Home

MFCN_logo

Latest Articles

ကိုးကန့်တပ်က ဆင်းရဲတဲ့ တရုတ်ရွာသားတွေကို ခေါ်လာပြီး အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေးနေလို့ ဝ တပ်က စစ်ကောင်စီနဲ့ညှိပြီး လားရှိုးကို လာရောက်ကာ လုံခြုံရေးယူပေးတယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုးကန့်တပ် MNDAA တွေက ဆင်းရဲတဲ့ တရုတ်ရွာသား တွေကို ကြေးစားအနေနဲ့ခေါ်လာပြီး သိမ်းယူရရှိတဲ့ မြို့ရွာတွေက အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေး ထားလို့ ဝ တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လားရှိုးကို လုံခြုံရေးယူပေးဖို့ လာရောက်တာလို့ ရေးသား ထားမှုတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ News of Myanmar NOM နဲ့...
Read More

သံတွဲ-ဂွ ကားလမ်းပေါ်က ချင်းကွင်းတံတားကို AA မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရခိုင်ပြည်နယ်၊ သံတွဲ-ဂွ ကားလမ်းပေါ်က ချင်းကွင်းတံတား ကို AA က မိုင်းခွဲဖျက်ဆီးတယ်လို့ ဝါဒဖြန့်ရေးသားထားမှုတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ Naung Taw Lay တယ်လီဂရန်ကနေ ၂၀၂၄ ဇူလိုင် ၂၅ ရက်မှာ “ရခိုင်ပြည် နယ်၊ သံတွဲမြိုနယ်နှင့် ဂွမြိုနယ်ကြားရှိ အဝေးပြေးကမ်းလမ်းမပေါ်ရှိ  တံတား ၃ စင်းအား...
Read More

ထားဝယ်မြို့အနီးက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်တယ်ဆိုပြီး သတင်းမှားဖြန့်

ထားဝယ်မြို့အနီးက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်တယ်ဆိုပြီး သတင်းမှားဖြန့် Dawei Watch၊ Fact Check ထားဝယ်မြို့စွန်မှာရှိတဲ့ သပြေချောင်းရွာက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်ထားတာကြောင့် စစ်ကောင်စီတပ်က ရှင်းလင်းလိုက်ရတယ်လို့စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တစ်ခုက ဖြန့်ဝေခဲ့ပါတယ်။ “အမဲလိုက်မုဆိုးကြီး သတင်းအမှန်” အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေခဲ့တာပါ။
Read More

မြသိန်းတန်စေတီအနားရှိ ကျေးရွာများကို PDF များ မီးရှို့ဖျက်ဆီးခဲ့ဆိုသည့် သတင်းအမှား

28 July 2024 by Wadi / MPA စစ်ကိုင်းတိုင်း မြသိန်းတန်စေတီအနီး နယ်မြေရှင်းလင်းစဉ် ဆုတ်ခွာထွက်ပြေးသွားသော PDF များက ရွာများကို မီးရှိုဖျက်ဆီး ဆိုသည့် သတင်းအမှားများ ဇူလိုင် ၂၄ နှင့် ၂၅ ရက်များတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ သတင်းအမှားကို Subscribers ၂၀,၀၀၀ ကျော်ရှိသည့် MT...
Read More

မိုးကုတ်မြို့သိမ်းတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ နာရေးဆိုပြီး သတင်းမှားဖြန့်

ဇူလိုင် ၂၇ ရက်၊ ၂၀၂၄ မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေကိုသိမ်းပြီးတဲ့နောက် မြိုခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပုံတွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား အုံးအုံးထနေချိန်မှာပဲ မြို့သိမ်းရာမှာပါ ဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်တွေကို အစုလိုက်ရှင်းလင်းလိုက်နိုင်တယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Khon Sia Oo ဆိုတဲ့ ချန်နယ်က မိုးကုတ်မြို့ကိုတအာင်းတပ်(TNLA) နဲ့ မန္တလေး...
Read More

ဓာတ်ပုံဟောင်းကို အသုံးပြုပြီး KNDF၊ IPDF၊ ပျားစစ်ကြောင်း PDF တို့ က ညောင်ရွှေမြို့နယ် နေအိမ်တွေကိုဖောက်ထွင်း သတင်းအတု

27 July 2024 By SHAN News KNDF၊ IPDF နဲ့ ပျားစစ်ကြောင်း PDF ပူးပေါင်းပြီး ညောင်ရွှေမြို့နယ် ဒေသခံနေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။  စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က ဖြန့်ချိထားပြီး ဦးနေမျိုးဇင်၊ KNDF, IPDF နဲ့ ပျားစစ်ကြောင်း PDF ...
Read More

လားရှိုးရမခ ကျဆုံးမှု လုံးဝ မရှိဟုဆိုကာ စစ်တပ်ဝါဒဖြန့်ချိသူများ သတင်းအမှားများ ဖြန့်ဝေ

26 July 2024 By MPA / DNA ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းဌာနချုပ် ကျဆုံးမှု လုံးဝမရှိဟုဆိုသော သတင်းအမှားများ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၄ ဇူလိုင် ၂၅ ရက် မှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။ ​ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းအဖွဲ့များက လားရှိုးရမခကို ၂၀၂၄...
Read More

KNU စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး ကျိုက်မရော ဗုံးကြဲခံရမှုမှာပါသွားတယ်ဆိုတဲ့သတင်းအမှား

KNU စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး ကျိုက်မရော ဗုံးကြဲခံရမှုမှာပါသွားတယ်ဆိုတဲ့သတင်းအမှား People’s Spring _ Dawei Watch မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း KNU တပ်မဟာ (၆) ကွပ်ကဲမှုအောက်က Lion Battalion- ကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့်...
Read More

ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပါတဲ့ ဗွီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှား

ဇူလိုင် ၂၄ ရက်၊ ၂၀၂၄ ခုနှစ် စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ “မှိုင်းဝေ” ကနေ ဇူလိုင် ၂၃ ရက်မှာ “BREAKING NEWS လေတပ်က မောင်တွေကတော့ ကြမ်းပြီဟေ့၊...
Read More

Latest Publication

ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ

Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN) ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင်...
Read More

ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber...
Read More

ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီကတန်ပြန်လွှင့်သည့် သတင်းအမှား

  ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်   Lagon Eain, KIC, The Red Flag, MFCN   မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊...
Read More

ကျောက်တော်မြို့က အေအေရဲ့ တပ်တော်နေ့ ပွဲကျင်းပမဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ဆိုပြီး စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

15 April 2025 Akyab Post – Red Flag ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။  တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ...
Read More

April Fool’s Day

April Fool’s Day သည် ပျော်စရာ အနေဖြင့် တကယ့် အချက်အလက်များကို လှည့်စားတက်တဲ့ နေ့တနေ့ဖြစ်သည်။ သို့သော် အန္တရာယ်ရှိတဲ့ သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လာတတ်သော နေ့တနေ့လည်း ဖြစ်သည်။ နောက်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့်တင်သော်လည်း သတင်းအမှားသည် ပို၍ပျံ့နှံ့တတ်ပါသည်။ April fool’s day မှာ ပြည့်စုံကောင်းမွန်သော သတင်းများကို သံသယစိတ်ဖြင့် သတိထားပါ။ ပြန်လည်မမျှဝေခင်...
Read More

ငလျင်လှုပ်နေချိန်မှာ စားပွဲစတဲ့ အကာအကွယ် တခုခုအောက်မှာ မနေသင့်ဘူးဆိုတဲ့ ဖော်ပြချက်အမှား

မတ်လ – ၂၉ ရက်၊ ၂၀၂၅။ ( Fact-check) Lagon Eain, The Red Flag “ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။...
Read More

အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား

(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More

လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More

မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား

Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More

Latest Investigation Article

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။   ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။  ဖြစ်စဉ်အကျဉ်းချုပ်...
Read More

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။  ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .