
ဖရူဆိုမြို့နယ် အနောက်ခြမ်းရှိ ဆေးရုံကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှု အမြောက်အများရှိဆိုပြီး ဝါဒဖြန့်ချိ
၂၀၂၅ ဖေဖော်ဝါရီလ 20 ရက် ( ဖက်ဒရယ် FM၊ The Red Flag) ကရင်နီပြည်၊ဖရူဆိုမြို့နယ်ရှိဒေါရောက်ခူတောင်ဘက်ဟန်လင်းခူဆေးရုံတွင်ဒဏ်ရာရအကြမ်းဖက်များနှင့်ခေါင်းကြီးပိုင်းများရောက်ရှိနေကြောင်း၊မြေပြင်သတင်းရရှိခဲ့တာကြောင့်ယနေ့ဖေဖော်ရီ၁၃ရက်နေ့ညနေ၂နာရီခွဲအချိန်လေကြောင်း၃ကြိမ်ဗုံး၄လုံးကြဲချသုတ်သင်ခဲ့ပါတယ်။သေဆုံးထိခိုက်များကြောင်းသိရပြီးဒဏ်ရာရသူအချို့ သယ်ယူသွားသည့်နေရာအား အသေးစိပ်စီစစ်စုံစမ်းနေဆဲ ဆိုပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၂၆,၀၀၃ကျော်ရှိတဲ့ Truth Media အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ဖရူဆိုမြို့နယ်ရှိဒေါရောက်ခူတောင်ဘက်ဟန်လင်းခူဆေးရုံတွင်ဒဏ်ရာရအကြမ်းဖက်များနှင့်ခေါင်းကြီးပိုင်းများရောက်ရှိနေကြောင်း၊မြေပြင်သတင်းရရှိခဲ့တာကြောင့်ယနေ့ဖေဖော်ရီ၁၃ရက်နေ့ညနေ၂နာရီခွဲအချိန်လေကြောင်း၃ကြိမ်ဗုံး၄လုံးကြဲချသုတ်သင်ခဲ့ပါတယ်။သေဆုံးထိခိုက်များကြောင်းသိရပြီးဒဏ်ရာရသူအချို့ သယ်ယူသွားသည့်နေရာအား အသေးစိပ်စီစစ်စုံစမ်းနေဆဲ...
Read More
ထိုင်းတွင် တော်လှန်ရေးထောက်ခံသူ မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှား
By Wadi/ Myanmar Pressphoto Agency- The Red Flag ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရဆို သော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ...
Read More
အေအေ က ရွာသားတွေရဲ့ ကျွဲ၊ နွားတွေကို မိုင်းထောင်သတ်ပြီး ရိက္ခာလုပ်စားနေတယ်ဆိုတဲ့သတင်းအမှား
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် (Fact Check) DNA/ The Red Flag အေအေ တပ်က ရခိုင်ပြည်နယ်မှာ ပြည်သူတွေရဲ့ ကျွဲ/နွားတွေကို မိုင်းထောင်သတ်ဖြတ်ပြီး ရိက္ခာအဖြစ် စားသောက်နေတယ်ဆိုတဲ့ ရေးသားမှုတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရှိခဲ့ပါတယ်။ Arafat Arf အမည်ပေးထားတဲ့ Facebook အကောင့်ကနေ ဖေဖော်ဝါရီ ၁၁...
Read More
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ
အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ ဒီတပတ်မှာတော့ အွန်လှိုင်းမှာ အချစ်ရေး၊ အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် ဗေဒင်ယတြာချေပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်နေယုံသာမက အသက်အန္တာရယ်ပါခြိမ်းခြောက်ဆိုတဲ့အကြောင်းအရာနဲ့ KNDF ဉက္ကဌ ခွန်းဘီထူးမှအောက်ခြေရဲဘော်များကို ခဲတူးခိုင်းရာ ကျင်းပြို၊ကျင်းပိပြီး သေဆုံးတဲ့ KNDF ရဲဘော်အများအပြားရှိနေတယ်ဆိုတဲ့ သတင်းအမှားအကြောင်းအရာတွေကို စောလားဘွယ်ကစီစစ်တင်ဆက်ပေးထားပါတယ်။ #သတင်းအမှား#FactCheck#KNDF#ငွေကြေးလိမ်လည်#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #freehtethtetkhine Website – https://federalfmradio.com YouTube – /...
Read More
ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား
(FactCheck) DNA+ Shan News + The Red Flag စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့...
Read More
ထုတ်ပြန်ချက်အတုအသုံးပြုပြီး MODအတွင်းဝန်ကို ရန်ပုံငွေကိစ္စစွပ်စွဲပြောဆိုတဲ့သတင်းမှား
ဖေဖော်ဝါရီ၊ ၁၂ရက် ၂၀၂၅ (Fact Check) DNA / MPA/ The Red Flag အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ အတွင်းဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးနိုင်ထူးအောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ တာဝန်ကနေဆန္ဒအလျှောက်နှုတ်ထွက်လိုက်ပြီဖြစ်ပြီး ရန်ပုံငွေကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့လိုတယ်လို့ရေးသား ထုတ်ပြန်ချက်တခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖေဖေါ်ဝါရီ ၁၀ ရက် ညနေပိုင်းမှာ ဦးနိုင်ထူးအောင်ပုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ...
Read More
မိုးကုတ် ဗုံးကြဲခံရမှုအတွင်း TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးဟု သတင်းအမှားဖြန့်
၂၀၂၅ ဖေဖော်ဝါရီလ ၁၁ ရက် (သျှမ်းသံတော်ဆင့်၊ MPA ၊ The Red Flag) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးကြောင်း သတင်းအမှားဖြန့်ချိ နေပါသည်။ စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်က...
Read More
တော်လှန်ရေးအလှူငွေ မထည့်လို့ မြန်မာရှစ်ဦး မလေးရှားမှာ ပြန်ပေးဆွဲခံရတယ်ဆိုပြီး သတင်းအမှားဖြန့်
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ ရက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ကို မှိုင်းဝေနဲ့ ပုလဲမြေ စတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုကတော့ ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအတွက် အလှူငွေမထည့်လို့ ပြန်ပေးဆွဲခံရတာလို့ ဖေဖော်ဝါရီလ ၈ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အထက်ပါဖော်ပြချက်နဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့သတင်းအမှား...
Read More
ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား
၂၀၂၅ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး...
Read More
ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီကတန်ပြန်လွှင့်သည့် သတင်းအမှား
ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ် Lagon Eain, KIC, The Red Flag, MFCN မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊...
Read More
ကျောက်တော်မြို့က အေအေရဲ့ တပ်တော်နေ့ ပွဲကျင်းပမဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ဆိုပြီး စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်
15 April 2025 Akyab Post – Red Flag ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ...
Read More
April Fool’s Day
April Fool’s Day သည် ပျော်စရာ အနေဖြင့် တကယ့် အချက်အလက်များကို လှည့်စားတက်တဲ့ နေ့တနေ့ဖြစ်သည်။ သို့သော် အန္တရာယ်ရှိတဲ့ သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လာတတ်သော နေ့တနေ့လည်း ဖြစ်သည်။ နောက်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့်တင်သော်လည်း သတင်းအမှားသည် ပို၍ပျံ့နှံ့တတ်ပါသည်။ April fool’s day မှာ ပြည့်စုံကောင်းမွန်သော သတင်းများကို သံသယစိတ်ဖြင့် သတိထားပါ။ ပြန်လည်မမျှဝေခင်...
Read More
ငလျင်လှုပ်နေချိန်မှာ စားပွဲစတဲ့ အကာအကွယ် တခုခုအောက်မှာ မနေသင့်ဘူးဆိုတဲ့ ဖော်ပြချက်အမှား
မတ်လ – ၂၉ ရက်၊ ၂၀၂၅။ ( Fact-check) Lagon Eain, The Red Flag “ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။...
Read More
အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား
(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More
လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More
မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား
Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More
ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့ ဟု ဓာတ်ပုံအဟောင်းကိုအသုံးပြု၍ ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
By Haythar/ Myanmar Pressphoto Agency- The Red Flag ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီးထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။ ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ...
Read More
လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား
လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch...
Read More
မိုးကုတ်တွင် TNLA ကင်းလှည့် ရဲတပ်ဖွဲ့များ တိုက်ခိုက်ခံရမှုကို TNLA နှင့် PDF များ တိုက်ပွဲဖြစ်ရာ TNLA များ သေဆုံးဟု သတင်းအမှားဖြန့်
17 May 2025 By MPA + လဂွန်းအိမ် – The Red Flag မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် TNLA ကင်းလှည့်ရဲတပ်ဖွဲ့ ပစ်ခတ်ခံရမှုကို TNLA နှင့် PDF များတိုက်ပွဲဖြစ်ရာ TNLA များ သေဆုံးဟု မေ ၁၅ ရက်က စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်...
Read More
ဒီပဲယင်း အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာမဟုတ်ဘဲ PDF တွေ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်
ဒီပဲယင်း အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာမဟုတ်ဘဲ PDF တွေ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့် ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။ (fact-check) MPA/ လဂွန်းအိမ်/ The Red Flag စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းမရှိဘဲ...
Read More
ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်သတင်းမှား
DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက်...
Read More
မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်မှု NUG စေခိုင်းခြင်းဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို...
Read More
ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ
Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN) ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင်...
Read More
ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်
ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber...
Read More
“ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံး ခဲ့တယ်” ဆိုတဲ့ သတင်းမှား
ဧပြီလ ၁၈ ရက်၊ ၂၀၂၅။ (Fact check) MPA, Lagon Eain, The Red Flag, ဟုတ်တယ် Vs မဟုတ်ဘူး “သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ က ကရင် ပြည်နယ် ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်း ကို အကြမ်းဖက်မှ ရှော့တိုက်ဒုံးများဖြင့်...
Read More
မောင်တောနယ်စပ်ကို ခိုးဝင်လာသောသူများအား အေအေကနေ ဖမ်းဆီးနေတယ်ဆိုတဲ့ ဗီဒီယိုအတုပျံ့နှံ့နေ
Akyab Post၊ Red Flag 10 Apr 2025 Facebook ဆိုရှယ်မီဒီယာပေါ်မှာ ဧပြီလ ၉ ရက်နေ့ကနေစလို့ “နေ့စဉ် မောင်တောဒေသကို ထောင်နဲ့ချီပြီး တဖက် ဘဂ်လားက ပြန်ခိုးဝင်နေတယ်။ အလုံးရင်းနဲ့ ပြန်ဝင်ဖို့ ပြင်နေတယ်လို့ ကျနော် အရင်က ပြောခဲ့တယ်။ အခု ဝင်နေပြီ အာရက္ခ တပ်တော်က အသေချာ ဂရုစိုက်ဖို့...
Read More
ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာမြန်မာနိုင်ငံက မဟုတ်ပါ
ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာမြန်မာနိုင်ငံက မဟုတ်ပါ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက် သျှမ်းသံတော်ဆင့်၊ ခမ်းသားငေါဝ်း၊ The Red Flag / MFCN Fact Check – အချက်လက်စစ်ဆေးခြင်း အဆောက်အဦး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက ငလျင်ကပ်ဘေးဖြစ်စဉ်မှာ ဖြစ်နေတယ်ဆိုပြီး ဖြန့်ဝေချက်တစ်ခု ပြန့်နှံ့နေပါတယ်။...
Read More