Akyab Post/ MFCN
Fact-check
6 May 2026
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် ဂွမြို့ကို စစ်ကောင်စီက သိမ်းပိုက်ပြီးတော့ ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Waves ကနေ မေလ ၃ ရက် ရက်နေ့မှာ“ဂွမြို့သိမ်းနေပြီ။ AAတွေသံတွဲဖက် ထွက်ပြေးနေရတယ်။ဂွ မြို့နယ် လောင်းကျိုး၊ ကမ်းသာယာ၊ရွှေဥကွင်းဆပ်သွားနှင့်ရွာပေါင်း၁၁ရွာကပြည်သူတွေကိုAAရခီးအဖွဲ့မှမလိုက်မနေရကား၆စီးနဲ့သံတွဲကိုအတင်းခေါ်ဆောင်သွားဟုမြေပြင်သတင်းရရှိပါသည်။ ဂွမြို့ဆိုးအောက် ပြန်ပြီ။ ဒီနေ့တစ်နေ့တည်း မြို့ဘယ်နှမြို့့သိမ်းပါလိ်မ့်ကွာ။ ကတောက်စ်” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားပို့စ်အပြည့်အစုံ – https://archive.ph/MaTRL
ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၆၀၀၀ ကျော်ထိရှိပြီးတော့ Reaction ပေးသူ ၁၅၁ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကိုပဲ Facebook လူမှုကွန်ရက်က Followers ၁၃၀၀ ကျော်ရှိတဲ့ Chinland Update News ကနေ “ရခိုင်ပြည်နယ် ဂွမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်လိုက်ပြီ” (မူရင်းအရေးအသား) ဆိုပြီးတော့လည်း ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားပို့စ်အပြည့်အစုံ – https://perma.cc/MJ8A-ZHKB
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။
စိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာပျံ့နှံ့နေတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်မှနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ဂွမြို့နယ် စစ်ကောင်စီသိမ်းပိုက်ဆိုတဲ့ Keywords ရိုက်ပြီးရှာကြည့်တဲ့အခါမှာ ဒေသတွင်း သတင်းမီယာတွေနဲ့ ပြည်တွင်း သတင်းဌာနတွေမှာ ဂွမြို့နယ်ကို စစ်ကောင်စီ က သိမ်းပိုက်ထားတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။
ဂွမြို့နယ်ကို အေအေက ၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်နေ့ က အပြီးသတ်ထိန်းချုပ်ထားတယ်ဆိုတဲ့ အကြောင်းအရာကို BBC၊ Myanmar Now၊ DMG၊ MIzzima သတင်းဌာန တွေမှာ သတင်းဖော်ပြထားတာတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာ စစ်လော်ဘီတွေဖြန့်နေသလိုမျိုး စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ သတင်းအကြောင်းအရာမျိုး မဖော်ပြထားကြပါဘူး။
BBC – https://www.bbc.com/burmese/articles/c2ex273xrw2o
Myanmar Now – https://www.facebook.com/share/p/17anY52E7n/
Mizzima – https://bur.mizzima.com/2024/12/29/42723
လက်ရှိမှာ ဂွမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်အေအေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေတယ် ဆိုတဲ့ အကြောင်းအရာကိုလည်း ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားတာမတွေ့ရှိရပါဘူး။
ပျံ့နှံ့နေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ MPA ကနေ မေလ ၄ ရက်နေ့မှာ အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။ “ရခိုင်ပြည်နယ် ဂွမြို့ကို စစ်တပ်အလုံးစုံထိန်းချုပ်ဟုဆိုသော သတင်းအမှား” ဆိုပြီး အချက်အလက်စိစစ်ထားပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုဥရင် ဒေသတွင်း သတင်းဌာနတွေ၊ ပြည်တွင်း သတင်းဌာနတွေမှာ အေအေထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ကို စစ်ကောင်စီ က ဖက်မှနေ ပြန်လည်သိမ်းပိုက်လိုက်ပြီဆိုပြီး ရေးသားထားတဲ့ သတင်းကို မတွေ့ရှိရပါဘူး။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖြန့်ဝေနေတဲ့အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက် တွေကိုလည်း သေချာစိစစ်ပြီးမှ ယုံကြည်လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #AkyabPost #FactCheck #Mis_Disinformation #AA







