ဇန်နဝါရီလ၊ ၂၄ရက်။
(Fact Check) DNA / The Red Flag
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ရက်နေ့နဲ့ ၂၂ရက် နေ့တွေမှာ လေကြောင်းနဲ့ နောင်ချိုမြို့မရဲစခန်း၊ ထွေအုပ်ရုံးနဲ့ TNLAအကြီးပိုင်းတွေအစည်းဝေးလုပ်နေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲချခဲ့တာကြောင့် TNLA အကြီးပိုင်းများစွာ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းကို တိုက်ပွဲသတင်းစုံ ဆိုတဲ့ စစ်တပ်လော်ဘီချန်နယ်ကနေ ပြီးခဲ့ ဇန်နဝါရီ “ ထိခိုက်မှုအနေနဲ့ကတော့ ကြဲတဲ့နေရာတိုင်း ထိထိမိမိရှိပြီး TNLA ၄၀ လောက် သေဆုံးသွားတယ်။ ထွေအုပ် ရုံးထဲက TNLA တွေကတော့ အကုန်နီးပါးသေသွားပြီး ရုံးလည်း ပြားချသွားလို့ Back holeနဲ့ရှင်းထုတ်နေရတယ်”ဆိုတဲ့ စာသားနဲ့အတူ စတင်ဖြန့်ဝေထားပြီး အခြားတယ်လီဂရန်ချန်နယ်တွေကလည်း ပြန်လည်မျှဝေထားကြတာကြောင့် ပျံ့နှံ့မှုများပြားနေပါတယ်။
သတင်းမှားလင့်ခ်များ
တိုက်ပွဲသတင်းစုံ – https://archive.ph/emtQO
Aung Moe Kyaw – https://archive.ph/wip/fNMBf
နန်းငယ် – https://archive.ph/U8y7c
ဒါ့အပြင် အဲ့ဒီတယ်လီဂရန်ချန်နဲ့ကပဲ “ပလောင်ငိုတဲ့ နောင်ချိုဆိုတဲ့” ခေါင်းစဥ်ပါ ပို့စ်တခုကိုလည်း မနေ့ကညနေ၃နာရီဝန်းကျင်မှာ “အခု နောင်ချိုမြို့နယ်ထဲမှာ ခေါင်းဆောင်ပိုင်းတွေ မရှိသလောက်ဖြစ်သွားအောင် TNLA အနေနဲ့ အထိနာခဲ့ပြီး တိကျတဲ့ပစ်ချက်များကြောင့် ဒေသခံများက နှစ်နှောင်းဝမ်းသာအားရမှုရှိနေကြကြောင်း သိရပါတယ်။” ဆိုတဲ့ စာသားနဲ့ ထပ်မံရေးသားတင်ဆက်ထားတာကာ ဆိုရှယ်အသုံးပြုသူတွေကြားမှာပါ စိတ်ဝင်စားမှုများပြားနေတာပါ။
သတင်းမှားလင့်ခ်များ
တိုက်ပွဲသတင်းစုံ – https://archive.ph/N5EPh
နေပြည်တော် – https://archive.ph/yTIP2
Aung Kyaw Moe – https://archive.ph/llLi5
KO CHIT (MDY) – https://archive.ph/JAfUF
အဲ့ဒီသတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ နောင်ချိုမြို့မှာ စစ်ကောင်စီလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေအပေါ်သာဗုံးကျပေါက်ကွဲခဲ့ပြီး အရပ်သားတွေသာ ထိခိုက်သေဆုံးခဲ့တာကြောင့် သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
☑️ သတင်းစိစစ်ချက်
DNA Fact Check အဖွဲ့ကနေ နောင်ချိုမြို့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ တည်နေရာကို တည်နေရာစစ်ဆေးတဲ့ ကရိယာတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ ဗုံးကြဲချခံရတဲ့လက်ဘက်ရည်ဆိုင်က အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်အတွင်းမှာသာဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ တည်နေရာ -22.32930, 96.80066
စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ်တိုက်ခိုက်မှုကို လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်တဲ့ Myanmar witness ကလည်း အတည်ပြုရှာဖွေနိုင်ခဲ့ပါသေးတယ်။
Myanmar witness – https://t.me/myanmarwitness/588
စစ်ကောင်စီက အရပ်သားတွေပဲရှိတဲ့ နောင်ချိုမြို့ ပါရမီလက်ဘက်ရည်ဆိုင်ကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၁၀ဦးထက်မနည်းသေးဆုံးခဲ့တယ်ဆိုတာကို DVB ကနေ ဒေသခံအရင်းမြစ်တွေရဲ့ပြောကြားချက်အရ သတင်းရေးသားထားပါသေးတယ်။
DVB TV News – https://burmese.dvb.no/post/687443
လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အဲ့ဒီ လက်ဘက်ရည်ဆိုင်မှာရှိတဲ့ အကြော်ဆရာအဖြစ်လုပ်ကိုင်နေတဲ့အမျိုးသားကလွဲပြီး အဲ့ဒီဆိုင်မှာရှိတဲ့ ဒေသခံတွေထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတာကို ရှမ်းမြောက်အခြေစိုက်မီဒီယာတခုဖြစ်တဲ့ ရွှေဖီမြေကလည်းရေးသားထားပါသေးတယ်။
Shwe Phee Myay News – https://www.facebook.com/share/p/1ACM91Qx9X/
စစ်ကောင်စီက နောင်ချိုမှာ ပြီးခဲ့တဲ့ ၂၁ရက်နေ့နဲ ၂၂ရက်နေ့တွေမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာကြောင့် သေဆုံးတဲ့သူတွေ ဒါဇင်နီးပါးရှိနေပြီး ဗုံးကြဲချခဲ့တဲ့နေရာတွေကလည်း အရပ်သားပြည်သူတွေရှိနေတဲ့နေရာတွေဖြစ်တာကို BBC Burmese ကရေးသားထားတဲ့သတင်းမှာလည်း ဖတ်ရှုအတည်ပြုနိုင်ပါတယ်။
BBC Burmese – https://shorturl.at/MtgQi
နောင်ချိုမြို့၊ စည်ပင်ရုံးနဲ့ထွေအုပ်ရုံးအနီးဗုံးကြဲချခဲ့တဲ့ဖြစ်စဥ်မှာ ဒေသခံအရပ်သားတဦးထိခိုက်သေဆုံးခဲ့ပြီး လက်ဘက်ရည်ဆိုင်သို့ ဗုံးကြဲချခဲ့တာကြောင့်လည်း အရပ်သားပြည်သူ ၁၀ဦးကျော်ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကိုလည်း Western News ကရေးသားထားပါတယ်။
Western News – https://www.facebook.com/share/p/17qbKTHuNx/
အခုလိုလေကြောင်းသုံးဗုံးကြဲချခဲ့တာကြောင့် နေအိမ်အဆောက်အဦးနှစ်ခုထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ တွေလည်းထိခိုက်သေဆုံးခဲ့တယ်ဆိုတာကိုလည်း ရှမ်းပြည်နယ်အခြေစိုက် Shan News သတင်းဌာနကလည်းရေးသားထားပါသေးတယ်။
Shan News – https://www.facebook.com/share/p/1BR6m8jqDX/
☑️ သုံးသပ်ချက်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ စစ်ကောင်စီနဲ့ TNLA/ MNDAAတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ လေကြောင်းသုံးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တွေ့ရှိရပါတယ်။
စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ TNLAတပ်သားတွေ အစည်းဝေးလုပ်နေတာကြောင့်ဗုံးကြဲချခဲ့တာဖြစ်ပြီး အယောက်၄၀၊ ၆၀ကျော်သေဆုံးခဲ့တယ်ဆိုတာမျိုး မတွေ့ရှိရတာကြောင့် သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်ကနောင်ချိုမှာ စစ်ကောင်စီတပ်က ရဲစခန်းနဲ့ထွေအုပ်ရုံးအပေါ်ကို လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် TNLAတွေများစွာသေဆုံးခဲ့တယ်ဆိုတဲ့သတင်းက သတင်းမှားဖြစ်တယ်ဆိုတာကိုလည်း ရွှေဖီမြေသတင်းဌာနကနေလည်း စစ်ဆေးနိုင်ခဲ့ပါသေးတယ်။
Shwe Phee Myay – https://www.facebook.com/share/p/18auAeuKmp/
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#လေကြောင်းတိုက်ခိုက် #နောင်ချို #TNLA #CivilianCasualties #MFCN #DNAFactCheck