ထိုင်းဝန်ကြီးချုပ် တက်မဲ့ပွဲမှာ PDF ၁ ဦးက  လက်နက်ယူဆောင်လာလို့ ထိုင်းရဲ ဖမ်းဆီးဆိုတဲ့ မှားယွင်း ချိတ်ဆက်ပြီးဖြန့်တဲ့ သတင်းအမှား
Share:FacebookX

ထိုင်းဝန်ကြီးချုပ် တက်မဲ့ပွဲမှာ PDF ၁ ဦးက  လက်နက်ယူဆောင်လာလို့ ထိုင်းရဲ ဖမ်းဆီးဆိုတဲ့ မှားယွင်း ချိတ်ဆက်ပြီးဖြန့်တဲ့ သတင်းအမှား

ထိုင်းဝန်ကြီးချုပ် တက်မဲ့ပွဲမှာ PDF ၁ ဦးက  လက်နက်ယူဆောင်လာလို့ ထိုင်းရဲ ဖမ်းဆီးဆိုတဲ့ မှားယွင်း ချိတ်ဆက်ပြီးဖြန့်တဲ့ သတင်းအမှား

 

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄    ရက်

(Factcheck / DNA / The Red Flag)

 

☑️အနှစ်ချုပ်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အနုထင် တက်ရောက်မဲ့ အခမ်းအနားပွဲတခုကို ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ PDF ၁ ဦး လက်နက်ယူဆောင်လာလို့ ထိုင်းရဲကဖမ်းဆီးရာ  လုပ်သေနတ်၊ ကျည်ဆန်တွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်ဆိုပြီး ဓါတ်ပုံ ၂ ပုံနဲ့အတူ ရေးသားဖြန့်ဝေချက်တွေ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။ ဒီသတင်းကို DNA က စစ်ဆေးကြည့်တဲ့အခါမှာတော့ မှားယွင်းချိတ်ဆက်ထားတဲ့ သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ် တွေ့ရှိရပါတယ်။ 

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

ထိုင်း ဝန်ကြီးချုပ် အနုထင် တက်ရောက်မည့် အခန်းအနားပွဲတစ်ခုတွင် ထိုင်းနိုင်ငံအတွင်း ခိုအောင်းနေတဲ့ PDF ၁ ဦးက လက်နက်ယူဆောင်လာသည့်အတွက် ထိုင်းရဲကဖမ်းဆီး။ ထိုင်းရဲတွေက မသင်္ကာ၍ စစ်ဆေး စဉ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ၊ လက်လုပ်သေနတ်၊ ကျည်များနှင့်အတူ ဖမ်းဆီးရမိသွားကြောင်း

ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။ PDF အကြမ်းဖက်တွေကတော့ ထိုင်းနိုင်ငံထဲအထိ သွားပြီး အကြမ်းဖက်အလုပ်တွေ လုပ်လာကြပြီ။ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြတဲ့ ရွေ့ပြောင်းအလုပ် သမားတွေကတော့ အကြပ်ခံရတော့မယ်။ နီပိတ်တွေရှိတဲ့နေရာမှန်သမျှ ဘယ်နေရာမှ မအေးချမ်းဘူး။” (မူရင်းအရေးအသားအတိုင်း)လို့ ရေးသားထားပြီး ဓါတ်ပုံ ၂ ပုံနဲ့အတူ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်မှာ စစ် ကော်မရှင်တပ် လော်ဘီဖြစ်တဲ့ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

မှိုင်းဝေ- https://archive.ph/GjPGh 

 

ဒီအကြောင်းအရာကို မှိုင်းဝေချန်နယ်မှာ ဧပြီ ၂၂ ရက်အထိ Reaction ၄၅၆ ခု၊ View ၂၀,၈၀၉ ခုနဲ့ Share ၁၃ ဦး ရှိခဲ့ပြီး  ပျံ့နှံ့နေခဲ့တာကို တွေ့ရပါတယ်။

 

ဒီအကြောင်းအရာကို အခြားလော်ဘီချန်နယ်တွေဖြစ်တဲ့ သံတော်ဆင့်၊ နောင်ရိုးဟစ်တိုင်၊ Ko Thet, D.I Thameedaw, Kyaw Swar,Thazin Oo စတဲ့ တယ်လီဂရန်ချန်နယ်တွေက ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရ ပါတယ်။

သံတော်ဆင့် – https://archive.ph/7ys8n 

နောင်ရိုးဟစ်တိုင်- https://archive.ph/23kx9 

Ko Thet- https://archive.ph/sETup 

D.I Thameedaw- https://archive.ph/7wHFh 

Kyaw Swar- https://archive.ph/7DofZ  

Thazin Oo- https://archive.ph/QichF 

 

ဒါအပြင် Satt Nann Wati Maung Facebook Page ကနေ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်မှာ ရေးသား ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

Satt Nann Wati Maung- https://shorturl.at/EDZol 

 

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ ထိုင်းနိုင်ငံ၊ ချွန်ဖွန်ပြည်နယ် (Chumphon)၊ ပါသီအိုခရိုင် (Pathio)၊ ပါ့ခ်ခွန် (Pak Khlong) မြို့နယ်၊ ကျေးရွာအမှတ် ၅ ရှိ ဘန်ဘုတ်ကမ်းခြေ (Bang Boet Beach)မှာ ဝန်ကြီးချုပ် အနုတင် တက် ရောက်မဲ့ “ဘန်ဘုတ် ဆွန်ကရန်ပွဲတော်”မှာ ထိုင်းလုံခြုံရေးအဖွဲ့က စစ်ဆေးနေချိန်  မြန်မာနိုင်ငံသားလို့ဆိုသူ တဦးကို  ကျည်ထိုးထားတဲ့ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၅ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းသာ ဖြစ် ပြီး PDF တဦးဖြစ်တယ်ဆိုတဲ့ အကြောင်းအရာဟာ မမှန်ကန်ပဲ ပုံဖျက်ရေးသားထားတဲ့ သတင်းမှား ဖြစ် တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

“၂၀၂၆ ခုနှစ်၊ ဧပြီ ၁၈ ရက်မှာ ထိုင်းနိုင်ငံ၊ ချွန်ဖွန်ပြည်နယ် (Chumphon)၊ ပါသီအိုခရိုင် (Pathio)၊ ပါ့ခ်ခွန် (Pak Khlong) မြို့နယ်၊ ကျေးရွာအမှတ် ၅ ရှိ  ဘန်ဘုတ်ကမ်းခြေ (Bang Boet Beach)ရှိ ဘန်ဘုတ် Songkran ပွဲတော်ကို ထိုင်းဝန်ကြီးချုပ် အနုတင် တက်ရောက် ဖွင့်မှာဖြစ်လို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေ က လုံခြုံရေးတင်းကြပ်စွာ စစ်ဆေးရှာဖွေနေချိန်မှာ အသက်  ၃၀ ခန့် သံသယဖြစ်ဖွယ် အမျိုးသားတဦးကို တွေ့ရှိစဉ် ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ရာ ‘ကို’ ဆိုတဲ့ အမည်ရှိ စာရွက်စာတမ်း မရှိတဲ့ မြန်မာနိုင်ငံ သားတဦးဖြစ်ပြီး ပခုံးလွယ်အိတ်အတွင်းက  ကျည်ဖြည့်ပြီးသား  လက်လုပ်သေနတ် ၁ လက်နဲ့ကျည် ၅ တောင့်နဲအတူ ရှာဖွေတွေ့ရှိခဲ့လို့ Bang Saphan Noi ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ်”ဆိုပြီး ထိုင်း သတင်းဌာနတွေဖြစ်တဲ့ Daily News, Secnia, Saimrath တို့က ရေးသားထားတာကို တွေ့ရပါတယ်။ 

Daily News- https://shorturl.at/O21cL 

Secnia- https://shorturl.at/x4BKA 

Saimrath- https://shorturl.at/D4WHp 

“ထိုင်းဝန်ကြီးချုပ် အနုတင် တက်ရောက်မဲ့  ထိုင်းနိုင်ငံ၊ Chumphon (ချွမ်ဖွန်)ပြည်နယ်၊ Pathio ခရိုင် ဘန်ဘုတ်ကမ်းခြေ (Bang Boet Beach)မှာ ဧပြီလ ၁၈ ရက်က ကျင်းပတဲ့ “Bang Boet Songkran” ပွဲကို  လုံခြုံရေးတင်းကြပ်ဆောင်ရွက်နေချိန် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကို တွေ့ရှိပြီး စစ်ဆေးဖို့လုပ်ရာ အနီးရှိ အပန်းဖြေစခန်းတခုရဲ့အမှောင်ထဲကို ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရာမှာ ကျောပိုးအိတ်အတွင်း က ကျည်ထည့်ထားတဲ့ .၃၈ လက်လုပ်သေနတ် ၁ လက်နဲ့အပိုကျည် ၅ တောင့်နဲ့အတူ ‘ကို’လို့ အမည်ရတဲ့ အထောက်အထား မရှိတဲ့ မြန်မာ ၁ ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးဆောင်ရွက်နေတယ်”လို့ The First Weekly News, Beacon Myanmar, The Justice Wave သတင်းဌာနတွေက ရေးသားထားပါတယ်။

The First Weekly News- https://shorturl.at/7gXlB 

Beacon Myanmar- https://shorturl.at/bxcT0 

The Justice Wave- https://shorturl.at/9MgAI 

☑️သုံးသပ်ချက် 

ဖြန့်ဝေထားတဲ့သတင်းမှာ ပါဝင်နေတဲ့ ပုံ ၂ ပုံကို Google Lens နဲ့ ရှာဖွေလိုက်တဲ့အခါမှာ ထိုင်းသတင်းဌာန Daily News ကရေးသားထားတဲ့ ဝန်ကြီးချုပ်အနုတင် တက်မဲ့ ဘန်ဘုတ်ကမ်းခြေ (Bang Boet Beach) ဆုန်ခရန်ပွဲမှာ လုံခြုံရေးစစ်ဆေးချိန် လက်လုပ်သေနတ် ၁  လက်နဲ့ကျည် ၅ တောင့်နဲ့အတူ တွေ့တဲ့ မြန်မာ ၁ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းအကြောင်းအရာဟာ ဖြစ်စဉ်အမှန်ဖြစ်ပေမယ့် အဲဒီသတင်း ထဲမှာ ဖမ်းမိတဲ့ မြန်မာဆိုသူဟာ PDF ဖြစ်တယ်လို့ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

ထိုင်းနိုင်ငံ၊ ဘန်ဘုတ်ကမ်းခြေ (Bang Boet Beach)မှာ ကျင်းပတဲ့”ဘန်ဘုတ် ဆွန်ကရန်ပွဲတော်(သင်္ကြန်ပွဲ)” ကို ဝန်ကြီးချုပ်အနုထင် တက်ရောက်မှာဖြစ်လို့ ထိုင်းလုံခြုံရေးအဖွဲ့က စစ်ဆေးခဲ့ရာ မြန်မာအမျိုးသားတဦး ကို.၃၈ လက်လုပ်သေနတ်တလက်၊ ကျည် ၅ထောင်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်ဆိုတာ  မှန်ကန်ပြီး  ဖမ်းမိသူ ဟာ  PDF တဦးဖြစ်တယ်ဆိုတဲ့ ရေးသားချက်ဟာ မှားယွင်းနေတာကိုတွေ့ရပါတယ်။

ဒါအပြင် ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းမီဒီယာတွေမှာ ၂၄.၄.၂၀၂၆ ရက်အထိ ဖမ်းဆီးရမိတဲ့မြန်မာ အမျိုးသားဟာ PDF တဦးဖြစ်တယ်လို့ ရေးသားထုတ်ပြန်ချက်တစုံတရာ မတွေရှိရသေးတာကို တွေ့ရပါ တယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .