
စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား
By Wadi / MPA – The Red Flag ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊...
Read More
PDF ပစ်ခတ်တာကြောင့် ထားဝယ်အရှေ့တောဒေသခံတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းအမှား
ထားဝယ်မြို့နယ်၊ ပကာရီရွာမှာ PDF တွေ ပစ်ခတ်တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်ဆိုပြီး People Media နဲ့ မြန်မာ့ဂုဏ် တယ်လီဂရမ်ချန်နယ်တွေက စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းရေးသားဖြန့်ချိခဲ့ကြပါတယ်။ “ရေးနှင့် ထားဝယ်တွင် KNU/PDF များမှ Drone များ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့...
Read More
ကလောမှာ ရေကြီး၊ မြေပြိုမှုကြောင့် လူအယောက် ၁၀၀ ကျော် ရုပ်အလောင်းတွေ့တယ်ဆိုတဲ့ သတင်းအမှား
သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၁၆ ရက် သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူအယောက် ၁၀၀ ကျော်သေဆုံးကာ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုပြီး အခုရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းအမှားတွေ ဆက်တိုက်ပျံ့နှံ့နေပါတယ်။ ကလောမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ် သတင်းမီဒီယာအချို့အပါအဝင် လူမှုကွန်ရက်အသုံးပြုသူတွေက ကလောမြို့မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ...
Read More
ကယားPDF တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့ ဆိုသည့်သတင်းအမှား
17 September 2024 ၊ MPA / KTimes (Factcheck News ) ကယား PDF တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားများ စက်တင်ဘာ ၁၀ရက်နေ့က တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၃၀,၀၀၀ ကျော်ရှိတဲ့ နေပြည်တော် ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ...
Read More
ပေါက်တောမှာ လေကြောင်းတိုက်ခိုက်လို့ AA တပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်ဆိုတဲ့သတင်းအမှား
Dawei Watch၊ AEN ၊ စက်တင်ဘာ ၁၃ စစ်ကောင်စီတပ်ဟာ ခိုင်မာတဲ့သတင်းပေးချက်အရ ပေါက်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ စစ်ကူလာတဲ့ စစ်သားတွေရှိတဲ့နေရာကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်လို့ Min Chit Oo အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေပါတယ်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Min Chit Oo...
Read More
ချောင်းဆုံက မူလတန်းပြဆရာမကို PDF တွေ သတ်တယ်ဆိုတဲ့သတင်းအမှား
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုကွဲရွာက မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူးကို PDF တွေက သတ်လိုက်တယ်ဆိုပြီး Kyaw Swar နာမည်ပေးထားတဲ့ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁ဝ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာ စိစစ်တွေ့ရှိရပါတယ် ။ Subscriber...
Read More
လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး သတင်းအမှား
သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၁၁ ရက် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် လားရှိုးမြို့တွင် MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် လက်အောက်ငယ်သား ၄၀ ကျော်သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် နေပြည်တော်ချန်နယ်ကနေ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “လားရှိုးကို ယနေ့လေကြောင်းတိုက်ခိုက်မှု...
Read More
ဖယ်ခုံမြို့က စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူတွေဟာ ဖယ်ခုံ ၊ လအိ KNDF ဖြစ်တယ်ဆိုတဲ့သတင်းအမှား
ကန္တာရဝတီတိုင်း ( မ် ) / The Red Flag စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ KNDF သာဖြစ်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး ဝါဒဖြန့်ချိနေပါတယ်။ Subscribers ၂သောင်း၅ထောင်ရှိတဲ့ Truth Media...
Read More
ရွှေခေါင်းလောင်းဆရာတော် MNDAA နှင့် TNLA အတွက် လူသစ်စုဆောင်း၊ ထောက်ပံ့မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရ ဟုဆိုသည့် သတင်းအမှား
By Haythar /MPA ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွှေခေါင်းလောင်းဆရာတော်ကို MNDAA နှင့် TNLA အတွက် လူသစ်စုဆောင်းပေးနေသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ၊ ၆၆-ဃ ၊ ၅၀-ညတို့ဖြင့် အမှုဖွင့်ဟု ဆိုသည့် သတင်းအမှားများ စက်တင်ဘာ ၆ရက် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၆၉,၀၀၀ ကျော်ရှိသည့် U Kyaw Soe...
Read More
KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ် ဆိုပြီး ဝါဒဖြန့်ချိ
ဇန်နဝါရီလ ၁ ရက် – Federal FM/ The Red Flag KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲပြီး KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber 34,313ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ဒီိနေ့ညနေ၃နာရီခွဲအချိန်KNDFနဲ့PDFဆီဂိုဒေါင်စခန်းကိုပေါင်၁၀၀၀ဗုံးကြဲ၊ KNDFနဲ့PDFထိခိုက်သေဆုံးအများအပြားရှိဟု ကနဦးသိရသည်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့...
Read More
တနင်္သာရီတိုင်းကို ပစ်မှတ်ထားလှုံ့ဆော်နေတဲ့ လော်ဘီယန္တရား
စစ်ကောင်စီ လော်ဘီချန်နယ်တွေ ဝါဒဖြန့်တာတွေကိုဘာကြောင့် လုပ်ဆောင်နေတာပါသလဲ။ ပြည်သူတွေအနေနဲ့ လော်ဘီ တယ်လီဂရမ် ချယ်နယ်တွေရဲ့ နောက်ယောင်ခံစောင့်ကြည့်မှုစက်ကွင်းကနေလွတ်အောင် ဘယ်လိုပြုမှုနေထိုင်ကြ မှာလဲ။ ဒီအကြောင်းအရာတွေကို ပြည်သူတွေပိုမိုသိရှိသတိပြုနိုင်စေဖို့အတွက် စစ်ကောင်စီရဲ့ သတင်းအတု၊ သတင်းအမှားဖြန့်ချိနေ တာကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ဆီဆက်သွယ်မေးမြန်းထားတာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က တင်ဆက်လိုက်...
Read More
ပြည်သူတွေကို သတ်ကွင်းထဲတွန်းပို့နေတဲ့ လော်ဘီချန်နယ်
မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။ အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။ “အခုလုပ်ရပ်တွေကို...
Read More
လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်း ပစ်သတ်ခဲ့တဲ့အမျိုးသမီးကို PDF လို့ ပုံဖော်သတင်းအမှားဖြန့်
လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား...
Read More
စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရတာ မဟုတ်ဘူးဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀...
Read More
မံစီတွင် ဒေသခံပြည်သူများကို KIA နှင့် PDF က လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးသူများဆိုသည့် သတင်းအမှား
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက်...
Read More
အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရဆိုပြီး ဝါဒဖြန့်
ဒီဇင်ဘာလ ၉ ရက် – Federal FM/ The Red Flag ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့...
Read More
သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံခဲ့ရတယ်လို့ YouTube ၊ Facebook နဲ့ Telegram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ချိနေကြတာတွေ့ရပါတယ် ။ အဲဒီဖော်ပြချက်တွေကို Myanmar Factchecking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ People’s Spring က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို...
Read More
တာချီလိတ်တွင် ဖမ်းဆီးခံထားရသော ဓားပြများ NUG ကို အလုပ်လုပ်ပေးနေသူများဟုဆိုသည့် သတင်းအမှား
By Haythar/Myanmar Pressphoto Agency+The Red Flag ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိပြီးနောက် ဓားပြများသည် NUG ကိုအလုပ်လုပ်ပေးနေသူများဖြစ်ဟုဆိုသည့် သတင်းအမှားများ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂ ရက်မွန်းလွဲပိုင်းတွင် ဓားပြတိုက်သူများကိုဖမ်းဆီးရမိထားသည့် ဓာတ်ပုံများနှင့်အတူ “ ဖမ်းဆီးရမိသူများမှာ NUG အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး...
Read More
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ
နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။ ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More
ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ
သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More
ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။ ဖြစ်စဉ်အကျဉ်းချုပ်...
Read More
စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း
လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။ ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More
ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း
ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More
ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်
ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More