Home

MFCN_logo

Latest Articles

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်တာကို KNU ၊ PDF အဆောက်အအုံထိခိုက်တာလို့ သတင်းမှားဖြန့်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက ကျောက်အိုင်ရွာနဲ့ မယ်ကဲရွာကို စစ်ကောင်စီက ဇွန်လ ၇ ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသားအဖနှစ်ဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရပါတယ်။ အဲဒီဖြစ်စဉ်အပေါ်မှာ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဆောက်အအုံတွေဟာ KNU ၊ PDF တွေရဲ့ အဆောက်အအုံတွေဖြစ်တယ်လို့ ဇွန်လ ၇...
Read More

စစ်ကောင်စီမှ ဖမ်းဆီးရမိ လိုင်စင်မဲ့မော်တော်ယာဉ်များကို လိုင်စင်ပြန်လုပ်ပေးမည်ဆိုသည့် ထုတ်ပြန်ချက် အတု

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ ခမ်းသားငေါဝ်း/ MFCN/ The Red Flag Fact Check – အချက်လက် စစ်ဆေးခြင်း   လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်အသီးသီးနှင့် မြို့ပေါ်နေရာ တော်တော်များများတွင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက လိုင်စင်မဲ့ မော်တော်ယာဉ် ကားများနှင့် ဆိုင်ကယ်များကို ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိသည်။ ထိုလိုင်စင်မဲ့မော်တော်ယာဉ်များအပြင်...
Read More

◾️ အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဆိုကာ India OPINDIA ကနေ ဖော်ပြတယ်ဆိုပြီး စစ်ကောင်စီချန်နယ်များဝါဒဖြန့်  Akyab Post/ MFCN 14 Jun 2025 Fact Check အာရက္ခတပ်တော် အေအေအဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသသို့ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးက သတိထားဖို့ လိုတယ်ဆိုပြီးတော့...
Read More

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

  June 12, 2025 By Myanmar Pressphoto Agency + Shan News – The Red Flag ရှမ်းပြည်နယ် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF...
Read More

သံတွဲမြို့နယ်က အေအေတပ်သားတွေရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်ဆိုကာ စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

Akyab Post/ MFCN 12 Jun 2025 Fact Check ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက အေအေတပ်သားတွေ အစုလိုက်နေထိုင်တဲ့ နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။  တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Snow Queen ချန်နယ်ကနေ ဇွန်လ ၈ ရက်နေ့မှာ “ သံတွဲမြို့နယ်အတွင်း...
Read More

ထိုင်းနိုင်ငံမြို့တွင်းတွင် ပစ်ခတ်မှု ဖြစ်ပွားသွားသည့်အသွင်ဖြင့် သတင်းအမှားဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ ခမ်းသားငေါဝ်/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag/ MFCN Fact Check – အချက်လက် စစ်ဆေးခြင်း   ဖေ့ဘွတ်ခ် လူမှုကွန်ယက်ပေါ်တွင် မြို့တွင်းလမ်းမတစ်နေရာ၌ ပေါက်ကွဲပစ်ခတ်သံနှင့်အတူ ပွိုင့်ကား သုံးစီး တပြိုင်နက် Driftဆွဲနေသည့် ဖြစ်စဉ်ကို အဝေးတစ်နေရာမှ ရိုက်ကူးထားသည့်...
Read More

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှု PDF များလက်ချက်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။ “VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က...
Read More

ရေကြီးရေလျှံမှုကြောင့် မြဝတီအာရှကားလမ်းမနဲ့ ဒလတံတားများ ပျက်စီးနေတယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖောက်လုပ်ထားတဲ့ အာရှကားလမ်းမကြီးပေါ် ဇွန်လ ၁ရက် ညနေပိုင်းက တောင်ပြိုကျပြီး ကားလမ်းမကြီးပြိုကျလို့ကားတွေ ပျက်စီးကုန်တယ်လို့ ရုပ်သံတွေနဲ့အတူ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။ လူမှုကွန်ရက်ပလပ်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်၊ တစ်တော့၊ အင်စတာဂရမ်၊ တယ်လီဂရမ်၊ ယူကျု့ စာမျက်နှာတွေမှာ သာမက ဝက်ဆိုက်ဒ်တချို့ပေါ်မှာပါ “ကရင်ပြည်နယ် မြဝတီလမ်း တောင်ပြိုကျ ကားလမ်းပျက်စီး ကားတွေအများကြီး ပျက်စီး” ဆိုပြီး ရေးသားမှုတွေနဲ့...
Read More

ရေပူနှင့် ဘုရားတောင်ရွာရှိ လူနေအိမ်များကို KNDFနှင့် အင်းလေး PDF တို့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ ခမ်းသားငေါဝ်း/ ဖက်ဒရယ် FM/ MFCN/ The Red Flag Fact Check – အချက်လက် စစ်ဆေးခြင်း ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ရေပူကျေးရွာနှင့် ဘုရားတောင် ကျေးရွာတို့မှာ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့ ထိုးစစ်ဆင်မှုကြောင့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်-IPDF(၁၀၀၉) တပ်ရင်းနှင့်...
Read More

Latest Publication

ကျောက်တော်မြို့က အေအေရဲ့ တပ်တော်နေ့ ပွဲကျင်းပမဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ဆိုပြီး စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

15 April 2025 Akyab Post – Red Flag ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။  တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ...
Read More

April Fool’s Day

April Fool’s Day သည် ပျော်စရာ အနေဖြင့် တကယ့် အချက်အလက်များကို လှည့်စားတက်တဲ့ နေ့တနေ့ဖြစ်သည်။ သို့သော် အန္တရာယ်ရှိတဲ့ သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လာတတ်သော နေ့တနေ့လည်း ဖြစ်သည်။ နောက်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့်တင်သော်လည်း သတင်းအမှားသည် ပို၍ပျံ့နှံ့တတ်ပါသည်။ April fool’s day မှာ ပြည့်စုံကောင်းမွန်သော သတင်းများကို သံသယစိတ်ဖြင့် သတိထားပါ။ ပြန်လည်မမျှဝေခင်...
Read More

ငလျင်လှုပ်နေချိန်မှာ စားပွဲစတဲ့ အကာအကွယ် တခုခုအောက်မှာ မနေသင့်ဘူးဆိုတဲ့ ဖော်ပြချက်အမှား

မတ်လ – ၂၉ ရက်၊ ၂၀၂၅။ ( Fact-check) Lagon Eain, The Red Flag “ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။...
Read More

အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား

(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More

လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More

မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား

Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More

ပြည်သူများ သတင်း‌ပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့ ဟု ဓာတ်ပုံအဟောင်းကိုအသုံးပြု၍ ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

By Haythar/ Myanmar Pressphoto Agency- The Red Flag ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီး‌ထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအ‌ဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်း‌ပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။ ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ...
Read More

လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch...
Read More

ပါးချိတ်ရောင်ရင် မဲနယ်၊ ဆေးမှင်ပြာလိမ်းရတယ်ဆိုတဲ့ အယူအဆအမှား

မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။ ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း...
Read More

Latest Investigation Article

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။  ဖြစ်စဉ်အကျဉ်းချုပ်...
Read More

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။  ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .