Home

MFCN_logo

Latest Articles

တနင်္သာရီ တကူရွာစာသင်ကျောင်းကို ဗုံးကြဲမှု PDF တွေ နေထိုင်လို့ဆိုပြီး ပုံမှားရိုက်သတင်းအမှားဖြန့်

တနင်္သာရီမြို့နယ်၊ တကူကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က မေလ ၁၃ ရက်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်နှစ်ဆောင် ပျက်စီးခဲ့ပါတယ်။ အဲဒီဖြစ်စဥ်ကို စစ်အုပ်စုဝါဒဖြန့် တယ်လီချန်နယ်နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေကတော့ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ PDF တွေကိုလေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးကြတယ်လို့ မေလ ၁၃ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ စစ်အုပ်စုဝါဒဖြန့် တယ်လီချန်နယ်နဲ့ Facebook...
Read More

တောင်ကိုးရီယားမှ မြန်မာနိုင်ငံကို ပြန်လာသူဆီမှာ ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိဆိုသည့် သတင်းမှား

တောင်ကိုးရီယားမှ မြန်မာနိုင်ငံကို ပြန်လာသူဆီမှာ ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိဆိုသည့် သတင်းမှား   Akyab Post/ DNA/ The Red Flag/MFCN Fact-check 15 May 2026   အခုရက်ပိုင်း Tik Tok မှာ တောင်ကိုးရီယားမှနေ မြန်မာနိုင်ငံကို ပြန်လာသူတစ်ဦးဆီမှာ ဟန်တာဗိုင်းရပ်စ်ပိုးကို တွေ့ရှိတယ်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေ ပျံ့နှံ့လျက်ရှိပါတယ်။ ...
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံသည်ဆိုသည့် ဗီဒီယိုမှာ AI ဖြင့် ဖန်တီးထားခြင်းဖြစ်သည်

၂၀၂၆၊ မေလ ၁၄ ရက်   (Fact-Check by သျှမ်းသံတော်ဆင့်၊ ဟုတ်တယ် Vs မဟုတ်ဘူး / The Red Flag)   အကြောင်းအရာအနှစ်ချုပ်   ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့သည်ဆိုသည့် CCTV Video မှာ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်နှင့်...
Read More

KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ဗုံးထိမှန်သေဆုံးတယ်ဆိုတဲ့သတင်းအမှား

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို ဟာ မေလ ၆ ရက် ညနေပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်ခြင်းအပေါ် စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ရက်အကောင့် တွေကတော့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်ပြီး သေဆုံးတယ်ဆိုပြီး...
Read More

ကျောက်တော်မြို့နယ်ရှိ လေကြောင်းတိုက်ခိုက်ခိုက်မှုအတွင်း အေအေတပ်သား ၇၀၀ကျော် သေဆုံးဆိုသည့် သတင်းမှား

Akyab Post/MFCN 10 May 2026 Fact-check  အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ စစ်ကောင်စီတပ်က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ အေအေတပ်စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေတပ်သား ၇၀၀ ကျော်ထိ သေဆုံးတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။  တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ကနေ မေလ ၉ ရက်နေ့မှာ “ကျောက်တော်အေအေ မင်းပြားအေအေ အေအေနဲ့ရခီးတွေ...
Read More

မေလ  ၉ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပူးဖြစ်ပေါ်မယ်ဆိုတဲ့ ခန့်မှန်းပြောဆို ချက် သတင်းမှား

မေလ  ၉ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပူးဖြစ်ပေါ်မယ်ဆိုတဲ့ ခန့်မှန်းပြောဆို ချက် သတင်းမှား   ၂၀၂၆  ခုနှစ်၊ မေ   ၈  ရက်   Fact Check ( DNA / The Red Flag / MFCN )  ...
Read More

ဂွမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပြီး စစ်လော်ဘီတွေသတင်းမှားဖြန့်  

Akyab Post/ MFCN Fact-check 6 May 2026 အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် ဂွမြို့ကို စစ်ကောင်စီက သိမ်းပိုက်ပြီးတော့ ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Waves ကနေ မေလ ၃ ရက် ရက်နေ့မှာ“ဂွမြို့သိမ်းနေပြီ။ AAတွေသံတွဲဖက် ထွက်ပြေးနေရတယ်။ဂွ မြို့နယ်...
Read More

SSPP အဖွဲ့မှ အေအေကို ဘိန်းမျိုးစေ့များ လက်ဆောင်ပေးဆိုပြီး စစ်လော်ဘီတွေ သတင်းမှားဖြန့်

Akyab Post/The Red Flag/ MFCN 30 Apr 2026 Fact-check အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ အာရက္ခတပ်တော် အေအေရဲ့ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်ကို ဘိန်းမျိုးစေ့တွေ လက်ဆောင်ပေးနေတယ်ဆိုပြီး ရေးသားထားတဲ့ ပိုစ့်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ ဧပြီလ ၂၈ ရက်နေ့မှာ...
Read More

ဘူးသီးတောင်မှာ မွတ်စလင်တွေရဲ့ နေအိမ်တွေကို အေအေ  မီးရှို့ဆိုတဲ့ သတင်းမှား

ဘူးသီးတောင်မှာ မွတ်စလင်တွေရဲ့ နေအိမ်တွေကို အေအေ  မီးရှို့ဆိုတဲ့ သတင်းမှား   ၂၀၂၆ ဧပြီ ၂၉ (Fact-check _Akyab Post/ DNA/ The Red Flag/ MFCN)    အခုရက်ပိုင်း ဆိုရှယ်မီဒီယာမှာ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ မွတ်စလင်တွေရဲ့ နေအိမ်တွေကို အာရက္ခတပ်တော် အေအေ က  မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး ရေးသားထားတဲ့...
Read More

Latest Publication

၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်ဆိုပြီး စစ်ခေါင်းဆောင် လိမ်ညာဝါဒဖြန့်  

Fact-check _ MFCN/ ဟုတ်တယ် Vs မဟုတ်ဘူး/ ခမ်းသားငေါဝ်း/ The Red Flag ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့   အနှစ်ချုပ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်တပ်ကပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝါဒဖြန့်ရာမှာ  NLD အစိုးရလက်ထက် တုန်းက ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ  ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတယ်ဆိုပြီး...
Read More

ဂျာမေကာမုန်တိုင်း ဗဟိုချက်ကိုပြသတဲ့ ဗီဒီယိုက AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတု 

  ဂျာမေကာမုန်တိုင်း ဗဟိုချက်ကိုပြသတဲ့ ဗီဒီယိုက AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတု    ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ရက်။ (Fact-check _DNA/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag)    အနှစ်ချုပ်  ဂျာမေကာမုန်တိုင်း ဗဟိုချက်ဆိုတဲ့ လေယာဥ်ကတဆင့် ရိုက်ကူးထားပြီး ဂျာမေကာက မုန်တိုင်း ဗဟိုချက် (eye)...
Read More

DKBA ထိန်းချုပ်ထားသော ဆေးရုံကို KNLA အဖွဲ့ ဗုံးကြဲဆိုသည့် သတင်းအမှား

7 Sep 2025 Fact-check- Myanmar Pressphoto Agency၊ The Red Flag ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော ဆေးရုံကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်တော်(KNLA) အဖွဲ့က ဗုံးကြဲဟု စစ်တပ်ထောက်ခံသော ဝါဒဖြန့်သူများက သတင်းအမှားဖြန့်ဝေလျက် ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၄ရက် နံနက် ၁၀နာရီကျော်တွင်...
Read More

ဧရာဝတီမြစ်ထဲတွင် စစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရမှုသည် ဂျင်းသတင်းများသာဖြစ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

July 26 2025 By RaHu/ Myanmar Pressphoto Agency-The Red Flag ဧရာဝတီမြစ်ထဲတွင် စစ်ကောင်စီစစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရဆိုသော သတင်းများသည် ဂျင်းသတင်းများ သာဖြစ် ကြောင်း စစ်ကောင်စီလော်ဘီKyaw Swar တယ်လီဂရမ်ချန်နယ်က သတင်းအမှား ဖြန့်ဝေထားသည်။ Kyaw Swar ချန်နယ်က ၂၀၂၅ ဇူလိုင် ၂၃ရက် ညပိုင်းတွင် ဧရာဝတီမြစ်ထဲတွင်...
Read More

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား

7 July 2025 By Wadi/ MPA – The Red Flag ရန်ကုန်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆဲဗင်းဇူလိုင် ဆန္ဒပြဆိုသည့် အကြောင်းအရာသည် လူမှုကွန်ယက်ဖေ့ဘွတ်၌ ပျံ့နှံ့လျက်ရှိသည်။ “ဆူးကြားကဘူးခါး” ဖေ့ဘွတ်ခ်အကောင့်က ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် စစ်အာဏာရှင်ပြုတ် ကျရေးအတွက် GSC၊...
Read More

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှု PDF များလက်ချက်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။ “VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က...
Read More

ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်သတင်းမှား

DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက်...
Read More

မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်မှု NUG စေခိုင်းခြင်းဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို...
Read More

လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား  ပုဂ္ဂိုလ်ရေး တိုက်ခိုက် 

  ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။    Lagon Eain, The Red Flag, MFCN   အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။...
Read More

Latest Investigation Article

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။   ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။  ဖြစ်စဉ်အကျဉ်းချုပ်...
Read More

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။  ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .