Home

MFCN_logo

Latest Articles

သံဘိုစခန်း စစ်ကောင်စီတပ် ပြန်သိမ်းယူနိုင်ပြီဆိုတဲ့ သတင်းမှား

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

မလေးရဲကို NUG သတင်းပေးလို့ မြန်မာလုပ်သားတွေ ဖမ်းခံရတယ်ဆိုတဲ့သတင်းမှား

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

ရာသီချိန်လုပ်သား သွားရပြီလား

တောင်ကိုရီးယားမှာ လစာကောင်းတဲ့ ရာသီချိန်လုပ်သားအဖြစ် မြန်မာကနေ သွားရောက်လုပ်ကိုင်နိုင်တော့မယ်ဆိုတဲ့ ဆွဲဆောင်မက်လုံးပေးသတင်းတွေ ၊ကြော်ငြာတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းတွေ ၊ မိသားစုဝင်တွေနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်အတု

လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေကယ်ထုတ်သွားတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ NUG အစိုးရက တောင်းဆိုတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာဖြန့်ဝေနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

လွိုင်ကော်တက္ကသိုလ်ပါချုပ် သတ်ခံရတယ်ဆိုတဲ့သတင်းမှား

ကရင်နီပူးပေါင်းတပ်တွေ ခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သတ်ခံလိုက်ရပြီလို့ စစ်ကောင်စီအားပေးတယ်လီဂရမ်ချန်နယ်တွေနဲ့ဖေ့ဘွတ်ခ်အကောင့်တွေမှာဖြန့်ဝေနေကြပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

ပေါက်တောမြို့ဆီ စစ်သင်္ဘောအုပ်ကြီး ချဉ်းကပ်လာတယ်ဆိုတဲ့သတင်းမှား

ရခိုင်ပြည်နယ် မြောက်ပိုင်း ပေါက်တောမြို့ဆီ စစ်ကောင်စီရဲ့ရေတပ်သင်္ဘောအုပ်စုကြီး ချဉ်းကပ်လာသယောင် ရုပ်သံဖိုင်တစ်ခု ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဒီရက်ပိုင်းထွက်ပေါ်လာပါတယ်။ အပြည့်အစုံဖတ်ရှုရန် People’s Spring
Read More

Latest Publication

ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃...
Read More

ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု

By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀...
Read More

Latest Investigation Article

ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ

နိဒါန်း ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို...
Read More

စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ်...
Read More

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အစပိုင်းတွင် စစ်တပ် လုပ်ဆောင်သယောင် ဝမ်းသာအားရ စစ်လော်ဘီ တယ်လီဂရမ်များက ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းခြင်း၊ စစ်လော်ဘီ တယ်လီဂရမ်များက ဇာတ်ကြောင်း ဂငယ်ကွေ့ ပြန်ပြောင်း ပြောဆိုလာခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။ ဖြစ်စဉ် အကျဉ်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်...
Read More

သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း

ဖြစ်စဉ်အကျဉ်း စစ်တပ်ထုတ်ကုန်များကို ခြိမ်းခြောက်ရောင်းချရာတွင် စစ်လော်ဘီ Telegram အကောင့်များမှ တစ်ဆင့် လှုံ့ဆော်ပါဝင်ခဲ့သည်။ စစ်တပ်ထုတ်ကုန် (အဓိကအားဖြင့် မြန်မာဘီယာ)  အရောင်းမတင်ပါက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး မြေပြင်တွင်လည်း အမှန်တကယ် ခြိမ်းခြောက် ဖမ်းဆီးခြင်း ရှိခဲ့သည်။ ယင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလဖြစ်ရပ်လေ့လာချက် တစ်ရပ်အနေနှင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဖြစ်စဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူများ၏...
Read More

ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်

ဖြစ်စဉ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။ အချို့သော သတင်းဌာနများတွင် မုဒိမ်းကျင့်ခံရခြင်းရှိသည်ဟု ထည့်သွင်းရေးသားကြသော်လည်း...
Read More

စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ

လက်ခတ်တောင်တွင် စစ်ရေး ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် စစ်ကောင်စီနှင့် နောက်မြီးဆွဲချယ်နယ်များက သတင်းတု သတင်းမှားများ ဖြန့်ချိဖုံးကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။ ဖြစ်စဉ်အကျဉ်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ လက်ခတ်တောင်ကုန်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဇူလိုင်လအတွင်းမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင်ကုန်းကို တော်လှန်ရေးအင်အားစုများက ယခုနှစ်၊ ဇူလိုင်လ...
Read More

ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း

မူဝါဒ လုပ်နည်းကိုင်နည်း အမှားကြောင့် အခြေခံစားကုန်နှင့် အမေရိကန်ဒေါ်လာစျေး မြှင့်တက်နေမှုကို ကုန်သည်များ စျေးကစား၊ စျေးဆွဲတင်ခြင်းကြောင့်ဟု ဝါဒဖြန့် အပြစ်တင် အရေးယူလျက်ရှိသည်။ ဖြစ်စဉ် အကျဉ်းချုပ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်း၌ ပဋိပက္ခများ၊ လက်နက်ကိုင် တော်လှန်ရေးများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်း၊ နိုင်ငံတကာမှ အာဏာသိမ်းစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။...
Read More

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။   ၁။ ဖြစ်စဉ်အကျဉ်းချုပ် နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .