Home

MFCN_logo

Latest Articles

မလေးရဲကို NUG သတင်းပေးလို့ မြန်မာလုပ်သားတွေ ဖမ်းခံရတယ်ဆိုတဲ့သတင်းမှား

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

ရာသီချိန်လုပ်သား သွားရပြီလား

တောင်ကိုရီးယားမှာ လစာကောင်းတဲ့ ရာသီချိန်လုပ်သားအဖြစ် မြန်မာကနေ သွားရောက်လုပ်ကိုင်နိုင်တော့မယ်ဆိုတဲ့ ဆွဲဆောင်မက်လုံးပေးသတင်းတွေ ၊ကြော်ငြာတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းတွေ ၊ မိသားစုဝင်တွေနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်အတု

လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေကယ်ထုတ်သွားတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ NUG အစိုးရက တောင်းဆိုတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာဖြန့်ဝေနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

လွိုင်ကော်တက္ကသိုလ်ပါချုပ် သတ်ခံရတယ်ဆိုတဲ့သတင်းမှား

ကရင်နီပူးပေါင်းတပ်တွေ ခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သတ်ခံလိုက်ရပြီလို့ စစ်ကောင်စီအားပေးတယ်လီဂရမ်ချန်နယ်တွေနဲ့ဖေ့ဘွတ်ခ်အကောင့်တွေမှာဖြန့်ဝေနေကြပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

ပေါက်တောမြို့ဆီ စစ်သင်္ဘောအုပ်ကြီး ချဉ်းကပ်လာတယ်ဆိုတဲ့သတင်းမှား

ရခိုင်ပြည်နယ် မြောက်ပိုင်း ပေါက်တောမြို့ဆီ စစ်ကောင်စီရဲ့ရေတပ်သင်္ဘောအုပ်စုကြီး ချဉ်းကပ်လာသယောင် ရုပ်သံဖိုင်တစ်ခု ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဒီရက်ပိုင်းထွက်ပေါ်လာပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

လောက်ကိုင်က လူအုပ်ကြီး လမ်းလျှောက်ဆင်းလာတဲ့သတင်းမှား

တိုက်ပွဲတွေကြောင့် တရုတ် − မြန်မာ နယ်စပ်က လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေ အုပ်လိုက်ကြီး လောက်ကိုင်ကနေ လားရှိုးဘက်ဆီ လမ်းလျှောက်ဆင်းလာတယ်ဆိုတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

ကျပ် ၅၀ တန်နဲ့ ၁၀၀ တန်ဖျက်သိမ်းတယ်ဆိုတဲ့သတင်းမှား

အာဏာသိမ်းစစ်ကောင်စီက ငွေစက္ကူ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တို့ကို စက်တင်ဘာ ၂၉ ရက်စွဲနဲ့ ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု နှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

အာဆီယံ စစ်ရေးလေ့ကျင့်ပွဲမှာ စစ်ကောင်စီတပ်ပါဝင်တယ်ဆိုတဲ့သတင်းမှား

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေစုစည်းပြီး ပထမ ဆုံးအကြိမ် အဖြစ် ၅ရက်ကြာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ပွဲမှာ စစ်ကောင်စီတပ်ပါ ပါဝင်တယ်ဆိုတဲ့သတင်းကို စစ်ကောင်စီအားပေး ဖေ့ဘွခ်အကောင့်ခ်အချို့မှာ ဖြန့်ခဲ့ကြပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

စခန်းရဲ့ ထမင်းချက်အမျိုးသမီးကို PDF တပ်ဖွဲ့ဝင် သတ်ဖြတ်တယ်ဆိုတဲ့သတင်းမှား

PDF စခန်း တစ်ခုမှာ ထမင်းချက်ပြုတ်ကျွေးနေတဲ့ အမျိုးသမီးကြီး သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းမှားတစ်ခုကို အာဏာသိမ်းစစ်ကောင်စီ အားပေး တယ်လီဂရမ်(Telegram) က ဖြန့်ဝေနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

Latest Publication

ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Haythar – MPA-The Red Flag စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် NLD, NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက်...
Read More

ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃...
Read More

ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု

By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀...
Read More

Latest Investigation Article

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။   ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။  ဖြစ်စဉ်အကျဉ်းချုပ်...
Read More

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။  ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .