Article
အတုယောင်ရွေးကောက်ပွဲမှာ မဲမသမာမှုမရှိဘူးလို့ စစ်ခေါင်းဆောင် ဝါဒဖြန့်
အတုယောင်ရွေးကောက်ပွဲမှာ မဲမသမာမှုမရှိဘူးလို့ စစ်ခေါင်းဆောင် ဝါဒဖြန့် ၂၀၂၆ ဖေဖော်ဝါရီ ၁၆ (FactCheck_DNA) အာဏာသိမ်းစစ်တပ်ကြီးမှူးကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မဲမသမာမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၃ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို အမှာစကားပြောတဲ့အချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ https://archive.ph/huWo4 MEVM စက်တွေနဲ့နည်းပညာအသုံးပြုပြီး မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ကိုအသုံးပြုပြီး ရွေးကောက်ပွဲကျင်းပဆောင်ရွက်ခဲ့တာကြောင့် မဲမသမာမှုမလုပ်နိုင်ဘူးလို့ စစ်ခေါင်းဆောင်က ပြောဆိုထားပေမဲ့လည်း...
Read More
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဓားပြတိုက်သည့် အေအေတပ်သားတစ်ဦးကို BGB အဖွဲ့မှ ဖမ်းဆီးဆိုပြီး သတင်းမှားဖြန့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဓားပြတိုက်သည့် အေအေတပ်သားတစ်ဦးကို BGB အဖွဲ့မှ ဖမ်းဆီးဆိုပြီး သတင်းမှားဖြန့် ၁၁၊ ဖေဖော်ဝါရီ၊ ၂၀၂၆။ FactCheck_DNA/AKP အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အာရက္ခတပ်တော် အေအေရဲ့ တပ်သားတစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဓားပြတိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ် BGB အဖွဲ့ကနေ လက်နက်နဲ့တကွ ဖမ်းဆီးထားတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။ ...
Read More
အေအေအဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းတာကြောင့် ရခိုင်အမျိုးသားတွေ မိန်းမလျာအဖြစ် ဟန်ဆောင်လာကြဆိုပြီး သတင်းမှားဖြန့်
Akyab Post/ MFCN 9 Feb 2026 အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေအဖွဲ့မှနေ အတင်းအဓမ္မ လူသစ်စုဆောင်းတာကြောင့် ရခိုင်အမျိုးသားတွေဟာ မိန်းမလျာအဖြစ် ဟန်ဆောင်လာကြတယ် ဆိုပြိီး ဖြန့်ဝေထားတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Snow Queen ချန်နယ်ကနေ ဖေဖော်ဝါရီလ ၃ရက်နေ့မှာ ဗီဒီယိုတစ်ခုဖြန့်ခဲ့ပြီးတော့ ဗီဒီယိုထဲမှာ “အကြမ်းဖက် အေအေအဖွဲ့က...
Read More
ထိုင်းနိုင်ငံမှာ လျှပ်စစ်ဝါယာကြိုးတွေခိုးယူလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက PDF ထဲမှ ထွက်ပြေးလာ တဲ့သူ ဖြစ်တယ်ဆိုတဲ့ သတင်းမှား
ထိုင်းနိုင်ငံမှာ လျှပ်စစ်ဝါယာကြိုးတွေခိုးယူလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက PDF ထဲမှ ထွက်ပြေးလာ တဲ့သူ ဖြစ်တယ်ဆိုတဲ့ သတင်းမှား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် (Fact Check/ DNA/ The Red Flag) ☑️ အနှစ်ချုပ် PDF ထဲက ထွက်ပြေးတဲ့ PDF အဖွဲဝင်တစ်ယောက်ဟာ...
Read More
အပ်စတိန်းရဲ့ပေါက်ကြားလာတဲ့ဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်နေတယ်ဆိုတဲ့ သတင်းမှား
အပ်စတိန်းရဲ့ပေါက်ကြားလာတဲ့ဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်နေတယ်ဆိုတဲ့ သတင်းမှား ဖေဖော်ဝါရီ၊ ၆၊ ၂၀၂၆။ (Fact-check _DNA) လိင်မှုကိစ္စကျူးလွန်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ထဲမှာပဲ ကြိုးဆွဲချသတ်သေခဲ့တဲ့ ဂျက်ဖရီ အပ်စတိန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း သုံးသန်းကို အမေရိကန် တရားရေးဌာန (DOJ)ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၃၀ရက်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဲ့ဒီဖိုင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်နေတယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်တွေမှာ...
Read More
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီသေဆုံးသွားပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလဒဏ်ရာရလို့ ဆေးကုနေရတယ်ဆိုတဲ့ သတင်းမှား
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီသေဆုံးသွားပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလဒဏ်ရာရလို့ ဆေးကုနေရတယ်ဆိုတဲ့ သတင်းမှား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (Fact-Check -DNA/ The Red Flag) ☑️အနှစ်ချုပ် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ သေဆုံးသွားပြီဖြစ်ပြီး NUG ယာယီ သမ္မတ ဒူဝါလရှီးလ ဒဏ် ရာရလို့ ဆေးကုသနေရတယ်လို့ လိမ်လည်ဝါဒဖြန့်ရေးသားထားတဲ့...
Read More
ပလမြို့မှာ စစ်အာဏာရှင်တပ်က အိမ်တွေမီးရှို့ပြီး PDF လက်ချက်လို့ ပုံဖော်သတင်းအမှားဖြန့်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ၊ အမှတ် (၄) ရပ်ကွက်မှာ စစ်အာဏာရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်မှာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုမှာ PDF တွေက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဖြန့်ချိနေပါတယ်။ Follower တစ်သိန်းရှိတဲ့ ‘ငြိမ်းချမ်းပါစေ’ အမည်နဲ့ Facebook အကောင့်က...
Read More
အတုအယောင်ရွေးကောက်ပွဲနဲ့ ဝါဒဖြန့်မှုတွေရဲ့ နောက်ကွယ်က မြန်မာနိုင်ငံရဲ့ ပကတိအရှိတရား
အတုအယောင်ရွေးကောက်ပွဲနဲ့ ဝါဒဖြန့်မှုတွေရဲ့ နောက်ကွယ်က မြန်မာနိုင်ငံရဲ့ ပကတိအရှိတရား ၃၁ ဇန်နဝါရီ ၂၀၂၆ (Fact-Check_DNA) အာဏာသိမ်းစစ်တပ်ဦးဆောင်ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၃)ပိုင်း ကာလ တွေအတွင်းမှာ ရော အပြီးမှာပါ စစ်လော်ဘီတွေနဲ့ စစ်တပ်အားပေးထောက်ခံသူတွေဟာ ကြံ့ခိုင်ရေးပါတီ (USDP) ကပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ပေးမယ့် အစိုးရအသစ်တခုဖြစ်လာမယ့် ပါတီအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ သူတို့ဖြန့်ဝေခဲ့တဲ့...
Read More
လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ
၂၀၂၆ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်, The Red Flag) သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ...
Read More
