ဘူးသီးတောင်မှာ မွတ်စလင်တွေရဲ့ နေအိမ်တွေကို အေအေ မီးရှို့ဆိုတဲ့ သတင်းမှား
၂၀၂၆ ဧပြီ ၂၉
(Fact-check _Akyab Post/ DNA/ The Red Flag/ MFCN)
အခုရက်ပိုင်း ဆိုရှယ်မီဒီယာမှာ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ မွတ်စလင်တွေရဲ့ နေအိမ်တွေကို အာရက္ခတပ်တော် အေအေ က မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook လူမှုကွန်ရက်မှာ “Sai Sai Cmt” အကောင့်ကနေ ဧပြီလ ၂၇ ရက်နေ့မှာ “ဘူးသီးတောင်မြို့နယ်ရှိ ကျန်ရှိနေသေးသော မွတ်စလင်နေအိမ်များကို အကြမ်း ဖက် AA က ဆက်လက်မီးရှို့ဖျက် ဆီးနေကြောင်း သိရသည်.” (မူရင်းအရေးအသား) ဆိုပြီး ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။
https://ghostarchive.org/archive/LdUdz
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post နဲ့ DNA ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၂၉ ရက်နေ့ထိ reaction ပေးသူ ၃၂၄ ဦး comment ပေးသူ ၁၈ ဦး Share ပြုလုပ်သူ ၄၂ ဦးထိရှိပြီး အခြားဖေ့စဘုတ် စာမျက်နှာ တစ်ခုဖြစ်တဲ့ Maungdaw Daily News Page မှာလည်း ဒီအကြေားအရာကို ဖြန့်ထားပါတယ်။
https://ghostarchive.org/archive/1R0gh?wr=false
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ DNA ကနေ စစ်ကြည့်လိုက်တဲ့ အခါမှာ အေအေ က မီးရှို့တယ်ဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကိုသိရှိရဖို့ google advanced search tools နဲ့ reverse image search tools ကို သုံးပြီး စစ်ဆေးခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနမှနေ ဧပြီလ ၂၇ ရက်နေ့မှာ”ဘူးသီးတောင်မြို့မှာ လူမနေတဲ့ နေအိမ်တစ်လုံး မီးလောင်” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
https://www.facebook.com/share/p/1DQb6JXzBA/
ဒါ့အပြင် Border News Agency ကနေ ၂၀၂၆ ခုနှစ်၊ ဧပြီ၊ ၂၆ ရက်နေ့မှာ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ခွဆုံလမ်းဆုံအနီး လူနေအိမ်တွေ မီးလောင်ခဲ့တဲ့ဖြစ်စဉ်က ဓါတ်ပုံတွေသာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
https://www.facebook.com/watch/?v=1668189711085364
ဒါ့အပြင် Arakan Princess Media ကနေလည်း ဘူးသီးတောင်မှာ လူမနေတဲ့ အိမ်တစ်လုံးမီးလောင်ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။
https://www.facebook.com/share/p/1C2gcNSgdb/
သုံးသပ်ချက်
သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ စိစစ်တိုက်ဆိုင်မှုအရ ဘူးသီးတောင်မြို့ အမှတ် ၂ ရပ်ကွက်၊ ခွဆုံလမ်းဆုံအနီး လူနေအိမ်တွေ မီးလောင်ခဲ့တဲ့ဖြစ်စဉ်က ပုံတွေကို အသုံးချပြီး အေအေ က မီးရှို့ပါတယ်ဆိုပြီး လုပ်ကြံရေးသားပြီး သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ မွတ်စလင်တွေရဲ့ နေအိမ်တွေကို အေအေ က မီးရှို့ခဲ့တယ်ဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားသာ ဖြစ်ပါတယ်။
လက်ရှိဘူးသီးတောင် မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် အေအေနဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA တို့ကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတာကို ပြည်တွင်း သတင်းမီဒီယာဌာနတွေကနေ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေမှာ ဝါဒဖြန့်ချန်နယ်တွေကနေ တစ်ဆင့် တိကျသေချာမှုမရှိတဲ့ သတင်းတုသတင်းမှားတွေကို ဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab_Post #FactCheck #Mis_Disinformation #AA #DNAFactCheck #DNA #Akyabpost_factcheck







