ပြည်သူပိုင်ပစ္စည်းတွေကို PDF တွေက ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအမှား
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်
(Factcheck/ DNA / The Red Flag)
☑️အနှစ်ချုပ်
ပခုက္ကူ-ရေစကြိုကားလမ်းမှာ မျှောစာပါတဲ့ အရက်၊ ဘီယာဖာတွေကို PDF တွေက တပ်ရံပုံငွေရရရှိရေး ဆိုပြီး သိမ်းဆည်း ဓါးပြတိုက်နေတယ်ဆိုတဲ့ အကြောင်းအရာတခု လူမှုကွန်ယက်မှာ ပျံ့နေတာကို တွေ့ရပါ တယ်။ ဒီသတင်းကို DNA က စစ်ဆေးကြည့်တဲ့အခါ သတင်းမှားဖြစ်ပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ နိုင်ငံတော်ရဲ့ကုန်စည်မျှော်စာပါလို့ဆိုပြီး အကြမ်းဖက် PDF အဖွဲ့က ကားပေါ် က ပစ္စည်တွေကို အကုန်ချယူပြီး PDF တပ်ရဲ့ ရံပုံငွေရရှိရေးဆိုပြီး သိမ်းဆည်နေတော့ ကုန်ကားတွေကို လက်နက်ပြပြီး ဓားပြတိုက်နေတာမဟုတ်ဘူးလား။ နိုင်ငံတော်ရဲ့ မျှော်စာမပါလို့ ဘာမျှော်စာပါရမှန်တုန်းး။ ဒီအတိုင်းဆက်လုပ်နေရင် အဲနယ်ဘက်ကို ဘယ်ကုန်ကားမှ မသွားကြတော့နဲ့ဟေ့ အဲနယ်တနယ်လုံးအငတ် တာထားပြိုက်…”(မူရင်းအရေးအသားအတိုင်း)လို့ ရေးသားပြီး ဓါတ်ပုံ ၂ ပုံနဲ့အတူ Mya Win Facebook အကောင့်ကနေ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Mya Win Facebook- https://shorturl.at/VWOZt
ဒီအကြောင်းအရာကို Reaction ၇၄၇ ခု၊ comment ၁၂၅ ခုနဲ့ Share ၁၇၄ ဦး ရှိခဲ့ပြီး ပျံ့နှံ့နေခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် “အကြမ်းဖက် PDF များက ပြည်သူပိုင်ပစ္စည်းများကို ဓားပြတိုက်..ဓါးပြတိုက်စဉ် အသုံးပြုခဲ့သည့် လက်နက်များမှာ ပြည်သူများက ဝယ်ပေးခဲ့သည့် လက်နက်များဖြစ်နေ…”လို့ ရေးသားပြီး Mya Win Facebook က ရေးသားချက် Screenshot နဲ့အတူ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၂ ရက်မှာ စစ်တပ်လော်ဘီ မှိုင်းဝေ တယ်လီဂရန် ချန်နယ်ကနေ စတင်ရေးသားဖြန့်ဝေခဲ့ပြီး အခြားတယ်လီဂရန်ချန်နယ်တွေက ထပ်ဆင့် မျှဝေ ခဲ့ကြတာကို တွေ့ရပါတယ်။
မှိုင်းဝေ- https://archive.ph/eH0JL
နောင်ရိုးဟစ်တိုင်- https://archive.ph/VMVDW
DI Thameedaw- https://archive.ph/Hzlp1
Thazin Oo- https://archive.ph/EaoMG
ဖိုးမောင်- https://archive.ph/40Dts
အဲဒီပျံ့နှံ့နေတဲ့ သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ ရေစကြိုစစ်တပ်ဂိတ်အနီးက တပ်အငြိမ်းစားပိုင် အရက်ဆိုင်ကို ပို့ဆောင်မဲ့ အရက် /ဘီယာဖာတွေကို PDF အဖွဲ့က စစ်ဆေးတွေ့ရှိလို့ စစ်တပ်ကိုအထောက်အပံ့ဖြစ်စေတဲ့အပြင် စစ်တပ်စီး ပွားရေးထောက်တိုင်ဖြစ်နေတဲ့အတွက် တော်လှန်ရေးရံပုံငွေအဖြစ် သိမ်းဆည်းခဲ့တာကို ပြည်သူပိုင်ပစ္စည်း တွေကို ဓါးပြတိုက်နေတာလို့ လုပ်ကြံဖန်တီးရေးသားခဲ့တဲ့ သတင်းမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
ဖြန့်ဝေထားတာမှာပါဝင်နေတဲ့ ပုံ ၂ ပုံကို Google Lensနဲ့ ရှာဖွေလိုက်တဲ့ အခါမှာ ပခုက္ကူ- ရေစကြိုကား လမ်းမှာ တပ်ဂိတ်အနီးဖွင့်ထားတဲ့ စစ်တပ်အငြိမ်းစားတဦးပိုင်တဲ့ အရက်ဆိုင်ကို ပို့မဲ့ အရက်/ဘီယာဖာ တွေကို PDF အဖွဲ့က သိမ်းဆည်းရမိခဲ့လို့ သတင်းထုတ်ပြန်ခဲ့တဲ့ ပုံတွေနဲ့တူညီနေတာကို တွေ့ရပါတယ်။
“၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်က ပခုက္ကူ-ရေစကြို ဆက်သွယ်ရေးလမ်းမပေါ်မှာ ကုန်တင်ယာဉ် ၁ စီးကို Southern YSO PDF အဖွဲ့က စစ်ဆေးခဲ့ရာ ရေစကြိုမြို့နယ် ဖူလုံအနီးရှိ တပ်ရင်း (၂၅၆၊ ၂၅၇၊ ၂၅၈)တွေ အနီးမှာ ဖွင့်လှစ်ထားတဲ့ တပ်ရင်း ၂၅၇ က အရာခံဗိုလ်(အငြိမ်းစား)ကျော်လွင် ပိုင်တဲ့ ဧဒင်နန်း(အရပ်အခေါ် စစ်တပ်ဆိုင်)ကို ပို့ဆောင်မဲ့ မျှောစာနဲ့အတူ အရက်/ဘီယာ(၂၇၂)ဖာကို တွေ့ရှိခဲ့လို့ စစ်ကောင်စီနဲ့ဆက်နွယ် မှုထင်ရှားတဲ့အတွက် တော်လှန်ရေးရံပုံငွေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
အဲဒီ စစ်တပ်နဲ့ ဆက်နွှယ်သူတွေအတွက် တင်ဆောင်လာတဲ့ကားကို စစ်ဆေးပြီး အရက်ဘီယာ ၂၇၂ ဖာကို သိမ်းဆည်းခဲ့ပေမဲ့ အခြားစစ်တပ်နဲ့မပတ်သက်တဲ့ သာမာန်လုပ်ငန်းရှင်တွေရဲ့ ပစ္စည်းတွေကိုတော့ သိမ်းယူခဲ့ ခြင်း မရှိပါဘူး။ တကယ်လို့ သိမ်းယူခဲ့တဲ့အထဲမှာ သာမန်အရပ်သားပြည်သူတွေရဲ့ ပစ္စည်းတွေ ပါဝင်ခဲ့ရင် Facebook Page ကို ဆက်သွယ်နိုင်တယ်လို့ Southern YSO PDF က ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ရေးသားထားတာကို တွေ့ရပါတယ်။
Southern YSO PDF- https://shorturl.at/0BRnw
“မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ရေစကြိုမြို့ကိုသွားတဲ့ လမ်းပိုင်းမှာ ဧပြီ ၇ ရက်က အရာခံဗိုလ်(အငြိမ်းစား) ဦးကျော်လွင်ရဲ့ မျှောစာနဲ့အတူ ရေစကြိုမြို့ စစ်အုပ်စုဂိတ်အနီးက ဧဒင်နန်း စားသောက်ဆိုင်(ဒေသအခေါ် စစ်တပ်ဆိုင်)ကို ပို့ဆောင်မယ့် အရက်ဘီယာ ၂၇၂ ဖာ သယ်ဆောင်လာတဲ့ ကုန်တင်ကားကို စစ်ဆေးတွေ့ရှိ လို့ ပိုင်ရှင်ဟာ စစ်အုပ်စုနဲ့ ဆက်စပ်တာကြောင့် အရက်ဘီယာတွေကို တော်လှန်ရေး ရန်ပုံငွေအဖြစ် သိမ်းယူ ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ် Southern YSO PDF အဖွဲ့ရဲ့ပြောကြားချက်ကို Mandalay Free Press, People’s Spring, Mizzima နဲ့ မောင်း သတင်းဌာနတို့က ဧပြီ ၁၁ ရက်မှာ ရေးသားထားတာကို တွေရပါတယ်။
Mandalay Free Press- https://www.facebook.com/share/p/1AjG4BzinQ/
မောင်း- https://www.facebook.com/share/p/1JFAtKZNNX/
People’s Spring – https://www.facebook.com/share/p/1DkZZmBBBj/
Mizzima – https://www.facebook.com/share/p/18edjuvXt3/
☑️သုံးသပ်ချက်
ရေစကြိုမြို့က စစ်တပ်အရာခံအငြိမ်းစားကျော်လွင် ပိုင်ဆိုင်တဲ့ ဧဒင်နန်း(အရပ်အခေါ် စစ်တပ်ဆိုင်)ကို ပို့ ဆောင်မဲ့ အရက်ဘီယာဖာ ၂၇၂ ဖာကို စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ပစ္စည်းတွေဖြစ်လို့ တော်လှန်ရေး ရန်ပုံငွေ အဖြစ် သိမ်းယူခဲ့တာဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူတွေရဲ့ပစ္စည်းတွေကို သိမ်းဆည်းခဲ့ ခြင်း မရှိတာကို တွေ့ရတဲ့အတွက် PDF တွေက လက်နက်အားကိုးနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဓါးပြတိုက် ရယူနေတယ်ဆိုတာ လိမ်လည်ရေးသားထားတာသာဖြစ်တာကို တွေ့ရှိရပါတယ်။
သိမ်းယူခဲ့တဲ့အထဲမှာ သာမန်အရပ်သားပြည်သူတွေရဲ့ ပစ္စည်းတွေ ပါဝင်ခဲ့ရင် Facebook Page ကို ဆက် သွယ်နိုင်တယ်လို့ Southern YSO PDF က ထုတ်ပြန်ရေးသားထားတာကို တွေ့ရတဲ့အတွက် ပြည်သူပိုင် ပစ္စည်းတွေကို PDF တွေက သိမ်းယူခြင်းမဟုတ်ဘဲ စစ်တပ်ထောက်တိုင်နဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ တပ် အငြိမ်းစားပိုင် အရက်ဘီယာဖာများကိုသာ သိမ်းယူခဲ့ခြင်းသာဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပိုင်ပစ္စည်းတွေကို PDF တွေက ဓါးပြတိုက်နေတယ်ဆိုတဲ့အကြောင်းအရာဟာ နားလည်မှု လွဲမှားစေ အောင်ရည်ရွယ်ပြီး ဖြန့်ဝေထားတဲ့သတင်းအမှားဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







