Home

MFCN_logo

Latest Articles

တောင်ကိုရီးယားရှိ NUG ရုံးမှာ ပက်စ်ပို့သက်တမ်းတိုးခဲ့သူ တွေ တရားမဝင်အဖြစ်နေထိုင်နေရတယ်ဆိုတဲ့ သတင်းမှား

21 December 2024 By Myanmar Pressphoto Agency + Delta News Agency + The Red Flag ‌တောင်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၈ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ (​NUG)ကိုယ်စားလှယ်ရုံးကနေ သက်တမ်းကုန်တဲ့ နိုင်ငံကူးလက်မှတ်တွေကို တံဆိပ်တုံးတုသက်တမ်းတိုးတာကို လက်မခံတော့ဘူးဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးတဲ့နောက် NUGလက်အောက်သက်တမ်းတိုးခဲ့သူတွေက တောင်ကိုရီးယားမှာ တရားမဝင်အဖြစ်နေထိုင်နေရတယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ...
Read More

ပြည်သူတွေကို သတ်ကွင်းထဲတွန်းပို့နေတဲ့ လော်ဘီချန်နယ်

မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။ အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။ “အခုလုပ်ရပ်တွေကို...
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာအဝင်တံတားကို DPLAနဲ့PDFတွေ မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှား 

20 December 2024 By Myanmar Pressphoto Agency + Delta News Agency + The Red Flag ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက ကျောက်ဂူရွာလယ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ...
Read More

အလုပ်ရှာနေတဲ့လူငယ်တွေကို စစ်ကောင်စီက အဓိကထားပြီး အမြဲတမ်းစစ်သားစုဆောင်းနေမှု သတိပြု

(Fact Check Articles) Delta News Agency/ The Red Flag ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ   ၁၉    ရက် စစ်ရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်က ဖေ့ဘုတ်စ်စတဲ့ လူမှုကွန်ရက်တွေ၊ လူစည်ကားရာ လမ်းဆုံလမ်းခွ တွေမှာ အလုပ်ခေါ်စာအတုတွေ ဖြန့်ဝေပြီး  အလုပ်လျှောက်ထားသူတွေကို အင်တာဗျူး‌  ခေါ်တွေ့ကာ တပ်သားသစ်အဖြစ် ခြိမ်းခြောက်ခံဝန်လက်မှတ်ထိုး...
Read More

ရန်ကုန်တွင် ပေါ်တာဆွဲမှုမရှိဘဲ PDF များကို ဖမ်းဆီးနေခြင်းဖြစ်ဟု စစ်‌တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်များ သတင်းအမှားဖြန့်

18 Dec 2024 Myanmar Pressphoto Agency(MPA)/ Delta News Agency/ The Red Flag ရန်ကုန်တွင် စစ်ကောင်စီတပ်က PDF များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ပေါ်တာဆွဲခြင်းမရှိဟု စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။  “ဘညွန့်” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းတွင် “ရန်ကုန်မှာ ပဒက်အသိုက်တွေကို...
Read More

ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်

၂၀၂၄ ၊ ဒီဇင်ဘာလ ၁၆ ရက် (သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် )၊ The Red Flag) ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။   စစ်ကောင်စီအားပေး...
Read More

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်း ပစ်သတ်ခဲ့တဲ့အမျိုးသမီးကို PDF လို့ ပုံဖော်သတင်းအမှားဖြန့်

လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား...
Read More

ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဖြန့်ချိနေ

ဒီဇင်ဘာ ၁၆၊   Arakan Express News/ The Red Flag ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ Subscriber ၃၃,၅၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆)...
Read More

AA က အဓမ္မလူသစ်စုဆောင်းလို့ ထွက်ပြေးလာတဲ့ ရခိုင်လူငယ်တွေ ထိုင်းမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ   ၁၃ရက် (Fact Check) Delta News Agency/ The Red Flag အာရက္ခတပ်တော် AAကနေ အဓမ္မလူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေလို့ ရခိုင်ကနေ ထွက်ပြေးလာတဲ့ ရခိုင် လူငယ်တွေ ထိုင်းမှာ အဖမ်းခံရတယ်ဆိုပြီး ထိုင်းရဲအဖမ်းခံနေရတဲ့ ဓါတ်ပုံတွေနဲ့အတူ ရေးသားဖြန့်ဝေနေ လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ မင်းဗာကြီး...
Read More

Latest Publication

ပါးချိတ်ရောင်ရင် မဲနယ်၊ ဆေးမှင်ပြာလိမ်းရတယ်ဆိုတဲ့ အယူအဆအမှား

မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။ ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း...
Read More

ထိုင်းတွင် တော်လှန်ရေးထောက်ခံသူ မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှား

By Wadi/ Myanmar Pressphoto Agency- The Red Flag ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရဆို သော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ...
Read More

တော်လှန်ရေးအလှူငွေ မထည့်လို့ မြန်မာရှစ်ဦး မလေးရှားမှာ ပြန်ပေးဆွဲခံရတယ်ဆိုပြီး သတင်းအမှားဖြန့်

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ ရက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ကို မှိုင်းဝေနဲ့ ပုလဲမြေ စတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုကတော့ ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအတွက် အလှူငွေမထည့်လို့ ပြန်ပေးဆွဲခံရတာလို့ ဖေဖော်ဝါရီလ ၈ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အထက်ပါဖော်ပြချက်နဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့သတင်းအမှား...
Read More

ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား

၂၀၂၅ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး...
Read More

ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးဆိုပြီး ဝါဒဖြန့်ချိတဲ့ သတင်းအမှား

ဇန်နဝါရီလ ၂ ရက် – Federal FM/ The Red Flag ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRYအတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင်၁၅ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင်...
Read More

ကရင်နီတွင် တော်လှန်ရေးရဲဘော်အယောင်ဆောင် အကောင့်တုတွေနဲ့ ငွေလိမ်လည်မှုအားစိစစ်ခြင်း

၂၀၂၅ ဇန်နဝါရီလ ၂၇ ရက် ( ဖက်ဒရယ် FM၊ The Red Flag) ကရင်နီပြည်တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်ဓာတ်ပုံတွေနဲ့ နာမည်တွေကို အသုံးပြုပြီး အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုတွေ ပိုမိုများပြားလာနေပါတယ်။ အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုများနေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင် ဖယ်ဒရယ် FM ၏ အချက်အလက်စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ ငွေလိမ်လည်မှု ဖြစ်ကြောင်း...
Read More

တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်း

တနင်္သာရီမြို့နယ်၊ တကူရွာမှာ ဇန်နဝါရီလ ၁၃ ရက်က စစ်ကောင်စီရဲ့ မြိတ်လေတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘဲ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချရာကနေအရပ်သားတွေထိခိုက်တာလို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၄ရက်မှာ ငြင်းချက်ထုတ်ခဲ့ပါတယ်။...
Read More

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများသည် စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေနှင့် CDM ဝန်ထမ်းများ ဟုဆိုသည့် သတင်းအမှား

By Wadi/Myanmar Pressphoto Agency- The Red Flag မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ...
Read More

ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်

၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
Read More

Latest Investigation Article

စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား

By Wadi / MPA – The Red Flag ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊...
Read More

အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ

နိဒါန်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ လအနည်းငယ်မျှ ရပ်တန့်ထားသည့် ရှမ်းမြောက်စစ်ပွဲများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
Read More

ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ

နိဒါန်း ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို...
Read More

စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ်...
Read More

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အစပိုင်းတွင် စစ်တပ် လုပ်ဆောင်သယောင် ဝမ်းသာအားရ စစ်လော်ဘီ တယ်လီဂရမ်များက ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းခြင်း၊ စစ်လော်ဘီ တယ်လီဂရမ်များက ဇာတ်ကြောင်း ဂငယ်ကွေ့ ပြန်ပြောင်း ပြောဆိုလာခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။ ဖြစ်စဉ် အကျဉ်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်...
Read More

သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း

ဖြစ်စဉ်အကျဉ်း စစ်တပ်ထုတ်ကုန်များကို ခြိမ်းခြောက်ရောင်းချရာတွင် စစ်လော်ဘီ Telegram အကောင့်များမှ တစ်ဆင့် လှုံ့ဆော်ပါဝင်ခဲ့သည်။ စစ်တပ်ထုတ်ကုန် (အဓိကအားဖြင့် မြန်မာဘီယာ)  အရောင်းမတင်ပါက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး မြေပြင်တွင်လည်း အမှန်တကယ် ခြိမ်းခြောက် ဖမ်းဆီးခြင်း ရှိခဲ့သည်။ ယင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလဖြစ်ရပ်လေ့လာချက် တစ်ရပ်အနေနှင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဖြစ်စဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူများ၏...
Read More

ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်

ဖြစ်စဉ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။ အချို့သော သတင်းဌာနများတွင် မုဒိမ်းကျင့်ခံရခြင်းရှိသည်ဟု ထည့်သွင်းရေးသားကြသော်လည်း...
Read More

စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ

လက်ခတ်တောင်တွင် စစ်ရေး ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် စစ်ကောင်စီနှင့် နောက်မြီးဆွဲချယ်နယ်များက သတင်းတု သတင်းမှားများ ဖြန့်ချိဖုံးကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။ ဖြစ်စဉ်အကျဉ်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ လက်ခတ်တောင်ကုန်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဇူလိုင်လအတွင်းမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင်ကုန်းကို တော်လှန်ရေးအင်အားစုများက ယခုနှစ်၊ ဇူလိုင်လ...
Read More

ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း

မူဝါဒ လုပ်နည်းကိုင်နည်း အမှားကြောင့် အခြေခံစားကုန်နှင့် အမေရိကန်ဒေါ်လာစျေး မြှင့်တက်နေမှုကို ကုန်သည်များ စျေးကစား၊ စျေးဆွဲတင်ခြင်းကြောင့်ဟု ဝါဒဖြန့် အပြစ်တင် အရေးယူလျက်ရှိသည်။ ဖြစ်စဉ် အကျဉ်းချုပ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်း၌ ပဋိပက္ခများ၊ လက်နက်ကိုင် တော်လှန်ရေးများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်း၊ နိုင်ငံတကာမှ အာဏာသိမ်းစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .