
အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား
(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More
“ တိုက်ပွဲတွေမှာ အဆိပ်ငွေ့ ပိုသုံးလာတဲ့အပေါ် စစ်ကောင်စီက ဝါဒဖြန့်ပြီး ငြင်းဆို “
Fact Check / ကန္တာရဝတီတိုင်း ( မ် ) ၊ The Red Flag ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကို ပိုမိုအသုံးပြုလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အတည်ပြု ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို နယ်မြေပြန်စိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။...
Read More
ဆိုင်ကယ်အရောင်းပြခန်း အယောင်ဆောင်ပြီး အွန်လိုင်းကနေငွေလိမ်
ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေ ထားဝယ်ခရိုင်နဲ့ မွန်ပြည်နယ် ရေးမြို့နယ်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။ အဲဒီလို အယောင်ဆောင်လိမ်လည်မှုတွေကြောင့် ငွေကြေးအလိမ်ခံရသူတွေရှိနေတယ်လို့ ဆိုင်ကယ်အရောင်းပြခန်း ပိုင်ရှင်တွေနဲ့ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။ လိမ်လည်မှုတွေကို သတိထားဆင်ခြင်နိုင်စေဖို့အတွက် ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်လိမ်လည်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုအကြောင်း Dawei Watch က အချက်အလက်စိစစ် ထားပါတယ်။ ဘယ်လိုအယောင်ဆောင်ထားလဲ “Min Min ဆိုင်ကယ်ရောင်းဝယ်ရေး” ဆိုတဲ့အမည်နဲ့...
Read More
လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More
ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုမှ လူမျိုးရေး၊ ဘာသာရေး ပဋိက္ခဆီသို့ ဦးတည်လာသည့် သွေးထိုးလှုံ့ဆော်မှုများ
နိဒါန်း သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယခုလဆန်းပိုင်း၌ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒေသအတွင်းနေထိုင်သည့် ပြည်သူများ အချင်းချင်းကြား၊ လူမျိုးစု...
Read More
စစ်ကောင်စီ ဗုံးကြဲခဲ့သည် နောင်ချို စိန်ရတနာပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ်ဟု သတင်းအမှားဖြန့်
၂၀၂၅ မတ်လ ၁၈ ရက်, သျှမ်းသံတော်ဆင့်၊ The Red Flag စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် တအာင်း (ပလောင်) အမျိုးသားအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ဌာနချုပ်ဖြစ်သည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်ဖြစ်သည့် KO CHIT (MDY) ချန်နယ်က...
Read More
မိုးဗြဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့နေအိမ်များကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှား
Fact Check / ကန္တာရဝတီတိုင်း ( မ် ) ၊ The Red Flag ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့က ရပ်ကွက်အတွင်း ခိုးအောင်းနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အလွယ်တကူဆုတ်ခွာနိုင်ဖို့ ဒဏ်ရာရ ၊ သေဆုံးသူတွေကို ပြန်သယ်ပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးပြီးနောက် ဆုတ်ခွာလျက်ရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ မတ်လ ၁၇ ရက်နေ့က ရေးသားဖြန့်ချိခဲ့ပါတယ်။ Subscriber...
Read More
အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ရင်းက ချင်း PDF လက်နက်များကို ဖမ်းဆီးနေဟု ဓာတ်ပုံအမှားအသုံးပြုပြီး ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
13 March 2025 By MPA / DNA/The Red Flag မဏိပူရဒေသတွင်း ပဋိပက္ခများစတင်လာပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်တွေက စစ်သုံးယူနီဖောင်းတွေနဲ့ ကျည်ကာအင်္ကျီ ၊ လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ ဓာတ်ပုံတွေကိုအသုံးပြီး အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ရင်းက ချင်း PDF လက်နက်များကို ဖမ်းဆီးနေသည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် မတ် ၇...
Read More
မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား
Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More
မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများသည် စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေနှင့် CDM ဝန်ထမ်းများ ဟုဆိုသည့် သတင်းအမှား
By Wadi/Myanmar Pressphoto Agency- The Red Flag မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ...
Read More
ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်
၂၀၂၅ ဇန်နဝါရီလ ၁၅ ရက် (သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag) ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
Read More
တန်ဖိုးကြီး ကားကံစမ်းမဲ လိမ်လည်မှုများ
တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။ အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။ လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့...
Read More
KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ် ဆိုပြီး ဝါဒဖြန့်ချိ
ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့...
Read More
တနင်္သာရီတိုင်းကို ပစ်မှတ်ထားလှုံ့ဆော်နေတဲ့ လော်ဘီယန္တရား
စစ်ကောင်စီ လော်ဘီချန်နယ်တွေ ဝါဒဖြန့်တာတွေကိုဘာကြောင့် လုပ်ဆောင်နေတာပါသလဲ။ ပြည်သူတွေအနေနဲ့ လော်ဘီ တယ်လီဂရမ် ချယ်နယ်တွေရဲ့ နောက်ယောင်ခံစောင့်ကြည့်မှုစက်ကွင်းကနေလွတ်အောင် ဘယ်လိုပြုမှုနေထိုင်ကြ မှာလဲ။ ဒီအကြောင်းအရာတွေကို ပြည်သူတွေပိုမိုသိရှိသတိပြုနိုင်စေဖို့အတွက် စစ်ကောင်စီရဲ့ သတင်းအတု၊ သတင်းအမှားဖြန့်ချိနေ တာကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ဆီဆက်သွယ်မေးမြန်းထားတာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က တင်ဆက်လိုက်...
Read More
ပြည်သူတွေကို သတ်ကွင်းထဲတွန်းပို့နေတဲ့ လော်ဘီချန်နယ်
မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။ အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။ “အခုလုပ်ရပ်တွေကို...
Read More
လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်း ပစ်သတ်ခဲ့တဲ့အမျိုးသမီးကို PDF လို့ ပုံဖော်သတင်းအမှားဖြန့်
လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား...
Read More
စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရတာ မဟုတ်ဘူးဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀...
Read More
မံစီတွင် ဒေသခံပြည်သူများကို KIA နှင့် PDF က လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးသူများဆိုသည့် သတင်းအမှား
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက်...
Read More
မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း
မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ် တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ
နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။ ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More
ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ
သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More
ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။ ဖြစ်စဉ်အကျဉ်းချုပ်...
Read More
စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း
လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။ ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More
ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း
ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More
ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်
ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More
















