ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ ဗုံးကြဲတဲ့နေရာတွေက အေအေစခန်းတွေဖြစ်တယ်ဆိုပြီး သတင်းမှားဖြန့်
Share:FacebookX

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ ဗုံးကြဲတဲ့နေရာတွေက အေအေစခန်းတွေဖြစ်တယ်ဆိုပြီး သတင်းမှားဖြန့်

Akyab Post/MFCN/ The Red Flag

22 Jun 2026

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ရခိုင်ပြည်၊ ကျောက်တော်မှာရှိတဲ့ အေအေရဲ့ ထောက်ပို့စခန်းတွေကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုပြီး ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ပုံနဲ့တကွ ပျံံ့နှံ့လျက်ရှိပါတယ်။ 

ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ Zaw Thit ဆိုတဲ့ အကောင့်ကနေ ဇွန်လ ၁၈ ရက်နေ့မှာ “ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်က စစ်ရေးပစ်မှတ်တွေကို မြန်မာလေတပ် ဗုံးကြဲ ရခိုင်ပြည်နယ်ထဲက AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့က စစ်ရေးနဲ့ ထောက်ပံ့ရေး ပစ်မှတ်တွေကို မြန်မာလေတပ်က ဇွန်လ(၁၇)ရက်နေ့ ဇွန်လ (၁၇)ရက် ညနေ (၃)နာရီခန့်ကနေ (၃)နာရီခွဲခန့် အချိန်ထိ အသုတ်လိုက်ခွဲကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှား – https://web.archive.org/web/20260622074946/https://www.facebook.com/permalink.php?story_fbid=pfbid02LQS2YxvgW4qs4oFa3nmgSE82DCZYxgLuak2QouZf9h7pGBpSEC4TCruWM1CXMkcUl&id=61577370344346 

ဒီပို့စ်ကို reaction ပေးသူ ၁၂၀၀ ကျော်၊  comment ပေးသူ ၆၅ ဦးနဲ့ share ပြုလုပ်သူ ၇၇ ဦးထိ ရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ နေပြည်တော်ချန်နယ်နဲ့ တခြားစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ လည်း ဇွန်လ ၁၈ ရက်နေ့မှာ “ကျောက်တော်မြို့နှင့် အနီးပတ်ဝန်းကျင် AAစခန်းတည်နေရာ၉ခု ထက် မနည်းအား ဂျက်ဖိုက်တာ၁၀စီးဖြင့် ဗုံးကြဲတိုက်ခိုက်သုတ်သင်ခဲ့ရာ ငါရို့အားလုံးအီအီများ ဖြစ်ကြသူ(၁၂)ဦး ထိ သေဆုံးဟု တစ်ဖြေးဖြေးတိုးလာနေသည်။ ရေနစ်စရာကတော့ ရန်ကုန်ခွေးသစ်ဌာနကို ဘာမှမပြောမဆိုဖြစ်နေ။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှား – https://archive.ph/1osYW 

ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီးတော့၊ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တာကို တွေ့ရပါတယ်။ စစ်တပ်လော်ဘီတွေစွပ်စွဲထားသလို အေအေ ရဲ့ စစ်ရေးနဲ့ထောက်ပို့စခန်းတွေမဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

စိစစ်ချက်

ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့​ Akyab Post ဖက်မှနေ google advanced search tools နဲ့ reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ “ကျောက်တော်လေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့ အခါမှာ Mizzima သတင်းဌာနမှနေ ဇွန်လ ၁၇ ရက်နေ့မှာ “ကျောက်တော်မြို့ ဗုံးကြဲခံရမှုတွင် ကလေးငယ်အပါအဝင် ၁၂ ဦးထက်မနည်း သေဆုံးဟုဆို”  ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။ 

Mizzima သတင်းဌာကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နှင့် လမ်းမတော်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ နေရာကိုးခုထက်မနည်းကို စစ်အုပ်စုတပ်က ယနေ့ (ဇွန်လ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးနှစ်အောက် ကလေးငယ် တဦး အပါအဝင် ဒေသခံပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည် လို့ ရေးသားဖော်ပြထားပါတယ်။​

Mizzima – https://bur.mizzima.com/2026/06/17/93397 

ဒါ့အပြင် ဒီသတင်းကို DMG သတင်းဌာနမှနေလည်း ဇွန်လ ၁၇ ရက်နေ့မှာ “ကျောက်တော် ဗုံးကြဲခံရမှု ကလေးအပါဝင် ၁၀ ကျော် သေဆုံး၊ အများအပြား ဒဏ်ရာရ” ဆိုပြီး ရေးသားထားပါတယ်။ 

DMG သတင်းမှာလည်း ရခိုင်ပြည်၊ ကျောက်တော်မြို့ ရွာမရပ်ကွက် ကတ လမ်း ၂၊ ကတ လမ်း ၂ နှင့် ၃ လမ်းကြား၊ ကစ္ဆပနဒီတံတားအောက်နှင့်၊ ကမ်းနားလမ်း၊ မြို့တစ်ဖက်ကမ်း ကျောက်တော်တောင်ခြေရင်းရှိ လမ်းမတော် စသည့်နေရာ ၆ ခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးအပါဝင် အရပ်သား ၁၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတ​ယ် လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG – https://www.facebook.com/share/p/14V8o29RfWC/

ဒီသတင်းကို နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ RFA နဲ့ ပြည်တွင်း သတင်းဌာနဖြစ်တဲ့ Myanmar Now နဲ့ The Irrawaddy သတင်းဌာနတို့မှာလည်း ကျောက်တော်လေကြောင်းတိုက်ခိုက်မှုမှာ အပြစ်မဲ့ အရပ်သားတွေနဲ့ အဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

RFA – https://www.rfa.org/burmese/news/2026/06/17/airstrike-over-kyauk-taw-killed-eight-civilian/ 

The Irrawaddy – https://burma.irrawaddy.com/video/2026/06/18/414143.html 

Myanmar Now – https://www.facebook.com/share/p/1Uy5Fr4EMG/ 

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ ကျောက်တော်ကို စစ်တပ်ဖက်ကနေ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သေဆုံးတဲ့သူတွေထဲမှာ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးကြတာဖြစ်ပြီးတော့ စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်ခဲ့တာဟာ ပြည်သူတွေနေထိုင်တဲ့ နေရပ်တွေဖြစ်နေတာကို တွေ့ရပါတယ်။ 

သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ဗုံးကြဲခံရတဲ့နေရာတွေဟာ အေအေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့နေရာတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး သေဆုံးပြီးတော့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ပြည်သူတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို အေအေနဲ့သက်ဆိုင်တယ်ဆိုပြီး ရေးသားဖော်ပြတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .