တောင်ကုတ်လေကြောင်းတိုက်ခိုက်မှုတွင် အေအေတပ်သား ၆၀ ကျော် သေဆုံးဆိုတဲ့ သတင်းမှား
Share:FacebookX

တောင်ကုတ်လေကြောင်းတိုက်ခိုက်မှုတွင် အေအေတပ်သား ၆၀ ကျော် သေဆုံးဆိုတဲ့ သတင်းမှား

Akyab Post/MFCN

Fact-check

5 Jun 2026 

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ စစ်ကောင်စီတပ်မှနေ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေတပ်သား ၆၀ ကျော် သေဆုံးတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ နေပြည်တော်ချန်နယ်ကနေ ဇွန်လ ၂ ရက်နေ့မှာ “တောင်ကုတ်AAပြာလီစွမြေပြင်AAခွေးသစ်ကင်စာရင်း တောင်ကုတ်မြို့နယ် ဆားပြင်AAအကြမ်းဖက် ခံစစ်စခန်းများအား လေကြောင်းဗုံးကြဲ သုတ်သင်ရှင်းလင်းခဲ့ရာ အကြမ်းဖက်AA၆၀ကျော် ပြာလီစွသွားကြောင််းAAမှောင်ခိုကုန်သည်များထံမှကြားသိရသည်။“ (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှား – https://archive.ph/7H3Zq  

ဒီပို့်စ်ကို ဝင်ရောက်ဖတ်ရှုသူ ၄၈၆၀ ကျော်၊ reaction ပေးသူ ၆၆ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်မှနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့တာကို တွေ့ရပါတယ်။ 

စိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပိုစ့်ကို google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

Google မှာ “တောင်ကုတ်လေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့အခါမှာ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Mizzima သတင်းဌာနကနေ ဇွန်လ ၂ ရက်နေ့မှာ “ရမ်းဗြဲနှင့် တောင်ကုတ်ကို စစ်အုပ်စုဗုံးကြဲ ၊ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ” လို့ ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။ 

Mizzima သတင်းဌာနရဲ့ ရေးသားဖော်ပြချက််မှာ “ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့ရှိ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ နေရာများကို စစ်အုပ်စုတပ်က (ဇွန်လ ၁ ရက်မှာ  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့” ဖော်ပြထားပါတယ်။ 

Mizzima – https://bur.mizzima.com/2026/06/02/92082  

ဒီသတင်းးကိုပဲ DVB သတင်းဌာနကနေ  ဇွန်လ ၁ ရက်နေ့မှာ “တောင်ကုတ်မြို့နယ်ကို စစ်အာဏာရှင်လေတပ်က ဗုံးကြဲ” ဆိုပြီး ရေးသားထားပါသေးတယ်။

DVB – https://burmese.dvb.no/post/584876 

အခြားဒေသတွင်း သတင်းဌာနတွေဖြစ်ကြတဲ့ DMG နဲ့ Narinjara သတင်းဌာနတွေမှာလည်း စစ်အုပ်စုမှနေ တောင်ကုတ်မြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိတယ်လို့ ရေးသား ဖော်ပြထားပါတယ်။ 

DMG –https://www.facebook.com/dmgnewsagency/posts/pfbid0ScVRrv2sp9rtFKoTuCocCuBCeLoCoJeTNmNo2GAEQWA9BLF37J95r7653TpTFF5Cl  

Narinjara – https://burmese.narinjara.com/news/detail/6a1e4f1d287787ea22afdad3  

သုံးသပ်ချက်

သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ တောင်ကုတ်မြို့နယ်မှာ စစ်အုပ်စုဖက်မှနေ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေဟာ စစ်ဘေးရှောင်အရပ်သားပြည်သူ ၂ ဦးသာဖြစ်ပြီးတော့ အေအေတပ်သား ၆၀ ကျော် သေဆုံးဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေကို အေအေတပ်သားဆ်ိုပြီးတော့ စွပ်စွဲကာ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

https://bitly.cx/ahf2

https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .