Publication
DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက် အိန္ဒိယတိုက်လေယာဉ်တစ်စင်းကို ပါကစ္စတန် ပစ်ချ” လို့ရေးသားကာ စတင်ဖြန့်ဝေခဲ့တာတွေ့ရပြီး Like and React 222, Comment 8, Share 212 နဲ့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ K Thu Ta – https://archive.ph/n7O03 မူရင်းရုပ်သံဖိုင်- https://www.facebook.com/share/v/1PK4jb3cw7/ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က […]
By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို PDF များက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဓားပြတိုက်မှုကို NUG က သတင်းပေးပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် ရွှေထည်များကနေ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေး ရန်ပုံငွေအတွက်ဆိုပြီး NUG ထံသွင်းခိုင်းကြောင်း၊ သို့သော် PDF များက ၅၀ ရာခိုင်နှုန်းပဲ ပေးကြောင်း၊ ထို့ကြောင့် […]
ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ Lagon Eain, The Red Flag, MFCN အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။ စစ်တပ်လော်ဘီ တဦးဖြစ်တဲ့ “မှိုင်းဝေ” ရဲ့ ချန်နယ်မှာ မူရင်းရေးသားချက် “တတိယနိုင်ငံမှာ နေထိုင်ပြီး မြန်မာပြည် အတွင်းမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ရန် ညွှန်ကြားနေတဲ့ အကြမ်းဖက် လူသတ်သမား ဇော်ဝေစိုးကို ၎င်းနေထိုင်ရာ နိုင်ငံမှ မောင်းထုတ်လိုက်သည့်အတွက် ထိုင်း – မြန်မာ နယ်စပ်တွင် ကုတ်ချောင်းချောင်းနဲ့ […]
Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN) ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင် နေအိမ်ပေါ် လက်နက်ကျပြီး ပေါက်ကွဲနေသည့် တစ်မိနစ်နီးပါးကြာမြင့်သော ဗီဒီယိုဖိုင်ကိုအသုံးပြုကာ “ဗန်းမော်မြို့တိုက်ပွဲအခြေနေ” ဟု ရေးသားဖြန့်ဝေထားသည်။ အဆိုပါရေးသားဖြန့်ဝေချက်ကို ဧပြီ ၂၈ ရက် ညနေပိုင်းထိ like and react ပေးသူ ၂,၉၀၀ ကျော်၊ မှတ်ချက် ရေးသူ ၁၁၀ကျော်ရှိပြီး အခြားဆိုရှယ်မီဒီယာများက မျှဝေထားသည့်အတွက် ပျံ့နှံ့မှုနှုန်းများနေသည်။ […]
ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ “မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ ဖော်ပြချက်ကို ကြည့်ရှူပြီးသူ သုံးသောင်းခြောက်ထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ခုနစ်ရာကျော်နဲ့ ဆက်လက်ပျံ့နှံ့ နေဆဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ မဟာချိုင်မှာ ရေကစားရင်း ရန်ဖြစ်ကာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ သင်္ကြန်ကာလ ရေကစားနေရင်း […]
ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ် Lagon Eain, KIC, The Red Flag, MFCN မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊ ကိုရင်လေးအပါအဝင် ဒကာမများ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည့် သတင်းအပေါ် စစ်ကောင်စီဝါဒဖြန့် မီဒီယာက တန်ပြန်သတင်းအမှားလွှင့်လျက်ရှိသည်။ မွန်၊ ကရင် ဒေသ အဓိကစောင့်ကြည့် သတင်းအမှားဖော်ပြနေသည့် Subscriber ၁၃,၆၀၀ ကျော်ရှိသော Saw Ba Maung တယ်လီဂရမ်ချန်နယ်မှ ထိုသတင်းအမှားအား တန်ပြန်ရေးသားထားခြင်းဖြစ်ပြီး ၎င်းပို့စ်ကို ကြည့်ရှုသူထောင်နှင့်ချီ၍ ရှိသည်။ သတင်းအမှားလင့်ခ် […]
15 April 2025 Akyab Post – Red Flag ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ “ကျောက်တော်မြို့တွင် အကြမ်းဖက် AA သည် တပ်တော်နေ့ဆိုပြီး ပွဲကျင်းပဖို့ စီစဥ်နေစဥ် တပ်မတော်မှ သတင်းအတိအကျဖြင့် ယနေ့မနက် ဗုံးကြဲ ရှင်းလင်းခဲ့” (မူရင်းအရေးအသားအတိုင်း) ဆိုပြီးတော့ ရေးသားဖြန့်ထားပါတယ်။ ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၃သောင်းကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၄၃ ဦးနဲ့ မှတ်ချက်ပြုလုပ်သူ ၂၂ ဦးထိရှိပြီးတော့ […]
April Fool’s Day သည် ပျော်စရာ အနေဖြင့် တကယ့် အချက်အလက်များကို လှည့်စားတက်တဲ့ နေ့တနေ့ဖြစ်သည်။ သို့သော် အန္တရာယ်ရှိတဲ့ သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လာတတ်သော နေ့တနေ့လည်း ဖြစ်သည်။ နောက်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့်တင်သော်လည်း သတင်းအမှားသည် ပို၍ပျံ့နှံ့တတ်ပါသည်။ April fool’s day မှာ ပြည့်စုံကောင်းမွန်သော သတင်းများကို သံသယစိတ်ဖြင့် သတိထားပါ။ ပြန်လည်မမျှဝေခင် ခေတ္တခဏ ရပ်နားပြီးစဉ်းစားပါ။ အချက်အလက်များ သတင်းအရင်းအမြစ် များစွာဖြင့် တိုက်ဆိုင်စစ်ဆေးပါ။ #MFCN
မတ်လ – ၂၉ ရက်၊ ၂၀၂၅။ ( Fact-check) Lagon Eain, The Red Flag “ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာကို Facebook လူမှုကွန်ယက် ပေါ်မှာ အဆင့်ဆင့် ကူးယူဖော်ပြ နေကြတာကို တွေ့ရပါတယ်။ ပျံနှံမှု React 7.3k, Share 5.5k နဲ့ Comment 60 ကျော်ရှိနေတဲ့ ဖော်ပြချက် တခုကို ဒီမှာ http://archive.today/fHOYF ကြည့်ပါ။ အလားတူ ကူးယူဖော်ပြထားတဲ့ […]
(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး ပုံတစ်ပုံနဲ့အတူ ရေးသားထားမှု ပျံ့နှံ့ နေတာကို တွေ့ရပါတယ်။ ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီ Kyaw Swar တယ်လီဂရန်ချန်နယ်ကနေ မတ် ၂၃ ရက်မှာ “အမ်း -ပဒမ်းလမ်း နတ်ရေကန်စခန်းကိုတိုက်ခိုက်ပြီး ဆုတ်ခွာထွက်ပြေးနေရသော AA ဒုဗိုလ်အဆင့် ဝင်းနေစိုး နှင့် အဖွဲ့ကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ […]
By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ လှကျေးရွာ၌ ပြည်သူများကို ဆက်ကြေးကောက်နေသည့် PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ ကြောင်း၊ တိုက်ခိုက်မှုကြောင့် PDF ၃၀ ခန့် သေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖြန့်ဝေထား သည်။ အဆိုပါအကြောင်းအရာကို မတ်လ ၁၈ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၃,၀၀၀ […]
Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက် နံနက် ၉ နာရီ ၇ မိနစ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက မုံစီးဘက်တွင် MNDAA နှင့် KIA တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ သေဆုံးမှုကို မကျေနပ်သည့်အတွက် KIA UG […]
By Haythar/ Myanmar Pressphoto Agency- The Red Flag ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီးထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။ ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ တပ်ဖွဲ့ဝင် ၈၀ ကျော်ဆီအတင်ချလုပ်နေသည့်ဆီဂိုထောင် ဗုံးကြဲခံရကြောင်း၊ အေ အေကိုမလိုလားသည့် ဒေသခံများသတင်းပေးပို့မှုကြောင့် အေ အေများစုဝေးနေသည့် ကမ်းထောင်ကြီးဆေးရုံနှင့် စာသင်ကျောင်းဗုံးကြဲခံရ ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်စွဲ ဖြင့် ရေးသားဖြန့်ဝေထားသည်။ သတင်းအမှားလင့်ခ် ARF Burmese https://archive.ph/vRe15/image ဆက်စပ်သတင်းအမှားလင့်ခ် https://archive.ph/LNTgQ/image ပျံ့နှံ့နေသော အကြောင်းအရာနှင့် […]
လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ Subscriber ပြုလုပ်ထားသူ နှစ်သောင်းခွဲကျော်ရှိတဲ့ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို မြင်တွေ့ပြီးသူ ငါးထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ၁၁၃ ဦးနဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ လက်နက်ကြီးနဲ့ ခုနစ်ချက်ပစ်ခတ် စခန်းကြီးကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ […]
မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။ ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း ပါးချိတ်ရောင်လက္ခဏာနဲ့ ဆေးခန်းလာပြသူတချို့မှာ ဆေးအပြာရောင်တွေ လိမ်းထားတာ ကြုံရတယ်လို့ ပြောပြပါတယ်။ အဲဒီလို အယူအဆအလွဲတွေကို လက်ခံကျင့်သုံးနေကြရတာဟာ ကျန်းမာရေးဗဟုသုတ အားနည်းတာအပြင် ဆေးကုသမှု စရိတ်ချွေတာပြီး အရပ်စကားအရ အိမ်သုံးနည်းတွေကို လုပ်လိုက်နေကြတာဖြစ်တယ်လို့ အထက်ပါ ကျန်းမာရေးဝန်ထမ်းက ဆိုပါတယ်။ Dawei Watch က ဒေသခံတွေကို ဆက်သွယ်မေးမြန်းချက်အရ ပါးချိတ်ရောင်နဲ့ပတ်သက်တဲ့ […]
By Wadi/ Myanmar Pressphoto Agency- The Red Flag ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရဆို သော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦး နှင့် ကလေးငယ် ၁၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများ ပါလာသည့် ကုန်ကားတစ်စီးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၊ ဖေဖော်ဝါရီ […]
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ ရက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ကို မှိုင်းဝေနဲ့ ပုလဲမြေ စတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုကတော့ ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအတွက် အလှူငွေမထည့်လို့ ပြန်ပေးဆွဲခံရတာလို့ ဖေဖော်ဝါရီလ ၈ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အထက်ပါဖော်ပြချက်နဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့သတင်းအမှား ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေချန်နယ်ရဲ့ ရေးသားဖြန့်ချိမှုကို မြင်တွေ့ထားသူ သုံးသောင်းကျော်၊ Reaction ပြုလုပ်ထားသူ ၅၈၂ ဦးနဲ့ ဆက်လက်ဖြန့်ချိထားတာကို တွေ့ရပါတယ်။ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/8zBJ3 မှိုင်းဝေချန်နယ်ရဲ့ဖော်ပြချက်ကို ၂ နာရီခန့် အကြာမှာ Suscriber ကိုးထောင်ကျော်ရှိတဲ့ […]
၂၀၂၅ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး ခေါ်ယူရန် အစီအစဉ်မရှိသေးပါ” ဟု ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး မှိုင်းဝေချန်နယ်အပြင် အခြားစစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များကလည်း ဖြန့်ချိနေသည်။ မူရင်းလင့်ခ် – https://archive.ph/YGDfX ဆက်စပ် သတင်းအမှား – https://archive.ph/q1lHE သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် […]
ဇန်နဝါရီလ ၂ ရက် – Federal FM/ The Red Flag ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRYအတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင်၁၅ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိ ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဇန်နဝါရီလ ၂၇ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကြည့်ရှုသူ တစ်သောင်းကျော်၊ like and react လုပ်သူ ၁၀၀နီးပါး ရှိပါတယ်။ သတင်းအမှားလင့်ခ် – […]
၂၀၂၅ ဇန်နဝါရီလ ၂၇ ရက် ( ဖက်ဒရယ် FM၊ The Red Flag) ကရင်နီပြည်တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်ဓာတ်ပုံတွေနဲ့ နာမည်တွေကို အသုံးပြုပြီး အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုတွေ ပိုမိုများပြားလာနေပါတယ်။ အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုများနေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင် ဖယ်ဒရယ် FM ၏ အချက်အလက်စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ ငွေလိမ်လည်မှု ဖြစ်ကြောင်း သိရှိရပါသည်။ သတင်း စစ်ဆေးတွေ့ရှိချက် တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်အယောင်ဆောင်ပြီး အစမှာ Ye Tun Aung နာမည် အကောင့်တုနဲ့ ငွေလိမ်လည်နေတာဖြစ်ကာ လက်ရှိမှာတော့ Yair Htun Naung ဆိုတဲ့ အကောင့်နာမည်ပြောင်းကာ ၁ နှစ်ကျော်ကြာ အခုအချိန်ထိ ငွေလိမ်လည်နေဆဲဖြစ်ကာ အဆိုပါအကောင့်မှာ Friends 1.9k […]
တနင်္သာရီမြို့နယ်၊ တကူရွာမှာ ဇန်နဝါရီလ ၁၃ ရက်က စစ်ကောင်စီရဲ့ မြိတ်လေတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘဲ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချရာကနေအရပ်သားတွေထိခိုက်တာလို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၄ရက်မှာ ငြင်းချက်ထုတ်ခဲ့ပါတယ်။ အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။ ဝက်ဘ်ဆိုက်လင့် – https://archive.ph/Mb8i7 တယ်လီဂရမ်ချန်နယ်လင့် – https://archive.ph/drOoM အထက်ပါ ငြင်းဆိုချက်နဲ့ ပတ်သက်ပြီး ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch […]
By Wadi/Myanmar Pressphoto Agency- The Red Flag မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ ၆နာရီခန့်တွင် မြောက်ဦးမြို့ ရမ်း ချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများ လုံးဝ မဟုတ်ကြောင်း၊ သတင်းအတိအကျရထားသည့်အတွက် အေအေစခန်းနေရာကို အတိအကျဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ သေ ဆုံးသွားသူများမှာ အေအေအဖွဲ့က အဓမ္မတပ်သားစုဆောင်းထားသူများနှင့် CDM ပြုလုပ်ထားသည့် ရခိုင် လူမျိုးများ ဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။ အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၀ […]
၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းပုံနှင့်အတူ အခွန်ငွေတောင်းခံသည့် စာရွက်စာတမ်းများပါ ဖြန့်ချိခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၁,၀၀၀ ကျော်ရှိသည်။ မူရင်းလင့်ခ် – https://archive.ph/bkQrQ#selection-287.0-287.17 သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖယ်ဒရယ် FM တို့၏ အချက်အလက်စစ်ဆေးသူများက […]
တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။ အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။ လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့ လိမ်လည်မှုအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီလူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့ အမည်နဲ့ page link ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ Aung Gyi Car Sale Center page – https://archive.ph/mTEbt Si Thu Aung Car Lucky Draw […]
ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်နေ့အထိ ကြည့်ရှုသူ ၁၂၀၀၀ကျော်၊ like and react လုပ်သူ ၁၈၀ ဦး ကျော်ရှိပါတယ်။ သတင်းအမှားလင့်ခ် – https://t.me/KKM28640/9568 တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking […]
စစ်ကောင်စီ လော်ဘီချန်နယ်တွေ ဝါဒဖြန့်တာတွေကိုဘာကြောင့် လုပ်ဆောင်နေတာပါသလဲ။ ပြည်သူတွေအနေနဲ့ လော်ဘီ တယ်လီဂရမ် ချယ်နယ်တွေရဲ့ နောက်ယောင်ခံစောင့်ကြည့်မှုစက်ကွင်းကနေလွတ်အောင် ဘယ်လိုပြုမှုနေထိုင်ကြ မှာလဲ။ ဒီအကြောင်းအရာတွေကို ပြည်သူတွေပိုမိုသိရှိသတိပြုနိုင်စေဖို့အတွက် စစ်ကောင်စီရဲ့ သတင်းအတု၊ သတင်းအမှားဖြန့်ချိနေ တာကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ဆီဆက်သွယ်မေးမြန်းထားတာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က တင်ဆက်လိုက် ပါတယ်။
မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။ အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။ “အခုလုပ်ရပ်တွေကို ရပ်ရမယ်၊ မဟုတ်ရင် နင့်မိဘ နင့်အိမ်နဲ့ ရွာ ပြာကျမယ်လို့ ခြိမ်းခြောက်ခံရတာပါရှင့်။ သပိတ် ဆက်လိုက်နေရင် ပစ္စတိုနဲ့ ရှင်းလင်းရမယ်လို့ ရေးသားဖော်ပြခံရတာမျိုးလည်းရှိပါတယ်” မမို့မို့က ပြောပါတယ်။ စစ်ကောင်စီကိုလော်ဘီလုပ်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ အများအပြားရှိတဲ့အကြားက အမဲလိုက်မုဆိုးကြီးသတင်း အမှန်ဆိုတဲ့ ချန်နယ်ကတော့ ထားဝယ်ခရိုင်ကို ပစ်မှတ်ထားပြီး သတင်းအမှားတွေ ဖြန့်ချိနေတာပါ။ မမို့မို့လိုပဲ […]
လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား ပါသေးတယ်။ အဲဒီဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ကြည့်ရာမှာတော့ ပုံဖော်သတင်းအမှားဖြန့်တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။ Suscriber နှစ်သောင်းခွဲကျော်ရှိတဲ့ Truth Media တယ်လီဂရမ်ချန်နယ်ရဲ့ အဲဒီဖော်ပြချက်ကို တယ်လီဂရမ်အသုံးပြုသူ ကိုးထောင်ကျော်က မြင်တွေ့ထားပါတယ်။ အဲဒီချန်နယ်ရဲ့ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ […]
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀ ရက်က စဖြန့်ချိပြီး ဒီဇင်ဘာလ ၁၁ ရက်အထိ ဖြန့်ချိထားဆဲဖြစ်တာကို တွေ့ရပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ The Arakan Express News က အချက်အလက်စိစစ်ကြည့်ရာမှာ သတင်းအမှား ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ် […]
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက် ည ၈ နာရီ ၅၀ကျော်တွင် ဗန်းမော်၊ မံစီဘက်တွင် ဒီဇင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေ ကြောင်း၊ KIA နှင့် PDF က ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ပြုလုပ်နေကြောင်း၊ ထွက်ပြေးတိမ်း ရှောင်သူများကို တားဆီးပိတ်ပင်ကာ ဖမ်းဆီးပြီး တိုက်ပွဲအတွင်း မောင်းထည့်နေကြောင်း၊ […]
ဒီဇင်ဘာလ ၉ ရက် – Federal FM/ The Red Flag ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့ ဒီဇင်ဘာလ၈ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၂၅.၃ ကျော်ရှိတဲ့ Truth media အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် […]
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံခဲ့ရတယ်လို့ YouTube ၊ Facebook နဲ့ Telegram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ချိနေကြတာတွေ့ရပါတယ် ။ အဲဒီဖော်ပြချက်တွေကို Myanmar Factchecking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ People’s Spring က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ■ YouTube ချန်နယ်တစ်ခုက သတင်းအမှားစဖြန့်ချိ သရုပ်ဆောင် မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး ထိုင်းအစိုးရက သူ့ကို မြန်မာနိုင်ငံပြန်ပို့ဖို့လုပ်နေတယ်လို့ subscriber ပြုလုပ်ထားသူ နှစ်သောင်းလေးထောင်ကျော်ရှိတဲ့ “Toot Pe” ဆိုတဲ့ အမည်နဲ့ YouTube ချန်နယ်က နိုဝင်ဘာလ ၂၇ရက်က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ် ။ […]
By Haythar/Myanmar Pressphoto Agency+The Red Flag ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိပြီးနောက် ဓားပြများသည် NUG ကိုအလုပ်လုပ်ပေးနေသူများဖြစ်ဟုဆိုသည့် သတင်းအမှားများ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂ ရက်မွန်းလွဲပိုင်းတွင် ဓားပြတိုက်သူများကိုဖမ်းဆီးရမိထားသည့် ဓာတ်ပုံများနှင့်အတူ “ ဖမ်းဆီးရမိသူများမှာ NUG အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး ရရှိလာသော ငွေကြေးအား NUG အဖွဲထံ တစ်၀က်ခွဲပေးရ” ဟု ရေးသားဖြန့်ဝေထားသည်။ အဆိုပါရေးသားဖြန့်ဝေမှုကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းအထိကြည့်ရှုသူ ၄၉,၀၀၀ ကျော်၊ Like and React ပေး သူ ၆၆၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။ သတင်းအမှားလင့်ခ်များ […]
အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ် ဒီတစ်ပတ်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက TNLA/PDF တို့သိမ်းယူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီကထိုးစစ်ဆင်အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို စောလားဘွယ်က စိစစ်တင်ဆက်ပေးထားပါတယ်။ #FFM #FederalFM #Factcheck #FreeHtetHtetKhine #FreeAllJournalists Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
ဒီဇင်ဘာလ ၂ ရက် – Federal FM/ The Red Flag လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၃၇,၃ ကျော်ရှိတဲ့ KO Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း သိရှိရပါသည်။ လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်သည် စေတီတော် တည်ရန်အတွက် မန္တလေးသို့ လိုအပ်သောပစ္စည်းများဝယ်ရန် ထီးစဲခါးကျောင်းတိုက်ပိုင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အောင်ကလပ်ကျေးရွာအနီးသို့အရောက် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် KNDF/PDF များမှ လက်နက်ငယ်များနှင့် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် […]
By Myanmar Pressphoto Agency + Kantarawaddy Times ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှု ကြောင့် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည် ဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား များ ပျံ့နှံ့လျက်ရှိသည်။ ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းတွင် “ ဘန်ကောက်ရွာစတင်တည်ထောင်သူ ဦးပေါသန်းသည် ကယားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းသူဖြစ်ပြီး လက်နက်ပြင်ဆင်သူ၊ ဗုံးသီးပြုလုပ်သူ၊ Starlink.Wi-Fi. Sharing နှင့် သတင်းအချက်အလက်ရယူသူ၊ စစ်ရေးလေ့ကျင့်ပေးသူတွေ ခေါ်ယူထားသည်” ဟု ရေးသားဖြန့်ဝေထားသည်။ သတင်းအမှားလင့်ခ်များ ရွှေနေကြာ – https://archive.ph/qFcZn Kyaw Swar – https://archive.ph/C6cgg MDY Image – https://shorturl.at/Quj48 သတင်းအမှားဖြစ် ကြောင်းသက်သေပြစိစစ်ချက် ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာနှင့် […]
By Delta News Agency (DNA)+Myanmar Pressphoto Agency (MPA) – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ကုန်းကြီးရွာနှင့်ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ ပြီး TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ Subscriber ၁၆၀,၀၀၀ ကျော်ရှိသည့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦး ဓာတ်ပုံများကို အသုံးပြုပြီး “ TNLA တပ်ဖွဲ့ဝင် များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲ” ဟု ရေးသားဖြန့်ဝေထားသည်။ အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိကြည့်ရှုသူ ၂၅၀၀၀ ကျော်ရှိပြီး […]
By Haythar/ Myanmar Pressphoto Agency(MPA)+The Redflag စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် စစ်ဘေးရှောင် ပြည်သူလေးဦးကို ဖမ်းဆီးခဲ့ပြီး PDF များဖမ်းဆီးရမိဟု စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် အမျိုးသား သုံးဦး အမျိုးသမီးတစ်ဦးကို လက် နက်များနှင့်တကွ ဖမ်းဆီးထားသည့် ဓာတ်ပုံ အသုံးပြု၍ နိဗ္ဗာန်၀ရွာရှိ PDF စခန်းကို၀င်ရောက်ရှင်းလင်းရာPDF လေးဦးနှင့် လက်နက်များ သိမ်းဆည်းရမိ ဟု ရေးသား ဖြန့်ဝေထားသည်။ အဆိုပါဖြန့်ဝေမှုကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၃၂,၀၀၀ ကျော်၊ Like And React ပေးသူ […]
By Haythar / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ရှောင်ပြည်သူများ ရှိရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၍ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုကို စစ်တပ်ထောက်ခံသူများက အေအေအဖွဲ့ လုပ်ရပ်ကြောင့်ဟူ၍ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် Thazin Oo တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်း တွင် “အမ်း လေယာဥ်ကွင်းရပ်ကွက်ဘက်ကို ပြည်သူတွေရွေ့ပြောင်းနေတုန်း အေအေ က လူအုပ်ထဲကို လက် နက်ကြီးနဲ့ ပစ်ခက်ခဲ့တာကြောင့် လူ ၂၀လောက် ထိခိုက်ဒဏ်ရာရခဲ့ကြရပါတယ်။ ထပ်ပြီး လက်နက်ကြီး နဲ့ ပစ် တာကြောင့် […]
4 Nov 2024 by Wadi / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖေ့စ်ဘွတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Kyaw Sett ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ ရဟတ် ယာဉ်တစ်စင်း တိုက်ခိုက်ခံရမှု ရုပ်သံနဲ့အတူ အကင်ခံလိုက်ရပြီ ဆိုတဲ့ စာသားနဲ့ ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီတပ်သားတွေ ရဟတ်ယာဉ် ရှိရာဆီ ပြေးသွားကြတဲ့ အချိန်မှာ ဗုံးပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ […]
By Wadi / MPA – The Red Flag မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံခဲ့ရဆိုသည့် သတင်း အမှား အောက်တိုဘာ ၁၄ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၄ ရက် ည ၉ နာရီ ၃၂ မိနစ်တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုင်းပြည်နယ်၊ စီနိုင်းမြို့တွင် အထောက်အထားမဲ့ ခိုးဝင်နေထိုင်နေသည့် မြန်မာ CDM ဝန်ထမ်းအမျိုး သမီး၊ အမျိုးသား စုစုပေါင်း ၄၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟုဆိုကာ ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။ အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းအထိ […]
ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Haythar – MPA-The Red Flag စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် NLD, NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက် ညနေ ပိုင်းတွင် “ NLD/ NUG / PDF အာဏာရူးခြင်းကြောင့် ဦးဇော်မြင့်မောင် အသေစောရခြင်းဖြစ်တယ်” ဟု NLD, NUG နှင့် PDF များအကြောင်း အပုဒ်ချရေးသားထားသော အကြောင်းအရာနှင့်အတူ ဒေါက်တာ ဇော်မြင့်မောင်၏ ရုပ်အလောင်း ဓာတ်ပုံ အသုံးပြု၍ ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။ အဆိုပါရေးသားဖြန့်ဝေမှုကို […]
By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၁၃ မိနစ်တွင် “ မနခ၊ ဘုတလင် ဖမ်းခံရစစ်သည်တွေအကုန် သတ်ခံလိုက်ရပါပီ၊ စစ်ကြောင်းမထွက်သေးဘူး ဟိုဖုန်းဆက်ဒီဖုန်း ဆက်နဲ့ လုပ်ကြတာ။ နမခတိုင်းတပ်ဆိုရင် တိုင်းထဲမှာ အညံ့ဖျင်းဆုံး၊ ဖရဲသီးဆုံး၊ တပ်မိသားစုထဲမှာ PDF အများဆုံး” ( မူရင်းရေးသားချက်အတိုင်း ) […]
By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀ ရက် ညပိုင်းက နိုင်ငံ ခြားသားတစ်ဦး သတင်းကြေညာထားသည့် ရုပ်သံကို အသုံးပြု၍ “ ၂၀၂၄ စက်တင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်း တိုင်း၊ ကြွယ်ပုံရွာမှ အမျိုးသမီးများကို PDF များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ကြောင်း ကြေညာ” (မူရင်း ရေးသားချက်အတိုင်း) ဟု ရေးသားဖော်ပြခဲ့ သည်။ […]
Introduction The people of Myanmar, who have endured both triumphs and tribulations, possess profound wisdom and vivid memories about the tactics employed by the junta. Our primary objective is to gather and consolidate these memories, along with lessons learned from similar situations in other countries. This objective has been achieved through comprehensive exploration in the […]
Analyzing the Trends of Pro-Myanmar Military Propagandists Executive Summary The Red Flag has developed an analytical report that strategically focuses on content that can cause viral issues on social media for a period of first quarter starting from January 2024 to April 2024. In summary, it can be studied as follows. The Military Council (SAC) […]
This paper examines the State Administrative Council’s (SAC)use of pro-military propaganda on social media platforms, including its tactics and the popular topics it promotes. This paper aims to assist IT companies, the international community, civil society and media organizations in understanding, taking action and documenting the junta’s propaganda campaigns. It is important to note that […]