။ ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းတွင် “ ဘန်ကောက်ရွာစတင်တည်ထောင်သူ ဦးပေါသန်းသည် ကယားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းသူဖြစ်ပြီး လက်နက်ပြင်ဆင်သူ၊ ဗုံးသီးပြုလုပ်သူ၊ Starlink.Wi-Fi. Sharing နှင့် သတင်းအချက်အလက်ရယူသူ၊ စစ်ရေးလေ့ကျင့်ပေးသူတွေ ခေါ်ယူထားသည်” ဟု ရေးသားဖြန့်ဝေထားသည်။ သတင်းအမှားလင့်ခ်များ ရွှေနေကြာ – https://archive.ph/qFcZn Kyaw Swar – https://archive.ph/C6cgg MDY Image – https://shorturl.at/Quj48 သတင်းအမှားဖြစ် ကြောင်းသက်သေပြစိစစ်ချက် ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာနှင့် […]
By Delta News Agency (DNA)+Myanmar Pressphoto Agency (MPA) – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ကုန်းကြီးရွာနှင့်ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ ပြီး TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ Subscriber ၁၆၀,၀၀၀ ကျော်ရှိသည့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦး ဓာတ်ပုံများကို အသုံးပြုပြီး “ TNLA တပ်ဖွဲ့ဝင် များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲ” ဟု ရေးသားဖြန့်ဝေထားသည်။ အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိကြည့်ရှုသူ ၂၅၀၀၀ ကျော်ရှိပြီး […]
နိုဝင်ဘာလ၊ ၂၃ရက်။ (Fact Check) DNA+The Red Flag ဆဒုံးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကချင်လွတ််မြောက်ရေးတပ်မတော် KIA အရာရှိအများအပြားသေဆုံးခဲ့ပြီး လက်နက်များစွာလည်း မီးလောင်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံံ့နေပါတယ်။ အဲ့ဒီ့သတင်းမှားကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Media တယ်လီဂရန်ချန်နယ်ကနေ မနေ့က ညနေလေးနာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ပြီး တခြားချန်နယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။ သတင်းမှားလင့်ခ်များ- Truth Media – https://archive.ph/YBTh7 Kyaw Swar – https://archive.ph/hwhie Ye Yint Htet (#yyh) – https://archive.ph/XYFGj နေပြည်တော်👌👌- https://archive.ph/DPBVG အဲ့ဒီ့ပျံ့နှံ့လာတဲ့သတင်းမှားကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှ […]
နိုဝင်ဘာ၊ ၂၂။ (Fact Check) DNA+ MPA+The Red Flag အာရက္ခတပ်တော် AAက တောင်ကုတ်မှာလူသစ်စုဆောင်းချိန်အတွင်း ထွက်ပြေးတဲ့ LGBTအမျိုးသားတယောက်ကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို စစ်ကောင်စီရဲ့လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်က ဒီကနေ့ နေ့လည်၂နာရီခွဲဝန်းကျင်ခန့်မှာ “အကြမ်းဖက် AA အဖွဲ့က တောင်ကုတ်မြို့ရှိ LGBT တစ်ယောက်အား အဓမ္မလူသစ်စုပေါ်တာဆွဲရာ ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်းသိရ”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုများပြားနေပြီး တခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေတာမျိုးတွေတွေ့ရပါတယ်။ သတင်းမှားလင့် – https://archive.ph/KL0lX ဆက်စပ်သတင်းမှားလင့် – https://archive.ph/YJ2TR ပျံ့နှံ့လာတဲ့သတင်းမှားတွေကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check နဲ့ MPA Fact Check Team တို့ကနေ စီစစ်ကြည့်ရာမှာ […]
By Haythar/ Myanmar Pressphoto Agency(MPA)+The Redflag စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် စစ်ဘေးရှောင် ပြည်သူလေးဦးကို ဖမ်းဆီးခဲ့ပြီး PDF များဖမ်းဆီးရမိဟု စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် အမျိုးသား သုံးဦး အမျိုးသမီးတစ်ဦးကို လက် နက်များနှင့်တကွ ဖမ်းဆီးထားသည့် ဓာတ်ပုံ အသုံးပြု၍ နိဗ္ဗာန်၀ရွာရှိ PDF စခန်းကို၀င်ရောက်ရှင်းလင်းရာPDF လေးဦးနှင့် လက်နက်များ သိမ်းဆည်းရမိ ဟု ရေးသား ဖြန့်ဝေထားသည်။ အဆိုပါဖြန့်ဝေမှုကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၃၂,၀၀၀ ကျော်၊ Like And React ပေးသူ […]
(Fact Check) – DNA/ The Red Flag နိုဝင်ဘာလ၊ ၂၂ရက်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပေကြီးကျေးရွှာအနီးကိုဖြတ်သန်းသွာလာတဲ့ ကသာ-မန္တလေးခရီးစဥ်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယဥ်ကို ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့တွေက ဒရော့ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို စစ်ကောင်စီအားပေးထောက်ခံ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Myanmar Focus – MF ချန်နယ်ကနေ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ရက်ကနေစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး “ပေကြီးကျေးရွာ အနီးအရောက် PDF အမည်ခံအကြမ်းဖက် အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားပြည်သူ ၄ ဦး ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက်(၄) […]
21 November 2024 By Kantarawaddy Times + Myanmar Press Photo Agency +The Red Flag ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးချတိုက်ခိုက်ခဲ့ပြီးမြေပြင်မှာ လူသေဆုံးမှု မရှိပေမယ့် အေအေ တပ်ဖွဲ့ဝင် ရာချီသေဆုံးတယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။ Subscriber ၁၉၄၀၀၀ ကျော်ရှိတဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်က “ မောင်တောနယ်ကြိမ်ချောင်းအေအေများခိုလှုံနေသည့် စခန်းအဆောက်အဦးများကို ဖိုက်တာ၂စီဖြင့် ဗုံး၇လုံးကြဲချတိုက်ခိုက်သုတ်သင်ရာ၊ အေအေ ရာချီသေဆုံး “လို့ (မူရင်းရေးသားချက်အတိုင်း) နိုဝင်ဘာ ၁၉ ရက် ညပိုင်းမှာ ရေးသားဖြန့်ဝေခဲ့တာပါ။ အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၂၁ ရက် […]
၂၀၂၄ နိုဝင်ဘာလ ၂၀ ရက်, သျှမ်းသံတော်ဆင့်၊ DNA၊ The Red Flag သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရန် ပြင်ဆင်နေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အား စစ်ကောင်စီမှ ဗုံးကြဲခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၃,၀၀၀ ကျော်ရှိသည်။ မူရင်းလင့်ခ် – https://archive.ph/ZWgLy ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/CVqkL သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေပါသည်။ သတင်း စစ်ဆေးတွေ့ရှိချက် နောင်ချိုမြို့နယ် […]
(Fact Check) – DNA/ The Red Flag နိုဝင်ဘာ၊ ၁၉။ MNDAAခေါင်းဆောင် ဖုန်တာရွှင်ကို မူးယစ်ဆေးတရားခံအဖြစ် တရုတ်အစိုးရကဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းမှားတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီ့သတင်းမှားကို တိုက်ပွဲသတင်းစုံ ချန်နယ်ကစတင်ဖြန့်ဝေလာတာဖြစ်ပြီး တရုတ်နိုင်ငံမီဒီယာတွေလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုပါစောင့်ကြည့်နေတာဖြစ်တယ်လို့ ဖြန့်ချိထားတာပါ။ တိုက်ပွဲသတင်းစုံ – https://archive.ph/dWLSg Kyaw Swar – https://archive.ph/oE59O ဒါ့အပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး-DEA က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို မူးယစ်ရာဇာအလိုရှိပြစ်မှတ်သွင်းထားခဲ့သလို NUGကတဆင့် CIA နဲ့ ချိတ်ဆက်ပြီး မူးယစ်ရာဇာစရင်းက လွတ်အောင် မြန်မာအပြည်အတွင်း တရုတ်နိုင်ငံဩဇာခံလက်နက်ကိုင်အဖွဲ့အဖြစ်လှုတ်ရှားမယ်လို့ ရေးထားပါသေးတယ်။ သတင်းမှားလင့် – https://archive.ph/lx71t အဲ့ဒီ့သတင်းမှားတွေကို အခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေတာမျိုးတွေရှိနေပြီး မှိုင်းဝေချန်နယ်ကတော့ “ ဖုန်တာရွှင်ကို […]
သတင်းတု သတင်းမှား တွေကို စီစစ်ပြီး အပတ်စဥ်တင်ပြနေတဲ့ အပွေးမြင် အပင်သိ တွေးဆင်ခြင် သတင်းအမှန်သိ အစီအစဉ် လတ်တလော ထွက်ပေါ်လာနေတဲ့ သတင်းတု သတင်းမှားတွေကို စီစစ်ပြီး သတင်းတု သတင်းမှား ဖြစ်ကြောင်း စောလားဘွယ်က တင်ဆက်ပေးထားပါတယ်။ #FFM #FederalFM #Factcheck #FreeHtetHtetKhine #FreeAllJournalists Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုသုံးပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက် ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့် ၂၀၂၄ နိုဝင်ဘာလ ၁၅ ရက်၊ သျှမ်းသံတော်ဆင့် / DNA/ The Red Flag ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။ သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့ တပ်မတော်စခန်းကုန်းတစ်ခုကို PDF တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA သော်လည်းကောင်း၊ TNLA သော်လည်းကောင်း၊ AA သော်လည်းကောင်း […]
နို၀င်ဘာ ၁၄ – Myanmar Pressphoto Agency/ Arakan Express News/ The Red Flag ရခိုင်ပြည်၊ အမ်းမြို့ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို အေအေက ပစ်ခတ်ခဲ့တဲ့သတင်းဟာ မမှန်ကန်ဘဲ ဖြစ်စဉ်ပင်မရှိခဲ့တဲ့ အပြင် မီဒီယာတွေက လိမ်လည်သတင်းတင်ဆက်နေတယ်ဆိုပြီး နို၀င်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ Subscriber ၁၃,၇၀၀ ကျော်ရှိတဲ့ Ko Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ အမ်းမှာ အမ်အိုင် ၁၈ ရဟတ်ယာဉ်ကို အေအေ ပစ်ချခဲ့တယ်ဆိုတာဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဖြစ်စဉ်ကို ဖြတ်ညှပ်ကတ် လုပ်ထားတာဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ Ko Thet တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ နို၀င်ဘာလ ၁၄ရက် ညနေပိုင်းအထိ […]
၂၀၂၄ နိုဝင်ဘာလ ၁၄ ရက်၊ သျှမ်းသံတော်ဆင့်/ The Red Flag သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်ဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ခန့်ရှိသည်။ ၎င်းက “ဖယ်ခုံမြို့အတွင်း တပ်မတော်မှနယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ မြို့တွင်း PDF များထောင်ထားသော မိုင်းများနျင့် မီးရှို့ဖျက်ဆီးထားသော နေရာအား ရှင်းလင်းဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း သိရသည်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ မူရင်းလင့်ခ် – https://archive.ph/ZPG2p Myanmar Fact-checking Network […]
နိုဝင်ဘာလ ၅ – Federal FM/ The Red Flag ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီးလို့ နိုဝင်ဘာ၁ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၃၁,၇၉၅ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရေဦးPeople’s Defense Comradeမုဆိုးမရဲ့သား၊ထူးခန့်ကြောင်မှထုတ်ပြောပြသည့်ကန့်ဘလူဖမ်းမိပဒက်၃၇ကင်စာရင်း။ PDFအမျိုးသား(၃၄)ဦးနှင့်PDFအစိရှည်(၃)ဦး၊စုစုပေါင်းသုတ်သင်(၃၇)ဦးမှာနေလ၊မြင့်မြတ်ဇင်၊အောင်ဆန်းထွန်း၊သိန်းချို၊နိုင်လင်းအောင်၊ကျော်သူဟိန်း၊မဲခိုင်၊ဖြိုးလွင်၊အောင်ကံဦး၊ရဲကိုဝင်း၊မြင့်မြတ်ဟိန်း၊ချက်ကြီး၊မောင်ဇော်၊ရန်ကျော်ဦး၊မျောက်ကြီး၊စည်သူနိုင်၊ကျော်စိုးဦး၊ရဲထက်ဦး၊ထိုင်ဝမ်၊ဝင်းထွန်း၊ကျော်ရဲနိုင်၊ဝင်းထက်အောင်၊ရွှေထူး၊ချက်ဖောင်း၊အောင်ဇော်ဦး၊မောင်ခိုင်၊ငယ်လေး၊ဝါဆို၊ထွေးအောင်ကျော်၊ရဲအောင်၊ကိုမျိုး၊ချစ်ပို၊လူပျို၊မဇင်မာလင်း၊ဒေါ်ပူစူး၊မဇင်ဝေခိုင်နှင့်အမည်မသိိထောက်ပို့တစ်ဦးတို့ဖြစ်ကြသည်။” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ နိုဝင်ဘာလ ၁ ရက်ကနေ နိုဝင်ဘာ ၅ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၆၁၁၃ ကျော်၊ like and react လုပ်သူ ၈၄ ဦး ကျော်ရှိပါတယ်။ သတင်းအမှားလင့်ခ် https://t.me/KKM28640/7956 တယ်လီဂရမ်ချန်နယ်မှာ […]
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (Fact Check)- Delta News Agency/ The Red Flag ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေက သီပေါမြို့မှာ လူမရှိတဲ့နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။ စစ်ကောင်စီလော်ဘီ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ အောက်တိုဘာ ၃၁ ရက်မှာ Khin Thandar Facebook အကောင့်က ရေးထားတဲ့ “သီပေါတံတား ဒီဘက်ခြမ်းက လူမရှိတဲ့အိမ်တွေကို ကိုးကန့်တွေ ဝင်နေပြီး လိုချင်တဲ့ပစ္စည်းတွေယူတယ်ဆိုတဲ့ သတင်းလေး ဟုတ် မဟုတ်အတည်ပြုပေးပါ ကိုယ်တွေက အဝေးတနေရာ စစ်ရှောင်နေရလို့ သူများပြောပြလို့သိချင်တာအဲ့သတင်းကို” စာသားပါ Screen Shot နဲ့အတူ “ MNDAA အကြမ်းဖက်ကိုးကန့် […]
By Haythar / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ရှောင်ပြည်သူများ ရှိရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၍ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုကို စစ်တပ်ထောက်ခံသူများက အေအေအဖွဲ့ လုပ်ရပ်ကြောင့်ဟူ၍ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် Thazin Oo တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်း တွင် “အမ်း လေယာဥ်ကွင်းရပ်ကွက်ဘက်ကို ပြည်သူတွေရွေ့ပြောင်းနေတုန်း အေအေ က လူအုပ်ထဲကို လက် နက်ကြီးနဲ့ ပစ်ခက်ခဲ့တာကြောင့် လူ ၂၀လောက် ထိခိုက်ဒဏ်ရာရခဲ့ကြရပါတယ်။ ထပ်ပြီး လက်နက်ကြီး နဲ့ ပစ် တာကြောင့် […]
4 Nov 2024 by Wadi / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖေ့စ်ဘွတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Kyaw Sett ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ ရဟတ် ယာဉ်တစ်စင်း တိုက်ခိုက်ခံရမှု ရုပ်သံနဲ့အတူ အကင်ခံလိုက်ရပြီ ဆိုတဲ့ စာသားနဲ့ ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီတပ်သားတွေ ရဟတ်ယာဉ် ရှိရာဆီ ပြေးသွားကြတဲ့ အချိန်မှာ ဗုံးပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ […]
နိုဝင်ဘာလ ၅ ၊ ကန္တာရဝတီတိုင်း ( မ် ) + The Red Flag ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ – ပင်လောင်းနယ်စပ်က ဗန်းမောက်၊ ကုန်းပေါ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်တဲ့သူ ၁၅ ဦး သေဆုံးတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရေးသားဖြန့်ချိနေပါတယ်။ Subscribers ၁၃၀၂၅ ရှိတဲ့ ရွှေနေကြာ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ဖယ်ခုံမြိုနယ် ဗန်းမောက်၊ ကုန်းပေါရွာအနီး ပြည်သူအချိုကို အမြန်ဆုံးစစ်ရှောင်ပေးရန် ကျန်ရှိသူများကို စာရင်းကောက်ယူနေစဥ် အမည်မသိ အသံမကြား အလုံးကြီးကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်အဖွဲ့ဖက်မှ လိုက်ပါဆောင်ရွက်သူ လူ ၁၅ ကျော်သေဆုံးခဲ့ ”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေရေးသားထားပါတယ်။ […]
လောင်းလုံးမြို့၊ လဝကရုံးရှေ့မှာဖွင့်လှစ်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာတဲ့ အရပ်သားတစ်ဦး အောက်တိုဘာလ ၃၁ရက် မနက်ပိုင်းမှာ ပစ်သတ်ခံရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့က စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တဲ့ PDF တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Subscribed လုပ်ထားသူ နှစ်သောင်းကျော်ကနေ ခုနစ်သောင်းနီးပါးအထိရှိတဲ့ “အမဲလိုက်မုဆိုးကြီး သတင်းမှန်” ၊ “Snow Queen” ၊ “Truth Media” နဲ့ “နေပြည်တော်” အမည်တွေနဲ့ တယ်လီဂရမ်ချန်နယ်လေးခုက အောက်တိုဘာလ ၃၁ ရက် ညနေ ၄နာရီခွဲနဲ့ ၅နာရီဝန်းကျင်မှာ ဖြန့်ချိခဲ့ကြပါတယ်။ အဲဒီချန်နယ်တွေရဲ့ ဖော်ပြချက်တွေကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။ အမဲလိုက်မုဆိုးကြီးသတင်းမှန်ချန်နယ်ဖော်ပြချက်လင့် – https://t.me/az222222222222/33380 Snow Queen ချန်နယ်ဖော်ပြချက်လင့် – https://t.me/snowqueen023/77719 […]
၂၀၂၄ နိုဝင်ဘာလ ၁ ရက်၊ သျှမ်းသံတော်ဆင့်+ကန္တာရဝတီတိုင်း(မ်) သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး NLD ပါတီဝင်၊ PDF များကို ဖယ်ခုံလူထုက ထောက်ပံ့မှု၊ ထောက်ခံမှု၊ အလှူငွေပေးမှု အားနည်းနေသဖြင့် တစ်မြို့လုံးကို ဖျက်ဆီးရန် ဒေါ်ခင်မြတ်ဦးမှ စေခိုင်းခဲ့ ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ ထိုသို့စေခိုင်းပြီး ၂၀၂၄ အောက်တိုဘာလ အခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့တွင် မီးများဆက်တိုက်လောင်ကျွမ်း နေကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။ […]
အောက်တိုဘာ ၃၁ – Federal FM/ Arakan Express News/ The Red Flag ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲမှာ အေအေ စစ်သည်များစွာ ကျဆုံးပြီး စစ်တပ်က စစ်ရေးအားသာနေတယ် လို့ အောက်တိုဘာ ၂၉ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၅,၉၀၀ ကျော်ရှိတဲ့ Ko Myo Win အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” အမ်း ကို လာတိုက်တဲ့ AA တွေ အကျအဆုံး များစွာနဲ့ တပ်လန်ကျသွားပါပြီ ။ လေကြောင်းပစ်ကူ နေ့ည မပျက် ပစ်ခတ်နေသလို အမ်းမြို့၏ အပေါ်စီးမှာ ရှိနေတဲ့ နတ်ရေကန် တောင်ကုန်းပေါ်ရှိ အမြောက်စခန်းမှ လက်နက်ကြီးပစ်ကူများကလည်း […]
၂၀၂၄ အောက်တိုဘာလ ၃၀ ရက်၊ သျှမ်းသံတော်ဆင့် + DNA+ The Red Flag ကိုးကန့်တပ်မတော် MNDAA မှ သျှမ်းအမျိုသားတစ်ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ နှိပ်စက်နေကြောင်း ရုပ်သံဖိုင်အမှားဖြန့်ချိနေသည်။ Followed ၈,၃၀၀ ကျော်ရှိသည့် “ၼၢမ်ႉၵေးမၢဝ်း ႁိတ်းသၢၵ်ႈသေႇ” ဆိုသည့် Page တစ်ခုမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ကိုးကန့်တပ်ဖွဲ့က ပြည်သူတွေကို ဖမ်းဆီးပြီး လုံးဝါလ (အမည်) လိုဘဲ နှိပ်စက်တော့မယ်။ သူတို့လောက် နှိပ်စက်တတ်တဲ့သူဆိုတာ ဘယ်သူမှမရှိတော့ဘူး။ SNLD ပါတီက ဘာလို့ကိုးကန့်တပ်ဖွဲ့ကို အရေးမယူတာလဲ။ ငါတို့သျှမ်းတွေ နှိပ်စက်ခံရနေပြီ” ဟု (သျှမ်းဘာသာဖြင့်) ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၀,၀၀၀ ခန့်ရှိပြီး ကောမန့်အောက်တွင်လည်း […]
၂၀၂၄ အောက်တိုဘာ ၂၈ ရက်၊ သျှမ်းသံတော်ဆင့်+ DNA + The Red Flag မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကသတ်ဖြတ်ခဲ့သည်ဟုဆိုကာ သတင်းအမှားဖြန့်ချိနေသည်။ Subscribers ၁၅၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ် “မှိုင်းဝေ”ချန်နယ်လ်မှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာမှ အမျိုးသား ၄ ဦး အကြမ်းဖက် PDF များမှ စစ်တပ်သတင်းပေးဒလန်ဟု စွပ်စွဲကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်” ဟု (မူးရင်းအတိုင်း) ဆိုတာ ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၅,၀၀၀ ကျော်ရှိသည်။ မူရင်းလင့်ခ် – https://archive.ph/xAaPn […]
26 October 2024 By MPA + DNA စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုကို PDF များကျူးလွန် ခဲ့သည်လို့စွပ်စွဲရေးသားဖြန့်ဝေထားသည့် ရုပ်သံတခု ယခုလအောက်တိုဘာ ၂၃ ရက်က တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည်။ Subscriber ၄၀၀၀ ကျော်ရှိသည့် D.L Clean တယ်လီဂရမ်ချန်နယ်အကောင့် က အောက်တိုဘာ ၂၃ ရက် ၄ နာရီ ဝန်းကျင်တွင် အမျိုးသားတစ်ဦးကိုလက်နက်ကိုင်ထားသူများ က ရက်ရက်စက်စက်သတ်နေသည့် ရုပ်သံကိုအသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ကျူးလွန်သည့်ဟန်ဖြင့် ဖော်ပြထားသည်။ အဆိုပါ ရုပ်သံသတင်းအမှားကို အောက်တိုဘာ ၂၆ ရက်မနက်အထိ ကြည့်ရှုသူ ၄၆၀၀၀ ကျော်ရှိပြီး Like and react လုပ်သူ ၄၀၀ နီးပါးရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း […]
စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးလာချိန် အရပ်သားတွေကို သတ်ဖြတ်ခဲ့ပြီး အဲဒီဖြစ်ရပ်အပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အသတ်ခံရသူတွေဟာ PDF တွေ ဖြစ်တယ်ဆိုပြီး ဖြန့်ချိခဲ့ကြပါတယ်။ အောက်တိုဘာလ ၁၆ ရက်က လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအနောက်တောင်ဘက် မီတာ ၁၇၀၀ ခန့်အကွာမှာ PDF တွေ ရှိနေလို့ စစ်ကြောင်းနဲ့ဝင်ရောက်ရှင်းလင်းရာမှာ PDF ရုပ်အလောင်းနှစ်လောင်းနဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ တယ်လို့ သတင်းအမှား ဖြန့်ချိကြတာပါ။ အဲဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ အမဲလိုက်မုဆိုးကြီး သတင်းအမှန်၊ တိုက်ပွဲ သတင်းစုံ၊ Snow Queen တို့က ရေးသားဖော်ပြကြပါတယ်။ တိုက်ပွဲသတင်းစုံနဲ့ Snow Queen တို့က အောက်တိုဘာလ ၁၇ရက်မှာ ဖော်ပြခဲ့ကြပြီး အမဲလိုက်မုဆိုးကြီး သတင်းအမှန်ကတော့ အောက်တိုဘာလ ၂၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။ […]
25 Oct 2024 By Myanmar Pressphoto Agency + Kantarawaddy Times + The Red Flag ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေကို စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းနဲ့ ဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး မှုတွေကို KNU တပ်သား ၁၀၀ ကျော်သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရတယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့် ခဲ့ပါတယ်။ Subscriber ၃၂,၀၀၀ ကျော်ရှိတဲ့ “ ရန်သူလှုပ်ရှားမှုသတင်းများ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက “ မကြာမီရက်ပိုင်းအတွင်းက စစ်တပ်က ဗုံးကြဲလို KNU သကသ အလောင်း ၁၀၀ […]
ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်က ခရီးသည် တစ်ရာဝန်းကျင်လိုက်ပါလာတဲ့ စက်လှေ တိမ်းမှောက်ပြီး ကျောင်းသား၊ကျောင်းသူတွေအပါအဝင် ခရီးသည် ၁၇ဦးသေဆုံးပြီး ကိုးဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ “အမဲလိုက်မုဆိုးကြီး သတင်းအမှန်” ချန်နယ် က သီတင်းကျွတ်ကျောင်းပိတ်ကာလ မိဘဆွေမျိုးတွေကို သွားရောက်ကန်တော့ကြချိန်မှာ PDF တွေက ကားလမ်းပိတ် ထားတာကြောင့် ရေလမ်းကသွားရာကနေ စက်လှေတိမ်းမှောက်ပြီး အသက်ဆုံးရှုံးကြရတယ်လို့ ရေးသားဖြန့်ချိကြပါတယ်။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာဆရာမတွေကို ရန်သူသဘောထားပြီး သတ်ဖြတ်တာတွေကြောင့် ရေးလမ်းကနေ မသွားချင်လည်း သွားခဲ့ရတာလို့လည်း ဖော်ပြထားပါတယ်။ လှေတိမ်းမှောက်မှုဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၂၂ ရက်မှာ ရေးသားဖြန့်ချိတာဖြစ်ပြီး အထက်ပါဖော်ပြချက်ကို မြင်တွေ့ထားသူ လေးထောင်ကျော်ရှိပြီး Reaction ပြုလုပ်ထားသူ ၇၇ […]
ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူများကို သတ်ပြီး PDF အချင်းချင်းနယ်မြေလုရင်း ရက်ရက်စက်စက်သတ်ဖြတ်တယ်လို့ သတင်းအမှားဖြန့် 22 October 2024 By KTimes+ MPA / The Red Flag စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကိုစစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး PDF အချင်းချင်းနယ်မြေလုရင်း သတ်ဖြတ်ကြတာဖြစ်တယ် လို့ အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းအမှားများ ဖြန့်ဝေလျက်ရှိပါတယ်။ Subscriber ၁၃၀၀၀၀ ကျော်ရှိတဲ့ Ko Thet တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီအချိန်ခန့်က ပြည်သူတွေရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ပုံတွေကို အသုံးပြုပြီး “အမှန်က ဘုတလင်ဘက်မှာ သူတို့အချင်းချင်း နယ်မြေလု၊ ခေါင်းဆောင်နေရာလုရင်း […]
By Wadi / MPA – The Red Flag မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံခဲ့ရဆိုသည့် သတင်း အမှား အောက်တိုဘာ ၁၄ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၄ ရက် ည ၉ နာရီ ၃၂ မိနစ်တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုင်းပြည်နယ်၊ စီနိုင်းမြို့တွင် အထောက်အထားမဲ့ ခိုးဝင်နေထိုင်နေသည့် မြန်မာ CDM ဝန်ထမ်းအမျိုး သမီး၊ အမျိုးသား စုစုပေါင်း ၄၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟုဆိုကာ ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။ အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းအထိ […]
Kantarawaddy Times / The Red Flag ( FactCheck) ကရင်နီပြည် ၊ ဘောလခဲစခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF)အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး ဝါဒဖြန့်ချိနေပါတယ်။ Subscribers ၁၂၉၆၁ ရှိတဲ့ ရွှေနေကြာ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “အောက်တိုဘာ၁၀ရက်က စစ်စခန်းကုန်းတစ်ခုကို လာရောက်တိုက်ခိုက်ခဲ့ရာ PDFသက်ပိုင်မှုး နဲ့ တစ်ဖွဲလုံးမိုင်းကွင်းအတွင်း ပဒက်ဆယ်ချီသေဆုံးခဲ့ကြသည်။”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေရေးသားထားပါတယ်။ နေပြည်တော် ချန်နယ်ရဲ့ ရေးသားဖော်ပြမှုကို အောက်တိုဘာလ ၁၇ ရက်နေ့အထိ ကြည့်ရှုသူ ၁ထောင်ကျော်ရှိပြီး Like and react ပေးသူလည်းရှိပြီး ထပ်ဆင့်မျှဝေတဲ့ ချန်နယ်အကောင့်တွေလည်း ရှိပါတယ်။ ရွှေနေကြာ ဝါဒဖြန့်တယ်လီဂရမ်မူရင်းလင့်ခ် – http://archive.today/2024.10.17-085316/https://t.me/shwenaykyar/76730 Khon […]
အောက်တိုဘာ၊ ၁၇ ရက် (Fact Check) Delta News Agency / The Red Flag စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၅ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေး နှစ်ယောက်အပါအဝင် မိသားစုတစုကို ပစ်သတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ကျူးလွန် ခဲ့တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေတာပါ။ အဲဒီ သတင်းမှားကို မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က လုံခြုံရေး စစ်ကြောင်းကို ဈေးရောင်းပေးခဲ့တဲ့အတွက်ဆိုပြီး မိသားစုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒလန် လို့စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရေးသားထားကာ ကြည့်ရှုသူ ၃၂၄၇၁ ဦးထိ ရှိနေပြီး ဆက်တိုက်ပျံ့ နှံ့နေတာပါ။ အဲဒီသတင်းကိုပဲ Ka […]
ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့် သျှမ်းသံတော်ဆင့်၊ The Red Flag၊ အောက်တိုဘာလ ၁၅ ရက် သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးကာ သတ်ဖြတ်နေကြောင်း လိမ်လည်လှည့်ဖြား ဝါဒဖြန့်ချိနေသည်။ Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ပလောင်တွေက ပဒပ်တွေကို တိတ်တဆိတ်ဖမ်းပြီး လည်လှီးသတ်နေတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ ထိုလိမ်လည်ဝါဒဖြန့် သတင်းကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များပါ ဖြန့်ဝေထားကြသည်။ မူးရင်းလင့်ခ် – […]
သျှမ်းသံတော်ဆင့်၊ The Red Flag ၊ ၂၀၂၄ အောက်တိုဘာလ ၁၅ ရက် ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ချိနေသည်။ Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ဒီရက်အတောအတွင်း ပထမအသုတ်အနေနဲ့ သစ်ပစ်ကြမယ်လို့ သိရတယ်” ဟုဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။ မူရင်းလင့်ခ် – https://archive.ph/1IgDX ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၄,၀၀၀ ကျော်ရှိသည်။ ထို့အပြင် MNDAA သည် ကိုးကန့်နှင့် ဗမာလူမျိုးရေး ပြသာနာဖြစ်ပွားရန် အကြမ်းဖက်နေပြီး ၁၀၂၇ ပထမလှိုင်းတွင် ဗမာလူမျိုး ၅၀၀ ကို […]
အောက်တိုဘာလ ၁၅ ရက် (Fact Check) Delta News Agency/ The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှာ TNLA တပ်တွေနဲ့ MNDAA တပ်တွေ ခိုအောင်းနေလို့ ဗုံးကြဲခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို မှိုင်းဝေ တယ်လီဂရန်ချန်နယ်က မနေ့က နေ့လည် ၁၁ နာရီဝန်းကျင်မှာ “ရှမ်းမြောက်ရှိ အကြမ်းဖက် TNLA နှင့် MNDAA အဖွဲ့များ ခိုအောင်းရာ အီနိုင်းအား ဗုံးကြဲချေမှုန်း။”(မူရင်းစာသားအတိုင်း) ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ တသောင်းကိုးထောင်ဝန်းကျင်အထိ ပျံ့နှံ့နေကာ တခြားချန်နယ်တွေက လည်း ပြန်လည်မျှဝေနေကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အဲဒီသတင်းမှားကို Snow Queen ချန်နယ်ကလည်း […]
ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Haythar – MPA-The Red Flag စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် NLD, NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက် ညနေ ပိုင်းတွင် “ NLD/ NUG / PDF အာဏာရူးခြင်းကြောင့် ဦးဇော်မြင့်မောင် အသေစောရခြင်းဖြစ်တယ်” ဟု NLD, NUG နှင့် PDF များအကြောင်း အပုဒ်ချရေးသားထားသော အကြောင်းအရာနှင့်အတူ ဒေါက်တာ ဇော်မြင့်မောင်၏ ရုပ်အလောင်း ဓာတ်ပုံ အသုံးပြု၍ ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။ အဆိုပါရေးသားဖြန့်ဝေမှုကို […]
သျှမ်းသံတော်ဆင့်၊ The Red Flag၊ ၂၀၂၄ နိုဝင်ဘာလ ၉ ရက် စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိနေပါသည်။ Subscribers ၁၆,၀၀၀ ကျော်ရှိသည့် View of Sue ချန်နယ်မှ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ဗုံးကြဲခံရလို့ အထိနာနေတဲ့ MNDAA နဲ့ TNLA ဟာ လိုင်းတွေအကုန်ဖြတ်ပြီး၊ ဒလန်ဆိုပြီး လူတွေသတ်နေတာ ၅၀ လောက်ရှိသွားပြီလို့ သိရပါတယ်။ အများစု ဗမာတွေကို သတ်တာဖြစ်ပါတယ်” ဟု (မူရင်းအတိုင်း) […]
ထိုင်းနိုင်ငံမှာ ယခုနှစ် ဇွန်လ ၅ ရက်က စတင်ခဲ့တဲ တရားမဝင်အလုပ်သမားရှာဖွေဖမ်းဆီးရေး ရက် ၁၂၀ စီမံချက် ကာလအတွင်း မြန်မာနိုင်ငံသားနှစ်သိန်းနီးပါး အဖမ်းခံရတယ်လို့ သတင်းဌာန ခြောက်ခုထက်မနည်းက ဖော်ပြသလို ထပ်ဆင့်ကူးယူဖော်ပြသူတွေများပြားတာကြောင့်လည်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ အဲဒီသတင်းဖော်ပြချက်တွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အချက်အလက် အားဖြင့် မှားယွင်းနေတာကို စိစစ်တွေ့ရှိရပါတယ်။ “ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမားနှစ်သိန်းနီးပါး အဖမ်းခံရ” ၊ “ထိုင်းနိုင်ငံ၌ တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်၏ ၁၀၆ ရက်မြောက်တွင် မြန်မာလုပ်သားနှစ်သိန်းနီးပါး ဖမ်းဆီးခံရ” ၊ “ထိုင်းနိုင်ငံရဲ့ ရက်၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား […]
အောက်တိုဘာ ၇ – Arakan Express News/ The Red Flag ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူတွေ စစ်ရှောင်တွေ မရှိဘဲ အေအေ စစ်သည်တွေသာရှိပြီး ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ်လို့ အောက်တိုဘာ ၁ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၄၅,၇၀၀ ကျော်ရှိတဲ့ Min Chit Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” သံတွဲမှာ အေအေ ဘဲရှိတော့တာလေ။ ဘယ်တိုက်ပွဲရှိလို့ ဘာစစ်ကိုရှောင်နေတာလဲ။ မင်းတို့ဆိုသည်မှာလည်း အကစ်မခံရနဲ့ ကစ်ခံရတာနဲ့ အေအေ ကနေ စစ်ရှောင်ဖြစ်ကုန်ရော” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ Min Chit Oo တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ အောက်တိုဘာလ […]
By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၁၃ မိနစ်တွင် “ မနခ၊ ဘုတလင် ဖမ်းခံရစစ်သည်တွေအကုန် သတ်ခံလိုက်ရပါပီ၊ စစ်ကြောင်းမထွက်သေးဘူး ဟိုဖုန်းဆက်ဒီဖုန်း ဆက်နဲ့ လုပ်ကြတာ။ နမခတိုင်းတပ်ဆိုရင် တိုင်းထဲမှာ အညံ့ဖျင်းဆုံး၊ ဖရဲသီးဆုံး၊ တပ်မိသားစုထဲမှာ PDF အများဆုံး” ( မူရင်းရေးသားချက်အတိုင်း ) […]
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် (Fact Check) Delta News Agency/ The Red Flag မိုးကုတ်မြို့မှာ ဆင်တွေကို အသုံးပြုပြီးတော့ တအာင်းတပ် TNLA က လက်နက်ခဲယမ်းများ စုဆောင်းနေ တယ်ဆိုကာ လူစီးနင်းလိုက်ပါလာတဲ့ ဆင်အများအပြား သွားလာနေတဲ့ ဓါတ်ပုံတွေနဲ့အတူ လူမှုကွန်ယက် မှာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ စစ်ကောင်စီ လော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ ဘညွန့် ကနေ စက်တင်ဘာလ ၃၀ ရက်မှာ “မိုးကုတ်က ပလောင်ပဒက်တွေကတော့ ဆင်တွေကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေ စုဆောင်းနေတယ်ဗျို” လို့ ရေး သားပြီး လူတွေစီးနင်းသွားလာနေတဲ့ ဆင်တွေပါ ဓါတ်ပုံ ၃ ပုံနဲ့အတူ ရေးသားဖြန့်ဝေတာကို တွေ့ရပါတယ်။ အဲဒီအကြောင်းအရာကို ကြည့်ရှုသူ […]
အောက်တိုဘာ ၃ – Arakan Express News/ The Red Flag ရခိုင်ပြည်မှာ အေအေက အမ်းမြို့အတွင်း ကျေးရွာတွေက ရွာသားတွေကို မောင်းထုတ်နေပြီး ရွာသားများတွေနဲ့အတူ အေအေ စစ်သည်တွေပါ ရောနှောဝင်ရောက်ပြီး စစ်ဆင်ရေး ဖော်ဆောင်ဖို့ပြုလုပ်နေတယ်လို့ စက်တင်ဘာ ၂၈ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၃၀,၉၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “အမ်းမြို့မှာတိုက်ပွဲတွေဖန်တီးနိုင်ဖို့နဲ့ အေအေသတင်းပေါက်မှာစိုးလို့မြေပုံမြို့နယ်၊ ကဇူးကိုင်းရွာနဲ့အမ်းမြို့နယ်၊ ခမောင်းတောရွာကြားက ရွာတွေမှာနေတဲ့ ရွာသူရွာသားတွေကို အေအေ လက်နက်ကိုင်အဖွဲ့ကအမ်းမြို့ဘက်ကို အတင်းအဓ္ဓမ မောင်းထုတ်နေတယ်” လို့ ဝါဒဖြန့်ချီရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ အောက်တိုဘာလ ၃ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ […]
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းဘုရင့်တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ PDF တွေ ဖမ်းမိတယ်လို့ တယ်လီဂရမ်ချန်နယ်တစ်ခုက ဖြန့်ချိနေပါတယ်။ “ဖမ်းဆီးခံရသူများမှာ ကျား၂၁၂ ဦး၊ မ၅၂ ဦးပါဝင်ပြီး KNU နယ်မြေထဲမှ ထွက်ပြေးခိုးဝင်လာတဲ့ PDF တွေ အများအပြား လည်း ဖမ်းဆီးခံခဲ့ရတာပါ” ဆိုပြီး Truth Media တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်မှာ ရေးသားထား ပါတယ်။ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ကို subscriber ပြုလုပ်သူ နှစ်သောင်းခွဲကျော်ရှိပြီး အထက်ပါအကြောင်းအရာ ဖော်ပြချက်ကိုကြည့်ရှူသူ တစ်သောင်းလေးထောင်က ရှိပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/Snowqueen1111233/30430 အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ […]
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ အောက်တိုဘာလ ၂ ရက် စစ်ကောင်စီ၏ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် MNDAA က မန္တလေးနှင့် တောင်ကြီးကို မတိုက်ခိုက်ကြောင်း ထုတ်ပြန်မှုကို ဖျက်သိမ်းပြီး ဝင်ရောက်တိုက်ခိုက်ပါက “တရုတ်ကျုးကျော်စစ်” ဟု မပြောရန် စစ်တပ်ချစ်သူများ အား MNDAA တပ်မှူးက အသိပေးပြောကြားသည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ Subscriber ၇,၈၀၀ ကျော်ရှိသည့် “ဖောင်းကားစားဖိုးကဲကြီး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၂၈ ရက်တွင် ဖြန့်ချိခဲ့ပြီး (မြန်မာ-တရုတ်) ဘာသာစကားနှင့်အတူ MNDAA တပ်မှူး၏ဓာတ်ပုံကိုပါ ဖြန့်ဝေထားသည်။ မူးရင်းလင့်ခ် – https://archive.ph/7FPEc ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄,၀၀၀ ကျော်ရှိပြီး ယင်းတယ်လီဂရမ်ချန်နယ်အပြင် အခြားတယ်လီဂရမ်ချန်နယ်နှင့် လူမှုကွန်ရက်အသုံးပြသူပါ ဖြန့်ဝေထားကြသည်။ ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/fdFxc ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.md/OkJG3#selection-1399.0-1399.111 […]
အောက်တိုဘာ ၁ – AEN/TRF ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ်လို့ စက်တင်ဘာ ၂၆ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၅၆,၂၀၀ ကျော်ရှိတဲ့ ဘညွှန့် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “အေအေကတိုက်ယူရထားတဲ့ တပ်စခန်းတွေမှာ အေအေတွေ နေတယ် အခု အေအေတွေ နေတဲ့ နေရာကို အာဆာ က တိုက်တယ်။ ဒီဖြစ်စဥ်တွေက ရိုးသားမှုရှိရဲ့လား။ မလိမ့်တစ်ပတ်နဲ့ အေအေနဲ့ အာဆာပေါင်းပြီး တိုင်းပြည်ရဲ့ မြေပုံကို ဖဲ့ယူနေတာ။ လူအများက ရှမ်းပြည်ဖက် အာရုံရောက်ချိန်မှာ အနောက်တံခါးကနေ တိုင်းပြည်ကို ခိုးဖဲ့ယူဖို့ လုပ်နေကြတယ်” လို့ ဝါဒဖြန့်ချီရေးသားခဲ့ပါတယ်။ ဘညွှန့် တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ဟာ […]
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (Fact Check)-Delta News Agency/Kantarawaddy Times/The Red Flag ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်လောက်ကစပြီး မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာ မန္တလေး PDF ကနေ ဆက်ကြေးပေးဖို့ Viber ကနေ စာပို့တောင်းခံပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းပျံ့နှံ့နေခဲ့ပါတယ်။ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်ဖြစ်တဲ့ Kyaw Swar ကနေ စက်တင်ဘာလ ၂၉ ရက်မှာ “ Pdf ဆို တာ သူခိုး ဒမြတွေပဲဖြစ်လာခဲ့တယ် မဟုတ်လား၊ အကြမ်းဖက် PDF တွေဟာ ပြည်သူတွေအပေါ်မှာ အနိုင် ကျင့်ပြီး ခိုးဆိုးလုနှိုက်ဓားပြတိုက်တာကိုလုပ်နေတာကနေ ရောင့်တက်လာပြီးအခုဆိုရင်ခြိမ်းခြောက်ငွေညှစ် တဲ့အထိကို လုပ်လာနေကြပြီ…မန္တလေးက လုပ်ငန်းရှင်တွေ၊ […]
By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀ ရက် ညပိုင်းက နိုင်ငံ ခြားသားတစ်ဦး သတင်းကြေညာထားသည့် ရုပ်သံကို အသုံးပြု၍ “ ၂၀၂၄ စက်တင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်း တိုင်း၊ ကြွယ်ပုံရွာမှ အမျိုးသမီးများကို PDF များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ကြောင်း ကြေညာ” (မူရင်း ရေးသားချက်အတိုင်း) ဟု ရေးသားဖော်ပြခဲ့ သည်။ […]
စက်တင်ဘာ ၂၈ – AEN/TRF စစ်ကောင်စီတပ်က ရခိုင်ပြည်၊ တောင်ကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာမှာ အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်တွေကို ထိမှန်ခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၄၅,၈၀၀ ကျော်ရှိတဲ့ Min Chit Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ တောင်ကုတ် တန်းလွဲရွာမမြို့ရဲ့ ရပ်ကွက်ထဲက ပြည်သူတွေရဲ့ အဆောက်အဦး ထိခိုက်ပျက်စီးတဲ့ ရုပ်သံ/ဓာတ်ပုံတွေကို ကူးယူပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်တွေကို ထိမှန်ခဲ့တယ်လို့ ဝါဒဖြန့်ချီရေးသားခဲ့ပါတယ်။ Min Chit Oo တယ်လီဂရမ်ချန်နယ်ရဲ့ […]
By MPA + Shan News + The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် စျေးထဲရှိပစ္စည်း များ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၃၀၀၀၀ ကျော်ရှိသည့် နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ် က စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်စီးနေသည့် အဆောက်အဦးဓာတ်ပုံကို အသုံးပြုပြီး “နောင်ချိုမြိုမစျေးထဲခိုးယူလုယက်၊ ဖောက်ဝင်အကြမ်းဖက်တဲ့TNLAအဖွဲကိုဗုံးကြဲသုတ်သင်ရှင်းလင်း/ယနေ့စက်တင်ဘာ(၂၁)ရက်နေ့ နံနက်(၇) နာရီ ကျော် တွင် မြိုမစျေးထဲဖောက်ဝင်ခိုးယူလုယက်တဲ့TNLAအုပ်စုကိုY12 လေယာဥ်ဗုံး(၅)လုံးကြဲချသုတ် သင်ရှင်းလင်း သွားကြောင်းသိရသည်။” ( မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖော်ပြထားသည်။ […]
2024 Sep 23 By SHAN+MPA+ The Red Flag ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က စစ်ကောင်စီထံမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ ရေဘေးဒဏ်ခံစားရသော လူပေါင်း ၅ သိန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် KO Thet ချန်နယ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော လူပေါင်း ၅ သိန်းအတွက် ဆန်၊ ဘီစကစ်များနှင့် အဟာရပြည့်ဝသော ဖြည့်စွက်စာများအပါအဝင် အရေးပေါ်အစားအစာများ တစ်လစာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်” လို့ (မူရင်အတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၂,၀၀၀ ကျော်ရှိပြီး KO Thet […]
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စီစဝက်ဒေသက အမျိုးသားဥယျာဉ်တောထဲမှာ လက်နက်တွေနဲ့ စခန်းချနေထိုင်လို့ ဖမ်းဆီး ခံရတဲ့ ကရင်လူမျိုး ၃ဝဦးဟာ တနင်္သာရီတိုင်းက PDF တွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တချို့က ဖော်ပြနေကြပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အထောက်အထား မရှိကြသူတွေဖြစ်ပြီး ထိုင်း ဒါမဟုတ် မြန်မာနိုင်ငံက ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါ။ ဒီသတင်းနဲ့ပတ်သက်လို တယ်လီဂရမ်ချန်နယ်တချို့ကတော့ ဖမ်းဆီးခံရသူတွေဟာ တနင်္သာရီမြို့နယ်၊ မောတောင်၊ ကြိမ်ချောင်း၊ သိမ်းခုနယ်က ကရင် PDF ဖြစ်တွေလို့ ဖော်ပြကြတာပါ။ အဲဒီလိုဖော်ပြချက်ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media က စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်ရေးသားဖြန့်ချိတာတွေ့ရပါတယ်။ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ Truth Media- https://t.me/Snowqueen1111233/30143 […]
People’s Spring – AEN ၊ စက်တင်ဘာ ၂၀ လူသိများတဲ့ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းကို ငွေကြေးအရှုပ်အရှုင်းတွေကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးပြီး အကျယ်ချုပ် ထားရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် ဖြစ်တဲ့ မေယုဌာနေ( May Yu Htar Nay ) စက်တင်ဘာလ ၁၇ ရက်က ဖြန့်ဝေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းဟာ AA ရဲ့ နိုင်ငံရေးမှုးဖြစ်ပြီး ငွေကြေးကောက်ခံမှု အရှုပ်အရှင်းတွေကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက မြေပုံမြို့၊ ညောင်ပင်ချေ ရပ်ကွက်၊ ကမ်းနားလမ်းကနေအိမ်မှာ ဖမ်းခံရတာလို့ ဝါဒဖြန့် တယ်လီဂရမ် က ဖော်ပြပါတယ်။ May Yu […]
စက်တင်ဘာ၊ ၂၀။ (Fact Check) Delta News Agency/ The Red Flag နေပြည်တော်၊ တပ်ကုန်းမြို့အရှေ့မှာရှိတဲ့ ရွာတွေက ရေဘေးသင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး ထောက်ပံ့ဖို့အတွက် ရောက်လာတဲ့ အလှူရှင်တွေကို စစ်ကောင်စီအမည်ခံလှူဒါန်းဖို့ ပြောဆိုလာတာကြောင့် အလှူရှင်တွေလှည့်ပြန်ခဲ့ရတယ်ဆိုတဲ့ ရုပ်သံဗွီဒီယိုတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီရုပ်သံကို နွေဦးမောင်မောင်ဆိုတဲ့ Facebook စာမျက်နှာကနေ မနေ့က စက်တင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ရှစ်သောင်းနှစ်ထောင်ကျော် အထိရှိနေကာ ပြန်လည်မျှဝေမှုများပြားနေပြီး ပျံနှံ့မှုအားကောင်းနေတာပါ။ ရုပ်သံလင့်ခ် – https://archive.ph/kNNcd ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ပုံကို မွန်းမံပြီး အဲ့ဒီရုပ်သံနဲ့ ပူးတွဲအသုံးပြုပြီး ပြန်လည်မျှထားတဲ့ video ကိုလည်း ကြည့်ရှုမှုများနေကာ reaction ပြုလုပ်သူ […]
By Wadi / MPA- The Red Flag ပဲခူးတိုင်း ရေတာရှည်တွင် ရေဘေးသင့်နေသော မိဘများကို လာရောက်ကယ်ဆယ်သည့် ဒေသခံလူငယ် တစ်ဦးကို PDF များ ဖမ်းဆီးသတ်ဖြတ်ဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “ဘညွန့်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီ ၄၆ မိနစ်တွင် “ရေတာရှည်မြိုနယ် ရေဘေးဒုက္ခရောက်နေတဲ့ မိဘတွေကိုလာကယ်တဲ့ ဒေသခံလူငယ်ကို pdfတွေက ဖမ်းဆီးသတ်လိုက်ပါ တယ်”ဟု (မူရင်းရေးသားချက်အတိုင်း) PDF တပ်ဖွဲ့ဝင်များနှင့် လူငယ်တစ်ဦး ပါဝင်သော ဓာတ်ပုံနှင့်အတူ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါအကြောင်းအရာကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၃နာရီအထိ […]
18 Sep 2024 By (SHAN News+DNA+ The Red Flag) မြန်မာနိုင်ငံတဝှမ်း ရေဘေးခံစားကြရတဲ့ နေရာတွေမှာ တော်လှန်ရေးထောက်ခံသူတွေ နေထိုင်ကြတဲ့ အရပ်ဒေသအများစုဖြစ်ပြီး သာသနာ၊ ဘာသာကို စော်ကားကြတာ၊ စစ်ကောင်စီရဲ့ ကြေငြာချက်တွေကို ဂရုမစိုက်တာတွေကြောင့် အခုလိုရေးဘေးခံစားနေတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှိုင်းဝေချန်နယ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဂျင်းသတင်းတွေ တင်နေတဲ့ Khit Thit မီဒီညာလောက်ပဲ ကြည့်နေတဲ့ကောင်တွေက ရေးဘေးအတွက်အစိုးရက ဘာမှအသိမပေးခဲ့ဘူးဆိုပြီး ဖွနေကြနေတာ။ ဂျင်းခေတ်သစ်ကိုကြည့်တဲ့ အကျိုးကြောင့် အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မသိဘဲ ခံလိုက်ရတယ်ဆိုတာကို ဘာကြောင့်ဖုံးကွယ်နေကြတာလဲ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိပြီး မှိုင်းဝေတယ်လီဂရမ်ချန်နယ်အပြင် အခြားတယ်လီဂရမ်ချန်နယ်တွေကပါ […]
ကန္တာရဝတီတိုင်း ( မ် ) / The Red Flag ( FactCheck News ) ရှမ်း-ကရင်နီနယ်စပ် လွိုင်လင်လေးမြို့နယ်အတွင်းတိုက်ပွဲမှာ KNDF အယောက် (၄၀)ကျော်အား လက်နက်ခဲယမ်းများနဲ့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ဝါဒဖြန့်ချိ နေပါတယ်။ Subscribers ၃သောင်းကျော်ရှိတဲ့ နေပြည်တော် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ ကယားလွိုင်လင်လေးမြို့တိုက်ပွဲမှာ ကရင်နီအကြမ်းဖက်များလူစုကွဲဆုတ်ခွာထွက်ပြေးရာ… ပအိုဝ်းရွာကုန်းဆွတ်အရှေ့ဖက် တောင်ကြားလမ်းမှကားများ ချိန်းပတ်ပြီး ဆုတ်ပြေးလာသော ကရင်နီအကြမ်းဖက်(၄၀)ကျော်အား လက်နက်ခဲယမ်းများဖြင့် အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ဒဏ်ရာရထားသူများပါတယ်။”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေရေးသားထားပါတယ်။ နေပြည်တော် ချန်နယ်ရဲ့ ရေးသားဖော်ပြမှုကို စက်တင်ဘာလ ၁၇ ရက်နေ့အထိ ကြည့်ရှုသူ ၁သောင်း၁ထောင်ကျော်ရှိပြီး Like and react […]
By Wadi / MPA – The Red Flag ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်တွင် “ KIA မှ Drop Bomb များ အသုံးပြုပြီး ဖားကန့် ဆိပ်မူရွာမှာ လုံခြုံရေးဆောင်ရွက်နေသည့် နေရာများအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း မီးလောင်မှုများ ဖြစ်ပွားလျက်ရှိပါတယ်”ဟု ( မူရင်းရေးသား […]
ထားဝယ်မြို့နယ်၊ ပကာရီရွာမှာ PDF တွေ ပစ်ခတ်တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်ဆိုပြီး People Media နဲ့ မြန်မာ့ဂုဏ် တယ်လီဂရမ်ချန်နယ်တွေက စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းရေးသားဖြန့်ချိခဲ့ကြပါတယ်။ “ရေးနှင့် ထားဝယ်တွင် KNU/PDF များမှ Drone များ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ချိခဲ့ကြတာပါ။ အဲဒီဖြန့်ချိမှုမှာပါဝင်တဲ့ ရေးနဲ့ ထားဝယ် အကြောင်းအရာ နှစ်ခုထဲက ထားဝယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ မှန်ကန်မှု မရှိတာကို တွေ့ရပါတယ်။ Subscriber တစ်သိန်းခြောက်သောင်းကျော်ရှိတဲ့ People Media တယ်လီဂရမ်ချန်နယ်ရဲ့ […]
သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၁၆ ရက် သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူအယောက် ၁၀၀ ကျော်သေဆုံးကာ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုပြီး အခုရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းအမှားတွေ ဆက်တိုက်ပျံ့နှံ့နေပါတယ်။ ကလောမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ် သတင်းမီဒီယာအချို့အပါအဝင် လူမှုကွန်ရက်အသုံးပြုသူတွေက ကလောမြို့မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်၊ လူ ၂၀၀ ကျော် ပျောက်ဆုံးတယ်ဆိုပြီး ရေးသားဖော်ပြကြပါတယ်။ အဲ့ဒီသတင်းအမှားကြောင့် လူမှုကွန်ရက်အသုံးပြုသူနဲ့ ပြည်သူတွေအကြား စိုးရိမ်ပူပင်မှုဖြစ်စေခဲ့ပါတယ်။ ဆက်စပ်သတင်းမှားလင့်ခ် – https://archive.ph/2mY1z Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ သတင်းအချက်အလက်အချို့ မှားယွင်းနေတာကို […]
17 September 2024 ၊ MPA / KTimes (Factcheck News ) ကယား PDF တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားများ စက်တင်ဘာ ၁၀ရက်နေ့က တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၃၀,၀၀၀ ကျော်ရှိတဲ့ နေပြည်တော် ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၀ ရက် ညနေ ၄နာရီကျော်မှာ ” ပထမအဆင့်မြိုတွင်းဘဏ်တွေကိုဓါးပြတိုက်လုယက်ကြဖိုပါ။ဒုတိယအဆင့်မှငါ့မရရေချိုးပြန်တဲ့PDFနဲ့EAOsအကြမ်းဖက်၊ကယားပဒက်တွေသူတိုကြောင့်စစ်ရှောင်သွားကြတဲ့ပြည်သူလူထုတွေရဲ့နေအိမ်တွေကတန်ဖိုးကြီးပစ္စည်းတွေကိုစိမ်ပြေနပြေဖောက်ထွင်းခိုးယူပြီးနေအိမ်တွေကိုမီးရှိဖျက်ဆီးတာပဲလုပ်သွားကြတာတဲ့ ” (မူရင်းရေးသားချက်အတိုင်း) ရေးသားဖော်ပြထားကြပါတယ်။ နေပြည်တော်တယ်လီဂရမ်ချန်နယ်ကရေးသားချက်ကို စက်တင်ဘာ ၁၄ရက်အထိ ကြည့်ရှုသူ ၂၆၀၀၀ ကျော်ရှိလာပြီး like and react လုပ်သူ ၁၂၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်တွေကလည်း မျှဝေခဲ့ကြပါတယ်။ သတင်းအမှားလင့်ခ်များ နေပြည်တော် […]
Dawei Watch၊ AEN ၊ စက်တင်ဘာ ၁၃ စစ်ကောင်စီတပ်ဟာ ခိုင်မာတဲ့သတင်းပေးချက်အရ ပေါက်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ စစ်ကူလာတဲ့ စစ်သားတွေရှိတဲ့နေရာကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်လို့ Min Chit Oo အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေပါတယ်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Min Chit Oo တယ်လီဂရမ်ချန်နယ်ဟာ subscriber လေးသောင်းခွဲကျော် ရှိပြီး အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၆၉,၁၀၀ ကျော်ရှိပါတယ်။ အဲဒီချန်နယ်က ဖြန့်ချိတဲ့သတင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/QIVSI ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ Arakan Express […]
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုကွဲရွာက မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူးကို PDF တွေက သတ်လိုက်တယ်ဆိုပြီး Kyaw Swar နာမည်ပေးထားတဲ့ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁ဝ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာ စိစစ်တွေ့ရှိရပါတယ် ။ Subscriber တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ Kyaw Sawr တယ်လီဂရမ်ချန်က အဲဒီအကြောင်း ပါဝင်တဲ့ ရုပ်သံဖိုင် တစ်ခုကို စက်တင်ဘာလ ၁၀ရက်မှာ ထုတ်လွှင့်ဖြန့်ချိခဲ့တာပါ။ မူလတန်းပြဆရာမ အကြောင်းကို ရုပ်သံရဲ့ ၂မိနစ် ၂၀ စက္ကန့်မှာ စတင်ထည့်သွင်းထားပြီး အဲဒီရုပ်သံကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/kyawswar49111/15356 ◾မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူး ပျောက်ဆုံးပြီး […]
သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၁၁ ရက် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် လားရှိုးမြို့တွင် MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် လက်အောက်ငယ်သား ၄၀ ကျော်သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် နေပြည်တော်ချန်နယ်ကနေ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “လားရှိုးကို ယနေ့လေကြောင်းတိုက်ခိုက်မှု MNDAA တပ်ဖွဲ့မှ ခေါင်းဆောင်သုံးဦးနှင့် ငယ်သား ၄၀ ကျော်သေဆုံးသည်ဟု အသံဖိုင်ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။ မူရင်းလင့်ခ် – https://archive.ph/ZANpa အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၇,၄၀၀ ကျော်ရှိပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ […]
ကန္တာရဝတီတိုင်း ( မ် ) / The Red Flag စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ KNDF သာဖြစ်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး ဝါဒဖြန့်ချိနေပါတယ်။ Subscribers ၂သောင်း၅ထောင်ရှိတဲ့ Truth Media ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ဖယ်ခုံ၊ လအိKNDF ၊ စက်တင်ဘာ၅ရက်ည၁၀နာရီကစပြီး ဖျားသခင်ကောက်ညှင်းကျွေးလို ဒီမနက်တွေ့ကြရတာ။”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေနေတာပါ။ Truth Media ရဲ့ ရေးသားဖော်ပြမှုကို စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကြည့်ရှုသူ ၃၀၄၅၈ ရှိပြီး Like and react ပေးသူ […]
By Haythar /MPA ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွှေခေါင်းလောင်းဆရာတော်ကို MNDAA နှင့် TNLA အတွက် လူသစ်စုဆောင်းပေးနေသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ၊ ၆၆-ဃ ၊ ၅၀-ညတို့ဖြင့် အမှုဖွင့်ဟု ဆိုသည့် သတင်းအမှားများ စက်တင်ဘာ ၆ရက် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၆၉,၀၀၀ ကျော်ရှိသည့် U Kyaw Soe Oo တယ်လီဂရမ်ချန်နယ်က “ရွှေခေါင်းလောင်းဆိုသူ က MNDAA TNLA အတွက်ပါ လူသစ်စုပေးနေသလို ထောက်ပံ့ပေးသူလည်း ဖြစ်တယ်။လက်ရှိ တာချီ လိတ်မှာ ၅၀၅-က ၊ ၆၆-ဃ၊၅၀-ည တို့နဲ့ အမှုဖွင့်ထားကြောင်းပါ”ဟု( မူရင်းရေးသားချက်အတိုင်း) စက်တင် ဘာ ၆ရက် မွန်းလွှဲပိုင်းက ရေးသားဖော်ပြထားသည်။ U Kyaw […]
စက်တင်ဘာ၊ ၉။ (Fact Check)Delta News Agency/The Red Flag မန်တုံမြို့က လက်ဖက်စက်ရုံတခုမှာ TNLA တပ်သားတွေစုဝေးနေလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ လ ၃ ရက်က လေယာဥ်နဲ့ဗုံးကြဲချခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို People Media က ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မနက် ၇ နာရီ ၁၁ မိနစ်မှာ စတင်ဖြန့် ဝေထားပြီး “ စက်တင်ဘာ ၃ ရက် ည (၁၀)နာရီခွဲနှင့် (၁၁)နာရီ (၁၁)မိနစ်ခန့်တွင် မန်တုံ-နမ့်ဆန်လမ်းမ ပေါ်ရှိ စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့် လက်ဖက်စက်ရုံကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ယင်းသို့ […]
Fact Check၊ AEN အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှားကို Tazin Oo အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၃၁ ရက်နေ့ကစပြီး ရေးသား ဖြန့်ချိနေပါတယ်။ Tazin Oo တယ်လီဂရမ်ချန်နယ်ဟာ subscriber 112,500 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ 47,200 ကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် https://archive.ph/GAvpE အဲ့ဒီသတင်းအမှား ဖော်ပြချက်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေး၊ စစ်တပ်နဲ့ ဆွေမျိုးတော်စပ်သူတွေရဲ့ နေအိမ်တွေကို စာရင်းကောက်ခံပြီး ချိတ်ပိတ်နေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖော်ပြချက်ကို Arakan Express News သတင်းဌာနက စက်တင်ဘာလ […]
စက်တင်ဘာ၊ ၇။ (Fact Check)Delta News Agency/ The Red Flag မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေ ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို ထိုင်းတာဝန်ရှိ သူတွေစစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇ ဦးခန့်ကို ဖမ်းဆီးရမိပြီး မဲဆောက်မြို့မှာ ခိုလှုံနေတဲ့ PDF တွေဖြစ်တာလို့သိရကာ အထောက်အထားမပြသနိုင်တာကြောင့် သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ MT News ကနေ စက်တင်ဘာလ ၄ ရက်မှာ “မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ဖမ်းဆီးစဥ် ဖမ်းမိသူများက PDF များဖြစ်နေခြင်းဟုပါ သိရ” လို့ ရေးသားဖြန့်ဝေ ထားတာကို တွေ့ရပါတယ်။ အဲဒီသတင်းကိုပဲ မြန်မာဂုဏ်သတင်းမီဒီယာ၊ […]
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ စက်တင်ဘာလ ၆ ရက် သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (စက်တင်ဘာလ ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး “နမ့်ခမ်းက အကြမ်းဖက် TNLA များကို ဗုံးကြဲရှင်းလင်းမှုတွင် TNLA ခေါင်းဆောင်မိသားစုက ကလေးအပါအဝင် ၁၁ ယောက် လောလောဆယ်သေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁,၄၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် – https://archive.ph/duwjQ#selection-387.0-389.9 Myanmar Fact-checking Network အဖွဲ့ဝင် […]
သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၄ ရက် ကိုးကန့်တပ်ဖွဲ့ MNDAA အပြစ်မဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်နေတယ်ဆိုပြီး ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Mawshan Myay Media ကနေ သြဂုတ် ၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဒေသတွင်း အကြမ်းဖက်မှုတွေ လုပ်ခဲ့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရသော ကိုးကန့်တပ်ဖွဲ့ MNDAA ကအပြစ်မဲ့ ဖမ်းဆီးခံထားရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သေနတ်ဖြင့် ရက်စက်စွာ ပစ်သတ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၃,၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် – https://archive.ph/ytFyT#selection-271.0-271.96 Myanmar […]
Fedral FM ၊ Kantarawaddy Times စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ ပြည်သူများက ကြောက်ရွံ့ထွက်ပြေးပြီး PDF ထဲ ဝင်ရောက်ဖို့ရည်ရွယ်ချက်နဲ့ သတင်းဌာနတွေမှာ လုပ်ကြံရေးသားပြီးသတင်းမှားများ ဖော်ပြတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ချိနေပါတယ်။ စီစစ်တွေ့ရှိထားတဲ့ သတင်းအမှားအကြောင်းရာကို Subscribers ၆သောင်းနီးပါးရှိတဲ့ ခခဟန် (Ka Ka Han) တယ်လီဂရမ်ချယ်နယ်က ဩဂုတ် ၂၁ ရက်နေ့က ဖြန့်ချိနေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ကြည့်ရှုသူ ၁ သောင်း ကျော်ရှိနေတာကို တွေ့ရှိရပါတယ်။ “ ပြည်သူများ အထိတ်တလန့်ဖြစ်စေဖို့ လုပ်ကြံရေးသားထားတဲ့ ဟာသတစ်ပုဒ်သာဖြစ်ပါတယ်။ အမှား အမှန် ပိုင်ခြားနိုင်မှုအားနည်းတဲ့ ပြည်သူတေါ ကြောက်လန့်တကြားနဲ့ ထွက်ပြေးလာရင် လူသစ်စုချင်လို့ လုပ်ကြံသတင်းတွေရေးသားနေတာဖြစ်ပါတယ်။ PDf တွေ သေတာမနည်းတော့ဘူးဆိုတော့ လူသစ်က လိုချင်ပြန်ပြီထင်တယ်။”လို့ […]
30 August 2024 (SHAN News+Kantarawaddy Times) သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ် ၂၈ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ ကျောက်မဲကို တပ်ကလေယာဉ်နဲ့ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်။ …ပလောင်တွေစုနေတဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အထိအခိုက်အကျအဆုံးက ပလောင်သတင်းတွေအရ အကျအဆုံးများပုံရတယ်”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၉,၀၀၀ ကျော်ရှိပြီး […]
ဩဂုတ်၊ ၂၈။ သပိတ်ကျင်းမြို့နယ်ကို KIA, PDF နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခြင်းမရှိဘဲ ယခင်သိမ်းပိုက်ရရှိထား တဲ့ လက်နက်/ခဲယမ်းပုံတွေကို သုံးပြီး သတင်းတု/သတင်းမှားတွေကို ဖြန့်ဝေနေတယ်ဆိုပြီး သပိတ်ကျင်းမြို့ က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဓါတ်ပုံနဲ့အတူ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။ အဲဒီသတင်းကို စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ တိုက်ပွဲသတင်းစုံ ကနေ ဩဂုတ်လ ၂၇ ရက်မှာ သပိတ်ကျင်းအနီးတိုက်ပွဲများအခြေအနေဆိုတဲ့ခေါင်းစဉ်နဲ့ “သပိတ်ကျင်းမြို့ပေါ်ရှိ ရုံး၊ ဌာနဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ မြို့အထွက်က တပ်စခန်းငယ်လေးတွေကို TNLA နဲ့ PDF ပူးပေါင်းအင်အားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရလို့ မြို့ပေါ်လုံခြုံရေးလုပ်နေတဲ့အဖွဲ့ တွေ နယ်မြေခံသင်တန်းကျောင်း တပ်ကို ပြန်လည်ပူးပေါင်းလာခဲ့ပါတယ်။ ဩဂုတ်လ ပထမအပတ်ကစပြီး မိုးကုတ်-တွင်းငယ်လမ်းကြောင်း၊ မတ္တရာ-သပိတ်ကျင်းလမ်းကြောင်းများ ပေါ်မှာ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိပါတယ်။ သပိတ်ကျင်းနဲ့တွင်းငယ်ကြားရှိ သင်တန်းကျောင်းများနှင့် တပ်ဌာနချုပ်များကို စစ်ကူစစ်ကြောင်းများရောက်ရှိနေပြီး […]
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၂၈ ရက် သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ View of Sue တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “သတင်းအရ TNLA တွေ ခိုအောင်းနေထိုင်သော စာသင်ကျောင်းကို ဗုံးကြဲရှင်းလင်း” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၀,၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် – https://archive.ph/rNsC6 Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်တဲ့အခါ လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။ သတင်း စစ်ဆေးတွေ့ရှိချက် ၂၀၂၄ […]
Justice Soldier PDF ခေါင်းဆောင် ကိုဇွဲ က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ထံ အလင်းဝင်လိုက်ပြီ ဖြစ်တယ်လို့ People Media telegram channel က ဩဂုတ်လ ၂၄ ရက်မှာ ဖော်ပြပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာယကံရှင် ကိုဇွဲကိုယ်တိုင် live လွှင့်ရှင်းပြထားတာနဲ့ ကျားဖြူစစ်ကြောင်းကို မေးမြန်းစုံစမ်းချက်တွေအရ people media တယ်လီဂရမ်ချန်နယ်ရဲ့ဖော်ပြချက်ဟာ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ် ။ People Media ရဲ့ တယ်လီဂရမ်ချန်နယ်ဟာ subscriber တစ်သိန်းခြောက်သောင်းကျော်ရှိပြီး အထက်ပါ ဖော်ပြချက် ကိုတော့ ရုပ်သံအနေနဲ့ ဖော်ပြချက်မှာ ကြည့်ရှုသူ ရှစ်သောင်းခြောက်ထောင်ကျော်၊ ရေးသားဖော်ပြချက်မှာ ငါးသောင်းကျော်က မြင်တွေ့ထားပါတယ်။ အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။ Text link […]
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ်၂၇ ရက် ကိုးကန့်တပ်ဖွဲ့ MNDAA က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှုကို ပြုလုပ်နေတယ်ဆိုပြီး သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကို သုံးကာ ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် ဟန်ငြိမ်းဦးချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ လူသစ်မစုပါဘူး၊ ဘာညာဆိုပြီး ကတိတွေပေး၊ တစ်ဖက်လှည့်နဲ့ လူသစ်စုနေတာ ဖြစ်ပါတယ်။ ဘယ်လူငယ်ကမှ သူတို့သူပုန်ဘဝ ထဲကိုမဝင်ချင်ကြဘူး” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၇,၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် – https://archive.ph/M2u51 Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့နေရာက ဓာတ်ပုံတွေကို အသုံးပြုပြီး လိုသလို ချိတ်ဆက်ရေးသားဖြန့်ချိထားတာကို တွေ့ရပါတယ်။ သတင်း စစ်ဆေးတွေ့ရှိချက် သတင်းအမှားဖြန့်ချိသူတွေ […]
Aug 26 2024 by Haythar / MPA “လားရှိုးမှာ ရှော့တိုက်ဒုံးတစ်လုံးကျရင် လောက်ကိုင်ကို ပေါင် ၁၀၀၀ နှစ်လုံး ချလိုက် လေယာဥ်နဲ့ ၊ ဒလန်ဆိုပြီး PDF က ရွာထဲဝင်ပြီး သတ်ရင် ထောင်ထဲမှာ အမိန့်ကျပြီးသား နှစ်ယောက်ကိုသတ်လိုက် လွယ်လွယ်လေးရယ် “ ဆိုပြီး ဘူးလက်လှဆွေရဲ့ တစ်တော့ခ် အကောင့်မှာ ၂၀၂၄ ဇူလိုင် ၁၄ ရက်က ပြောဆိုထားပါတယ်။ ဒါဟာ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်လိုက်နေတာ ဖြစ်ပါတယ်။ လက်နက်ကိုယ်စီကိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲမှာ ကြား ထဲက အပြစ်မဲ့သူတွေကို အကြောက်တရားနဲ့ ရှင်သန်လိုစိတ်၊ သေကြေပျက်စီးစေလိုတဲ့ သဘောနဲ့ ပြောလိုက် တာမျိုး […]
Fact Check၊ AEN/ MPA ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တိုက်ပွဲမှာ AAဘက်က အကျအဆုံးများပြားနေပြီး စစ် ကောင်စီ တပ်က ရရှိတဲ့ အလောင်း တွေမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားအလောင်းတွေ ပါရှိတယ်ဆိုပြီး Ko Thet အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၂၁ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့ ဖြန့်ချိနေပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Pressphoto Agency နဲ့ Arakan Express News သတင်းဌာနတို့က ဩဂုတ်လ ၂၁ ရက်နေ့မှာ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ Ko Thet တယ်လီဂရမ်ချန်ဟာ subscriber […]
Fact Check၊ AEN ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က စာသင်ကျောင်းတွေမှာ AAက လက်နက်ကြီးတွေ နေရာချထားတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတယ်ဆိုပြီး DOROR WADDY MEDIA အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၂၀ ရက်နေ့ကစပြီး ရေးသား ဖြန့်ချိနေပါတယ်။ အဲဒီဖော်ပြချက်ကို Arakan Express News သတင်းဌာနတို့က ဩဂုတ်လ ၂၄ ရက်နေ့မှာ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ DOROR WADDY MEDIA တယ်လီဂရမ်ချန်ဟာ subscriber 3,900 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ 22,100 ကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် […]
Fact Check၊ AEN/ Delta News Agency ဘင်္ဂလားဒေ့ရှ်က အလိုရှိတဲ့ နိုင်ငံမြေပုံအသစ်ဆိုတဲ့ မြေပုံထဲမှာ မြန်မာနိုင်ငံထဲက ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်ပါ ပါဝင်နေတယ်ဆိုသောသတင်းတခု လှုမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းကို မြန်မာနိုင်ငံမှာ စစ်ကောင်စီအားပေးထောက်ခံ လောဘီချန်နယ်တခုဖြစ်တဲ့ Ko Thet ချန်နယ်ကနေ ဩဂုတ်လ ၁၉ရက်က စတင်ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ လေးသောင်းခြောက်ထောင်ကျော်အထိပျံ့နှံ့နေတာပါ။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေတဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင်နေတယ်ဆို ပြီး ရေးသားထားပြီး လူမျိုးရေးအမုန်းတရားတခုအနေနဲ့ ဆက်လက်ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ ◾ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေတဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင် နေတယ်ဆိုတဲ့ သတင်းအမှားစိစစ်ချက် ဖော်ပြပါသတင်းအချက်အလက်ကို Delta News […]
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ်၊ မိုးတောင်တန်းကို စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အေအေ ဘက်က အများအပြား သေဆုံးဒဏ်ရာရကြတယ်လို့ တယ်လီဂရမ်ချန်နယ်တစ်ခုက ဩဂုတ် ၁၈ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ စစ်ကောင်စီအတွက် ဝါဒဖြန့်ရေးသားဖြန့်ဝေတာတွေ လုပ်ဆောင်နေတဲ့ “တိုက်ပွဲသတင်းစုံ” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။အဲဒီချန်နယ်ကို Subscriber ပြုလုပ်သူ ခြောက်သောင်းနီးပါးရှိပါ။ အေအေတပ်ဖွဲ့တွေရဲ့ တည်နေရာကို အတိအကျ သတင်းပေးလို့ တိုက်ခိုက်တာဖြစ်ပြီး အေအေဘက်က ဗျူဟာမှူး၊ တပ်ရင်မှူး အဆင့်အပါအဝင် ၃၈ဦး သေဆုံးတဲ့အပြင် ၇၂ဦး ဒဏ်ရာရတယ်လို့ ရေးသားဖြန့်ဝေခဲ့တာပါ။ အထက်ပါဖော်ပြချက်ကို ကြည့်ရှုသူ နှစ်သောင်းငါးထောင်ကျော်ရှိပြီးငါးရာကျော်က reaction ပြုလုပ်ထားပါတယ်။ တိုက်ပွဲသတင်းစုံ ချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://t.me/combatnews7723/4751 အထက်ပါဖော်ပြပါ ဖြန့်ချိမှုနဲ့ ပတ်သက်လို့ […]
လောင်းလုံးမြို့နယ်က လွှတ်တော်အမတ်တစ်ဦး ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ မိသားစုဓာတ်ပုံတွေကို စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တစ်ခုက အသုံးချသတင်းအမှားဖြန့်ပြီး စစ်ကြောင်းထိုးဖို့ လှုံ့ဆော်ရေးသားနေပါတယ်။ NLD လွှတ်တော်အမတ် ဦးဗိုလ်ထွေးဟာ စစ်ကောင်စီချိပ်ပိတ်ထားတဲ့ သဘော့ဆိပ်ကျေးရွာအုပ်စု ကျောက်ဆင်ရွာက နေအိမ်မှာ ပြန်လည်နေထိုင်နေတယ်၊ ပြီးတော့ PDF တွေကို ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ကြံစည်နေတယ်ဆိုပြီး ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ဟာ ဩဂုတ်လ ၁၂ ရက်ကစပြီး စတင်ရေးသားဖြန့်ချိ ခဲ့ပါတယ်။ ဩဂုတ်လ ၁၂ ရက်ကနေ ဩဂုတ်လ ၂၀ ရက်အထိ တောက်လျှောက် သတင်းအမှားတွေ ဖြန့်နေတာပါ။ အဲဒီလို ဖြန့်ချိရာမှာ ဦးဗိုလ်ထွေးနဲ့ သူ့မိသားစုဝင်တွေ စုရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ချိပ်ပိတ်စာရွက်ကပ်ထားတဲ့ နေအိမ် ဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။ အဲဒီဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/az222222222222/32968?single […]
တကောင်းမြို့က တပ်ထောက်ခံသူတွေကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံသတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းအမှား ဩဂုတ်၊ ၂၁။ တကောင်းမြို့မှာ တပ်ထောက်ခံသူတွေကို တအိမ်တက်ဆင်းပြီး လိုက်လံသတ်ဖြတ်နေတယ်လို့ ရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှား ပို့စ်တွေ လူမှုကွန်ရက်စာမျက်နှာ မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီ သတင်းအမှားကို Subscribers ၂၆,၀၀၀ ကျော်ရှိတဲ့ ကျွန်းလှ မီးအိမ်ရှင် “ ချန်နယ်ကနေ ဩဂုတ်လ ၁၆ ရက်၊ မနက် ၉နာရီမှာ “ တကောင်းမြို့အခြေအနေ တော်တော်ဆိုးပါတယ် တမြို့လုံးက တပ်ထောက်ခံတွေကို တစ်အိမ်တက်ဆင်းအကုန်လိုက်သတ်တာပါ။ တကောင်းတမြို့လုံးဗုံးကြဲပါ။” (မူရင်ရေးသားမှုအတိုင်း) အကြောင်းအရာကို စတင်ပြီးဖြန့်ဝေပျံ့နှံ့ခဲ့တာပါ။ ဖြန့်ဝေခဲ့သတင်းကို ကြည့်ရှုသူ ၃၂,၀၀၀ ဝန်းကျင်၊ Share ၄၄ ၊ Reaction ၅၁၃ဦးအထိရှိခဲ့ပြီး Ye’ Ba […]
20 August 2024 By (SHAN News+Kantarawaddy Times) ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ နောင်ချိုမှာ ပလောင်နဲ့ လက်ပဒီးတွေ ဆုတ်လမ်းတောင်း၊ တပ်မတော်မှ အလံဖြူထောင်ပြီး ၅၀ တစ်အုပ်စု ဆုတ်လာခဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၄၅,၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် – https://archive.ph/zz9GF Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါ […]
20 August 2024 (SHAN+People’s Spring+DNA+Araken Express News) အာဏာသိမ်းစစ်ကောင်စီ၏ အဓိက လက်နက်အဖြစ် သွေးခွဲအုပ်ချုပ်နည်းကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းကို အာဏာရှင်အဆက်ဆက် လက်ခံကျင့်သုံးခဲ့ကြပါတယ်။ အထူးသဖြင့် အချုပ်အခြာအာဏာ သက်ရောက်မှုနည်းသည့် တိုင်းရင်းသားဒေသများတွင် ပိုမိုအသုံးပြုလေ့ရှိခဲ့ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းထဲမှ လူမျိုးရေးဝါဒမှိုင်းသည် လည်း အာဏာရှင်အဆက်အဆက်က အဓိကလက်ကိုင်တုတ်အဖြစ်အသုံးပြုခဲ့ပါတယ်။ စစ်ကောင်စီက လည်း အာဏာသိမ်းပြီးကတည်းက အသုံးပြုလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယလှိုင်းမှာတော့ ဗမာလူမျိုး ဝါဒကို အခြေခံပြီး အမျိုးသားရေးအားကောင်းတဲ့ မန္တလေးကို ဗဟိုပြု၍ တရုတ်မုန်းတီးရေးကို အားကောင်းမောင်းသန် မောင်နှင်လာခဲ့ကြပါတယ်။ တရုတ်နိုင်ငံက နောက်ကွယ်ကနေ ကူညီနေတာတွေ ရပ်တန့်ဖို့ အမျိုးသားရေးအမည်ခံတွေ ၁၀၂၇ ပထမ လှိုင်းမှာ ဆန္ဒဖော်ထုတ် ၂၀၂၃ […]
MFCN,TRF,FFM သတင်းအမှားအကြောင်းအရာကိုတော့ ဩဂုတ်လ (၁၅) ရက်နေ့က မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြန်နေတဲ့ သတင်းအမှားအကြောင်းအရာပါ။ မြင်းခြံ ပြည်သူ့စစ်တွေက PDFများ မူးယစ်၊ ဆက်ကြေးကောက်နေတဲ့ နန်းမြင့်တောင်တိုးဂိတ်အား လျပ်တပြက်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ဖြန့်ချိနေတာပါ။ သတင်းပါအကြောင်းအရာဟာ မြင်းခြံမြို့ မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကို တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲသတင်းတွေနဲ့ ကွဲလွဲအောင် ဝါဒဖြန့်ချိနေတာဖြစ်ပါတယ်။ ဒီသတင်းကို ကြည့်ရှုသူ ၂သောင်းကျော်ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် နန်းမြင့် တောင် စစ်ဆေးရေးဂိတ်ကို မြင်းခြံပြည်သူ့စစ်တွေလျပ်တပြက် ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း Myanmar Fact-checking Network အဖွဲ့ဝင် ဖြစ်တဲ့ FFM ကစီစစ်တွေ့ရှိထားပါတယ်။ […]
ဒီတစ်ပါတ်မှာတော့ နွားထိုးကြီးမြို့နယ်မှာ PDF (၂၀၀) ကျော်သေဆုံးကြောင်း သတင်းအမှား အကြောင်းအရာနဲ့ နေပြည်တော် တယ်လီဂရမ်ချန်နယ်က ဖြန့်ချိနေတာကို စိစစ်တွေ့ရှိထားတာတွေကို မြာမိုး ကတင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio TikTok – / federal_fm
ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား +++++ AEN ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်ကြောင်း၊ NUGကို ထောက်ခံသူများက ဦးဆောင်၍ ထိုင်းလူမျိုးများ လက်မခံသည့် အချက်များအား တောင်းဆိုရန် လှုံ့ဆော်ခြင်းကြောင့် ထိုင်းအစိုးရက ဖမ်းဆီးရခြင်းဖြစ်သကဲ့သို့ ရေးသားထားတဲ့ သတင်းအမှားကို သြဂုတ်လ ၁၃ ရက်နေ့ကစပြီး Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန် နယ်ကနေ ဖော်ပြထားပါတယ်။ Kyaw Swar တယ်လီဂရမ်ချန်ဟာ subscriber 182,100 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ ခုနှစ်သောင်းတစ်ထောင်ငါးရာကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် link – https://archive.ph/D49RU အဲဒီဖော်ပြချက်ကို AEN က ဩဂုတ်လ […]
16 Aug 2024 by (SHAN News+People’s Spring) ရှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်အစိုးရ အခိုင်အမာပြောဆိုလိုက်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများနှင့် ဝါဒဖြန့်ချယ်နယ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာဌာနတစ်ခုဖြစ်သည့် MRTV သတင်းဌာနမှ “သျှမ်းပြည်နယ် မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့ပါတယ်” ဟု (မူရင်းအတိုင်း) ထည့်သွင်းပြောဆိုခဲ့သည်။ ထိုသတင်းကို ကြည့်ရှု့သူပေါင်း ၃,၈၀၀ ကျော်ပြီး MRTV ချယ်နယ်အပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်များနှင့် TiK Tok ချယ်နယ်များကပါ ဖြန့်ဝေထားကြသည်။ မူရင်းလင့်ခ် – https://archive.ph/5guio ဆက်စပ်သတင်းမှား – https://archive.ph/GuvfC Tik Tok – […]
မိုးကုတ်မြို့မှာ TNLA က ဝန်ထမ်းတွေနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို ဒလန်လို့ စွပ်စွဲဖမ်းဆီးနေတယ်လို့ ရေး သားထားပြီး ဖမ်းခံထားရသူတွေ ဆိုတဲ့ ဓါတ်ပုံနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဝေနေတာကို တွေ့ ရပါတယ်။ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ View of Sue ကနေ ဇူလိုင် ၁၂ ရက်မှာ “မိုးကုတ် မြို့မှာ ဒလန်ဟု စွပ်စွဲကာ Tnla ဖမ်းဆီးထားသော ဝန်ထမ်းများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ” ဆိုကာ ဓါတ်ပုံ ၃ ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ အလားတူ လူမှုကွန်ယက် ပလက်ဖောင်းတခုဖြစ်တဲ့ VK ကနေ ခိုင်မာဇော် အမည်ရှိအကောင့်ကနေပြီး “မိုးကုတ်မြို့မှာ ဒလန်ဟု စွပ်စွဲကာ Tnla ဖမ်းဆီးထားသော ဝန်ထမ်းများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ”ရေးကာ ခန်းမအတွင်း ရိုက်ကူးထားတဲ့ […]
14 August by Wadi/ MPA တကောင်းမြို့အား PDF များဝင်ရောက်စီးနင်းပြီးနောက် ပြည်သူများကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ ဖျက်ဆီးဆိုသည့် သတင်းအမှားများ ဩဂုတ် ၁၃ ရက်တွင် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscribers ၁၃၀,၀၀၀ ကျော်ရှိသည့် “မှိုင်းဝေ” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၃ ရက်၊ မွန်း လွဲ ၁၂ နာရီ ၂၁ မိနစ်တွင် “ တကောင်းမြို့ကို အကြမ်းဖက်သမားများမှ ဝင်ရောက်စီးနင်းပြီး ပြည်သူ တွေကို သတ်ဖြတ်ကာ နေအိမ်းများအားမီးရှိးဖျက်စီးသွား။ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့စစ်တွေကိုလည်း သင်္ချိုင်း ကုန်းသို ဖမ်းဆီးခေါ်ဆောင်သွားကာ အကုန်သတ်ပစ်လိုက်ပြီ ဖြစ်ကြောင်းသိရ။” ( မူရင်းရေးသားချက်အ တိုင်း) ဆိုပြီး ရေးသားဖြန့်ဝေခဲ့ရာ […]
14 Aug 2024 by (SHAN News+Delta News Agency) သျှမ်းပြည် လားရှိုးမြို့က နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူလို့ အပြစ်ပေးခံရတဲ့ရုပ်သံဖိုင်တခုကို အသုံးပြုပြီး စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလူမဆန်စွာ ဖမ်းဆီးရိုက်နှိက်နေတယ်ဆိုတဲ့ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီ့သတင်းကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် ဟန်ငြိမ်းဦးချယ်နယ်ကစတင် ဖြန့်ချိခဲ့ပြီး “လားရှိုးတွင် ငွေကြေးအဆင်မပြေမှုကြောင့် စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို အကြမ်းဖက်တရုတ် ကိုးကန့်ခွေးမိစ္ဆာ MNDAA အဖွဲ့မှ ဖမ်းဆီးပြီး လူမဆန်စွာဖမ်းဆီးရိုက်နှိက်နေတယ်” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားပါတယ်။ ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၂,၀၀၀ ကျော်အထိရှိနေပြီး ဟန်ငြိမ်းဦးချယ်နယ်အပြင် အခြားတယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေထားကြတာပါ။ မူရင်းလင့်ခ် – https://archive.ph/RvlmV မှိုင်းဝေ – https://archive.ph/zVuY3 […]
14 August 2024 By Haythar /MPA ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အသက် ၁၆နှစ်မှ အသက် ၅၀နှစ်အတွင်း ပြည်သူများကို MNDAA အဖွဲ့ စစ်မှုထမ်းရန် ကောက်ခံနေကြောင်း ထုတ်ပြန်ချက်စာအတု အသုံးပြု၍ တယ်လီဂရမ် ချန်နယ် နှင့် Tik Tok တွင် ၂၀၂၄ သြဂုတ် ၁၁ရက်မှ စတင်ကာ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ Subscriber ၅၀၀၀ကျော်ရှိ ပုသိမ်သားလေး တယ်လီဂရမ်ချန်နယ်က အဆိုပါ ထုတ်ပြန်ချက်ကို အသုံးပြု ၍ “လားရှိးနေပြည်သူများ အိမ်မပြန်ရတော့ပါ အသက် ၁၆ ကနေ ၅၀ အတွင်း စစ်မှုထမ်းရမယ် ကလေး ၃ ယောက်ရှိရင် တစ်ယောက်ခေါ်မယ် ဆန့်ကျင်ရင် လိမ်ထားရင် ပိုင်ဆိုင်တာတွေ […]
ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ် ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်နေသည်ဆိုတဲ့ သတင်းအမှား +++++ AEN ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ်ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်၍ ရုပ်သံရိုက်ကူး၊ ထုတ်ပြန်ခြင်းဟုဆိုပြီး မီဒီယာများက ဖော်ပြသကဲ့သို့ ပုံဖော်ဖြန့်ချီထားသည့် သတင်းတစ်ခုကို သြဂုတ်လ ၈ ရက်နေ့ကစပြီး Khit Thit Myanmar အမည်ရှိ တယ်လီဂရမ်ချန် နယ်ကနေ ဖော်ပြထားပါတယ်။ ဖော်ပြပါသတင်းအချက်အလက်ကို Myanmar Fact-checking Network အဖွဲ့ဝင် AEN မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး […]
13 August 2024 ( MPA + Shan News) စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၄ ဩဂုတ် ၆ ရက် ရန်ကုန်မြို့လယ်ခေါင် ဆူးလေလမ်းမကြီးပေါ် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီး ရောက်ရှိနေရာယူထားကြပါတယ်။ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ အခုလို လူအုပ်ကြီးနဲ့ ဆန္ဒပြပွဲကို ပြန်တွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူအုပ်ကြီးက စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေတော့ မဟုတ်ကြပါဘူး။ သူတို့တွေက စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေပဲ ဖြစ်ပါတယ်။ သူတို့ လက်ထဲမှာ ကိုင်ထားတဲ့ ဗီနိုင်းစပေါ်က “Never Forget 9/100 Lashio” ဆိုတာ လားရှိုးမြို့ အမှတ် ( […]
မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့် သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၁၃ ရက် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့ BPLA အဖွဲ့တွေတစ်ခါတည်း အပြတ်သာရှင်းလိုက်ပါ” လို့ (မူရင်းအတိုင်း) Shan State Voice ကဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို အခြေခံပြီး ဖော်ပြထားပါတယ်။ အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၆,၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် […]
ဒီတစ်ပါတ်မှာတော့ ချင်းပြည်နယ်ဘက်က တိုက်ပွဲ သတင်းတွေနဲ့ ပါတ်သက်ပြီး သတင်းအမှား ဖြန့်ချိနေတာကို စီစစ်တွေ့ရှိ ထားတာတွေကို မြာမိုးက တင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio TikTok – / federal_fm
လားရှိုးမြို၊ အထက (၈) ကျောင်းရှေ့၊ ဘူတာရုံပတ်လမ်းပေါ်မှာ MNDAA က ပြည်သူတွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်းတွေကို တွေရတယ်ဆိုတဲ့ ရုပ်သံဖိုင် တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ Digital Daily News ကနေ ဩဂုတ်လ ၆ ရက်မှာ “ လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်သူပုန်တွေက ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက် ရက်စက်စက် သတ်ဖြတ်ထားတဲ့ အလောင်းတွေကို လားရှိုးမြို့၊ အထက (၈) ကျောင်းရှေ့ ဘူတာရုံပတ် လမ်းပေါ်မှာ ဒီတိုင်းစွန့်ပစ်ထားတာကို တွေ့ရပါတယ်” ဆိုပြီး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းများပုံ ဆို တာနဲ့ ရုပ်သံဖိုင်တခုကို ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ […]
ဩဂုတ် ၆ MFCN ၊ The Red Flag ၊ Kantarawaddy Times ၊ Federal FM သတင်းအမှားအကြောင်းအရာကတော့ ရှမ်းမြောက် မိုးမိတ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးစစ်သည်တွေကို ပြည်သူများကြိုဆိုခဲ့တဲ့ ဓာတ်ပုံတွေဟာ မိုးမိတ်မြို့က မဟုတ်ဘဲ ယင်မာပင်ပုလဲဒေသဘက် ဓာတ်ပုံတွေနဲ့ မီဒီယာတွေက ဂျင်းထည့်တာ ဖြစ်တယ်လို့ ဖြန့်ချိနေတာပါ။ ဒီသတင်းအမှားအကြောင်းအရာကို Truth Media ကနေ ၂၀၂၄ ဩဂုတ်လ ၂ ရက်နေ့မှာ စတင်ဖြန့်ချိနေတာပါ။ ဓါတ်ပုံနဲ့ အကြောင်းအရာကို ကြည့်ရှုသူ ၃ သောင်းကျော်ရှိတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://t.me/Snowqueen1111233/28953 စစ်ဆေးတွေ့ရှိချက် ဒီအကြောင်းအရာကို အချက်လက်စီစစ်ကြည့်တဲ့အခါမှာ အသုံးပြုထားတဲ့ ဓါတ်ပုံက ၂၀၂၄ ဩဂုတ်လ(၁) ရက်နေ့က […]
7 August 2024 By Haythar /MPA မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကံတောင်ရွာနှင့် နွယ်ရုံကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မရှိဆိုသည့် သတင်းအမှား စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် သြဂုတ် ၅ရက် ညပိုင်းမှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။ Subscribers ၃၂၀၀ ကျော်ရှိသည့် ” CINCDS MYANMAR” တယ်လီဂရမ်ချန်နယ်က သြဂုတ် ၅ရက် ၊ ည ၉နာရီကျော်တွင် ” မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြိုနယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာများကို ဩဂုတ်လ ၄ ရက်တွင် တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့ကြောင်းကို တရားမဝင် […]
7 August 2024 by Wadi / MPA ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ်ဆိုသည့် သတင်းအမှားများ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ Subscribers ၁၀,၀၀၀ ကျော်ရှိသည့် “View of Su” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၂ ရက်၊ မနက် ၁၁ နာ ရီ အချိန်တွင် “#Breaking News ■ လားရှိး ရမခ တစ်ဝိုက်တွင်တိုက်ပွဲများ ပြင်းထန်နေ ■ တပ်မတော ကုတင် ၁၀၀ ဆေးရုံ […]
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေကို အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (အာဆာ) ကသတ်ဖြတ်လိုက်တယ်၊ အေအေ ထောက်ပို့ကားကို အာဆာက ပစ်ခတ်ခဲ့တယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တချို့က ဖော်ပြကြပါတယ်။ အေအေ တပ်ဖွဲ့ဝင်တွေကို အာဆာက သတ်ဖြတ်လိုက်တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ Min Chit Oo အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ခုနှစ် ဩဂုတ်လ၁ရက်နေ့မှာ ဖော်ပြပါတယ်။ subscriber လေးသောင်းလေးထောင်ကျော်ရှိပြီး Min Chit Oo ချန်နယ်က ဖော်ပြတဲ့ အထက်ပါအကြောင်းအရာကို ဩဂုတ်လ ၆ရက်အထိ ကြည့်ရှူသူ ရှစ်သောင်းခွဲကျော် ရှိနေတာတွေ့ရပါတယ်။ အဲဒီဖော်ပြချက် အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/minchitoo989989/37334?single နောက်တစ်ခါ အေအေရဲ့ ထောက်ပို့ကားကို အာဆာက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုတစ်ခုကိုလည်း View of […]
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၇ ရက် သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံပြန်ထိန်းချုပ် ထားနိုင်ခဲ့ပြီး ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Snow Queen ချယ်နယ်ကနေ သြဂုတ် ၆ ရက် မွန်းတည့်အချိန်က ဖြန့်ချိခဲ့ပြီး လက်လွတ်လိုက်ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားထားပါတယ်။ ၎င်းက” လားရှိုးမြို့အား တပ်မတော်မှ အလုံးစုံပြန်ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ ရန်သူအလောင်းတွေကတော့ ရှင်းလို့မပြီးသေးပါ။ ရန်သူအရှေဖမ်းမိကတော့ ယူနန်တရုတ်နဲ့ ကိုးကန့်ကောင်တွေ ၄၀၀ ခန့် ဖမ်းမိထားပါတယ်” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားတာပါ။ အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၁၄,၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင့်ခ် – https://archive.ph/0UxRK သတင်း […]
ဒီတပတ်မှာတော့ ထုတ်ပြန်ချက်ဓာတ်ပုံတွေ၊ သတင်းဖော်ပြချက်ဓာတ်ပုံတွေကို အသုံးပြုပြီးတော့ သတင်းအမှားအကြောင်းအရာတွေကို ဖန်တီးဖြန့်ချိနေတာကို စိစစ်ထားပြီးတော့ စောလားဘွယ်နဲ့ မြာမိုး တို့ကတင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio TikTok – / federal_fm
နွားထိုးကြီး လမ်းပိုင်းမှာ PDF တွေဓားပြတိုက်လို့ ပြည်သူတွေရွံရှာနေတယ်ဆိုတဲ့ သတင်းအမှား MFCN ၊ The Red Flag ၊ Kantarawaddy Times ၊ Federal FM နွားထိုးကြီးမြို့နယ် နှင့် ဆက်စပ်နေတဲ့ လမ်းပိုင်းမှာ ၂၀၂၄ ဇူလိုင်လ ၃၀ ရက်နေ့က Natogyi People Defence Force – မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းက စစ်ဆေးနေတဲ့ ဓာတ်ပုံတွေကိုယူသုံးပြီး အကြမ်းဖက် PDF များမှ ခရီးသည်ကားများအား သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။ အဲ့ဒီဖြန့်ဝေမှုဟာ ဒီနေ့အထိ တယ်လီဂရမ်သုံးစွဲသူ လေးသောင်းကျော် တွေ့ရှိထားသလို reaction ပြုလုပ်သူ ခြောက်ရာကျော်နဲ့ ပြန်လည်ဝေမျှသူ ၂၅ ခု […]
မောင်တောက NGO INGO ရုံးတွေကို AA က ဖောက်ထွင်းမီးရှို့နေတယ်ဆိုတဲ့သတင်းအမှား Dawei Watch| Fact Check ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ NGO နဲ့ INGO ရုံး၊ ဂိုဒေါင်တွေကို AA တပ်က ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီး နေတယ်ဆိုပြီး Kyaw Swar အမည်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၃၁ ရက်မှာ ဖြန့်ဝေခဲ့ ပါတယ်။
လားရှိုးအကျဉ်းထောင်ကလွတ်လာတဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဌဟောင်း ဦးထွန်းထွန်းဟိန် ကို MNDAA အဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ရေးတဲ့အပြင် အခြားသတင်းတွေမှာ ဦးရည်မွန်နဲ့ဇော်ဝေစိုးအမိန့်အရ PDF တွေက သတ်လိုက်တယ်ဆိုကာ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖြန့်ဝေ နေပါတယ်။ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ဖြစ်တဲ့ Ye Yint Htet(#yyh) ကနေ ၂၀၂၄ ဇူလိုင်လ ၃၀ ရက်မှာ “လားရှိး အကျဉ်းထောင်ဖေါက်ပြေးတဲ့ မြစ်မခသတင်းအယ်ဒီတာ မေသင်္ကြန်ဟိန်းရဲ့အဖေ ဦးထွန်းထွန်းဟိန် ကို MNDAA အဖွဲတွေက သတ်လိုက်ကြပြီလိုသိရပါတယ်၊ အခြားသတင်းတွေမှာတော့ ရည်မွန်နဲ့ ဇော်ဝေစိုး ရဲ့ အမိန့်ပေးချက်အရ PDF တွေကပစ်သတ်လိုက်တယ်လိုလည်းသိရပါတယ်၊ သတင်းတွေအတည်ပြုနိူင်ဖို ဆက်လက်စုံစမ်းနေပါတယ်”လို့ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ အဲဒီသတင်းကို လော်ဘီချန်နယ်ဖြစ်တဲ့ သတင်းတမာန် တယ်လီဂရန်ချန်နယ်ကနေလည်း ရေးသားဖြန့်ဝေ ထားတာကို တွေ့ရပါတယ်။ […]
သျှမ်းသံတော်ဆင့်၊ သြဂုတ် ၂ ရက် ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကို ကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)ရေးသားဖော်ပြထားပါတယ်။ အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။ […]
ဓါတ်ပုံအမှား ကိုအသုံးပြုပြီး မိုးကုတ်မြို့မှာ PDF တွေအသေများလို့ စုပြုံရှင်းနေရတယ်ဆိုတာ သတင်းအမှားအဖြစ် စိစစ်ထားတာကို ဖက်ဒရယ်FM ဝိုင်းတော်သား စောလားဘွယ်က တင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio
မိုးဗြဲတွင်ပြန်လည်နေထိုင်လိုပါက မိုးဗြဲ PDF ကို စစ်အသုံးစရိတ် (၅၀၀၀၀) ပေးရမည်ဆိုတဲ့သတင်းအမှား Federal FM, Kantarrawaddy Times မိုးဗြဲတွင် ပြန်လည်နေထိုင်လိုပါက စစ်အသုံးစရိတ် (၅၀၀၀၀)ပေးရမည်ဟု မိုးဗြဲ ကရင်နီPDFများ အမိန့်ထုတ်ထားပြီး မပေးပါက နေထိုင်ခွင့်မပြုကြောင်း ဖြန့်ချိနေတာကိုတွေ့ရပါတယ်။ (ဒီနေရာတွင်ကြည့်ပါ)။
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ ဇူလိုင် ၃၁ ရက် စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ People Media တယ်လီဂရမ်ချယ်နယ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ လက်လွတ်လိုက်ရသော တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု ဗီဒီယိုဖိုင်နဲ့ပြောဆိုထားပါတယ်။ ၁ မိနစ် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ကျော်စိုးဦးဆိုသူက “ဒီကနေ့ (ဇူလိုင် ၃၀ ရက်) မွန်းလွဲပိုင်းမှာ တိုက်စီး ၄ ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်။ ထပရ […]
စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုးကန့်တပ် MNDAA တွေက ဆင်းရဲတဲ့ တရုတ်ရွာသား တွေကို ကြေးစားအနေနဲ့ခေါ်လာပြီး သိမ်းယူရရှိတဲ့ မြို့ရွာတွေက အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေး ထားလို့ ဝ တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လားရှိုးကို လုံခြုံရေးယူပေးဖို့ လာရောက်တာလို့ ရေးသား ထားမှုတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ News of Myanmar NOM နဲ့ Ko Thet တို့က ဇူလိုင်လ ၂၈ ရက်မှာ “တပ်မတော်နှင့်ညှိနှိင်းပြီးနောက် ဝ တပ်ဖွဲများသည် လားရှိးသို့ ဇူလိုင်လ ၂၈ ရက်တွင် ဝင်ရောက်လုံခြုံရေး ယူလိုက်ကြောင်း သိရသည်။ ဝ တာဝန်ရှိသူတစ်ဦးကို NOM က ဆက်သွယ်မေးမြန်းရာ ကိုးကန့်တပ်များ သည် ဆင်းရဲသော တရုတ်ရွာသားများကို […]
စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရခိုင်ပြည်နယ်၊ သံတွဲ-ဂွ ကားလမ်းပေါ်က ချင်းကွင်းတံတား ကို AA က မိုင်းခွဲဖျက်ဆီးတယ်လို့ ဝါဒဖြန့်ရေးသားထားမှုတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ Naung Taw Lay တယ်လီဂရန်ကနေ ၂၀၂၄ ဇူလိုင် ၂၅ ရက်မှာ “ရခိုင်ပြည် နယ်၊ သံတွဲမြိုနယ်နှင့် ဂွမြိုနယ်ကြားရှိ အဝေးပြေးကမ်းလမ်းမပေါ်ရှိ တံတား ၃ စင်းအား ယမန်နေ့ ၂၀၂၄ ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းတွင် AA အကြမ်းဖက်အဖွဲက မိုင်းခွဲဖောက်ခွဲဖျက်ဆီးကာ ဆက်သွယ်ရေး ဖြတ်တောက် လိုက်ကြောင်း သိရသည်။ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် တံတားများမှာ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်က လေးတံတားနှင့် ချင်းကွင်းစစ်ဆေးရေးတံတားတို ဖြစ်ပြီး တံတား ၃ စင်းလုံးသည် သံတွဲနှင့် ဂွကြားတွင် […]
ထားဝယ်မြို့အနီးက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်တယ်ဆိုပြီး သတင်းမှားဖြန့် Dawei Watch၊ Fact Check ထားဝယ်မြို့စွန်မှာရှိတဲ့ သပြေချောင်းရွာက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်ထားတာကြောင့် စစ်ကောင်စီတပ်က ရှင်းလင်းလိုက်ရတယ်လို့စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တစ်ခုက ဖြန့်ဝေခဲ့ပါတယ်။ “အမဲလိုက်မုဆိုးကြီး သတင်းအမှန်” အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေခဲ့တာပါ။
28 July 2024 by Wadi / MPA စစ်ကိုင်းတိုင်း မြသိန်းတန်စေတီအနီး နယ်မြေရှင်းလင်းစဉ် ဆုတ်ခွာထွက်ပြေးသွားသော PDF များက ရွာများကို မီးရှိုဖျက်ဆီး ဆိုသည့် သတင်းအမှားများ ဇူလိုင် ၂၄ နှင့် ၂၅ ရက်များတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ သတင်းအမှားကို Subscribers ၂၀,၀၀၀ ကျော်ရှိသည့် MT News-Myanmar Transparency တယ်လီဂရမ်ချန်နယ်က “စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ PDF များကို နယ်မြေရှင်းလင်းစဥ် ဆုတ်ခွာပြေးသည့် PDF များက ရွာမီးရှို့ထွက်ပြေး၍ ရေပိုက်လိုင်းများမီးလောင်ကာ နေအိမ် ၆ လုံးပါပျက်စီး”(မူရင်းရေးသားမှု) ဟူ၍ ခေါင်းစဉ်တပ်ကာ ဇူလိုင် ၂၄ ရက် နံနက် ၁၁ နာရီကျော်တွင် ရေးသားဖြန့်ဝေ […]
ဇူလိုင် ၂၇ ရက်၊ ၂၀၂၄ မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေကိုသိမ်းပြီးတဲ့နောက် မြိုခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပုံတွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား အုံးအုံးထနေချိန်မှာပဲ မြို့သိမ်းရာမှာပါ ဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်တွေကို အစုလိုက်ရှင်းလင်းလိုက်နိုင်တယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Khon Sia Oo ဆိုတဲ့ ချန်နယ်က မိုးကုတ်မြို့ကိုတအာင်းတပ်(TNLA) နဲ့ မန္တလေး PDF တို့သိမ်းယူပြီး နောက်ရက် ဇူလိုင်လ ၂၅ ရက်မှာ ဖြန့်ဝေခဲ့တာပါ။ PDF တပ်ဖွဲ့ဝင်တွေ လွမ်းသူပန်းခွေကိုယ်စီကိုင်ဆောင်ထားတဲ့နာရေး မြင်ကွင်းဓာတ်ပုံတစ်ပုံနှင့်အတူ မိုးကုတ်မှာ PDF တွေကို အစုလိုက်ရှင်းလင်းနေတာကြောင့် ကျဆုံး PDF တွေရဲ့ နာရေးအခမ်းအနားလုပ်နေသယောင် ဖြန့်ဝေတာပါ။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်ရဲ့ဖြန့်ဝေမှုကို ဇူလိုင်လ ၂၇ ရက်အထိ ၃ […]
27 July 2024 By SHAN News KNDF၊ IPDF နဲ့ ပျားစစ်ကြောင်း PDF ပူးပေါင်းပြီး ညောင်ရွှေမြို့နယ် ဒေသခံနေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က ဖြန့်ချိထားပြီး ဦးနေမျိုးဇင်၊ KNDF, IPDF နဲ့ ပျားစစ်ကြောင်း PDF တပ်ဖွဲ့ဝင်တို့ ဓာတ်ပုံတွေကိုအသုံးပြုပြီး နေအိမ်ဖောက်ထွင်းခံရတဲ့ ပုံတွေကိုဖော်ပြထားပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က “စစ်ဖြစ်မှာကြောက်ပြီး တိမ်းရှောင်သွားလို့ ဒေသခံတွေမရှိတော့သည့် ညောင်ရွှေမြို့နယ်ထဲက ဆည်ခေါင်း၊ စံကား၊ ဟူးရန်နှင့် ထီးဟန်တား ကျေးရွာတွေမှာ ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ […]
26 July 2024 By MPA / DNA ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းဌာနချုပ် ကျဆုံးမှု လုံးဝမရှိဟုဆိုသော သတင်းအမှားများ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၄ ဇူလိုင် ၂၅ ရက် မှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းအဖွဲ့များက လားရှိုးရမခကို ၂၀၂၄ ဇူလိုင် ၂၅ရက် မနက်ပိုင်းတွင် သိမ်းပိုက်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထား သော်လည်း People Media အမည်ရှိ တယ်လီဂရမ်ချန်နယ်က “လားရှိုးရမခ ကျဆုံးမှုလုံးဝမရှိကြောင်း” ဟူ၍ ရေးသားကာ ရုပ်သံဖိုင်နှင့်တကွ သတင်းအမှား ရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။ ရုပ်သံဖိုင်ထဲတွင် ကျော်စိုးဦး ဆိုသူက “ ရမခ အရာရှိကြီးတွေနဲ့ […]
KNU စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး ကျိုက်မရော ဗုံးကြဲခံရမှုမှာပါသွားတယ်ဆိုတဲ့သတင်းအမှား People’s Spring _ Dawei Watch မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း KNU တပ်မဟာ (၆) ကွပ်ကဲမှုအောက်က Lion Battalion- ကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။
ဇူလိုင် ၂၄ ရက်၊ ၂၀၂၄ ခုနှစ် စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ “မှိုင်းဝေ” ကနေ ဇူလိုင် ၂၃ ရက်မှာ “BREAKING NEWS လေတပ်က မောင်တွေကတော့ ကြမ်းပြီဟေ့၊ မနေ့ညက လောက်ကိုင်က အပြန် လမ်းကြုံလေး ၀င်ဆွဲလိုက်တာ ခွေးမိစ္ဆာကိုးကန့်တရုတ်တွေကို အပုံလိုက်ပဲ၊ အာ့မလေး ငါကျေနပ်” (မူရင်းအတိုင်း) လို့ ရေးသားထားပြီး သေဆုံးနေတဲ့အလောင်းပုံနဲ့ ပျက်စီးနေတဲ့ မော်တော်ယာဉ်ပုံများပါ ဗွီဒီယိုတခုကို ဖြန့်ဝေ ခဲ့တာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ – Link အဲဒီသတင်းကို ‘Sit Min’ […]
ဒီတပတ်မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ အာဏာသိမ်းမှုတွေကို ဖုံးကွယ်ဖို့နဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ PDF, တော်လှန်ရေး အင်အားစုတွေနဲ့ တော်လှန်ရေး အားပေးသူတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတယ်ဆိုပြီး ရေးသားထားသလို၊ ရုပ်သံအမှန်တွေကို ပြန်လည်ကူးယူဖော်ပြပြီး ဖြန့်ချိထားတဲ့ သတင်းအမှားအကြောင်းအရာတွေကို မုစိုမို နဲ့မြာမိုးကစိစစ်တင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
အရပ်သားသေဆုံးမှု အများအပြားဖြစ်စေခဲ့တဲ့ လုပ်ရပ်ကို ဖုံးကွယ်ဖို့အတွက် စစ်တပ်ထောက်ခံ လော်ဘီချယ်နယ်တွေဟာ ရုပ်သံ အမှားများနဲ့ ဖြန်ချိနေတဲ့ သတင်းအမှားအကြောင်းအရာကို မြာမိုးကစိစစ်တင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ထုတ်ပြန်ချက်နဲ့၊ တိုင်းရင်းသားလူမျိုးအချင်ချင်း သွေးကွဲစေဖို့ အမုန်းစကားတွေနဲ့ လှုံ့ဆော်ရေးသားထားတဲ့ သတင်းတုလှုံ့ဆော်မှုတွေ အကြောင်း အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ်ကနေ ဖက်ဒရယ်FM ဝိုင်းတော်သား စောလားဘွယ်က စိစစ်ပြီးတင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
14 July 2024 By Wadi / MPA ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းမိသားစုများကို စစ်တပ် သတင်းပေးသူ အိမ်ဖောက်ထွင်းသူများဟု အမည်တပ်၍ TNLA ဖမ်းဆီးဆိုသည့် သတင်းအမှား ဇူလိုင် ၁၁ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ အထက်ပါသတင်းအမှားကို “တောင်ပေါ်သား” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၁ ည ၇နာရီ ၄၅ မိနစ်တွင် ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ သတင်း အပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
13 July 2024 By Fact Check Team/ MPA ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် သတင်းအတု၊ သတင်းအမှားများပျံ့နှံ့လျက်ရှိပါသည်။ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း သက်သေပြစိစစ်၍ Fact Check News အနေဖြင့် ရေးသားဖော်ပြပေးလျက်ရှိသည်။ ဇူလိုင် ၆ရက်မှ ဇူလိုင် ၁၂ရက်အထိ တစ်ပတ်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးခဲ့သော Fact Check News များအား ပြန်လည်စုစည်းဖော်ပြပေးလိုက်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
12 July 2024 By Wadi / MPA နောင်ချိုမြို့ရှိ အမှတ်( ၆၀၆ ) အမြောက်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ချိန် ပြည်သူ ၃၀ ခန့်ကို သတ်ဖြတ်ခဲ့သည်ဟုဆိုသော သတင်းအမှား ဇူလိုင် ၁၀ ရက်တွင် တယ်လီဂရမ်ချန်နယ် များ၌ ပျံ့နှံ့ခဲ့သည်။ အမှတ် ( ၆၀၆ ) အမြောက်တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ချိန် ကျေးရွာအတွင်းရှိ ပြည်သူ ၃၀ ခန့်နှင့် တပ်ရင်းအတွင်းရှိ မှီခိုကလေးငယ်များကို သတ်ဖြတ်၍ စစ်သည်များအား လက်နက်ချခိုင်းခဲ့သည်ဟုဆိုကာ “ မှိုင်းဝေ” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၀ ရက်နံနက်ပိုင်းတွင် ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
10 July 2024 By Haythar / MPA ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က ရွာသားသုံးဦးကို ပစ်သတ်ခဲ့ပြီးနောက် သေဆုံးသူသုံးဦးသည် တိုက်ပွဲအတွင်း သေဆုံးသော PNLO တပ်ဖွဲ့ဝင်များ သာဖြစ်ကြောင်း စစ်ကောင်စီတပ်လော်ဘီတယ်လီဂရမ်များတွင် ဇူလိုင် ၉ရက် ည၈နာရီခန့်က လိမ်လည်သတင်းအမှား ဖြန့်ဝေထားသည်။ RFA သတင်းမီဒီယာက ရေးထားသော သတင်းကို Screenshot ရိုက်ကာ “Disinformation” စာသားဖြင့် Photoshop လုပ်၍ “Fact Check” ” ရွှေနေကြာ” ” 52 News ” အမည်ရှိ တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေနေခြင်းဖြစ်သည်။ သတင်း အပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
12 July 2024 By Wadi / MPA မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရေနံ့သာတိုးဂိတ်ကို စစ်ကောင်စီက ဇူလိုင် ၇ ရက်တွင် အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့သည်ဆိုသော သတင်းအမှား တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့ခဲ့သည်။ Subscribers ၁၄၀,၀၀၀ ကျော်ရှိသည့် “People Media” တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၁ ရက် ည ၈ နာရီကျော်တွင် အထက်ပါ သတင်းအမှားအကြောင်းအရာကို ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြခဲ့သည်။ သတင်း အပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
10 July 2024 By Wadi / MPA ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ဖြစ်သည့် အမှတ်-၆၀၆ အမြောက်တပ်သည် တစ်ခြမ်းပါသွားသော်လည်း လက်ရှိတွင် ပြန်လည်ထိန်းထားနိုင်ပြီဆိုသော သတင်း အမှားများ ဇူလိုင် ၁၀ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscribers ၄၀,၀၀၀ ကျော်ရှိသည့် “ အောင်စစ်သည်” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁နာရီကျော်တွင် “ ၆၀၆ တစ်ခြမ်းပါသွားတာ အခု ပြန်ထိန်းနိုင်ခဲ့ပြီ။လေးစားပါတယ် ဗျူဟာမှူး” ဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။ မွန်းလွဲ ၂နာရီ ၁၉ မိနစ်အချိန်တွင် “ ၆၀၆ ဒုံးတပ်ရင်း မကျသေးပါဘူး ရန်သူရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအောက်မှာဆိုက်ဝါး မပိကြပါနဲ့” […]
9 June 2024 By Wadi / MPA မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြောက်တံငါရွာ၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီ တပ်သားများ သေဆုံးမှုဖြစ်စဉ်အား သတင်းအတုဟုဆိုကာ ဇူလိုင် ၈ရက်တွင်လော်ဘီများ ဖြန့်ဝေလျက်ရှိသည်။ Khit Thit Media တွင် “မတ္တရာမြို့နယ် မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော စစ်သားများကို ပေပါမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားအများအပြားသေဆုံး” ဟု ရေးထားသော သတင်းအား Screenshot ရိုက်၍ ခေတ်သစ်မီဒီယာက လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်း ဖြစ်သည်ဟူ၍ သတင်းအတု ဖြန့်ဝေနေခြင်းဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
9 July 2024 By Haythar /MPA ချင်းပြည်နယ် တီးတိန်မြို့နယ် မွာလ်ပြီးရွာရှိ အသက်၁၅နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ် သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်အား RFA သတင်းထောက်က ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင်၇ရက် တွင် စစ်ကောင်စီလော်ဘီချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ “Myanmar Hard Talk” တယ်လီဂရမ်ချန်နယ်က ❝RFA သတင်းထောက်က အသက်မပြည့်တဲ့ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ပြီး စစ်တပ်ကိုလွှဲချနေတယ်လို ဒေသခံတွေပြော❞ ဟု ခေါင်းစဉ်တပ်ကာ ဇူလိုင် ၇ရက် မွန်းလွဲပိုင်းတွင် ရေးသားဖော်ပြထားသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
7 July 2024 By Wadi / MPA မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ Denko ဆီဆိုင်အတွင်းရှိ Agency အသေး စားဘဏ်ကို PDF ခြောက်ဦးက သေနတ်ပြကာ ငွေကျပ်သိန်း ၆၀၀အား ဓားပြတိုက်သွားဆိုသည့် သတင်း အမှား ဇူလိုင် ၅ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ သတင်းအမှားအကြောင်းအရာအား ဇူလိုင် ၅ ရက်၊ နံနက် ၁၁ နာရီကျော်တွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦး ကျေးရွာရှိ Denko ဆီဆိုင်အတွင်းရှိ Agency အသေးစားဘဏ်ကို PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် လာရောက်ခဲ့ကြောင်း၊ သေနတ်အတိုနှစ်လက်ဖြင့် ဘဏ်ဝန်ထမ်းနှစ်ဦးကို ခြိမ်းခြောက်ကာ ဘဏ်အတွင်းရှိ ငွေကျပ် သိန်း ၆၀၀ ယူဆောင်သွား […]
5 July 2024 By Fact Check Team / MPA ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် သတင်းအတု၊ သတင်းအမှားအကြောင်းအရာများပျံ့နှံ့လျက်ရှိပါ သည်။ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း စိစစ်ဖော်ထုတ်ကာ Fact Check News အနေဖြင့် ရေးသားဖော်ပြပေးလျက်ရှိသည်။ ဇွန် ၂၉ရက်မှ ဇူလိုင် ၅ရက်အထိ တစ်ပတ်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း သက်သေပြ အချက်အလက်စစ်ဆေးခဲ့သော Fact Check News များအား ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါသည်။ သတင်း အပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
ဒီတစ်ပတ်ရဲ့ “အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းမှန်သိ” ကနေ စီစစ်တွေ့ရှိထားတဲ့ သတင်းအမှား အကြောင်းအရာကတော့ ”မိုးကုတ်မှာ ပြည်သူများစွာ ထွက်ခွာခွင့်မရဘဲ ပိတ်ခံထားရချိန်မှာ ဗုံးကြဲဖို့ ပြည်သူတွေက တောင်းဆိုတယ်ဆိုတဲ့ လှုံ့ဆော်မှုဟာ အန္တရာယ်အလွန်များတဲ့ အတွက် သတိမူသင့်ပါတယ်“ ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဖက်ဒရယ် FM ဝိုင်တော်သား ခူးဖဲဘူးနဲ့ ဝိုင်းတော်သူ မူဆိုမိုတို့က တင်ဆက်ပေးထားပါတယ်။ #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
ဇူလိုင်၊ ၂ လူအများအပြားအပေါ်သက်ရောက်မှုရှိတဲ့ ဘေးအန္တရာယ်တွေကြုံလာရတဲ့အခါ အဲ့ဒီအန္တရာယ်ရဲ့အဆင့် တိုင်းမှာ သတင်းအမှားတွေပါ အတူတွဲပြီး ပေါ်ပေါက်လာလေ့ရှိတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာ စိတ်ပညာ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။ ဒါကြောင့် သတင်းမှားတွေရဲ့ လှည့်ဖျားမှုကိုမခံရအောင် လေ့လာချင့်ချိန်အတည်ပြုဖို့က အဓိက ကျတယ်လို့ လည်း ပညာရှင်တွေကထောက်ပြထားကြောင်း ဂျပန်သတင်းဌာနတခုဖြစ်တဲ့ NHKရဲ့ ဘေးအန္တရာယ်နဲ့ သ တင်းအမှား ဆိုင်ရာတင်ဆက်မှုတခုမှာဖော်ပြထားပါတယ်။ သဘာဝဘေးနဲ့သတင်းအမှားဆိုင်ရာ သုတေသီတွေက ၂၀၁၁ခုနှစ် ဂျပန်အရှေ့ပိုင်းမဟာငလျင်ကြီးနဲ့ ၂၀၁၆ ခုနှစ် ခူမာမိုတိုငလျင်တို့အပါအဝင် သဘာဝဘေးအန္တရာယ် ၁၈ခုနဲ့ပတ်သက်ပြီးလေ့လာခဲ့ရာမှာ အခြေအ မြစ်မရှိတဲ့ သတင်းအမှား ၄၅၀ကျော်အထိကို တွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်။ >>> https://deltanewsagency.com/50385/
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီအစဉ်ကနေ ဒီတစ်ပတ်မှာတော့ ကရင်နီပြည်မှာ လတ်တလော ဖြန့်ချိလာတဲ့ သတင်းအမှားတွေကို စိစစ်ပြီး တင်ဆက်ထားပါတယ်။ ဖက်ဒရယ် FM ဝိုင်းတော်သား စောလားဘွယ်နဲ့ ဝိုင်းတော်သူ မူအေးမူက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
ကရင်နီပြည်နယ်(ကယားပြည်နယ်)လွိုင်ကော်မြို့အား စစ်ကောင်စီတပ်က ထိန်းချုပ်ပြီးနောက်ပိုင်း KNDF တပ်ဖွဲ့ဝင်အချို့လက်နက်ချအလင်းဝင်ဆိုသည့်သတင်းအမှားများ ဇွန်လ ၁၇ရက်နေ့တွင် တယ်လီဂရမ်ချန်နယ်များနှင့် ဖေ့ဘွတ်ခ်လူမှုစာမျက်နှာအချို့တွင် ပျံ့နှံ့နေသည်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
“စစ်တွေမြို့၊ ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေအကြောင်း” ဒီတစ်ပါတ်ရဲ့ အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ်ကနေ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၊ ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို စိစစ်ထားတာတွေကို နားဆင်ရမှာပါ။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ်ကနေ ယခုလတ်တစ်လော ထွက်ပေါ်နေတဲ့ သတင်းတု၊ သတင်းမှားတွေကို စိစစ်ပြီး သတင်းတု၊ သတင်းမှားဖြစ်ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ မူအေးမူနဲ့ ဟယ်ရီက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
သတင်းတုသတင်မှားတွေကို စိစစ်ပြီး အပတ်စဉ်တင်ပြနေတဲ့ အပွေးမြင်အပင်သိ တွေးဆင်ခြင် သတင်းအမှန်သိ အစီအစဉ်ကနေ လတ်တစ်လော ထွက်ပေါ်နေတဲ့ သတင်းတု၊ သတင်းမှားတွေကို စိစစ်ပြီး သတင်းတုသတင်းမှားဖြစ်ကြောင်း မူအေးမူက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..https://youtu.be/H1G99sZD7bE?si=njNx8JZKpblrs-Xa Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်လောအွန်လိုင်းပေါ်မှာပျံ့နေတဲ့ သတင်းမှားတွေအကြောင်း အချက်အလက်စစ်ဆေးထားတာကို မူအေးမူနဲ့ မူဆိုမိုက တင်ဆက်ထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
ဒီတစ်ပတ်ရဲ့ အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ်ကနေ တံတားတွေကိုမိုင်းထောင်ဖျက်ဆီးတာဟာ စစ်ကောင်စီကိုယ်တိုင်က ကျူးလွန်တာလားဆိုတာသိဖို့ လက်တစ်လော ထွက်ပေါ်နေတဲ့ သတင်းတုသတင်းမှားတွေကို စီစစ် ဖော်ပြပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်လောအွန်လိုင်းပေါ်မှာပျံ့နေတဲ့ သတင်းမှားတွေအကြောင်းအချက်အလက်စစ်ဆေးထားတာကို ပြာသိုက တင်ဆက်ထားပါတယ်။ အပြည့်စုံဖတ်ရန်….. Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်လောအွန်လိုင်းပေါ်မှာပျံ့နေတဲ့ သတင်းမှားတွေအကြောင်းအချက်အလက်စစ်ဆေးထားတာကို ပြာသိုက တင်ဆက်ထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်လောအွန်လိုင်းပေါ်မှာပျံ့နေတဲ့ သတင်းမှားတွေအကြောင်းအချက်အလက်စစ်ဆေးထားတာကို ပြာသိုက တင်ဆက်ထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်ပတ် သတင်းတုသတင်းမှားတွေကို သတင်းတုသတင်းမှားဖြစ်တဲ့အကြောင်းသိရဖို့ အဆင့်ဆင့် ဘယ်လိုအချက်အလက်စစ်ဆေးသလဲဆိုတာကို ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်ပတ် လူထုအကြား အန္တရာယ်ရှိတယ်လို့ခံစားရစေပြီးတော့၊ လူထုကို အကြောက်တရားရှိအောင်နဲ့ လူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးပြီး စစ်တပ်ထောက်ခံလာအောင် ခြိမ်းခြောက်လှုံ့ဆော်တဲ့အနေနဲ့ စစ်တပ်လော်ဘီတွေဖြန့်နေတဲ့ သတင်းတုသတင်းမှားတွေကို သတိထားနိုင်ဖို့ စောဗစ်ထရီက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
မွန်ပြည်နယ်နဲ့ဆိုင်တဲ့ သတင်းအတုသတင်းအမှားတွေအကြောင်း အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်ပတ် မွန်ပြည်နယ်က တိုက်ပွဲတွေ အကြောင်း စစ်တပ်လော်ဘီတွေဖြန့်နေတဲ့ သတင်းတုသတင်းမှားတွေကို သတိထားနိုင်ဖို့ ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ စစ်တပ်လော်ဘီချန်နယ်တွေက အချက်လက်စိစစ်တယ်လို့ အကြောင်းပြပြီး တစ်ဖက်ထဲကိုသာ စိစစ်ထားတဲ့ သတင်းတု၊ သတင်းမှားတွေကို သတိထားနိုင်ဖို့ ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်ပတ် ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေ အကြောင်း စစ်တပ်လော်ဘီတွေဖြန့်နေတဲ့ သတင်းတုသတင်းမှားတွေကို သတိထားနိုင်ဖို့ ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်ခါမှာတော့ ရခိုင်ပြည်နယ်ဘက်က သတင်းတုသတင်းမှားတွေအကြောင်းကို ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
လူမျိုးချင်းမုန်းတီးလာတာတွေကို လက်တွေ့လုပ်ဆောင်ဖို့အထိ တိုက်တွန်းဖြန့်ချီနေတဲ့အကြောင်း အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ ဒီတစ်ခါမှာတော့ အရပ်သားပြည်သူတွေအတွက် အန္တရာယ်ဖြစ်စေရုံတင်မကပဲ လူမျိုးချင်းမုန်းတီးလာတာတွေကို လက်တွေ့လုပ်ဆောင်ဖို့အထိ တိုက်တွန်းဖြန့်ချီနေတဲ့ သတင်းတုသတင်းမှားတွေအကြောင်းကြားကြရမှာပါ။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှသိ အစီအစဉ်ကနေ အင်တာနက်ပေါ်က သတင်းအမှားတွေအကြောင်း တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ အင်တာနက်ပေါ်က ဘယ်လိုသတင်းအမှားတွေအကြောင်းကို တင်ဆက်ပေးထားလဲဆိုတာ နားဆင်ကြည့်ပါ။ ဝိုင်းတော်သား စောမာနယ်က တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းမှန်သိအစီအစဉ်ကနေ အခုတခါမှာတော့ လူထုကို အမှန်တကယ်အဖြစ်အပျက်တွေနဲ့ ဝေးကွာအောင် လော်ဘီ Channel တွေကနေ အချိန်ကိုက် ဖြန့်ချီနေတဲ့သတင်းအမှားတွေအကြောင်း တင်ဆက်ပေးထားပါတယ်။ ဝိုင်းတော်သူ ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပိုင်းမှာတော့ သတင်းအမှားတွေကို ဘယ်လိုစိစစ်မလဲ၊ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။ ဝိုင်းတော်သူ ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အခုတလောပျံ့နှံ့နေတဲ့ သတင်းမှားတွေအကြောင်း အပွေးမြင်အပင်သိ တွေးဆင်ခြင် သတင်းအမှန်သိ အစီစဉ် ကနေ ပြာသိုက တင်ဆက်ထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ် ကနေ ဒီတစ်ပတ် သိကောင်းစရာ သတင်းတု သတင်းမှားအကြောင်းအရာ အပိုင်း(၁) ကို ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ် ကနေ ဒီတစ်ပတ် သိကောင်းစရာ သတင်းတု သတင်းမှားအကြောင်းအရာ အပိုင်း(၁) ကို ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ် ကနေ ဒီတစ်ပတ်မှာ အန္တရာယ်ရှိတဲ့ နှိုးဆော်မှု၊ ဝါဒဖြန့်မှု လို့ခေါ်တဲ့ သတင်းအမှားအကြောင်းအရာကို ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ် ကနေ ဒီတစ်ပတ်မှာ “လှည့်ဖြားမှားယွင်းသော တင်ဆက်ချက် (Misleading content)” လို့ခေါ်တဲ့ သတင်းအမှားအကြောင်းအရာကို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ယှဉ်ပြီး ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ် ကနေ ဒီတစ်ပတ်မှာတော့ “ပြုပြင်စီမံ တင်ဆက်ချက် Manipulated Content” လို့ခေါ်တဲ့ သတင်းအမှားအကြောင်းကို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ယှဉ်ပြီး ပြောပြပေးထားပါတယ်။ ဝိုင်းတော်သူ ပြာသိုက တင်ဆက်ပေးထားတာပါ။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com Oct 29, 2023 YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
“KIA ကသိန်းတစ်ထောင်ပေးမယ်ဆိုလို့ တန့်ဆည်ကို PDF တွေဝင်တိုက်တာ” ဆိုတဲ့သတင်းကအမှန်လား သတင်းအမှားတွေနဲ့ ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ဖို့ ဖက်ဒရယ် FM ရဲ့ “အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိကဏ္ဍ” ကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သတင်းတွေက သတင်းမှားဖြစ်တယ်ဆိုတာကို ပြာသိုက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
MNDAA အကြမ်းဖက်စစ်သွေးကြွများမှ ချင်းရွှေဟော်မြို့ပေါ်ရှိ ပြည်သူများကို ဓားစာခံလုပ်ကာ လူသားတံတိုင်းအဖြစ် အသုံးချရန်ဖမ်းဆီးသွား” ဆိုတဲ့ သတင်းက အမှန်လား သတင်းအမှားတွေနဲ့ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ဖို့ ဖက်ဒရယ် FM ရဲ့ “အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိကဏ္ဍ” ကို တင်ဆက်ပေးလိုက်ပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com Oct 29, 2023 YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
19 June 2024 By Wadi / MPA ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် AA (ရက္ခိုင့်တပ်တော်) အဖွဲ့၏ ပစ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော မိန်းကလေး သေဆုံးဆိုသည့် သတင်းအမှားများ ဇွန် ၁၈ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များဖြစ်သော “တောင်ပေါ်သား” “ MMC (News)” “ Snow Queen” နှင့် “ မှိုင်းဝေ” အမည်ရှိ တယ်လီဂရမ်ချန်နယ်နှင့် အခြားတယ်လီဂရမ်ချန်နယ်များတွင် ရင်ဘတ်တွင် သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် မိန်းကလေး၏ ရုပ်အလောင်းဓာတ်ပုံနှင့်အတူ “AAအကြမ်းဖက်သူပု