TNLA ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးမှုများတယ်ဆိုတဲ့သတင်းမှား
Share:FacebookX

TNLA ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးမှုများတယ်ဆိုတဲ့သတင်းမှား

ရှမ်းပြည်နယ်၊ နမ့်ဆန်မှာရှိတဲ့ တအာင်းတပ် (TNLA )ဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်အများအပြား ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့လျက်ရှိနေပါတယ်။
အဲဒီသတင်းအမှား ကို စစ်ကောင်စီလော်ဘီချန်နယ်တွေကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်၊ နေ့ခင်း ၁ နာရီကျော်လောက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှုရရှိနေပြီး ပျံ့နှံ့မှုအားကောင်းနေတာပါ။
စစ်တပ်ထောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ Ye Yint Htet ချန်နယ်ကနေ စတင် ဖြန့်ဝေထားပြီး ကြည့်ရှု့သူ ၁၂, ၀၀၀ ကျော်ထိရှိနေကာ အဲဒီပို့စ်ကို ပြန်လည်မျှဝေထားတဲ့ ချန်နယ်တွေမှာလည်း ပျံ့နှံ့မှုများနေတာကို တွေ့ရပါတယ်။
DNA Fact Check အဖွဲ့ကနေပြီး အဲဒီပျံ့နှံ့နေလာတဲ့ သတင်းကို စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာ မှန်ပေမယ့် TNLA ဌာနချုပ်ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အပြည့်အစုံဖတ်ရှုရန်
Website link – Delta News Agency
Facebook Link – Delta News Agency
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .