အမ်းမြို့နယ်က အေအေတပ်သားတွေရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်ဆိုကာ စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်
Share:FacebookX

အမ်းမြို့နယ်က အေအေတပ်သားတွေရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်ဆိုကာ စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

Akyab Post/ MFCN/ The Red Flag

Fact Check

8 June 2025

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းက အေအေတပ်သားတွေ အစုလိုက်နေထိုင်တဲ့ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Snow Queen ချန်နယ်ကနေ ဇူလှိုင်လ ၄ ရက်နေ့မှာ “​အမ်းမြို့ စာသင်ကျောင်းဧရိယာအတွင်း စခန်းချထားသော AA အဖွဲ့ကို လေကြောင်းနဲ့ ဗုံးကြဲ” ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 Snow Queen ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/L3oIw 

ဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဇူလှိုင်လ ၈ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၉၃၀၀ ကျော်၊ Reaction ပေးသူ ၁၈၄ ဦးနဲ့ comment ပေးသူ ၄ ဦးနဲ့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေ ဖြစ်ကြတဲ့ People Media၊ May Yu Htar Nay အပါအဝင် Western 24 News တို့မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

📌 People Media မူရင်းပို့စ် – https://archive.ph/sgjh5 

📌 May Yu Htar Nay  မူရင်းပို့စ် – https://archive.ph/9NzBg 

📌 Western 24 News  မူရင်းပို့စ် – https://archive.ph/LcUcB 

ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ အမ်းမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေတပ်သားတွေနေထိုင်တဲ့နေရာမဟုတ်ပဲ စစ်ဘေးရှောင်တွေရှိကြတဲ့ စာသင်ကျောင်းတစ်ခုသာဖြစ်ပြီးတော့ ဖြန့်ဝေထားတဲ့ ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။​

◾️ သတင်းစိစစ်ချက်

စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို  သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

 Snow Queen ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့  Arakan Princess Media (အာရက္ခမင်းသမီး မီဒီယာ) ကနေ ဇူလှိုင်လ ၄ ရက်နေ့မှာ အမ်းမြို့၊ ပျဉ်းတောရပ်ကွက် စာသင်ကျောင်းကို စစ်ကောင်စီဖက်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်ဆိုတဲ့ သတင်းက ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

ဇူလှိုင်လ ၄ ရက်နေ့မှာ စစ်ကောင်စီဖက်ကနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းလုံးဝပျက်စီးသွားပြီးတော့ ပြည်သူတွေရဲ့နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ရေးသားဖော်ပြပါတယ်။ 

🔗 Arakan Princess Media (အာရက္ခမင်းသမီး မီဒီယာ) ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1aynru3wJr/ 

ဒါ့အပြင် ဇူလှိုင်လ ၄ ရက်နေ့မှာ အမ်းမြို့၊ ပျဉ်းတောရပ်ကွက်က စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခံရဝာာကြောင့် စာသင်ကျောင်းဆောင် တစ်ခုလုံး ပျက်စီးသွားပြီး အနီးအနားက လူနေအိမ် အချို့လည်း ပျက်စီးသွားတယ်လို့ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာဌာနကြီးတွေဖြစ်တဲ့ Development Media Group (DMG) နဲ့ Narinjara သတင်းဌာတို့ကနေ ရေးသားဖော်ပြထားပါတယ်။ 

🔗 Development Media Group (DMG) ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1AwwankXCF/ 

🔗 Narinjara  ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1HwTqfsXWS/ 

ဒီအကြောင်းအရာကိုပဲ ပြည်တွင်းသတင်းမီဒီယာဖြစ်ကြတဲ့ The Irrawaddy နဲ့ DVB သတင်းဌာနတို့ကနေလည်း နေလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းထိခိုက်ပျက်စီးမှုနဲ့ လူနေအိမ်အချို့ ပျက်စီးမှုရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 The Irrawaddy သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် –  https://www.facebook.com/share/p/1BavjbSidc/ 

🔗 DVB သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် –  https://www.dvb.no/post/713173 

◾️ သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးမှုတွေဟာ အေအေတပ်သားတွေနေထိုင်ကြတဲ့ နေရာမဟုတ်ပဲ အမ်းမြို့က စာသင်ကျောင်း တစ်ကျောင်းသာ ဖြစ်နေတာကို တွေ့ရပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/v/19C3KPdFUR/ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .