KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ် ဆိုပြီး ဝါဒဖြန့်ချိ
Share:FacebookX

KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ် ဆိုပြီး ဝါဒဖြန့်ချိ

ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag

KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။

နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်နေ့အထိ ကြည့်ရှုသူ ၁၂၀၀၀ကျော်၊ like and react လုပ်သူ ၁၈၀ ဦး ကျော်ရှိပါတယ်။

သတင်းအမှားလင့်ခ် – https://t.me/KKM28640/9568

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ရှမ်းတောင် – ကရင်နီ (ကယား) နယ်စပ် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ စျေးအနီးကို စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာလ ၂၇ရက်နေ့) တွင် ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ခြင်းကြောင်း စစ်ရှောင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ညနေ ၃ နာရီ မိနစ် ၂၀ အချိန်၌ လူနေထူထပ်သည့် ပီကင်းစျေးအနီးနားကို ကြဲချခဲ့ခြင်းဖြစ်ကာ နေအိမ်၅လုံး ပျက်စီးခဲ့ပြီး ထိခိုက်သူ နှစ်ဦးမှာအသက် ၇၀ ကျော် အရွယ် အဖွားအိုတစ်ဦး နှင့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦးတို့ဖြစ်သည်။
” အဖွားတစ်ဦးက နားထင်ကိုထိသွားတယ် ။ လမ်းမှာ ဖြတ်သွားတဲ့ လူငယ်တစ်ဦးက လက်တစ်ဖက် ထိသွားတယ် ။ သူတို့ ၂ ယောက် လုံးကိုတော့ ဆေးရုံပို့လိုက်ပါပြီ ” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။“ ဆိုပြီးတော့ Karenni People’s Voice သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/ML2KYvamW4ekC4YK/
နောက်ထပ်လွတ်လပ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာတော့“ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာမှာ စစ်ကောင်စီက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဒီညနေ ၃နာရီခွဲလောက်မှာဖြစ်ပါတယ်။ ထိခိုက်မှုကတော့ ပြည်သူနှစ်ဦးထိခိုက်တယ်လို့ ကျနော်တို့ ကနဦးသိရတယ်။ “လို့ တာအယ်စိုးက ဆိုပါတယ်။
စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံးနဲ့ နှစ်ကြိမ်လာကြဲသွားတာဖြစ်ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကာ စစ်ကောင်စီဟာ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ အရပ်သားရှိရာနေရာတွေကို ဦးတည်တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့ တာအယ်စိုးက ဆက်ပြောပါတယ်။
“အခုတစ်ခေါက် ဒါပီကင်းမှာပေါ့နော် ထပ်ပြီး ဗုံးကြဲတိုက်ခိုက်တာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ဖယ်ခုံအနောက်ခြမ်းမှာ စစ်ပွဲတိုက်ပွဲနဲ့ဝေးတဲ့ ဖယ်ခုံအနောက်ခြမ်းလို ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်။ “လို့ သူကဆိုပါတယ်။
” လူထုတွေကိုအကြောက်တရားနဲ့လုပ်တာလို့ပဲ မြင်တယ်။ ဘားမှ စစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့ အရပ်သားတွေနေတဲ့နေရာကို ဒီလို လေယာဉ်နဲ့ လာကြဲတာ များနေပြီ‌။ လူထုတွေလည်း ဒီ လေယာဉ်ပြောလိုက်ရင် တအားကြောက်နေကြပြီ။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။” ဆိုပြီးတော့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က ဖြန့်ချီတဲ့ သတင်းမှာ အသုံးပြုထားတဲ့ပုံတွေဟာ လေယာဉ်ဗုံးကြဲပြီး ပျက်စီးသွားတဲ့ ပုံတွေ မဟုတ်ဘဲ နန်းမယ်ခုံမြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွားတဲ့ပုံကို အသုံးပြုထားတာကို တွေ့ရှိရပါတယ်။
Link – https://www.facebook.com/share/p/xCxUSy4zSrr2YxMb/
Link-https://www.facebook.com/KarenniPeopleVoice/posts/pfbid02aqE6ZQnq7dNLRhFaxwePXP7x5M1cCs7dEPt6qwU7Lc9ZqHAgjfnLdNBRE1FKHFPgl

 

သုံးသပ်ချက်
ဒါကြောင့် “KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်” ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပြီး စစ်ကောင်စီ လော်ဘီ ချန်နယ်ဟာ ပြည်သူတွေရဲ့ စိတ်ကို ထင်ယောင်ထင်မှားဖြစ်အောင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .