Home

MFCN_logo

Latest Articles

လောင်းလုံးမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ရွာသားသေဆုံးထိခိုက်မှုအပေါ် PDF သေတယ်ဆိုပြီး သတင်းအမှားဖြန့်

လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ အင်းဝန်းရွာကို မေလ ၁၆ရက်မှာ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးမီးလောင်ခဲ့သလို အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်ကိုအခြေခံပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ “အမဲလိုက်မုဆိုးကြီး သတင်းမှန်” ၊ “နေပြည်တော်” ၊ “Truth Media” တို့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာမှာ ကားတစ်စီးမီးလောင်ပြီး PDF ခေါင်းဆောင်တစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး...
Read More

ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီဆိုတဲ့ သတင်းအမှား

ရွှေကူမြို့မှာ စစ်ကောင်စီရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထပ်မံပစ်ခတ်ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်လ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”  တယ်လီဂရမ်ချန်နယ်လ်ကနေ ဧပြီလ ၂၁ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေလာပါတယ်။ (မူရင်းအရေးအသား) “ခုလည်း ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီ “ ဆိုပြီးတော့ ဝါဒဖြန့်ရေးသားဖြန့်ဝေထားတာလည်း ဖြစ်ပါတယ်။အဲဒီဝါဒဖြန့်သတင်းအမှားကို “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်မှာ ဧပြီ  ၂၃ ရက်နေ့ မနက်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ...
Read More

KNDF+KNPP အဖွဲ့တွေ ဆောင်းပြောင်းရွာထဲကို ဝင်ရောက်နေကြတာကြောင့် ဒေသခံတွေစစ်ဘေးရှောင်နေရဆိုတဲ့ သတင်းမှား

KNDF+KNPP အဖွဲ့တွေ ဆောင်းပြောင်းရွာထဲကို ဝင်ရောက်နေကြတာကြောင့် ဒေသခံတွေစစ်ဘေးရှောင်နေရဆိုတဲ့ သတင်းမှား ၂၀၂၅ခုနှစ်၊ မေလ၊ ၂၀ရက်။ (Fact Check) DNA/ The Red Flag   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာထဲကို KNDF+KNPPအဖွဲ့တွေဝင်ရောက်ပြီး အကြမ်းဖက်တာတွေလုပ်ဆောင်နေကြတာကြောင့် ဒေသခံတွေစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။   အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီအားပေးထောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw...
Read More

အိုးတိန်တွင်း စာသင်ကျောင်းမှာ AA, CNA/CNF, NUG, PDF များ အစည်းအဝေး လုပ်နေချိန် ပေါက်ကွဲမှု ဖြစ်ကာ ရာနဲ့ချီ သေဆုံးကြောင်း သတင်းမှားဖြန့်

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။ (fact-check) MPA/ လဂွန်းအိမ်/ The Red Flag   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်း ဖြစ်စဉ်မှာ တော်လှန်ရေး တပ်ပေါင်းစု AA, CNA/CNF, NUG, PDF အဖွဲ့များ အစည်းအဝေး လုပ်နေချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး...
Read More

မိုးကုတ်တွင် TNLA ကင်းလှည့် ရဲတပ်ဖွဲ့များ တိုက်ခိုက်ခံရမှုကို TNLA နှင့် PDF များ တိုက်ပွဲဖြစ်ရာ TNLA များ သေဆုံးဟု သတင်းအမှားဖြန့်

17 May 2025 By MPA +  လဂွန်းအိမ် – The Red Flag    မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် TNLA ကင်းလှည့်ရဲတပ်ဖွဲ့  ပစ်ခတ်ခံရမှုကို TNLA နှင့် PDF များတိုက်ပွဲဖြစ်ရာ  TNLA များ သေဆုံးဟု မေ ၁၅ ရက်က စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်...
Read More

ရှမ်း – ကရင်နီနယ်စပ်တွင် KNDF တပ်ဖွဲ့မှ ငွေစက္ကူအတုများ ဖြန့်‌ဝေနေသည်ဟု စစ်ကောင်စီလော်ဘီတို့ သတင်းအမှားဖြန့်  

၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ဖက်ဒရယ် FM / ခမ်းသားငေါဝ်း/ MFCN/ The Red Flag Fact Check – အချက်လက် စစ်ဆေးခြင်း   ရှမ်းပြည်နယ် ကယား (ကရင်နီ) နယ်စပ်ရှိ ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့ KNDF နှင့် KNPP တပ်ဖွဲ့တို့မှ ငွေစက္ကူအတုများ...
Read More

ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ အေအေတပ်သားများဆိုကာ ဝါဒဖြန့် 

Akyab Post/MFCN Fact Check May 16, 2025 ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးသူများမှာ အေအေတပ်သားများသာ ဖြစ်တယ်၊ အေအေတပ်သားတယ်ရှိတယ်ဆိုပြီး သတင်းပေးတာကြောင့် လေကြောင်းတိုက်ခိုက်ရပါတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ မေလ ၁၃ ရက်နေ့ကနေစလို့ ပျံ့နှံံ့လျက်ရှိပါတယ်။  Telegram မှာ ရခိိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိတဲ့ May...
Read More

အိုးတိန်ကွင်းရွာ ထိခိုက်မှုဖြစ်စဉ်က ChatGPT ဖော်ပြမှုအရ လက်လုပ်မှိုင်းသာဖြစ်လို့ ဝါဒဖြန့်

အိုးတိန်ကွင်းရွာ ထိခိုက်မှုဖြစ်စဉ်က ChatGPT ဖော်ပြမှုအရ လက်လုပ်မှိုင်းသာဖြစ်လို့ ဝါဒဖြန့် ၂၀၂၅ခုနှစ်၊ မေလ၊ ၁၄ ရက်။ (Fact Check) DNA/ MPA/ The Red Flag စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရဲ့ ထိခိုက်ဒဏ်ရာရ ဓါတ်ပုံတွေကို ChatGPTနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ လက်လုပ်မိုင်းကြောင့်သာဖြစ်တယ်လို့ ChatGPTက ပြန်လည်ဖြေကြားခဲ့တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေပါတယ်။  ...
Read More

တရားသူကြီးတဦး CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေရေးအလုပ် လုပ်နေရတယ်ဆိုတဲ့ သတင်းမှား

တရားသူကြီးတဦး CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေရေးအလုပ် လုပ်နေရတယ်ဆိုတဲ့ သတင်းမှား   ၂၀၂၅ ခုနှစ်၊ မေလ ၁၆   ရက် (Fact Check) DNA/ The Red Flag   လက်ရှိ လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ CDM တရားသူကြီးအမျိုးသမီးတဦး လိင်ဖျော်ဖြေရေး လုပ် နေရတယ်ဆိုပြီး ဓါတ်ပုံ ၂...
Read More

Latest Publication

ဧရာဝတီမြစ်ထဲတွင် စစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရမှုသည် ဂျင်းသတင်းများသာဖြစ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

July 26 2025 By RaHu/ Myanmar Pressphoto Agency-The Red Flag ဧရာဝတီမြစ်ထဲတွင် စစ်ကောင်စီစစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရဆိုသော သတင်းများသည် ဂျင်းသတင်းများ သာဖြစ် ကြောင်း စစ်ကောင်စီလော်ဘီKyaw Swar တယ်လီဂရမ်ချန်နယ်က သတင်းအမှား ဖြန့်ဝေထားသည်။ Kyaw Swar ချန်နယ်က ၂၀၂၅ ဇူလိုင် ၂၃ရက် ညပိုင်းတွင် ဧရာဝတီမြစ်ထဲတွင်...
Read More

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား

7 July 2025 By Wadi/ MPA – The Red Flag ရန်ကုန်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆဲဗင်းဇူလိုင် ဆန္ဒပြဆိုသည့် အကြောင်းအရာသည် လူမှုကွန်ယက်ဖေ့ဘွတ်၌ ပျံ့နှံ့လျက်ရှိသည်။ “ဆူးကြားကဘူးခါး” ဖေ့ဘွတ်ခ်အကောင့်က ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် စစ်အာဏာရှင်ပြုတ် ကျရေးအတွက် GSC၊...
Read More

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှု PDF များလက်ချက်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။ “VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က...
Read More

ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်သတင်းမှား

DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက်...
Read More

မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်မှု NUG စေခိုင်းခြင်းဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို...
Read More

လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား  ပုဂ္ဂိုလ်ရေး တိုက်ခိုက် 

  ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။    Lagon Eain, The Red Flag, MFCN   အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။...
Read More

ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ

Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN) ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင်...
Read More

ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber...
Read More

ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီကတန်ပြန်လွှင့်သည့် သတင်းအမှား

  ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်   Lagon Eain, KIC, The Red Flag, MFCN   မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊...
Read More

Latest Investigation Article

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။ ဖြစ်စဉ်အကျဉ်းချုပ် စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့်...
Read More

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။  ဖြစ်စဉ်အကျဉ်းချုပ်...
Read More

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။  ဖြစ်စဉ်အကျဉ်းချုပ် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင်...
Read More

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဖြစ်စဉ်အကျဉ်းချုပ် လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ...
Read More

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ မတ် ၁၀၊ ၂၀၂၃ စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .