ပုံအဟောင်းတွေသုံးပြီး ဖြန့်ဝေထားတဲ့ တောင်ဂုတ်ကမ်းခြေကို စစ်ကောင်စီက သိမ်းပိုက်ပြီး အေအေတပ်ဖွဲ့များကို ဖမ်းဆီးဆိုတဲ့သတင်းအမှား
Share:FacebookX

ပုံအဟောင်းတွေသုံးပြီး ဖြန့်ဝေထားတဲ့ တောင်ဂုတ်ကမ်းခြေကို စစ်ကောင်စီက သိမ်းပိုက်ပြီး အေအေတပ်ဖွဲ့များကို ဖမ်းဆီးဆိုတဲ့သတင်းအမှား

Akyab Post/MFCN

Fact-check

23 Apr 2026

ဖေ့ဘွတ်ခ် လူမှုမီ၏၏ဒီယာပေါ်မှာ ရခိုင်ပြည်နယ် တောင်ဂုတ်ကမ်းခြေကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ပြီး အေအေတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတယ်ဆိုပြီး ရေးသားထားတဲ့ အကြောင်းအရာဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook လူမှုကွန်ရက်မှာ Uzi Htoke ဆိုတဲ့ အကောက်ကနေ ဧပြီလ ၂၁ ရက်နေ့မှာ “တောင်ကုတ်ကမ်းခြေကို မြန်မာ့တပ်မတော်ကကမ်းတက်သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိထားတဲ့ AA တပ်ဖွဲ့ဝင်များ” (မူရင်းအရေးအသား) ဆိုပြီး ပုံနဲ့တကွ ပျံ့နှံ့လျက်ရှိပါတယ်။ 

သတင်းမှားလင့်ခ် – https://ghostarchive.org/archive/HxY3F 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၂၂ ရက်နေ့ထိ reaction ပေးသူ ၃၈၀ ဦး၊ comment ပေးသူ ၈၂ ဦးနဲ့ share ပြုလုပ်သူ ၂၈ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

အဲ့ဒီအကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေေးကြည့်လိုက်တဲ့အခါမှာ ပုံအဟောင်းကိုသုံးပြီး သတင်းတုသတင်းမှားဖြန့်ခဲ့ကြတာကို တွေ့ရပါတယ်။​

သတင်းစိစစ်ချက် 

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို google advanced search tools နဲ့ reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Uzi Htoke အကောက်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ခုနှစ် ကာလအတွင်း Mizzima သတင်းဌာန က ရေးသားဖော်ပြထားတဲ့ “ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု AA ထပ်မံသိမ်းပိုက်” ဆိုတဲ့ သတင်းမှာပါရှိတဲ့တွေထဲက (၁) ပုံဖြစ်နေတာကို စိစစ်တွေ့ရပါတယ်။ 

Mizzima သတင်းရဲ့ ရေးသားဖော်ပြချက်အရ အာရက္ခတပ်တော်အေအေ က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ ၄ မိနစ်တွင် မောင်တော နခခ(၅)၏ အနီးဝန်းကျင်စခန်းဖြစ်တဲ့  မကျည်းချောင်း(မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို AA က သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ အပါအဝင် စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်ရဲ့ ပုံဖြစ်တယ်ဆိုတာ  စိစစ်တွေ့ရှိရပါတယ်။ 

Mizzima – https://bur.mizzima.com/2024/07/12/27097 

ဒါ့အပြင် ရခိုင်ဒေသတွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနက မှနေ ၂၀၂၄ ခုနှစ် ဇူလှိုင်လ ၁၁ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ “သံတွဲ ခလရ (၅၅) တပ်ရင်းနဲ့  မောင်တော မကျည်းချောင်းစခန်းတို့ကို AA အပြီးသတ်သိမ်းပိုက်” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံ နဲ့ ထပ်တူညီနေတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။ 

Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ မောင်တော မြို့အဝင် မြို့သူကြီးရပ်ကွက် အခြေစိုက်  နခခ (၅) ၏အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း)နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၉) နာရီ (၀၄)မိနစ်မှာ အေအေဖက်မှနေ သိမ်းပိုက်ပြီး၊ ထိုတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သကဲ့သို့ သုံ့ပန်းအချို့ကိုလက်ရဖမ်းဆီး၇မိခဲ့သည်။” လို့ ရေးသားထားပါတယ်။ 

Narinjara သတင်းဌာန ရဲ့သတင်း>>> https://burmese.narinjara.com/…/669007bda74d0a92d3eb96c1  

အာရက္ခတပ်တော်အေအေရဲ့ ထုတ်ပြချက်နဲ့ တိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့ အခါမှာလည်း ၂၀၂၄ ခုနှစ် ဇူလှိုင်လ ၁၁ ရက်နေ့မှာ မောင်တောမြို့ မကျည်းမကျီးချောင်း နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်တုန်းက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပုံ ဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်။ 

အေအေထုတ်ပြန်ချက်အပြည့်အစုံ – https://t.me/aainfodesk/1000 

ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေတဲ့  စစ်ကောင်စီတပ်က တောင်ဂုတ်ကို ကမ်းတက်ပြီးသိမ်းပိုက်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်တဲ့အခါမှာလည်း Narinjara သတင်းဌာနမှနေ  ၂၀၂၆ ဧပြီလ ၁၈ ရက်နေ့မှာ “တောင်ကုတ်နှင့်ရမ်းဗြဲကြားတွင် စစ်သင်္ဘော ၆ စီးဖြင့်ကမ်းတက်ရန် ပြင်ဆင်နေဟုဆို” လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ 

Narinjara  ရဲ့ ရေးသားဖော်ပြချက်မှာ စစ်ကောင်စီမှနေ အေအေထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အစပ်ပင်လယ်ကမ်းခြေကနေ ကမ်းတက်ပြီး ထိုးစစ်ဆင်ဖို့ စစ်ကောင်စီဖက်မှနေ ပြင်ဆင်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

Narinjara- https://burmese.narinjara.com/news/detail/69e3af87e93643bdac06ee3d 

သုံးသပ်ချက်  

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ အေအေအဖွဲ့ရဲ့  ထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စိစစ်ချက်အရ Uzi Htoke ဆိုတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာက ဖြန့်ဝေထားတဲ့ အကြောင်းအရာမှာ ပါဝင်တဲ့ ပုံဟာ အာရက္ခတပ်တော် အေအေ က ဖက်မှနေ မောင်တောမြို့ ကျည်းမကျီးချောင်း နယ်ခြားစောင့်တပ်စခန်းကို ၀၂၄ ခုနှစ် ဇူလှိုင်လ ၁၁ ရက်နေ့တုန်းက တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ 

လက်ရှိစစ်ကောင်စီဟာ  အေအေထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အစပ်ပင်လယ်ကမ်းခြေကနေ ကမ်းတက်ပြီးထိုးစစ်ဆင်ဖို့ ပြုလုပ်လျက်ရှိပြီးတော့ ဒီအကြောင်းအရာကို အခြေပြုပြီး တောင်ကုတ်ကမ်းခြေကို စစ်ကောင်စီတပ်မှနေ သိမ်းပိုက်ပြီး အေအေတပ်သားတွေကို ဖမ်းဆီးရမိဆိုပြီး ပုံအဟောင်းတွေကို ချိတ်ဆက်အသုံးပြုပြီး သတင်းမှားတွေကို ဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက် တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .