7 July 2024 By Wadi / MPA
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ Denko ဆီဆိုင်အတွင်းရှိ Agency အသေး စားဘဏ်ကို PDF ခြောက်ဦးက သေနတ်ပြကာ ငွေကျပ်သိန်း ၆၀၀အား ဓားပြတိုက်သွားဆိုသည့် သတင်း အမှား ဇူလိုင် ၅ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
သတင်းအမှားအကြောင်းအရာအား ဇူလိုင် ၅ ရက်၊ နံနက် ၁၁ နာရီကျော်တွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦး ကျေးရွာရှိ Denko ဆီဆိုင်အတွင်းရှိ Agency အသေးစားဘဏ်ကို PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် လာရောက်ခဲ့ကြောင်း၊ သေနတ်အတိုနှစ်လက်ဖြင့် ဘဏ်ဝန်ထမ်းနှစ်ဦးကို ခြိမ်းခြောက်ကာ ဘဏ်အတွင်းရှိ ငွေကျပ် သိန်း ၆၀၀ ယူဆောင်သွား ကြောင်း People Media အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၅ ရက်တွင် CCTV မှတ်တမ်းဗီဒီယိုဖိုင်နှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency