Article
NUG မှ အသက်မပြည့်သေးသည့်ကလေးငယ်များအား စစ်သားစုဆောင်းထားဆိုသည့် သတင်းအမှား
၂၂ ဇန်နဝါရီလ ၂၀၂၅ (သျှမ်းသံတော်ဆင့်၊ Delta News Agency၊ The Red Flag) အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသောကလေးစစ်သားများဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် People Media ချန်နယ်လ်မှ “စစ်သွေးကြွ NUG အုပ်စုမှ ကလေးငယ်များကို စစ်သားစုဆောင်းထားမှု...
Read More
တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်း
တနင်္သာရီမြို့နယ်၊ တကူရွာမှာ ဇန်နဝါရီလ ၁၃ ရက်က စစ်ကောင်စီရဲ့ မြိတ်လေတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘဲ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချရာကနေအရပ်သားတွေထိခိုက်တာလို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၄ရက်မှာ ငြင်းချက်ထုတ်ခဲ့ပါတယ်။...
Read More
မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများသည် စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေနှင့် CDM ဝန်ထမ်းများ ဟုဆိုသည့် သတင်းအမှား
By Wadi/Myanmar Pressphoto Agency- The Red Flag မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ...
Read More
အမေရိကန်နိုင်ငံ၊ Los Angeles မြို့ တောမီးလောင်မှုမှာ မီးကွင်းတဲ့အိမ်ဆိုပြီး ဘာသာအလိုက် ဖြန့်ဝေ နေတဲ့ သတင်းအမှား
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် (Fact Check) Delta News Agency/ The Red Flag လက်ရှိလူမှုကွန်ရက် စာမျက်နှာပလက်ဖောင်းအသီးသီးမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်က Los Angeles (or) LA မြို့ အနီးဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုမှာ ဘာသာရေး ကြောင့် မီးကွင်းခဲ့တဲ့အိမ်ဆိုပြီး...
Read More
ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်
၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
Read More
တန်ဖိုးကြီး ကားကံစမ်းမဲ လိမ်လည်မှုများ
တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။ အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။ လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့...
Read More
KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ် ဆိုပြီး ဝါဒဖြန့်ချိ
ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့...
Read More
ထုတ်ပြန်ချက်အတုကိုသုံးပြီး PDFပေါ်ပုံချတဲ့သတင်းမှား
ဒီဇင်ဘာလ၊ ၂၇ရက်။ (Fact Check) DNA / The Red Flag မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရန်ပုံငွေ အတွက်လို့ ခေါင်းစဥ်တပ်ပြီး အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ပုံစံနဲ့ ထုတ်ပြန်ချက်တခု လူမှု ကွန်ရက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအယောင်ဆောင် ငွေကြေးလိမ်လည်တဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီ အားပေးထောက်ခံတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ ရွှေနေကြာကနေစတင် စတင်ဖြန့်ဝေထားပြီး...
Read More
TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေဟု စစ်လော်ဘီများကဝါဒဖြန့်
၂၀၂၄ ဒီဇင်ဘာလ ၂၄ ရက် (သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag) တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ...
Read More
