
ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်
၂၀၂၄ ၊ ဒီဇင်ဘာလ ၁၆ ရက် (သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် )၊ The Red Flag) ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး...
Read More
လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်း ပစ်သတ်ခဲ့တဲ့အမျိုးသမီးကို PDF လို့ ပုံဖော်သတင်းအမှားဖြန့်
လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား...
Read More
ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဖြန့်ချိနေ
ဒီဇင်ဘာ ၁၆၊ Arakan Express News/ The Red Flag ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ Subscriber ၃၃,၅၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆)...
Read More
AA က အဓမ္မလူသစ်စုဆောင်းလို့ ထွက်ပြေးလာတဲ့ ရခိုင်လူငယ်တွေ ထိုင်းမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက် (Fact Check) Delta News Agency/ The Red Flag အာရက္ခတပ်တော် AAကနေ အဓမ္မလူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေလို့ ရခိုင်ကနေ ထွက်ပြေးလာတဲ့ ရခိုင် လူငယ်တွေ ထိုင်းမှာ အဖမ်းခံရတယ်ဆိုပြီး ထိုင်းရဲအဖမ်းခံနေရတဲ့ ဓါတ်ပုံတွေနဲ့အတူ ရေးသားဖြန့်ဝေနေ လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ မင်းဗာကြီး...
Read More
ဖရူဆိုတွင် နေပြည်တော် PDF မောင်းနှင်လာသည့်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိဟု သတင်းအမှားဖြန့်
၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်, သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် ) ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီးအပြန် နေပြည်တော် PDF ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်...
Read More
စစ်ကောင်စီဖမ်းဆီသတ်ဖြတ်ခဲ့တဲ့ပြည်သူ၄ဦးကို PDFလက်ချက်လို့ ရေးသားဖြန့်ဝေနေတဲ့သတင်းမှား
ဒီဇင်ဘာလ၊ ၁၂ရက်။ (Fact Check) – DNA/ The Red Flag ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ၇ရက်၊ မနက်၆နာရီဝန်းကျင်မှာ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သဲကုန်းရွာအနီးမှာ ဒေသခံအမျိုးသား၄ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းကို စစ်ကောင်စီလက်အောက်ခံမီဒီယာတခုဖြစ်တဲ့ People Mediaကလည်း မနေ့က နေ့လည်၁၂နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၁၅၄၇ဦး၊ reaction ပြုလုပ်သူ သုံးရာကျော်ရှိနေပြီး...
Read More
စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရတာ မဟုတ်ဘူးဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀...
Read More
လေကြောင်းတိုက်ခိုက်မှု စစ်ရာဇာဝတ်မှုမြောက်ကြောင်း မျက်ကွယ်ပြု အားပေးနေတဲ့ စစ်လော်ဘီအပေါင်းအပါများ
သျှမ်းသံတော်ဆင့်၊ The Red Flag,၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက် ၂၀၂၄ စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ “လက်နက်ကိုင်အကြမ်းဖက်သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလို တုံ့ပြန်သွားမည်” ဟု ပြောဆိုခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့်...
Read More
မံစီတွင် ဒေသခံပြည်သူများကို KIA နှင့် PDF က လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးသူများဆိုသည့် သတင်းအမှား
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက်...
Read More
Fact Check Playlist
အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ် ဒီတစ်ပတ်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက TNLA/PDF တို့သိမ်းယူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီကထိုးစစ်ဆင်အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို စောလားဘွယ်က စိစစ်တင်ဆက်ပေးထားပါတယ်။ #FFM #FederalFM #Factcheck #FreeHtetHtetKhine #FreeAllJournalists Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
Read More
လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ် ဆိုပြီး ဝါဒဖြန့်
ဒီဇင်ဘာလ ၂ ရက် – Federal FM/ The Red Flag လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၃၇,၃ ကျော်ရှိတဲ့ KO Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ...
Read More
ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှုကြောင့် စစ်ကောင်စီတပ်က ဗုံးကြဲဟုဆိုသည့် သတင်းအမှား
By Myanmar Pressphoto Agency + Kantarawaddy Times ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှု ကြောင့် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည် ဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား များ ပျံ့နှံ့လျက်ရှိသည်။ ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းတွင် “ ဘန်ကောက်ရွာစတင်တည်ထောင်သူ ဦးပေါသန်းသည် ကယားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းသူဖြစ်ပြီး လက်နက်ပြင်ဆင်သူ၊...
Read More
နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား
By Delta News Agency (DNA)+Myanmar Pressphoto Agency (MPA) – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ကုန်းကြီးရွာနှင့်ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ ပြီး TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ Subscriber ၁၆၀,၀၀၀ ကျော်ရှိသည့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က...
Read More
မုံရွာတွင် စစ်ဘေးရှောင်ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး PDF များ ဖမ်းဆီးရမိဟု သတင်းအမှားဖြန့်
By Haythar/ Myanmar Pressphoto Agency(MPA)+The Redflag စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် စစ်ဘေးရှောင် ပြည်သူလေးဦးကို ဖမ်းဆီးခဲ့ပြီး PDF များဖမ်းဆီးရမိဟု စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် အမျိုးသား သုံးဦး အမျိုးသမီးတစ်ဦးကို လက်...
Read More
အမ်းမြို့တွင် စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးမှုအား အေအေအဖွဲ့ကြောင့်ဟု သတင်းအမှားဖြန့်ဝေ
By Haythar / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ရှောင်ပြည်သူများ ရှိရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၍ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုကို စစ်တပ်ထောက်ခံသူများက အေအေအဖွဲ့ လုပ်ရပ်ကြောင့်ဟူ၍ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့်...
Read More
Fact Check
4 Nov 2024 by Wadi / Myanmar Pressphoto Agency + The Red Flag ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖေ့စ်ဘွတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Kyaw Sett ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က...
Read More
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံရဆိုသည့် သတင်းအမှား
By Wadi / MPA – The Red Flag မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံခဲ့ရဆိုသည့် သတင်း အမှား အောက်တိုဘာ ၁၄ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၄ ရက် ည...
Read More
ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Haythar – MPA-The Red Flag စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် NLD, NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။ Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက်...
Read More
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ
နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။ ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More
ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ
သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More
ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။ ဖြစ်စဉ်အကျဉ်းချုပ်...
Read More
စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း
လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။ ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More
ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း
ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More
ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်
ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More