Organization

Article

အမ်းမြို့မှာ စစ်တပ်ရဟတ်ယာဉ်ကို အေအေက ပစ်ခတ်ခဲ့တဲ့ သတင်းဟာ မမှန်ကန်ဘူးလို့ ဝါဒဖြန့် ချန်နယ်တွေ သတင်းအမှား ဖြန့်

  နို၀င်ဘာ ၁၄ – Myanmar Pressphoto Agency/ Arakan Express News/ The Red Flag ရခိုင်ပြည်၊ အမ်းမြို့ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို အေအေက ပစ်ခတ်ခဲ့တဲ့သတင်းဟာ မမှန်ကန်ဘဲ ဖြစ်စဉ်ပင်မရှိခဲ့တဲ့ အပြင် မီဒီယာတွေက လိမ်လည်သတင်းတင်ဆက်နေတယ်ဆိုပြီး နို၀င်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ Subscriber...
Read More

ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်က မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင်အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်

  ၂၀၂၄ နိုဝင်ဘာလ  ၁၄ ရက်၊ သျှမ်းသံတော်ဆင့်/ The Red Flag သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်ချိနေပါသည်။   စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်ဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ခန့်ရှိသည်။...
Read More

ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီး

နိုဝင်ဘာလ ၅ – Federal FM/ The Red Flag ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီးလို့ နိုဝင်ဘာ၁ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၃၁,၇၉၅ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရေဦးPeople’s Defense Comradeမုဆိုးမရဲ့သား၊ထူးခန့်ကြောင်မှထုတ်ပြောပြသည့်ကန့်ဘလူဖမ်းမိပဒက်၃၇ကင်စာရင်း။ PDFအမျိုးသား(၃၄)ဦးနှင့်PDFအစိရှည်(၃)ဦး၊စုစုပေါင်းသုတ်သင်(၃၇)ဦးမှာနေလ၊မြင့်မြတ်ဇင်၊အောင်ဆန်းထွန်း၊သိန်းချို၊နိုင်လင်းအောင်၊ကျော်သူဟိန်း၊မဲခိုင်၊ဖြိုးလွင်၊အောင်ကံဦး၊ရဲကိုဝင်း၊မြင့်မြတ်ဟိန်း၊ချက်ကြီး၊မောင်ဇော်၊ရန်ကျော်ဦး၊မျောက်ကြီး၊စည်သူနိုင်၊ကျော်စိုးဦး၊ရဲထက်ဦး၊ထိုင်ဝမ်၊ဝင်းထွန်း၊ကျော်ရဲနိုင်၊ဝင်းထက်အောင်၊ရွှေထူး၊ချက်ဖောင်း၊အောင်ဇော်ဦး၊မောင်ခိုင်၊ငယ်လေး၊ဝါဆို၊ထွေးအောင်ကျော်၊ရဲအောင်၊ကိုမျိုး၊ချစ်ပို၊လူပျို၊မဇင်မာလင်း၊ဒေါ်ပူစူး၊မဇင်ဝေခိုင်နှင့်အမည်မသိိထောက်ပို့တစ်ဦးတို့ဖြစ်ကြသည်။”...
Read More

သီပေါက လူမရှိတဲ့အိမ်တွေကို MNDAA ကိုးကန့်တွေဝင်ပြီး ပစ္စည်းတွေခိုးယူနေတယ်ဆိုတဲ့ သတင်းအမှား

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (Fact Check)- Delta News Agency/ The Red Flag ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေက သီပေါမြို့မှာ လူမရှိတဲ့နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။ စစ်ကောင်စီလော်ဘီ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ အောက်တိုဘာ ၃၁ ရက်မှာ...
Read More

အမ်းမြို့တွင် စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးမှုအား အေအေအဖွဲ့ကြောင့်ဟု သတင်းအမှားဖြန့်ဝေ

By Haythar / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ရှောင်ပြည်သူများ ရှိရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၍ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုကို စစ်တပ်ထောက်ခံသူများက အေအေအဖွဲ့ လုပ်ရပ်ကြောင့်ဟူ၍ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့်...
Read More

Fact Check

4 Nov 2024 by Wadi / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖေ့စ်ဘွတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Kyaw Sett ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က...
Read More

ဖယ်ခုံ – ပင်လောင်းနယ်စပ်မှာ တော်လှန်ရေးဘက်က ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်တဲ့သူ ၁၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းမှား

နိုဝင်ဘာလ ၅ ၊ ကန္တာရဝတီတိုင်း ( မ် ) + The Red Flag ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ – ပင်လောင်းနယ်စပ်က ဗန်းမောက်၊ ကုန်းပေါ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်တဲ့သူ ၁၅ ဦး သေဆုံးတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရေးသားဖြန့်ချိနေပါတယ်။ Subscribers...
Read More

လောင်းလုံးမြို့ပေါ်မှာ အရပ်သားပစ်သတ်ခံရတာကို PDF လို့ သတင်းအမှားဖြန့်

လောင်းလုံးမြို့၊ လဝကရုံးရှေ့မှာဖွင့်လှစ်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာတဲ့ အရပ်သားတစ်ဦး အောက်တိုဘာလ ၃၁ရက် မနက်ပိုင်းမှာ ပစ်သတ်ခံရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့က စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တဲ့ PDF တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Subscribed လုပ်ထားသူ နှစ်သောင်းကျော်ကနေ ခုနစ်သောင်းနီးပါးအထိရှိတဲ့ “အမဲလိုက်မုဆိုးကြီး သတင်းမှန်” ၊ “Snow Queen” ၊...
Read More

ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းအမှားဖြန့်

၂၀၂၄ နိုဝင်ဘာလ ၁ ရက်၊ သျှမ်းသံတော်ဆင့်+ကန္တာရဝတီတိုင်း(မ်) သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .