Home

MFCN_logo

Latest Articles

လားရှိုးမြို့နေ ပြည်သူများကို စစ်မှုထမ်းရန် MNDAA အဖွဲ့ ဆင့်ခေါ်နေဆိုသည့် ထုတ်ပြန်ချက်အတု

14 August 2024 By Haythar /MPA ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အသက် ၁၆နှစ်မှ အသက် ၅၀နှစ်အတွင်း ပြည်သူများကို MNDAA အဖွဲ့ စစ်မှုထမ်းရန် ကောက်ခံ​​နေကြောင်း ထုတ်ပြန်ချက်စာအတု အသုံးပြု၍ တယ်လီဂရမ် ချန်နယ် နှင့် Tik Tok တွင် ၂၀၂၄ သြဂုတ် ၁၁ရက်မှ စတင်ကာ သတင်းအမှားများ...
Read More

ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ် ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်နေသည်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ် ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်နေသည်ဆိုတဲ့ သတင်းအမှား +++++ AEN ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ်ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်၍ ရုပ်သံရိုက်ကူး၊ ထုတ်ပြန်ခြင်းဟုဆိုပြီး မီဒီယာများက ဖော်ပြသကဲ့သို့ ပုံဖော်ဖြန့်ချီထားသည့် သတင်းတစ်ခုကို သြဂုတ်လ ၈ ရက်နေ့ကစပြီး Khit...
Read More

လားရှိုး စစ်ဆေးရုံ တိုက်ခိုက်မှု ဝိရောဓိဇာတ်ကြောင်း ရှင်းတမ်း

13 August 2024 ( MPA + Shan News) စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၄ ဩဂုတ် ၆ ရက် ရန်ကုန်မြို့လယ်ခေါင် ဆူးလေလမ်းမကြီးပေါ် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီး ရောက်ရှိနေရာယူထားကြပါတယ်။ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ အခုလို လူအုပ်ကြီးနဲ့...
Read More

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်  သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၁၃ ရက် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို...
Read More

အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိ

ဒီတစ်ပါတ်မှာတော့ ချင်းပြည်နယ်ဘက်က တိုက်ပွဲ သတင်းတွေနဲ့ ပါတ်သက်ပြီး သတင်းအမှား ဖြန့်ချိနေတာကို စီစစ်တွေ့ရှိ ထားတာတွေကို မြာမိုးက တင်ဆက်ပေးထားပါတယ်။ #FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine _________________ Website – https://federalfmradio.com YouTube –    / @federalfmradio   Telegram – https://t.me/federalfm Facebook –   / federalfmradio  ...
Read More

လားရှိုးမြို့မှာ MNDAA က သတ်ထားတဲ့ ပြည်သူအလောင်းတွေဆိုပြီး အဝတ်ဟောင်းတွေပြန့်ကျဲနေတဲ့ပုံ ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်သတင်းမှား

လားရှိုးမြို၊ အထက (၈) ကျောင်းရှေ့၊ ဘူတာရုံပတ်လမ်းပေါ်မှာ  MNDAA က ပြည်သူတွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်းတွေကို တွေရတယ်ဆိုတဲ့ ရုပ်သံဖိုင် တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။    စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ Digital Daily News ကနေ ဩဂုတ်လ ၆ ရက်မှာ “ လားရှိုးမြို့ကို...
Read More

မိုးမိတ်မြို့က PLA ကို ကြိုဆိုတဲ့ ဓာတ်ပုံတွေကို မှားယွင်းတယ်ဆိုပြီး ဝါဒဖြန့် သတင်းမှား

ဩဂုတ် ၆ MFCN ၊ The Red Flag ၊ Kantarawaddy Times ၊ Federal FM သတင်းအမှားအကြောင်းအရာကတော့ ရှမ်းမြောက် မိုးမိတ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးစစ်သည်တွေကို ပြည်သူများကြိုဆိုခဲ့တဲ့ ဓာတ်ပုံတွေဟာ မိုးမိတ်မြို့က မဟုတ်ဘဲ ယင်မာပင်ပုလဲဒေသဘက် ဓာတ်ပုံတွေနဲ့ မီဒီယာတွေက ဂျင်းထည့်တာ ဖြစ်တယ်လို့ ဖြန့်ချိနေတာပါ။ ဒီသတင်းအမှားအကြောင်းအရာကို...
Read More

စဥ့်ကူးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု​မရှိ ဆိုသည့်သတင်းအမှား

7 August 2024 By Haythar /MPA မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကံတောင်ရွာနှင့် နွယ်ရုံကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မရှိဆိုသည့် သတင်းအမှား စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် သြဂုတ် ၅ရက် ညပိုင်းမှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။ Subscribers ၃၂၀၀ ကျော်ရှိသည့် ” CINCDS MYANMAR” တယ်လီဂရမ်ချန်နယ်က သြဂုတ်...
Read More

လားရှိုး တပ်မတော်ဆေးရုံကို MNDAAအဖွဲ့ ဝင်စီးပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ် ဆိုသည့် သတင်းအမှား

7 August 2024 by Wadi / MPA ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ်ဆိုသည့် သတင်းအမှားများ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ Subscribers ၁၀,၀၀၀...
Read More

Latest Publication

ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃...
Read More

ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု

By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀...
Read More

Latest Investigation Article

အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ

နိဒါန်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ လအနည်းငယ်မျှ ရပ်တန့်ထားသည့် ရှမ်းမြောက်စစ်ပွဲများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
Read More

ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ

နိဒါန်း ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို...
Read More

စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ်...
Read More

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အစပိုင်းတွင် စစ်တပ် လုပ်ဆောင်သယောင် ဝမ်းသာအားရ စစ်လော်ဘီ တယ်လီဂရမ်များက ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းခြင်း၊ စစ်လော်ဘီ တယ်လီဂရမ်များက ဇာတ်ကြောင်း ဂငယ်ကွေ့ ပြန်ပြောင်း ပြောဆိုလာခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။ ဖြစ်စဉ် အကျဉ်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်...
Read More

သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း

ဖြစ်စဉ်အကျဉ်း စစ်တပ်ထုတ်ကုန်များကို ခြိမ်းခြောက်ရောင်းချရာတွင် စစ်လော်ဘီ Telegram အကောင့်များမှ တစ်ဆင့် လှုံ့ဆော်ပါဝင်ခဲ့သည်။ စစ်တပ်ထုတ်ကုန် (အဓိကအားဖြင့် မြန်မာဘီယာ)  အရောင်းမတင်ပါက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး မြေပြင်တွင်လည်း အမှန်တကယ် ခြိမ်းခြောက် ဖမ်းဆီးခြင်း ရှိခဲ့သည်။ ယင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလဖြစ်ရပ်လေ့လာချက် တစ်ရပ်အနေနှင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဖြစ်စဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူများ၏...
Read More

ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်

ဖြစ်စဉ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။ အချို့သော သတင်းဌာနများတွင် မုဒိမ်းကျင့်ခံရခြင်းရှိသည်ဟု ထည့်သွင်းရေးသားကြသော်လည်း...
Read More

စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ

လက်ခတ်တောင်တွင် စစ်ရေး ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် စစ်ကောင်စီနှင့် နောက်မြီးဆွဲချယ်နယ်များက သတင်းတု သတင်းမှားများ ဖြန့်ချိဖုံးကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။ ဖြစ်စဉ်အကျဉ်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ လက်ခတ်တောင်ကုန်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဇူလိုင်လအတွင်းမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင်ကုန်းကို တော်လှန်ရေးအင်အားစုများက ယခုနှစ်၊ ဇူလိုင်လ...
Read More

ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း

မူဝါဒ လုပ်နည်းကိုင်နည်း အမှားကြောင့် အခြေခံစားကုန်နှင့် အမေရိကန်ဒေါ်လာစျေး မြှင့်တက်နေမှုကို ကုန်သည်များ စျေးကစား၊ စျေးဆွဲတင်ခြင်းကြောင့်ဟု ဝါဒဖြန့် အပြစ်တင် အရေးယူလျက်ရှိသည်။ ဖြစ်စဉ် အကျဉ်းချုပ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်း၌ ပဋိပက္ခများ၊ လက်နက်ကိုင် တော်လှန်ရေးများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်း၊ နိုင်ငံတကာမှ အာဏာသိမ်းစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။...
Read More

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .