Tag: MNDAA

လားရှိုးမြို့မှာ MNDAA က သတ်ထားတဲ့ ပြည်သူအလောင်းတွေဆိုပြီး အဝတ်ဟောင်းတွေပြန့်ကျဲနေတဲ့ပုံ ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်သတင်းမှား

လားရှိုးမြို၊ အထက (၈) ကျောင်းရှေ့၊ ဘူတာရုံပတ်လမ်းပေါ်မှာ  MNDAA က ပြည်သူတွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်းတွေကို တွေရတယ်ဆိုတဲ့ ရုပ်သံဖိုင် တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။   ...

လားရှိုး တပ်မတော်ဆေးရုံကို MNDAAအဖွဲ့ ဝင်စီးပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ် ဆိုသည့် သတင်းအမှား

7 August 2024 by Wadi / MPA ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ်ဆိုသည့် သတင်းအမှားများ စစ်ကောင်စီဝါဒဖြန့်...

လားရှိုးအကျဉ်းထောင်ဖေါက်ပြေးတဲ့ ဦးထွန်းထွန်းဟိန် ကို MNDAA နဲ့ PDF တွေက ပစ်သတ်လိုက်တယ် ဆိုတဲ့ သတင်းမှား 

  လားရှိုးအကျဉ်းထောင်ကလွတ်လာတဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဌဟောင်း ဦးထွန်းထွန်းဟိန် ကို MNDAA အဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ရေးတဲ့အပြင် အခြားသတင်းတွေမှာ ဦးရည်မွန်နဲ့ဇော်ဝေစိုးအမိန့်အရ PDF တွေက သတ်လိုက်တယ်ဆိုကာ  စစ်ကောင်စီဝါဒဖြန့်...

ကိုးကန့်တပ်က ဆင်းရဲတဲ့ တရုတ်ရွာသားတွေကို ခေါ်လာပြီး အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေးနေလို့ ဝ တပ်က စစ်ကောင်စီနဲ့ညှိပြီး လားရှိုးကို လာရောက်ကာ လုံခြုံရေးယူပေးတယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုးကန့်တပ် MNDAA တွေက ဆင်းရဲတဲ့ တရုတ်ရွာသား တွေကို ကြေးစားအနေနဲ့ခေါ်လာပြီး သိမ်းယူရရှိတဲ့ မြို့ရွာတွေက အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေး ထားလို့ ဝ တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လားရှိုးကို...

ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပါတဲ့ ဗွီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှား

ဇူလိုင် ၂၄ ရက်၊ ၂၀၂၄ ခုနှစ် စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့...

ချင်းရွှေဟော်ဒေသခံတွေကို ကိုးကန့်တပ် (MNDAA) တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးဆိုတဲ့ သတင်းမှား

ရှမ်းပြည်နယ်၊ ချင်းရွှေ‌ဟော်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ကိုးကန့်တပ် MNDAA က  ထိန်းချုပ်ပြီးတဲ့နောက် ချင်းရွှေဟော်မြို့ထဲက ဒေသခံပြည်သူတွေနဲ့ လောင်းကစားဝိုင်းမှာ အလုပ်လုပ်နေတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တဲ့ ဗွီဒီယိုတခု...

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .