ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးဆိုပြီး ဝါဒဖြန့်ချိတဲ့ သတင်းအမှား
Share:FacebookX

ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးဆိုပြီး ဝါဒဖြန့်ချိတဲ့ သတင်းအမှား

ဇန်နဝါရီလ ၂ ရက် – Federal FM/ The Red Flag

ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRYအတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင်၁၅ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိ ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။

နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဇန်နဝါရီလ ၂၇ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကြည့်ရှုသူ တစ်သောင်းကျော်၊ like and react လုပ်သူ ၁၀၀နီးပါး ရှိပါတယ်။

သတင်းအမှားလင့်ခ် – https://t.me/KKM28640/10546?single

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) က တပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY)က တပ်ဖွဲ့ဝင်တစ်ဦး ဇန်နဝါရီလ ၂၇ရက်နေ့မှာ လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီရဲ့ လက်နက်ကြီး‌ ပစ်ခတ်မှုကြောင့် ရဲဘော်တွေနား ကပ်ကျပြီး ခြောက်‌ယောက်ထိပါတယ် ၊ သုံးယောက်ကျသွားပါတယ်။ ၃ ယောက်ထဲမှာ ကျန်တဲ့တစ်ဦးက အမှတ်(၁၀၀၈) တပ်ရင်း (SSRY) ကဖြစ်တယ်။ ကျဆုံးရဲဘော်တွေထဲက SSLRU က နှစ်ယောက်က တာဝန်ထမ်းဆောင်တာ တစ်နှစ်နီးပါးရှိပါတယ်။”လို့ SSLRU သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုဆစ်ဝေ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။” ဆိုပြီးတော့ လွတ်လပ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ သတင်းမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1U8w7krwc9/ 

နောက်ထပ်လွတ်လပ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့” မိုးဗြဲတိုက်ပွဲအတွင်း Yellow zone မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်၊ ၁၂၀ မမ တစ်လုံး ရဲဘော်တွေနား ကပ်ကျတာ ၊ ၆ ခြောက်ထိခိုက်ဒဏ်ရာရရှိ ပြီး ၃ ယောက်ကျသွားပါတယ် ” ဟု ကိုဆစ်ဝေက ပြောကြားသည်။ ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

Link – https://www.facebook.com/share/p/1JUiSfYVp8/

 

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရှမ်းတောင်တောင်လှန်ရေးအင်အားစုအမှတ်(၁၀၀၈)တပ်ရင်း (SSRY )က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာရှင်စနစ်ကိုအမြစ်ပြတ်အောင်ချေမှုန်းရင်းနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားခဲ့သောရှမ်းတောင်တောင်လှန်ရေးအင်အားစုအမှတ်(၁၀၀၈)တပ်ရင်း (SSRY )တပ်ခွဲ(၃)Zarmani Forceမှရဲဘော်ညဏ်ကြီး(အသက်-၂၄နှစ်)နှင့်(SSLRU)မှရဲဘော်ရဲဘော်ခန့်ခန့်(အသက်-၁၈နှစ်)၊ရဲဘော် ကော်ဘရာ(အသက်-၂၆နှစ်)တို့သည်မိုးဗြဲရှေ့တန်းတစ်နေရာတွင်27.1.2025တွင်တိုင်းပြည်နှင့်စနစ်တစ်ခုအတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ပါသည်။28.1.2025ကရင်နီဒေသတစ်ခုတွင်ကျင်းပသော စျာပနအခမ်းအနားအား မိမိတို့(၁၀၀၈)တပ်ရင်း တပ်ခွဲ(၂) Cobra Forceရဲဘော်များမှ သူရဲကောင်းတို့​၏နောက်ဆုံးခရီးအား အလေးနီပြု ကာဆုတောင်းအပ်ပါသည်။ ရဲဘော်တို့ရောက်ရာဘဝတွင်အေးချမ်းစွာအနားယူနိုင်ပါစေ “ ဆိုပြီး ထုတ်ပြန်ထားပါတယ်။

Link – https://www.facebook.com/share/p/19bnzUvvpp/

SSLRU က တပ်ရေးတာဝန်ခံ  ရဲမေဝိုင်းစိန်ကို ဖက်ဒရယ် FM က ဆက်သွယ်ကြည့်လိုက်တဲ့ အခါမှာတော့ “ ဒီသတင်းကတော့ လက်နက်ကြီးကြောင့် ရဲဘော်ကျတာမှန်ပါတယ်။ ကျတာက ၃ ယောက်ပါ။ ရဲဘော်အသက်က ၁၉ နှစ်၂ ယောက်ရယ်။ ၂၂ နှစ် တစ်ယောက်ရယ်ပါ။” ဆိုပြီးတော့ ဖက်ဒရယ် FMကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

ဒါကြောင့် “ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) က တပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY)က တပ်ဖွဲ့ဝင်တစ်ဦး ဇန်နဝါရီလ ၂၇ရက်နေ့မှာ လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တယ်” ဆိုတဲ့ သတင်းဟာ သတင်းအမှန်ဖြစ်ပေမဲ့ ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိ ဆိုတဲ့အကြောင်းအရာဟာ အချက်အလက်မှားယွင်းနေတာဖြစ်ပြီး စစ်ကောင်စီ လော်ဘီ ချန်နယ်ဟာ ပြည်သူတွေရဲ့ စိတ်ကို ထင်ယောင်ထင်မှားဖြစ်အောင်သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .