SSPP အဖွဲ့မှ အေအေကို ဘိန်းမျိုးစေ့များ လက်ဆောင်ပေးဆိုပြီး စစ်လော်ဘီတွေ သတင်းမှားဖြန့်
Share:FacebookX

SSPP အဖွဲ့မှ အေအေကို ဘိန်းမျိုးစေ့များ လက်ဆောင်ပေးဆိုပြီး စစ်လော်ဘီတွေ သတင်းမှားဖြန့်

Akyab Post/The Red Flag/ MFCN

30 Apr 2026

Fact-check

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ အာရက္ခတပ်တော် အေအေရဲ့ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်ကို ဘိန်းမျိုးစေ့တွေ လက်ဆောင်ပေးနေတယ်ဆိုပြီး ရေးသားထားတဲ့ ပိုစ့်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ ဧပြီလ ၂၈ ရက်နေ့မှာ “SSPP/SSA အဖွဲ့က AA ဝက်မဲကို ဘိန်းမျိုးစေ့ မျိုးကောင်းမျိုးသန့်များ လက်ဆောင်ပေး.. ရှမ်းမြောက်မှာ SSPP/SSA က မူးယစ်ဆေးချက်တယ်.. AA ကနိုင်ငံတကာကို ရောင်းတယ် ဖြန့်တယ်..” (မူရင်းအရေးအသား) ဆိုပြီး ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။ 

သတင်းမှား – https://archive.ph/JFlmB 

မှိုင်းဝေချန်နယ်ကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၃၀ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၃၅၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၄၉၃ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိိပါတယ်။ 

သတင်းမှား – https://archive.ph/zGvz5 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ပုံအဟောင်းကိုသုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကိုသိရှိရဖို့ Reversed image search tools နဲ့ Google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ပျံ့နှံ့နေတဲ့ပို့စ်မှာပါရှိတဲ့ ပုံကို Reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ Mekong News မှာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ရေးသားထားတဲ့ သတင်းမှာပါရှိတဲ့ ပုံဖြစ်နေတာကို တွေ့ရပါတယ်။ 

Mekong News သတင်းဌာနရဲ့ သတင်းမှာ  “AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

Mekong News သတင်းအပြည့်အစုံ https://bitly.cx/m6wY 

ဒါ့အပြင် ဒီသတင်းကိုပဲ ၂၀၂၄ ခုနှစ်  ဧပြီလ ၂၆ ရက်နေ့မှာ  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ “SSPP Info” ကနေ “ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် နှင့် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်တို့တွေ့ဆုံ” လို့ ရေးသားဖော်ပြထားပါတယ်။ 

SSPP Info ထုတ်ပြန်ချက် အပြည့်အစုံ – https://bitly.cx/xcxVe 

ဒါ့အပြင် ဒီအကြောင်းအရာနဲ့ဆက်စပ်ပြီး သတင်းတုသတင်းမှားပျံ့နှံ့နေတာကိုလည်း Mizzima သတင်းဌာနမှနေAA နဲ့ SSPPတို့ စစ်ဘက်ခေါင်းဆောင်အရည်အသွေးမြှင့်တင်ရန် တွေ့ဆုံမှုသည် သတင်းအဟောင်းသာဖြစ်” ဆိုပြီး ပုံအဟောင်းသုံးပြီး သတင်းတုသတင်းမှားဖြန့်ထားတာကို စစ်ဆေးထားပါတယ်။ 

Mizzima – https://bur.mizzima.com/2026/04/28/88895 

သုံးသပ်ချက်  

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက် တွေရဲ့ စိစစ်တိုက်ဆိုင်မှုအရ  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ရဲ့ အရာရှိသင်တန်းကျောင်းကို အာရက္ခတပ်တော် အေအေရဲ့ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်ကနေ ၂၀၂၄ ခုနှစ်  ဧပြီလ ၂၆ ရက်နေ့မှာ သွားရောက်ခဲ့ပြီး လေ့လာခဲ့ စဉ်က ပုံ ဖြစ်နေတာကိုတွေရပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်က ပုံအဟောင်းကိုသုံးပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ နေ အာရက္ခတပ်တော် အေအေရဲ့ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်ကို ဘိန်းမျိုးစေ့တွေ လက်ဆောင်ပေးနေပါတယ်ဆိုပြီး သတင်းတုသတင်းမှားဖြန့်ခဲ့ကြတာကို တွေ့ရပါတယ်။​

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို အေအေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီးတော့ ပုံဖော်ရေးသားပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။ 

မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –

https://bitly.cx/ABDKH 

https://bitly.cx/RXh5S 

https://bitly.cx/j3eF0 

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .