Home

MFCN_logo

Latest Articles

ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှုကြောင့် စစ်ကောင်စီတပ်က ဗုံးကြဲဟုဆိုသည့် သတင်းအမှား

By Myanmar Pressphoto Agency + Kantarawaddy Times ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှု ကြောင့် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည် ဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား များ ပျံ့နှံ့လျက်ရှိသည်။ ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းတွင် “ ဘန်ကောက်ရွာစတင်တည်ထောင်သူ ဦးပေါသန်းသည် ကယားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းသူဖြစ်ပြီး လက်နက်ပြင်ဆင်သူ၊...
Read More

နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား

By Delta News Agency (DNA)+Myanmar Pressphoto Agency (MPA) – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ကုန်းကြီးရွာနှင့်ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ ပြီး TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ Subscriber ၁၆၀,၀၀၀ ကျော်ရှိသည့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က...
Read More

ဆဒုံးမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် KIAအရာရှိရာချီသေဆုံးပြီး လက်နက်များစွာလည်းပေါက်ကွဲခဲ့ဆိုတဲ့သတင်းမှား

နိုဝင်ဘာလ၊ ၂၃ရက်။ (Fact Check) DNA+The Red Flag ဆဒုံးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကချင်လွတ််မြောက်ရေးတပ်မတော် KIA အရာရှိအများအပြားသေဆုံးခဲ့ပြီး လက်နက်များစွာလည်း မီးလောင်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံံ့နေပါတယ်။ အဲ့ဒီ့သတင်းမှားကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Media တယ်လီဂရန်ချန်နယ်ကနေ မနေ့က ညနေလေးနာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ပြီး တခြားချန်နယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။ သတင်းမှားလင့်ခ်များ- ...
Read More

လူသစ်စုဆောင်းလို့ထွက်ပြေးတဲ့ LGBTအမျိုးသားတယောက်ကို AAပစ်သတ်ဆိုတဲ့သတင်းမှား

နိုဝင်ဘာ၊ ၂၂။ (Fact Check) DNA+ MPA+The Red Flag အာရက္ခတပ်တော် AAက တောင်ကုတ်မှာလူသစ်စုဆောင်းချိန်အတွင်း ထွက်ပြေးတဲ့ LGBTအမျိုးသားတယောက်ကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို စစ်ကောင်စီရဲ့လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်က ဒီကနေ့ နေ့လည်၂နာရီခွဲဝန်းကျင်ခန့်မှာ “အကြမ်းဖက် AA အဖွဲ့က တောင်ကုတ်မြို့ရှိ LGBT တစ်ယောက်အား အဓမ္မလူသစ်စုပေါ်တာဆွဲရာ ထွက်ပြေးသဖြင့်...
Read More

မုံရွာတွင် စစ်‌ဘေးရှောင်ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး PDF များ ဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

By Haythar/ Myanmar Pressphoto Agency(MPA)+The Redflag စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် စစ်ဘေးရှောင် ပြည်သူလေးဦးကို ဖမ်းဆီးခဲ့ပြီး PDF များဖမ်းဆီးရမိဟု စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် အမျိုးသား သုံးဦး အမျိုးသမီးတစ်ဦးကို လက်...
Read More

ကန့်ဘလူမှာ ခရီးသည်တင်ယဥ်ကို PDFကဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းမှား

(Fact Check) – DNA/ The Red Flag နိုဝင်ဘာလ၊ ၂၂ရက်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပေကြီးကျေးရွှာအနီးကိုဖြတ်သန်းသွာလာတဲ့ ကသာ-မန္တလေးခရီးစဥ်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယဥ်ကို ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့တွေက ဒရော့ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို စစ်ကောင်စီအားပေးထောက်ခံ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Myanmar Focus – MF ချန်နယ်ကနေ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ရက်ကနေစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး “ပေကြီးကျေးရွာ...
Read More

မောင်တောမြို့နယ် ကြိမ်ချောင်းရွာကို စစ်တပ်လေကြောင်းဗုံးချပြီးနောက် အေအေတပ်ဖွဲ့ဝင် ရာချီသေဆုံးဆိုတဲ့ သတင်းအမှား

21 November 2024 By Kantarawaddy Times + Myanmar Press Photo Agency +The Red Flag ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးချတိုက်ခိုက်ခဲ့ပြီးမြေပြင်မှာ လူသေဆုံးမှု မရှိပေမယ့် အေအေ တပ်ဖွဲ့ဝင် ရာချီသေဆုံးတယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ...
Read More

နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါးချက်လုပ်ရန် ပြင်ဆင်နေသည့် TNLA အား ဗုံးကြဲခဲ့ဟု သတင်းအမှားဖြန်

၂၀၂၄ နိုဝင်ဘာလ ၂၀ ရက်, သျှမ်းသံတော်ဆင့်၊ DNA၊ The Red Flag  သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရန် ပြင်ဆင်နေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အား စစ်ကောင်စီမှ ဗုံးကြဲခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။  စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်...
Read More

MNDAAခေါင်းဆောင်ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့တရုတ်ဖမ်းဆီးဆိုတဲ့ သတင်းမှား

(Fact Check) – DNA/ The Red Flag နိုဝင်ဘာ၊ ၁၉။ MNDAAခေါင်းဆောင် ဖုန်တာရွှင်ကို မူးယစ်ဆေးတရားခံအဖြစ် တရုတ်အစိုးရကဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းမှားတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီ့သတင်းမှားကို  တိုက်ပွဲသတင်းစုံ ချန်နယ်ကစတင်ဖြန့်ဝေလာတာဖြစ်ပြီး တရုတ်နိုင်ငံမီဒီယာတွေလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုပါစောင့်ကြည့်နေတာဖြစ်တယ်လို့ ဖြန့်ချိထားတာပါ။ တိုက်ပွဲသတင်းစုံ – https://archive.ph/dWLSg  Kyaw Swar – https://archive.ph/oE59O  ဒါ့အပြင်...
Read More

Latest Publication

ကျောက်တော်မြို့က အေအေရဲ့ တပ်တော်နေ့ ပွဲကျင်းပမဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ဆိုပြီး စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

15 April 2025 Akyab Post – Red Flag ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။  တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ...
Read More

April Fool’s Day

April Fool’s Day သည် ပျော်စရာ အနေဖြင့် တကယ့် အချက်အလက်များကို လှည့်စားတက်တဲ့ နေ့တနေ့ဖြစ်သည်။ သို့သော် အန္တရာယ်ရှိတဲ့ သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လာတတ်သော နေ့တနေ့လည်း ဖြစ်သည်။ နောက်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့်တင်သော်လည်း သတင်းအမှားသည် ပို၍ပျံ့နှံ့တတ်ပါသည်။ April fool’s day မှာ ပြည့်စုံကောင်းမွန်သော သတင်းများကို သံသယစိတ်ဖြင့် သတိထားပါ။ ပြန်လည်မမျှဝေခင်...
Read More

ငလျင်လှုပ်နေချိန်မှာ စားပွဲစတဲ့ အကာအကွယ် တခုခုအောက်မှာ မနေသင့်ဘူးဆိုတဲ့ ဖော်ပြချက်အမှား

မတ်လ – ၂၉ ရက်၊ ၂၀၂၅။ ( Fact-check) Lagon Eain, The Red Flag “ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။...
Read More

အေအေ ဒုဗိုလ်ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ မလုပ် ရန်မှာကြားဆိုတဲ့ သတင်းမှား

(Fact Check) Delta News Agency/ MPA / MFCN / The Red Flag ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းကို လာတိုက်ပြီး ဆုတ်ခွာ ထွက်ပြေးနေရတဲ့ အေအေ က ဒုဗိုလ်အဆင့် ဝင်းနေစိုးနဲ့အဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ ဒေသအတွင်း အကြမ်းဖက်မှုများ မလုပ်ကြရန် မှာကြားနေတယ်ဆိုပြီး...
Read More

လက်ပံလှရွာဈေးတန်း ဗုံးကြဲခံရမှုကို PDF စခန်းကို ဗုံးကြဲခြင်းဖြစ်ဟု စစ်ကောင်စီထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi/ Myanmar Pressphoto Agency-The Red Flag မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံ...
Read More

မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား

Wadi / Myanmar Pressphoto Agency – The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်...
Read More

ပြည်သူများ သတင်း‌ပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့ ဟု ဓာတ်ပုံအဟောင်းကိုအသုံးပြု၍ ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

By Haythar/ Myanmar Pressphoto Agency- The Red Flag ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီး‌ထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအ‌ဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်း‌ပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။ ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ...
Read More

လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch...
Read More

ပါးချိတ်ရောင်ရင် မဲနယ်၊ ဆေးမှင်ပြာလိမ်းရတယ်ဆိုတဲ့ အယူအဆအမှား

မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။ ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း...
Read More

Latest Investigation Article

အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ

နိဒါန်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ လအနည်းငယ်မျှ ရပ်တန့်ထားသည့် ရှမ်းမြောက်စစ်ပွဲများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
Read More

ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ

နိဒါန်း ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို...
Read More

စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ်...
Read More

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အစပိုင်းတွင် စစ်တပ် လုပ်ဆောင်သယောင် ဝမ်းသာအားရ စစ်လော်ဘီ တယ်လီဂရမ်များက ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းခြင်း၊ စစ်လော်ဘီ တယ်လီဂရမ်များက ဇာတ်ကြောင်း ဂငယ်ကွေ့ ပြန်ပြောင်း ပြောဆိုလာခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။ ဖြစ်စဉ် အကျဉ်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်...
Read More

သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း

ဖြစ်စဉ်အကျဉ်း စစ်တပ်ထုတ်ကုန်များကို ခြိမ်းခြောက်ရောင်းချရာတွင် စစ်လော်ဘီ Telegram အကောင့်များမှ တစ်ဆင့် လှုံ့ဆော်ပါဝင်ခဲ့သည်။ စစ်တပ်ထုတ်ကုန် (အဓိကအားဖြင့် မြန်မာဘီယာ)  အရောင်းမတင်ပါက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး မြေပြင်တွင်လည်း အမှန်တကယ် ခြိမ်းခြောက် ဖမ်းဆီးခြင်း ရှိခဲ့သည်။ ယင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလဖြစ်ရပ်လေ့လာချက် တစ်ရပ်အနေနှင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဖြစ်စဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူများ၏...
Read More

ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်

ဖြစ်စဉ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။ အချို့သော သတင်းဌာနများတွင် မုဒိမ်းကျင့်ခံရခြင်းရှိသည်ဟု ထည့်သွင်းရေးသားကြသော်လည်း...
Read More

စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ

လက်ခတ်တောင်တွင် စစ်ရေး ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် စစ်ကောင်စီနှင့် နောက်မြီးဆွဲချယ်နယ်များက သတင်းတု သတင်းမှားများ ဖြန့်ချိဖုံးကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။ ဖြစ်စဉ်အကျဉ်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ လက်ခတ်တောင်ကုန်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဇူလိုင်လအတွင်းမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင်ကုန်းကို တော်လှန်ရေးအင်အားစုများက ယခုနှစ်၊ ဇူလိုင်လ...
Read More

ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း

မူဝါဒ လုပ်နည်းကိုင်နည်း အမှားကြောင့် အခြေခံစားကုန်နှင့် အမေရိကန်ဒေါ်လာစျေး မြှင့်တက်နေမှုကို ကုန်သည်များ စျေးကစား၊ စျေးဆွဲတင်ခြင်းကြောင့်ဟု ဝါဒဖြန့် အပြစ်တင် အရေးယူလျက်ရှိသည်။ ဖြစ်စဉ် အကျဉ်းချုပ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်း၌ ပဋိပက္ခများ၊ လက်နက်ကိုင် တော်လှန်ရေးများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်း၊ နိုင်ငံတကာမှ အာဏာသိမ်းစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။...
Read More

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။ ဖြစ်စဉ်  တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော်...
Read More

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .