
ဆီဆိုင်မြို့နယ်တွင် စစ်တပ်ပစ်သတ်ခဲ့သော ရွာသား သုံးဦးကို PNLO တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စစ်တပ်လော်ဘီ သတင်းအမှားဖြန့်
10 July 2024 By Haythar / MPA ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က ရွာသားသုံးဦးကို ပစ်သတ်ခဲ့ပြီးနောက် သေဆုံးသူသုံးဦးသည် တိုက်ပွဲအတွင်း သေဆုံးသော PNLO တပ်ဖွဲ့ဝင်များ သာဖြစ်ကြောင်း စစ်ကောင်စီတပ်လော်ဘီတယ်လီဂရမ်များတွင် ဇူလိုင် ၉ရက် ည၈နာရီခန့်က လိမ်လည်သတင်းအမှား ဖြန့်ဝေထားသည်။ RFA သတင်းမီဒီယာက ရေးထားသော သတင်းကို Screenshot...
Read More
မတ္တရာမြို့ ရေနံ့သာတိုးဂိတ်ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုသော သတင်းအမှား
12 July 2024 By Wadi / MPA မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရေနံ့သာတိုးဂိတ်ကို စစ်ကောင်စီက ဇူလိုင် ၇ ရက်တွင် အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့သည်ဆိုသော သတင်းအမှား တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့ခဲ့သည်။ Subscribers ၁၄၀,၀၀၀ ကျော်ရှိသည့် “People Media” တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၁...
Read More
နောင်ချိုမြို့ရှိ ၆၀၆ အမြောက်တပ်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်
10 July 2024 By Wadi / MPA ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ဖြစ်သည့် အမှတ်-၆၀၆ အမြောက်တပ်သည် တစ်ခြမ်းပါသွားသော်လည်း လက်ရှိတွင် ပြန်လည်ထိန်းထားနိုင်ပြီဆိုသော သတင်း အမှားများ ဇူလိုင် ၁၀ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscribers ၄၀,၀၀၀ ကျော်ရှိသည့် “ အောင်စစ်သည်” အမည်ရှိ...
Read More
မတ္တရာတွင် စစ်ကောင်စီတပ်မိုင်းဆွဲခဲ့ရ၍ သေဆုံးမှုဖြစ်စဉ်အား သတင်းအတုဟုဆိုကာ လော်ဘီများ ဖြန့်ဝေနေ
9 June 2024 By Wadi / MPA မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြောက်တံငါရွာ၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီ တပ်သားများ သေဆုံးမှုဖြစ်စဉ်အား သတင်းအတုဟုဆိုကာ ဇူလိုင် ၈ရက်တွင်လော်ဘီများ ဖြန့်ဝေလျက်ရှိသည်။ Khit Thit Media တွင် “မတ္တရာမြို့နယ် မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော စစ်သားများကို ပေပါမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားအများအပြားသေဆုံး”...
Read More
တီးတိန်တွင် စစ်တပ်က မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုအား RFA သတင်းထောက် ပြုကျင့် သည်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်
9 July 2024 By Haythar /MPA ချင်းပြည်နယ် တီးတိန်မြို့နယ် မွာလ်ပြီးရွာရှိ အသက်၁၅နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ် သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်အား RFA သတင်းထောက်က ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင်၇ရက် တွင် စစ်ကောင်စီလော်ဘီချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ “Myanmar Hard Talk” တယ်လီဂရမ်ချန်နယ်က ❝RFA သတင်းထောက်က အသက်မပြည့်တဲ့ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ပြီး...
Read More
Denko ဆီဆိုင်အတွင်းရှိ Agency အသေးစားဘဏ်ကို PDF ဓားပြတိုက်ဟု စွပ်စွဲကာ စစ်ကောင်စီ လော်ဘီများ သတင်းအမှားဖြန့်
7 July 2024 By Wadi / MPA မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ Denko ဆီဆိုင်အတွင်းရှိ Agency အသေး စားဘဏ်ကို PDF ခြောက်ဦးက သေနတ်ပြကာ ငွေကျပ်သိန်း ၆၀၀အား ဓားပြတိုက်သွားဆိုသည့် သတင်း အမှား ဇူလိုင် ၅ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ သတင်းအမှားအကြောင်းအရာအား ဇူလိုင်...
Read More
ဇူလိုင် ပထမပတ်အတွင်း MPA က သတင်းအချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားများ
5 July 2024 By Fact Check Team / MPA ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် သတင်းအတု၊ သတင်းအမှားအကြောင်းအရာများပျံ့နှံ့လျက်ရှိပါ သည်။ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း စိစစ်ဖော်ထုတ်ကာ Fact Check News အနေဖြင့် ရေးသားဖော်ပြပေးလျက်ရှိသည်။ ဇွန် ၂၉ရက်မှ ဇူလိုင် ၅ရက်အထိ...
Read More
“အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းမှန်သိ”
ဒီတစ်ပတ်ရဲ့ “အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းမှန်သိ” ကနေ စီစစ်တွေ့ရှိထားတဲ့ သတင်းအမှား အကြောင်းအရာကတော့ ”မိုးကုတ်မှာ ပြည်သူများစွာ ထွက်ခွာခွင့်မရဘဲ ပိတ်ခံထားရချိန်မှာ ဗုံးကြဲဖို့ ပြည်သူတွေက တောင်းဆိုတယ်ဆိုတဲ့ လှုံ့ဆော်မှုဟာ အန္တရာယ်အလွန်များတဲ့ အတွက် သတိမူသင့်ပါတယ်“ ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဖက်ဒရယ် FM ဝိုင်တော်သား ခူးဖဲဘူးနဲ့ ဝိုင်းတော်သူ မူဆိုမိုတို့က တင်ဆက်ပေးထားပါတယ်။ #FreeHtetHtetKhine _________________ Website –...
Read More
သဘာဝဘေးနဲ့ သတိပြုရမယ့်သတင်းအမှားတွေ
ဇူလိုင်၊ ၂ လူအများအပြားအပေါ်သက်ရောက်မှုရှိတဲ့ ဘေးအန္တရာယ်တွေကြုံလာရတဲ့အခါ အဲ့ဒီအန္တရာယ်ရဲ့အဆင့် တိုင်းမှာ သတင်းအမှားတွေပါ အတူတွဲပြီး ပေါ်ပေါက်လာလေ့ရှိတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာ စိတ်ပညာ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။ ဒါကြောင့် သတင်းမှားတွေရဲ့ လှည့်ဖျားမှုကိုမခံရအောင် လေ့လာချင့်ချိန်အတည်ပြုဖို့က အဓိက ကျတယ်လို့ လည်း ပညာရှင်တွေကထောက်ပြထားကြောင်း ဂျပန်သတင်းဌာနတခုဖြစ်တဲ့ NHKရဲ့ ဘေးအန္တရာယ်နဲ့ သ တင်းအမှား ဆိုင်ရာတင်ဆက်မှုတခုမှာဖော်ပြထားပါတယ်။ သဘာဝဘေးနဲ့သတင်းအမှားဆိုင်ရာ သုတေသီတွေက...
Read More
ထိုင်းတွင် တော်လှန်ရေးထောက်ခံသူ မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှား
By Wadi/ Myanmar Pressphoto Agency- The Red Flag ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရဆို သော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ...
Read More
တော်လှန်ရေးအလှူငွေ မထည့်လို့ မြန်မာရှစ်ဦး မလေးရှားမှာ ပြန်ပေးဆွဲခံရတယ်ဆိုပြီး သတင်းအမှားဖြန့်
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ ရက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ကို မှိုင်းဝေနဲ့ ပုလဲမြေ စတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုကတော့ ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအတွက် အလှူငွေမထည့်လို့ ပြန်ပေးဆွဲခံရတာလို့ ဖေဖော်ဝါရီလ ၈ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အထက်ပါဖော်ပြချက်နဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့သတင်းအမှား...
Read More
ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား
၂၀၂၅ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး...
Read More
ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင် ၁၅ ဦး သေဆုံးဆိုပြီး ဝါဒဖြန့်ချိတဲ့ သတင်းအမှား
ဇန်နဝါရီလ ၂ ရက် – Federal FM/ The Red Flag ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRYအတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင်၁၅ဦး သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရှမ်းတောင်PDFအကြမ်းဖက်အဖွဲ့ SSLRUနှင့်SSRY အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့ ၁၇နှစ်အရွယ် ရဲဘော်ခန့်အပါအဝင်...
Read More
ကရင်နီတွင် တော်လှန်ရေးရဲဘော်အယောင်ဆောင် အကောင့်တုတွေနဲ့ ငွေလိမ်လည်မှုအားစိစစ်ခြင်း
၂၀၂၅ ဇန်နဝါရီလ ၂၇ ရက် ( ဖက်ဒရယ် FM၊ The Red Flag) ကရင်နီပြည်တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်ဓာတ်ပုံတွေနဲ့ နာမည်တွေကို အသုံးပြုပြီး အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုတွေ ပိုမိုများပြားလာနေပါတယ်။ အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုများနေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင် ဖယ်ဒရယ် FM ၏ အချက်အလက်စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ ငွေလိမ်လည်မှု ဖြစ်ကြောင်း...
Read More
တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်း
တနင်္သာရီမြို့နယ်၊ တကူရွာမှာ ဇန်နဝါရီလ ၁၃ ရက်က စစ်ကောင်စီရဲ့ မြိတ်လေတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘဲ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချရာကနေအရပ်သားတွေထိခိုက်တာလို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၄ရက်မှာ ငြင်းချက်ထုတ်ခဲ့ပါတယ်။...
Read More
မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများသည် စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေနှင့် CDM ဝန်ထမ်းများ ဟုဆိုသည့် သတင်းအမှား
By Wadi/Myanmar Pressphoto Agency- The Red Flag မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ...
Read More
ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်
၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
Read More
တန်ဖိုးကြီး ကားကံစမ်းမဲ လိမ်လည်မှုများ
တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။ အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။ လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့...
Read More
ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ
သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More
ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။ ဖြစ်စဉ်အကျဉ်းချုပ်...
Read More
စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း
လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။ ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More
ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း
ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More
ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်
ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More