ရန်ကုန်မှာ နှစ်လအတွင်း ငလျင်အန္တရာယ်ရှိတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှား 
Share:FacebookX

ရန်ကုန်မှာ နှစ်လအတွင်း ငလျင်အန္တရာယ်ရှိတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှား 

Akyab Post The Red Flag/ MFCN

15 Jun 2026

အခုရက်ပိုင်း Tik Tok ဆိုရှယ်မီဒီယာပေါ်မှာ လာမဲ့ ၂ လအတွင်း  ရန်ကုန်မှာ ငလျင်အန္တရာယ် ရှိနိုင်တယ် ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။ 

Tik Tok မှာ Followers ၁၀၄.၆K ရှိပြီးတော့ Likes ၁.၃ M ရှိတဲ့ ETHOS HUMAN ဆိုတဲ့ အကောင့် ကနေ ဇွန်လ ၁၂ ရက်နေ့မှာ “ရန်ကုန်တိုင်း အထူးသတိပြုရန်” ဆိုတဲ့ စာသားနဲ့အတူ ရန်ကုန်မှာ လာမဲ့နှစ်လအတွင်း ငလျင်အန္တရာယ်ရှိနိုင်တာကြောင့် ပြည်သူတွေ သတိထားဖို့ လိုအပ်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှား – https://archive.ph/xTHmy 

ဒီပို့စ်ကို reaction ပေးသူ ၈၂၇၈ ဦးထိရှိပြီးတော့ comment ပေးသူ ၈၉ ဦး၊ save ပြုလုပ်သူ ၉၃၁ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဖြစ်ပြီးတော့ လူအများစိတ်ဝင်စားလာအောင် ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

စိစစ်ချက်

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ ရန်ကုန်ငလျင်ဆိုပြီး ရိုက်ပြီးရှာကြည့်လိုက်တဲ့အခါမှာ ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၁၁ ရက်နေ့ ဇွန်လ ၁၂ ရက်နေ့တွေမှာ ရန်ကုန်မှာ အင်အားသိသာတဲ့ ငလျင်နှစ်ကြိမ် လှုပ်ခတ်သွားတယ်လို့ BBC Burmese သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။ 

BBC Burmese – http://youtube.com/post/Ugkx7r3mMSjuquNJDM11LSWqxB1SnM_osFm-?si=TlL1ANm0qfuwKZNw 

ဒါ့အပြင်  DVB သတင်းဌာနကနေလည်း ဇွန်လ ၁၁ ရက်နေ့မှာ ရန်ကုန်မှာ ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၀  ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ  ၁၅ မိနစ်က လှုပ်ခတ်သွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။

DVB – https://burmese.dvb.no/post/852991 

ရန်ကုန်တိုင်းမှာ ဇွန်လအတွင်းမှာ ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့တာကို တွေ့ရပေမဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပညာရှင်တွေဖက်ကနေ လာမဲ့နှစ်လအတွင်း ရန်ကုန်မှာ ငလျင်အန္တရာယ်ကြုံရနိုင်တယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာထားတာတွေမရှိပါဘူး။

ငလျင်ဟာ  ကြိုတင်ခန့်မှန်းလို့ရတဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ ငလျင်လှုပ်ခတ်ခဲ့တဲ့ သမိုင်းမှာ ပညာရှင်တွေအနေနဲ့ တစ်ကြိမ်သာ ခန့်မှန်းနိုင်ခဲ့ပြီး ကျန်တဲ့ ငလျင်တွေကို  မခန့်မှန်းနိုင်တာကို တွေ့ရပါတယ်။ 

ငလျင်နှင့်ပတ်သက်ပြီး အသိပေးထုတ်ပြန်နေတဲ့ MM Earthquake Alert ကို ဝင်ရောက်ကြည့်တဲ့ အခါမှာလည်း ငလျင်လှုပ်ခတ်ပြီးမှသာ အသိပေးနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။  https://earthquake.tmd.go.th/inside-info.html?earthquake=16447

ပြီးခဲ့တဲ့ ၂၀၂၅ မတ်လ၂၈မှာ   လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း ငလျင် နဲ့ပတ်သက်ပြီး တစ်နှစ်ပြည့် အချိန်မှာ ငလျင် ခန့်မှန်းချက် သတင်းအချက်အလက်တွေ ထွက်ရှိလာသလို့ သတင်းတု သတင်းမှားတွေလည်း ထွက်ရှိလာပါတယ်။

ဒါ့အပြင် ငလျင် လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး နေ့ရက် အချိန်အတိအကျ ရေးကာ သတင်းအမှားတွေ ထွက်လာတာကလည်း ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေပါတယ်။ 

ယခင်ကလည်း ETHOS HUMAN ဆိုတဲ့ ချန်နယ်ဟာ သတင်းတုသတင်းမှားတွေကို လူစိတ်ဝင်စားမှုရရှိအောင် ဖြန့်တဲ့ချန်နယ်တစ်ခုဖြစ်ပြီးတော့၊ တောင်ကိုးရီးယားမှ ပြန်လာတဲ့ မြန်မာတစ်ဦးမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်လာတယ်ဆိုပြီး ဖြန့်ဝေထားတဲ့ သတင်းမှားကို MFCN ကနေ စစ်ဆေးခဲ့ပါတယ်။ 

MFCN –https://myanmarfactcheckingnetwork.org/2026/05/15/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AE%E1%80%9A%E1%80%AC%E1%80%B8%E1%80%99%E1%80%BE-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC/ 

သက်သေပြချက်

အထက်မှာဖော်ပြခဲ့တဲ့ အတိုင်း အချက်အလက်စိစစ်လိုက်မယ်ဆိုရင်  အရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ETHOS HUMAN Tik Tok အကောင့်  အချန်နယ်ကနေ ဖြန့်ဝေထားတဲ့ အကြောင်းအရာဖြစ်တဲ့  အပို့စ်က ဟို  သုံးသပ်ကြည့်တဲ့အခါမှာ ရန်ကုန်တိုင်းမှာ နှစ်လအတွင်းငလျင်အန္တရာယ်ရှိနိုင်ဆိုပြီး ရေးသားဖြန့်ဝေထားတာဟာ လုပ်ကြံ ဖန်တီး ရေးသားထားတဲ့ သတင်းမှားသာ ဖြစ်ပြီးတော့ လူအများစိတ်ဝင်စားလာအောင် ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ ငလျင်နဲ့ ပတ်သက်ပြီး အများပြည်သူကို ကြောက်လန့်စေတဲ့  သတင်းတုသတင်းမှားတွေဟာ လူမှု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတာကြောင့် ဆင်ခြင်သတိထားပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ငလျင် သတင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရရဲ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ၊ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်တွေကိုသာ ရှာဖွေဖတ်ရှုဖို့တိုက်တွန်းပါတယ်။ ငလျင်ဘေး ကင်းဖို့ဆိုရင် ငလျှင်နဲ့  ပတ်သက်ပြီး ကြိုတင်ကာကွယ် နိုင်တဲ့ နည်းလမ်းတွေကို ဖတ်ရှုထားကာ  ကြိုတင်လေ့ကျင့်ထားဖို့ အသိပေးလိုက်ပါတယ်။ 

သတင်းတုသတင်းမှားလို့ သံသယရှိရင်လည်း သတင်းအချက်အလက်တွေကို မှန်မမှန် စစ်ဆေးပေးတဲ့ Fact-check ပြုလုပ်ပေးတဲ့ အဖွဲ့တွေဆီကိုလည်း ပေးပို့ပြီးတော့ မှန်ကုန်မှုရှိမရှိ စစ်ဆေးနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .