အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းမှာ သေဆုံးသူဟာ သင်းအုပ်ဆရာတစ်ဦးမဟုတ်ဘဲ KNDFအဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့  သတင်းအမှား
Share:FacebookX

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းမှာ သေဆုံးသူဟာ သင်းအုပ်ဆရာတစ်ဦးမဟုတ်ဘဲ KNDFအဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့  သတင်းအမှား

၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ ရက် 

ဖက်ဒရယ် FM/The Red Flag/ MFCN

 

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ K S News တယ်လီဂရမ်ချန်နယ်ကနေ   “ အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာ  သေဆုံးသူဟာ သင်းအုပ်ဆရာတစ်ဦးမဟုတ်ဘဲ KNDFအဖွဲ့ဝင်ဖြစ်တယ်” ဆိုပြီးတော့ဖြန့်ဝေထားတာတွေ့ရပါတယ်။

 

အဲ့ဒီ အကြောင်းအရာကို K S News  ချန်နယ်က စတင်ဖြန့်ချိခဲ့ပြီး  Likeပြုလုပ်သူ – ၄၀၀ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ- ၂၂၀၀၀ ကျော် ရှိနေပါတယ်။

 

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

 

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://t.me/kyawswar49111/48738

 

ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ Ko Thet တယ်လီဂရမ်ချန်နယ်ကလည်း ထပ်ဆင့်ဖော်ပြခဲ့ပါတယ်။

 

ထပ်ဆင့်ဖြန့်ဝေထားတဲ့ အကြောင်းအရာ – https://t.me/kothetjournalist9000/99160

 

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက  အချက်အလက် စစ်ဆေးကြည့်တဲ့အခါ

မှားယွင်းချိတ်ဆက်ပြီးလိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

စစ်ဆေးတွေ့ရှိချက်

 

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို စိစစ်ဖို့အတွက်   Googleမှာ ပြန်လည်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ပြီးခဲ့တဲ့ ဇွန်လ (၄) ရက်နေ့၊ ညနေပိုင်း (၅)နာရီလောက်မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက သုံးနေရာကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

 

ကန္တရဝတီတိုမ်းကဖော်ပြထားတဲ့သတင်း – https://www.facebook.com/share/p/1BSRzbitvJ/

 

ဒါ့အပြင် သေဆုံးသူဟာ ဆရာ စောဆာအယ်ကလူဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်မှာ ဒီးမော့ဆို နှစ်ခြင်းအသင်းတော်အတွက် လက်ထောက်သင်းအုပ်ဆရာအဖြစ် အမှုတော်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှ စ ကွယ်လွန်ချိန်အထိ KBA နှစ်ခြင်းအသင်းတော် လူငယ်ဌာန တာဝန်ခံအဖြစ် အမှုတော်ဆောင်ခဲ့သူဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါတယ်။

သေဆုံးခဲ့ရတဲ့ သင်းအုပ်ဆရာ စောဆာအယ်ကလူရဲ့ ဈာပနကို ဇွန်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

 

Karenni People’s Voice ကဖော်ပြထားတဲ့သတင်း – https://www.facebook.com/share/p/1Bb4qTnDt6/

 

လွတ်လပ်တဲ့ ဒေသတွင်းသတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ရဲဘော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာမျိုး ရေးသား ထားတာလုံးဝမရှိပါဘူး။ 

 

သုံးသပ်ချက်

 

အထက်မှာဖော်ပြထားတဲ့အတိုင်း လွတ်လပ်တဲ့ ဒေသတွင်းသတင်းမီဒီယာဌာနတွေရဲ့ သတင်းဖော်ပြချက်နဲ့ စိစစ်ကြည့်လိုက်တဲ့ အခါမှာတော့ ဇွန်လ (၄) ရက်နေ့၊ ညနေပိုင်း (၅)နာရီလောက်မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက သုံးနေရာကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး သေဆုံးသူဟာ  KBA နှစ်ခြင်းအသင်းတော် လူငယ်ဌာန တာဝန်ခံအဖြစ် အမှုတော်ဆောင်ခဲ့သူဖြစ်ခဲ့တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

ဒါ့အပြင် ဇွန်လ ၄ ရက်နေ့ဗုံးကြဲတိုက်ခိုက်မှုမှာ နေအိမ်တချို့နဲ့ ဘုရားကျောင်းတွေလည်း ပျက်စီးသွားခဲ့တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကဖြန့်ဝေနေတဲ့ “ဒီးမော့ဆိုအနောက်ခြမ်းမှာ  သေဆုံးသူဟာ သင်းအုပ်ဆရာတစ်ဦးမဟုတ်ဘဲ KNDFအဖွဲ့ဝင်ဖြစ်တယ်” ဆိုတာဟာ မှားယွင်းချိတ်ဆက်ပြီး လိုရာဆွဲပုံဖော်ထားတဲ့  သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ 

 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့အတွက်အချိန်ကိုက် သတင်းအမှားတွေဖြန့်နေပါတယ်။ 

 

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

 

 Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

 

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .