မိုးဗြဲမြို့ရှိ လူနေအိမ်များကို တော်လှန်ရေးတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား
Share:FacebookX

မိုးဗြဲမြို့ရှိ လူနေအိမ်များကို တော်လှန်ရေးတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား

၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်
ခမ်းသားငေါဝ်း /MFCN/The Red Flag
Fact Check – အချက်လက်စစ်ဆေးခြင်း
မိုးဗြဲမှ စစ်ရှုံးပြီး ထွက်ပြေးသွားသည့် တော်လှန်ရေးတပ်ဖွဲ့ တို့သည် စစ်ကောင်စီ၏ စစ်ကြောင်း လိုက်မလာနိုင်စေရန်အတွက် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားတယ်လို့ နေအိမ်မီးလောင်နေသည့် ရုပ်သံဗီဒီယိုနှင့်တကွ တယ်လီဂရမ်ချန်နယ်မှာ ရေးသားဖြန့်ဝေထားပါသည်။ ပြည်သူများအနေဖြင့် PDF များကို လက်ခံပါက ပျက်စီးမှုများဖြင့် အဆုံးသတ်ရမည် ဖြစ်ကြောင်းကိုလည်း ထပ်ဆင့် ဖြန့်ဝေခြိမ်းခြောက်ထားသည်ကို တွေ့ရှိရပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီအားပေးအားမြောက်သူ တယ်လီဂရမ်အကောင့်ချန်နယ်ဖြစ်သည့် ရွှေနေကြာ နှင့် မှိုင်းဝေ အကောင့်တို့မှ ၂၀၂၅ ခုနှစ် မေလ ၂ ရက်တွင် ဖြန့်ဝေထားတာ ဖြစ်ပါသည်။ ထိုဖြန့်ဝေမှုကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှု့သူ ၁ ထောင်ကိုရာ ကျော်ရှိနေပြီး လိုက်နှင့် ရီအက်ရှင် ပြုလုပ်သူ ၂၈ ဦးထိ ရှိနေပြီး ဖြစ်ပါသည်။
သတင်းဖြန့်ဝေသည့်လင့် – https://archive.ph/586YR
သတင်းဖြန့်ဝေသည့်လင့် – https://archive.ph/mJTPI
ဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact-Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ ထိုအကြောင်းအရာကို သတင်းဌါနတို့၏ ဖော်ပြထားချက်နှင့် စိစစ်ကြည့်သည့်အခါ သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ရှမ်းပြည်နယ်တောင်ပိုင်း – ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် မီးလောင်ဗုံး ကြဲချခြင်းကြောင့် လူနေအိမ်များ မီးလောင်းပျက်ဆီးသွားခဲ့ရကြောင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်တိုင်းလုပ်ဆောင်နေသည့် သတင်းမီဒီယာဌါနတို့၏ ဖော်ပြချက်များ တွေ့ရှိရပါသည်။
စစ်ကောင်စီမှ မေလ (၁) ရက်နေ့ညနေပိုင်းတွင် မိုးဗြဲမြို့ရှိ ရပ်ကွက်တစ်ခုတွင် လက်နက်ကြီး အပါအဝင် မီးလောင်ဗုံး (၈) လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး လူနေအိမ် အချို့ မီးလောင်ခဲ့သွားခဲ့ကြောင်းကို ၂၀၂၅ ခုနှစ် မေလ ၂ရက်နေ့တွင် ကရင်နီ လူထုအသံမှ ရေးသားဖော်ပြထားမှုကို ဖတ်ရှူ့နိုင်ပါသည်။
Karenni People’s Voice သတင်းလင့် – https://shorturl.at/0s3oN
ထို့အတူ မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးနှင့် မီးလောင်ဗုံးများပါအသုံး၍ ပစ်ခတ်ခြင်းကြောင့် နေအိမ်အချို့ မီးလောင်ခဲ့ကြောင်းကို ဒေသခံ၏ပြောကြားချက်မှာ “မေလ ၁ရက်နေ့ ညနေလောက်က မီ‌လောင်သွားတာပါ။ အဲ့မိုးဗြဲ ကွက်သစ်နေမှာပဲ လက်နက်ကြီး နဲ့ မီးလောင်ဗုံးတွေကြောင့် နေအိမ်တွေ မီးလောင်သွားတာပါ။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ”ဟု ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့တွင် သျှမ်းသံတော်ဆင့်ထံ ဖြေကြားထားမှုကို ဖော်ပြထားပါသည်။
သျှမ်းသံတော်ဆင့် သတင်းလင့် – https://shorturl.at/NNJEb
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ စစ်အင်အား ၁၀၀၀ ဝန်းကျင်အထိ အင်အားဖြည့်တင်းထားကြောင်းသိရပြီး PNO ပြည်သူ့စစ်တပ်ဖွဲ့များကိုပါ အသုံးပြုထပ်မံ အင်အား ဖြည့်တင်းရန် ပြုလုပ်နေကြောင်းဖြစ်သည်။ စစ်ကောင်စီသည် မိုးဗြဲကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ကာ အပြင်းအထန်ထိုးစစ်ဆင်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ထားသည့် စခန်းငယ်အချို့ကို လက်လွှတ်ခဲ့ရမှုများ ရှိနေကြောင်းကိုလည်း ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းမ်မှ ဖော်ပြထားပါသည်။
ဧရာဝတီတိုင်းမ် သတင်းလင့် – https://shorturl.at/giZb3
သုံးသပ်ချက်
၂၀၂၅ ခုနှစ် မေလ (၁)ရက်နေ့ ညနပိုင်းအချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း- ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ရှိ ဒေသခံပြည်သူများ နေ့အိမ်အချို့ မီးလောင်းပျက်ဆီးသွားသည့်အကြောင်းအရာနှင့် ရုပ်သံဗီဒီယိုမှာ သတင်းအမှန် ဖြစ်ပါသည်။
စစ်ကောင်စီမှ လေယာဉ်ဖြင့် မီးလောင်ဗုံး ကျဲချခြင်းကြောင့် လူနေအိမ်များ မီးလောင်းပျက်ဆီးသွားခဲ့ရခြင်းဖြစ်ကြောင်းကို သတင်းမီဒီယာများနှင့် ဒေသခံပြောကြားချက်အရ စစ်ဆေးတွေ့ရှိရပါသည်။
ထို့ကြောင့် စစ်ကောင်စီလော်ဘီတို့ ဖြန့်ဝေထားသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ စစ်ရှုံးထွက်ပြေးပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။
စစ်ကောင်စီကို အားပေးအားမြောက်ပြုနေသူများက စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးလိုရန်အတွက် အခြားဆန့်ကျင်ဘက် အဖွဲ့အစည်းများသို့ လွဲချပြောဆိုလေ့ရှိပါသည်။ MFCN မှ ယခင်အချက်အလက်စစ်ဆေးထားသည့် အကြောင်းအရာအချို့ ဖတ်ရှု့ရန်
ယခင် လင့် – https://shorturl.at/25n7P
ယခင် လင့် – https://shorturl.at/hutgl
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .