Home

MFCN_logo

Latest Articles

လူမျိုးရေးအမုန်းပွားအောင် ဇာတ်ကြောင်းဖန်တီးနေသည့် ဒေသတွင်းသတင်းဌာနအတုပကို လေ့လာခြင်း

၂၀၂၅ အောက်တိုဘာလ ၁၈ ရက် သျှမ်းသံတော်ဆင့်/ ခမ်းသားငေါဝ်း/ The Red Flag/ MFCN နိဒါန်း လူမျိုးရေးအဓိကရုဏ်း (သို့မဟုတ်) လူမျိုးရေးတိုက်ပွဲ ဆိုသည်မှာ လူမျိုးအုပ်စုများအကြား လူမျိုးချစ်တတ်သည့် စိတ်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခဆိုသော်လည်း မည်သူ့ ပယောဂမှမပါဘဲ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းတော့ မရှိပေ။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော အမုန်းစကားများမှာ စစ်တပ်၊ အစိုးရနှင့်...
Read More

ကယားတော်လှန်ရေးရဲဘော်များမှ ပအိုဝ်းဒေသမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဆိုကာ သတင်းမှားဖြန့်

ကယားတော်လှန်ရေးရဲဘော်များမှ ပအိုဝ်းဒေသမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဆိုကာ သတင်းမှားဖြန့် Akyab Post/ MPA/ The Red Flag Fact -check 16 Oct 2025 အခုရက်ပိုင်း တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ကယားတော်လှန်ရေးရဲဘော်တွေကနေ ပအိုဝ်းဒေသမှာရှိိတဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုပြီးတ ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ ဗီဒီယီုနဲ့တကွ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”...
Read More

ထားဝယ်နဲ့ တနင်္သာရီမှာ ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး KNU ဂိတ်၊ စခန်းတွေကို တိုက်ခိုက်တာလို့ ဝါဒဖြန့်

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသနဲ့ တနင်္သာရီမြို့နယ်၊ တကူဒေသတွေကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဂိတ်နဲ့ စခန်းအဆောက်အအုံတွေထိမှန်ပြီး ထိခိုက်သေဆုံးမှု များနေတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြပါတယ်။ အဲဒီလိုဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network...
Read More

ဟားခါးမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးဆိုသည့် သတင်းမှား

◾️ဟားခါးမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးဆိုသည့် သတင်းမှား The Akyab Post/ The Red Flag Fact−check 15 Oct 2025 ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာရှိတဲ့ ဗန်ဟာရွာကျေးရွာက စာသင်ကျောင်းမှာ ချင်းတော်လှန်ရေးတပ်တွေ နေထိုင်နေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုမှာ တော်လှန်ရေးအဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ အခုရက်ပိုင်း စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေမှာ...
Read More

မြောက်စလုံးရွာရှိ ပြည်သူ့နေအိမ်များကို တော်လှန်ရေး တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းမှား 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ Fact-check_(အချက်လက် စစ်ဆေးခြင်း) ခမ်းသားငေါဝ်း/ The Red Flag/ MFCN ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကရင်နီ နယ်စပ် မြောက်စလုံးကျေးရွာရှိ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ဖြန့်ဝေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် PNA ပြည်သူ့စစ်မှ ထုတ်ပြန်သည့်  မြောက်စလုံးကျေးရွာကို စစ်တပ်နှင့်...
Read More

စာသင်တာရပ်ဖို့နှင့် ကျောင်းတွေပိတ်ဖို့ PDF ခြိမ်းခြောက်ဆိုပြီး AI နှင့်ပြုလုပ်ထားသည့် သတင်းမှား

စာသင်တာရပ်ဖို့နှင့် ကျောင်းတွေပိတ်ဖို့ PDF ခြိမ်းခြောက်ဆိုပြီး AI နှင့်ပြုလုပ်ထားသည့် သတင်းမှား   ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၄ရက်။ (Fact-check _DNA/ The Red Flag)    တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကျောင်းတကျောင်းမှာစာသင်နေတဲ့ ကျောင်းဆရာမတဦးကို စာသင်တာရပ်ဖို့နဲ့၊ ကျောင်းတွေပိတ်ထားဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။   အဲ့ဒီအကြောင်းအရာကို စစ်ကော်မရှင်တပ်လက်အောက်ခံမှာ လည်ပတ်နေတဲ့...
Read More

နတ်ရေကန်စခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်တယ်ဆိုတာ သတင်းမှားဆိုပြီး ရေးသားဖြန့်ဝေ

◾️ နတ်ရေကန်စခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်တယ်ဆိုတာ သတင်းမှားဆိုပြီး ရေးသားဖြန့်ဝေ   Akyab Post/ The Red Flag 14 Oct 2025 Fact-check   အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ မကွေးတိုင်း ငဖဲမြို့နယ် အမ်း ပဒါန်းလမ်းမပေါ်က နတ်ရေကန်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းပိုက်တယ်ဆိုတာဟာ မှားယွင်းရေးသားထားကြတဲ့ သတင်းမှားသာဖြစ်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပိုစ့်တွေ...
Read More

စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၃)

တရုတ်ပြီးနောက် အမေရိကန်အလှည့်ကျလာပြန်သည်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ (USIP) က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာ၏ အဆိုအရ စစ်အုပ်စု ပြုတ်ကျသွားပြီးနောက် နိုင်ငံသည် ပရမ်းပတာ မဖြစ်နိုင်ဘဲ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေသည့် ထူးခြားသည့် လက္ခဏာများ ရှိနေကြောင်း ဖော်ပြထားသည်။ ထိုကြောင့် စစ်အုပ်စု ပြုတ်ကျသွားပြီး...
Read More

စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၂)

လက်ရှိ စစ်ကောင်စီတွင်လည်း ယင်းသို့သော စိတ်ခံစားချက်ရှိနေသေးသည်။ ကိုလိုနီအမွေကြောင့် တိုင်းပြည် ယခုကဲ့သို့ ပဋိပက္ခရောပြွန်းနေရဆဲဖြစ်ကြောင်း အပြစ်ဖို့နေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၅ နှစ်တိုင် ဖြစ်ပွားနေသော မြန်မာနိုင်ငံ...
Read More

Latest Publication

ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်

၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
Read More

တန်ဖိုးကြီး ကားကံစမ်းမဲ လိမ်လည်မှုများ

တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။ အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။ လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့...
Read More

KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ် ဆိုပြီး ဝါဒဖြန့်ချိ

ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့...
Read More

တနင်္သာရီတိုင်းကို ပစ်မှတ်ထားလှုံ့ဆော်နေတဲ့ လော်ဘီယန္တရား

စစ်ကောင်စီ လော်ဘီချန်နယ်တွေ ဝါဒဖြန့်တာတွေကိုဘာကြောင့် လုပ်ဆောင်နေတာပါသလဲ။ ပြည်သူတွေအနေနဲ့ လော်ဘီ တယ်လီဂရမ် ချယ်နယ်တွေရဲ့ နောက်ယောင်ခံစောင့်ကြည့်မှုစက်ကွင်းကနေလွတ်အောင် ဘယ်လိုပြုမှုနေထိုင်ကြ မှာလဲ။ ဒီအကြောင်းအရာတွေကို ပြည်သူတွေပိုမိုသိရှိသတိပြုနိုင်စေဖို့အတွက် စစ်ကောင်စီရဲ့ သတင်းအတု၊ သတင်းအမှားဖြန့်ချိနေ တာကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ဆီဆက်သွယ်မေးမြန်းထားတာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က တင်ဆက်လိုက်...
Read More

ပြည်သူတွေကို သတ်ကွင်းထဲတွန်းပို့နေတဲ့ လော်ဘီချန်နယ်

မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။ အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။ “အခုလုပ်ရပ်တွေကို...
Read More

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်း ပစ်သတ်ခဲ့တဲ့အမျိုးသမီးကို PDF လို့ ပုံဖော်သတင်းအမှားဖြန့်

လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား...
Read More

စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရတာ မဟုတ်ဘူးဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀...
Read More

မံစီတွင် ဒေသခံပြည်သူများကို KIA နှင့် PDF က လူသားဒိုင်းအဖြစ် အသုံးချ‌နေသောကြောင့် သေဆုံးသူများဆိုသည့် သတင်းအမှား

By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက်...
Read More

အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရဆိုပြီး ဝါဒဖြန့်

ဒီဇင်ဘာလ ၉ ရက် – Federal FM/ The Red Flag ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့...
Read More

Latest Investigation Article

စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား

By Wadi / MPA – The Red Flag ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊...
Read More

အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ

နိဒါန်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ လအနည်းငယ်မျှ ရပ်တန့်ထားသည့် ရှမ်းမြောက်စစ်ပွဲများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
Read More

ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ

နိဒါန်း ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို...
Read More

စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ်...
Read More

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အစပိုင်းတွင် စစ်တပ် လုပ်ဆောင်သယောင် ဝမ်းသာအားရ စစ်လော်ဘီ တယ်လီဂရမ်များက ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းခြင်း၊ စစ်လော်ဘီ တယ်လီဂရမ်များက ဇာတ်ကြောင်း ဂငယ်ကွေ့ ပြန်ပြောင်း ပြောဆိုလာခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။ ဖြစ်စဉ် အကျဉ်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်...
Read More

သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း

ဖြစ်စဉ်အကျဉ်း စစ်တပ်ထုတ်ကုန်များကို ခြိမ်းခြောက်ရောင်းချရာတွင် စစ်လော်ဘီ Telegram အကောင့်များမှ တစ်ဆင့် လှုံ့ဆော်ပါဝင်ခဲ့သည်။ စစ်တပ်ထုတ်ကုန် (အဓိကအားဖြင့် မြန်မာဘီယာ)  အရောင်းမတင်ပါက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး မြေပြင်တွင်လည်း အမှန်တကယ် ခြိမ်းခြောက် ဖမ်းဆီးခြင်း ရှိခဲ့သည်။ ယင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလဖြစ်ရပ်လေ့လာချက် တစ်ရပ်အနေနှင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဖြစ်စဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူများ၏...
Read More

ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်

ဖြစ်စဉ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။ အချို့သော သတင်းဌာနများတွင် မုဒိမ်းကျင့်ခံရခြင်းရှိသည်ဟု ထည့်သွင်းရေးသားကြသော်လည်း...
Read More

စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ

လက်ခတ်တောင်တွင် စစ်ရေး ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် စစ်ကောင်စီနှင့် နောက်မြီးဆွဲချယ်နယ်များက သတင်းတု သတင်းမှားများ ဖြန့်ချိဖုံးကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။ ဖြစ်စဉ်အကျဉ်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ လက်ခတ်တောင်ကုန်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဇူလိုင်လအတွင်းမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင်ကုန်းကို တော်လှန်ရေးအင်အားစုများက ယခုနှစ်၊ ဇူလိုင်လ...
Read More

ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း

မူဝါဒ လုပ်နည်းကိုင်နည်း အမှားကြောင့် အခြေခံစားကုန်နှင့် အမေရိကန်ဒေါ်လာစျေး မြှင့်တက်နေမှုကို ကုန်သည်များ စျေးကစား၊ စျေးဆွဲတင်ခြင်းကြောင့်ဟု ဝါဒဖြန့် အပြစ်တင် အရေးယူလျက်ရှိသည်။ ဖြစ်စဉ် အကျဉ်းချုပ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်း၌ ပဋိပက္ခများ၊ လက်နက်ကိုင် တော်လှန်ရေးများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်း၊ နိုင်ငံတကာမှ အာဏာသိမ်းစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .