အေအေအဖွဲ့က အသေခံတပ်သားအဖြစ်စုဆောင်းထားတဲ့ သူတွေကို ထွက်ပြေးမှာဆိုးတာကြောင့် မျက်နှာပေါ်မှာ တက်တူးထိုးပေးထား ဆိုတဲ့ သတင်းအမှား
၂၀၂၆ ဧပြီ ၁၇
Fact Check – DNA
အာရက္ခတပ်တော် AAကနေ အသေခံတပ်သားအဖြစ်ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူတွေကို တပ်ကနေထွက်ပြေးမှာ စိုးရိမ်တာကြောင့် မျက်နှာပေါ်မှာတက်တူးထိုးပေးထားတာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေနေပါတယ်။
အဲ့ဒီသတင်းမှားကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ ရွှေဘချန်နယ်ကနေ ပြီးခဲ့တဲ့ ဧပြီ ၁၂မှာ စတင်ဖြန့်ချိထားတာဖြစ်ပြီး တခြားလော်ဘီချန်နယ်တွေကလည်း ပြန်လည်မျှထားတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာလုပ်ကြံဖန်တီးထားတဲ့သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
တကယ့် သတင်းဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီတပ်က စုဆောင်းထားတဲ့စစ်မှုထမ်းလူငယ်တွေကို ထွက်ပြေးမှာစိုးရိမ်တာကြောင့် စစ်တပ်က မျက်နှာမှာ တက်တူးထိုးပေးထားတာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
အာရက္ခတပ်တော် (AA) ဆီကို လက်နက်ချခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ပြောဆိုချက်အရ စစ်တပ်ကနေထွက်ပြေးတဲ့သူတွေကို နောက်တခါထပ်မပြေးနိုင်အောင်နဲ့ အရပ်သားတွေကြားမှာ ပြန်လည်ဝင်ရောက်နေတဲ့အခါမှာ မှတ်မိစေဖို့အတွက် အာဏာသိမ်းစစ်တပ်ကနေ ပြန်ဖမ်းမိတဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ တပ်ရင်းနံပါတ်နဲ့ တပ်ပြေးဆိုတဲ့ စကားလုံးတွေကို အတင်းအဓမ္မ မျက်နှာပေါ်မှာ တက်တူးပေးပြီး အပစ်ပေးနေတယ်ဆိုတဲ့အကြောင်းကို Narinjara သတင်းဌာနက ဖော်ပြထားပါတယ်။
Narinjara သတင်းဌာနက ဖော်ပြထားတဲ့ သတင်း >>> https://www.facebook.com/share/p/18Go9ZWF3s/
AAဆီကိုထွက်ပြေးလွှတ်မြောက်လာတဲ့ စစ်မှုထမ်းအပတ်စဥ် ၁၈ဆင်း ကိုယ်ပိုင်အမှတ် ပစ – ၁၈၅၂၁၉ ရဲဘော်ကျော်မိုးဝင်းကလည်း သူတို့ပထမအကြိမ်းထွက်ပြေးရာကနေ ပြန်ဖမ်းမိတဲ့အချိန်မှာ ဖမ်းမိတဲ့တပ်ရင်းနံပတ်ကို နောက်ထပ်မပြေးနိုင်အောင်နဲ့ အလွယ်တကူဖမ်းမိနိုင်အောင် စစ်ကောင်စီတပ်က နှာဖူးမှာ တက်တူးထိုးပေးလိုက်တယ်ဆိုတဲ့အကြောင်း Mandalay Free Press သတင်းဌာနမှာ မျက်နှာပြ အင်တာဗျူဖြေဆိုထားပါတယ်။
MFP မှာ အင်တာဗျူးဖြေဆိုထားတဲ့ ရုပ်သံ >>> https://www.facebook.com/share/v/17CMX4nUAk/
ရှေ့တန်းကာကင်းစခန်းတွေကနေ ထွက်ပြေးရာက ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ နဖူးနဲ့ ပါးပြင်တွေပေါ်မှာ တပ်ရင်းနံပတ်နဲ့ စစ်ပြေးဆိုတဲ့ စကားလုံးတွေကို အတင်းအဓ္ဓမ တက်တူးထိုးပေးနေတဲ့အပြင်ရှေ့တန်းကိုပါ ပြန်လည်ပို့ဆောင်နေဆိုတဲ့အကြောင်း Mizzima သတင်းဌာနနဲ့ BBM သတင်းဌာနတွေကလည်းသတင်းတင်ဆက်ထားပါတယ်။
Mizzima သတင်းဌာနကဖော်ပြထားတဲ့သတင်း >>> https://www.facebook.com/share/p/18XQejmKCp/
BBM သတင်းဌာနက ဖော်ပြထားတဲ့သတင်း >>>
https://www.facebook.com/share/v/1B5UrStjfY/
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် အေအေအဖွဲ့က အသေခံတပ်သားအဖြစ်စုဆောင်းထားတဲ့ သူတွေကို ထွက်ပြေးမှာဆိုးတာကြောင့် မျက်နှာပေါ်မှာ တက်တူးထိုးပေးထား ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက လုပ်ကြံဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်







