Home

MFCN_logo

Latest Articles

မတ္တရာတွင် စစ်ကောင်စီတပ်မိုင်းဆွဲခဲ့ရ၍ သေဆုံးမှုဖြစ်စဉ်အား သတင်းအတုဟုဆိုကာ လော်ဘီများ ဖြန့်ဝေနေ

9 June 2024 By Wadi / MPA မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြောက်တံငါရွာ၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီ တပ်သားများ သေဆုံးမှုဖြစ်စဉ်အား သတင်းအတုဟုဆိုကာ ဇူလိုင် ၈ရက်တွင်လော်ဘီများ ဖြန့်ဝေလျက်ရှိသည်။ Khit Thit Media တွင် “မတ္တရာမြို့နယ် မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော စစ်သားများကို ပေပါမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားအများအပြားသေဆုံး”...
Read More

တီးတိန်တွင် စစ်တပ်က မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုအား RFA သတင်းထောက် ပြုကျင့် သည်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

9 July 2024 By Haythar /MPA ချင်းပြည်နယ် တီးတိန်မြို့နယ် မွာလ်ပြီးရွာရှိ အသက်၁၅နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ် သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်အား RFA သတင်း​ထောက်က ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင်၇ရက် တွင် စစ်ကောင်စီလော်ဘီချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ “Myanmar Hard Talk” တယ်လီဂရမ်ချန်နယ်က ❝RFA သတင်းထောက်က အသက်မပြည့်တဲ့ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ပြီး...
Read More

Denko ဆီဆိုင်အတွင်းရှိ Agency အသေးစားဘဏ်ကို PDF ဓားပြတိုက်ဟု စွပ်စွဲကာ စစ်ကောင်စီ လော်ဘီများ သတင်းအမှားဖြန့်

7 July 2024 By Wadi / MPA မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ Denko ဆီဆိုင်အတွင်းရှိ Agency အသေး စားဘဏ်ကို PDF ခြောက်ဦးက သေနတ်ပြကာ ငွေကျပ်သိန်း ၆၀၀အား ဓားပြတိုက်သွားဆိုသည့် သတင်း အမှား ဇူလိုင် ၅ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ သတင်းအမှားအကြောင်းအရာအား ဇူလိုင်...
Read More

ဇူလိုင် ပထမပတ်အတွင်း MPA က သတင်းအချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားများ

5 July 2024 By Fact Check Team / MPA ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် သတင်းအတု၊ သတင်းအမှားအကြောင်းအရာများပျံ့နှံ့လျက်ရှိပါ သည်။ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း စိစစ်ဖော်ထုတ်ကာ Fact Check News အနေဖြင့် ရေးသားဖော်ပြပေးလျက်ရှိသည်။ ဇွန် ၂၉ရက်မှ ဇူလိုင် ၅ရက်အထိ...
Read More

“အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းမှန်သိ”

ဒီတစ်ပတ်ရဲ့ “အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းမှန်သိ” ကနေ စီစစ်တွေ့ရှိထားတဲ့ သတင်းအမှား အကြောင်းအရာကတော့ ”မိုးကုတ်မှာ ပြည်သူများစွာ ထွက်ခွာခွင့်မရဘဲ ပိတ်ခံထားရချိန်မှာ ဗုံးကြဲဖို့ ပြည်သူတွေက တောင်းဆိုတယ်ဆိုတဲ့ လှုံ့ဆော်မှုဟာ အန္တရာယ်အလွန်များတဲ့ အတွက် သတိမူသင့်ပါတယ်“ ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဖက်ဒရယ် FM ဝိုင်တော်သား ခူးဖဲဘူးနဲ့ ဝိုင်းတော်သူ မူဆိုမိုတို့က တင်ဆက်ပေးထားပါတယ်။ #FreeHtetHtetKhine _________________ Website –...
Read More

သဘာဝဘေးနဲ့ သတိပြုရမယ့်သတင်းအမှားတွေ

ဇူလိုင်၊ ၂ လူအများအပြားအပေါ်သက်ရောက်မှုရှိတဲ့ ဘေးအန္တရာယ်တွေကြုံလာရတဲ့အခါ အဲ့ဒီအန္တရာယ်ရဲ့အဆင့် တိုင်းမှာ သတင်းအမှားတွေပါ အတူတွဲပြီး ပေါ်ပေါက်လာလေ့ရှိတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာ စိတ်ပညာ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။ ဒါကြောင့် သတင်းမှားတွေရဲ့ လှည့်ဖျားမှုကိုမခံရအောင် လေ့လာချင့်ချိန်အတည်ပြုဖို့က အဓိက ကျတယ်လို့ လည်း ပညာရှင်တွေကထောက်ပြထားကြောင်း ဂျပန်သတင်းဌာနတခုဖြစ်တဲ့ NHKရဲ့ ဘေးအန္တရာယ်နဲ့ သ တင်းအမှား ဆိုင်ရာတင်ဆက်မှုတခုမှာဖော်ပြထားပါတယ်။ သဘာဝဘေးနဲ့သတင်းအမှားဆိုင်ရာ သုတေသီတွေက...
Read More

“ကရင်နီက သတင်းတု သတင်းမှားတွေအကြောင်း”

အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီအစဉ်ကနေ ဒီတစ်ပတ်မှာတော့ ကရင်နီပြည်မှာ လတ်တလော ဖြန့်ချိလာတဲ့ သတင်းအမှားတွေကို စိစစ်ပြီး တင်ဆက်ထားပါတယ်။ ဖက်ဒရယ် FM ဝိုင်းတော်သား စောလားဘွယ်နဲ့ ဝိုင်းတော်သူ မူအေးမူက တင်ဆက်ပေးထားပါတယ်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook –...
Read More

“ကရင်နီမှာ ဖြန့်နေတဲ့ သတင်းတုသတင်းမှာတွေကြောင်း”

ကရင်နီပြည်နယ်(ကယားပြည်နယ်)လွိုင်ကော်မြို့အား စစ်ကောင်စီတပ်က ထိန်းချုပ်ပြီးနောက်ပိုင်း KNDF တပ်ဖွဲ့ဝင်အချို့လက်နက်ချအလင်းဝင်ဆိုသည့်သတင်းအမှားများ ဇွန်လ ၁၇ရက်နေ့တွင် တယ်လီဂရမ်ချန်နယ်များနှင့် ဖေ့ဘွတ်ခ်လူမှုစာမျက်နှာအချို့တွင် ပျံ့နှံ့နေသည်။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram – https://www.instagram.com/federalfmradio
Read More

“စစ်တွေမြို့၊ ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေအကြောင်း”

“စစ်တွေမြို့၊ ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေအကြောင်း” ဒီတစ်ပါတ်ရဲ့ အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီစဉ်ကနေ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၊ ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို စိစစ်ထားတာတွေကို နားဆင်ရမှာပါ။ အပြည့်စုံဖတ်ရန်…..Federal FM Website – https://federalfmradio.com YouTube – https://www.youtube.com/@federalfmradio Telegram – https://t.me/federalfm Facebook – https://www.facebook.com/federalfmradio Instagram...
Read More

Latest Publication

Fact Check

4 Nov 2024 by Wadi / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖေ့စ်ဘွတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Kyaw Sett ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က...
Read More

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံရဆိုသည့် သတင်းအမှား

By Wadi / MPA – The Red Flag မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံခဲ့ရဆိုသည့် သတင်း အမှား အောက်တိုဘာ ၁၄ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၄ ရက် ည...
Read More

ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Haythar – MPA-The Red Flag စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် NLD, NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက်...
Read More

ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃...
Read More

ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု

By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀...
Read More

Latest Investigation Article

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။   ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။  ဖြစ်စဉ်အကျဉ်းချုပ်...
Read More

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။  ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .