
မုဒိမ်းမှုများပြားလာခြင်းကြောင့် ရခိုင်အမျိုးသမီးများ ပြည်မဘက်ကို ထွက်ပြေးမှုများပြားလာဆိုပြီး သတင်းအမှားဖြန့်
Akyab Post/ MFCN Fact Check 3 Jul 2025 အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မုဒိမ်းမှုတွေများပြားလာတာကြောင့် ရခိုင်အမျိုးသမီးအများစုဟာ ပြည်မဖက်ကို ထွက်ပြေးမှုတွေ များပြားလာတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့်စ်တွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်လေ့ရှိတဲ့ “Western 24 News...
Read More
ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် အများအပြားသေဆုံးသည်ဟု ဖော်ပြချက်အပေါ် စိစစ်ချက်
၂၀၂၅ ဇူလိုင် ၃ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။ အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ...
Read More
နောင်ချိုမြို့ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပေးရန် ဒေသခံများတောင်းဆိုနေဆိုသည့် သတင်းအမှား
၂၀၂၅ ဇွန်လှိုင် ၁ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) ရှမ်းပြည် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေကြကြောင်း ဓာတ်ပုံအချို့ဖြင့် သတင်းအမှားဖြန့်ချိနေပါသည်။ စဝ်နန်းဝတီမောင်ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး “နောင်ချိုဒေသခံ စစ်ရှောင်များမှ နောင်ချိုမြို့ကို တပ်မတော်မှ အမြန်ဆုံးပြန်လည်သိမ်းပိုက်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ကစထမှူးမှ နှစ်ပတ်အတွင်းမှာပင် နောင်ချိုမြို့ကို...
Read More
လောင်းလုံးမှာ အဘွားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အဓမ္မပြုကျင့်မှု ဖုံးကွယ်ဖို့ကြိုးပမ်း
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တစ်ဦးဟာ အဘွားတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်နဲ့ နှင်းဆီရောင်အမျိုးသမီးသမဂ္ဂတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ အဲဒီဖြစ်စဉ်ဟာ မမှန်ကန်ဘူး ငြင်းဆိုထားသလို ဒီဖြစ်စဉ်ဟာ လိမ်လည်ထားတာလို့လည်း စွပ်စွဲထားတာတွေ့ရပါတယ်။ Suscriber လုပ်ထားသူ သုံးသောင်းကျော်ကနေ တစ်သိန်းသုံးသောင်းကျော်အကြားရှိတဲ့ Ko Thet ၊ တပ်ကြပ်ကြီးဖိုးစီ၊ DGF21news အမည်နဲ့...
Read More
ပလက်ဝမြို့မှာ အေအေကနေ ပြည်သူ့ဆန်များကို ဖောက်ထွင်းခိုးယူနေဆိုပြီး သတင်းအမှားဖြန့်
Akyab Post/ MFCN Fact Check 30 Jun 2025 ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် အေအေဖက်ကနေ ဒေသခံချင်းလူမျိုးတွေရဲ့ အိမ်တွေကနေ ဆန်တွေကို ဖောက်ထွင်းယူပြီးတော့ ဒေသခံတွေကို ပေးနေတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရမ်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီးတော့ သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်လေ့ရှိတဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ် Western...
Read More
မိုးကုတ်တွင် TNLA မှ PDF များကို ဖမ်းဆီးရမိဆိုသည့် သတင်းအမှား
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ခမ်းသားငေါဝ်း/မြစ်ကြီးနားသတင်းဂျာနယ်/ MFCN/ The Red Flag Fact Check – အချက်လက် စစ်ဆေးခြင်း မန္တလေးတိုင်း၊ မိုးကုတ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မှ PDF များကို ဖမ်းဆီးရမိသည့် အကြောင်း ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။ ဖြန့်ဝေထားသည့်အကြောင်းအရာမှာ...
Read More
မော်ချီးဒေသရှိ KNPP တပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၁၀၀ကျော် ထိခိုက်သေဆုံးဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်ချိ
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ ဖက်ဒရယ် FM/ MFCN/ The Red Flag Fact Check – အချက်လက် စစ်ဆေးခြင်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းရှိ KNPPတပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်ဆိုပြီးတော့လစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဝါဒဖြန့်ချိထားပါတယ်။ စစ်ကောင်စီ သတင်းဝါဒဖြန့် “Truth...
Read More
ထိုင်းနိုင်ငံမှာ PDF ထောက်ပို့တဦးကို ထိုင်းနိုင်ငံသား တဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့တယ် ဆိုတဲ့ ဖော်ပြချက်အပေါ်စိစစ်ချက်
၂၀၂၅၊ ဇွန်လ ၂၈ ရက်။ (Fact Check) လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွတ်ပကန်ခရိုင် အနီးမှာ ဝိုင်းဖွဲ့ စားသောက်နေတဲ့ မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံသား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဇွန်လ ၁၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။...
Read More
ဆောင်နန်းခဲကျေးရွာရှိ ပြည်သူနေအိမ်များကို ပြည်သူ့ကာကွယ်ရေးတပ်မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ဖက်ဒရယ်FM/ ခမ်းသားငေါဝ်း/ MFCN/ The Red Flag Fact Check – အချက်လက် စစ်ဆေးခြင်း ရှမ်းပြည်နယ် တောင်ပိုင်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့အင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဇွန်လ ၂၃ ရက်နေ့ ဆောင်နန်းခဲကျေးရွာမှာ...
Read More
ကျောက်တော်မြို့က အေအေရဲ့ တပ်တော်နေ့ ပွဲကျင်းပမဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ဆိုပြီး စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်
15 April 2025 Akyab Post – Red Flag ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ...
Read More
April Fool’s Day
April Fool’s Day သည် ပျော်စရာ အနေဖြင့် တကယ့် အချက်အလက်များကို လှည့်စားတက်တဲ့ နေ့တနေ့ဖြစ်သည်။ သို့သော် အန္တရာယ်ရှိတဲ့ သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လာတတ်သော နေ့တနေ့လည်း ဖြစ်သည်။ နောက်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့်တင်သော်လည်း သတင်းအမှားသည် ပို၍ပျံ့နှံ့တတ်ပါသည်။ April fool’s day မှာ ပြည့်စုံကောင်းမွန်သော သတင်းများကို သံသယစိတ်ဖြင့် သတိထားပါ။ ပြန်လည်မမျှဝေခင်...
Read More
ငလျင်လှုပ်နေချိန်မှာ စားပွဲစတဲ့ အကာအကွယ် တခုခုအောက်မှာ မနေသင့်ဘူးဆိုတဲ့ ဖော်ပြချက်အမှား
မတ်လ – ၂၉ ရက်၊ ၂၀၂၅။ ( Fact-check) Lagon Eain, The Red Flag “ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။...
Read More
အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား
(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More
လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More
မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား
Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More
ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့ ဟု ဓာတ်ပုံအဟောင်းကိုအသုံးပြု၍ ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
By Haythar/ Myanmar Pressphoto Agency- The Red Flag ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီးထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။ ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ...
Read More
လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား
လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch...
Read More
ပါးချိတ်ရောင်ရင် မဲနယ်၊ ဆေးမှင်ပြာလိမ်းရတယ်ဆိုတဲ့ အယူအဆအမှား
မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။ ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း...
Read More
ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ
သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More
ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။ ဖြစ်စဉ်အကျဉ်းချုပ်...
Read More
စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း
လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။ ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More
ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း
ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More
ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်
ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More