
TNLA တပ်သားတွေစုဖွဲ့နေလို့ လက်ဖက်စက်ရုံကို စစ်ကောင်စီဗုံးကြဲဆိုတဲ့ သတင်းမှား
စက်တင်ဘာ၊ ၉။ (Fact Check)Delta News Agency/The Red Flag မန်တုံမြို့က လက်ဖက်စက်ရုံတခုမှာ TNLA တပ်သားတွေစုဝေးနေလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ လ ၃ ရက်က လေယာဥ်နဲ့ဗုံးကြဲချခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို People Media က ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မနက်...
Read More
အာရက္ခတပ်တော် (AA) ဟာ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား
Fact Check၊ AEN အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှားကို Tazin Oo အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၃၁ ရက်နေ့ကစပြီး ရေးသား ဖြန့်ချိနေပါတယ်။ Tazin Oo တယ်လီဂရမ်ချန်နယ်ဟာ subscriber 112,500...
Read More
မဲဆောက်က မြန်မာတွေဖွင့်တဲ့ စားသောက်ဆိုင်တွေမှာ အထောက်အထားမဲ့ဖမ်းဆီးခံရသူတွေဟာ PDF များဖြစ်တယ်ဆိုတဲ့ သတင်းအမှား
စက်တင်ဘာ၊ ၇။ (Fact Check)Delta News Agency/ The Red Flag မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေ ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို ထိုင်းတာဝန်ရှိ သူတွေစစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇ ဦးခန့်ကို ဖမ်းဆီးရမိပြီး မဲဆောက်မြို့မှာ ခိုလှုံနေတဲ့ PDF တွေဖြစ်တာလို့သိရကာ အထောက်အထားမပြသနိုင်တာကြောင့် သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။...
Read More
နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ စက်တင်ဘာလ ၆ ရက် သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (စက်တင်ဘာလ ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး...
Read More
အပြစ်မဲ့ ဖမ်းဆီးခံထာရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုတဲ့ ဗီဒီယိုဖိုင်အမှား
သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၄ ရက် ကိုးကန့်တပ်ဖွဲ့ MNDAA အပြစ်မဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်နေတယ်ဆိုပြီး ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Mawshan Myay Media ကနေ သြဂုတ် ၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဒေသတွင်း အကြမ်းဖက်မှုတွေ...
Read More
စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ သတင်းဌာနတွေမှာ ရေးသားမှုဟာ လုပ်ကြံရေးသားထားတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်
Fedral FM ၊ Kantarawaddy Times စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ ပြည်သူများက ကြောက်ရွံ့ထွက်ပြေးပြီး PDF ထဲ ဝင်ရောက်ဖို့ရည်ရွယ်ချက်နဲ့ သတင်းဌာနတွေမှာ လုပ်ကြံရေးသားပြီးသတင်းမှားများ ဖော်ပြတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ချိနေပါတယ်။ စီစစ်တွေ့ရှိထားတဲ့ သတင်းအမှားအကြောင်းရာကို Subscribers ၆သောင်းနီးပါးရှိတဲ့ ခခဟန် (Ka Ka Han) တယ်လီဂရမ်ချယ်နယ်က ဩဂုတ် ၂၁ ရက်နေ့က...
Read More
ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား
30 August 2024 (SHAN News+Kantarawaddy Times) သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen...
Read More
သပိတ်ကျင်းကို မသိမ်းနိုင်သေးဘဲ အရင်သိမ်းပိုက်ရရှိထားတဲ့ လက်နက်/ခဲယမ်းပုံတွေကိုသုံးပြီး တော်လှန် ရေးအဖွဲ့တွေက သတင်းတု၊ သတင်းမှားထုတ်ပြန်နေတယ်ဆိုတဲ့ သတင်းအမှား
ဩဂုတ်၊ ၂၈။ သပိတ်ကျင်းမြို့နယ်ကို KIA, PDF နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခြင်းမရှိဘဲ ယခင်သိမ်းပိုက်ရရှိထား တဲ့ လက်နက်/ခဲယမ်းပုံတွေကို သုံးပြီး သတင်းတု/သတင်းမှားတွေကို ဖြန့်ဝေနေတယ်ဆိုပြီး သပိတ်ကျင်းမြို့ က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဓါတ်ပုံနဲ့အတူ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။ အဲဒီသတင်းကို စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ တိုက်ပွဲသတင်းစုံ ကနေ ဩဂုတ်လ ၂၇ ရက်မှာ သပိတ်ကျင်းအနီးတိုက်ပွဲများအခြေအနေဆိုတဲ့ခေါင်းစဉ်နဲ့ “သပိတ်ကျင်းမြို့ပေါ်ရှိ ရုံး၊ ဌာနဆိုင်ရာ...
Read More
သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်လို့ သတင်းအမှားဖြန့်
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၂၈ ရက် သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ View of Sue တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “သတင်းအရ TNLA တွေ ခိုအောင်းနေထိုင်သော စာသင်ကျောင်းကို ဗုံးကြဲရှင်းလင်း”...
Read More
ဧရာဝတီမြစ်ထဲတွင် စစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရမှုသည် ဂျင်းသတင်းများသာဖြစ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်
July 26 2025 By RaHu/ Myanmar Pressphoto Agency-The Red Flag ဧရာဝတီမြစ်ထဲတွင် စစ်ကောင်စီစစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရဆိုသော သတင်းများသည် ဂျင်းသတင်းများ သာဖြစ် ကြောင်း စစ်ကောင်စီလော်ဘီKyaw Swar တယ်လီဂရမ်ချန်နယ်က သတင်းအမှား ဖြန့်ဝေထားသည်။ Kyaw Swar ချန်နယ်က ၂၀၂၅ ဇူလိုင် ၂၃ရက် ညပိုင်းတွင် ဧရာဝတီမြစ်ထဲတွင်...
Read More
ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား
7 July 2025 By Wadi/ MPA – The Red Flag ရန်ကုန်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆဲဗင်းဇူလိုင် ဆန္ဒပြဆိုသည့် အကြောင်းအရာသည် လူမှုကွန်ယက်ဖေ့ဘွတ်၌ ပျံ့နှံ့လျက်ရှိသည်။ “ဆူးကြားကဘူးခါး” ဖေ့ဘွတ်ခ်အကောင့်က ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် စစ်အာဏာရှင်ပြုတ် ကျရေးအတွက် GSC၊...
Read More
ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှု PDF များလက်ချက်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်
June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။ “VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က...
Read More
ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်သတင်းမှား
DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက်...
Read More
မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်မှု NUG စေခိုင်းခြင်းဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို...
Read More
လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်
ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ Lagon Eain, The Red Flag, MFCN အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။...
Read More
ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ
Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN) ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင်...
Read More
ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်
ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber...
Read More
ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီကတန်ပြန်လွှင့်သည့် သတင်းအမှား
ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ် Lagon Eain, KIC, The Red Flag, MFCN မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊...
Read More
စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရတာ မဟုတ်ဘူးဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀...
Read More
မံစီတွင် ဒေသခံပြည်သူများကို KIA နှင့် PDF က လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးသူများဆိုသည့် သတင်းအမှား
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက်...
Read More
အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရဆိုပြီး ဝါဒဖြန့်
ဒီဇင်ဘာလ ၉ ရက် – Federal FM/ The Red Flag ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့...
Read More
သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံခဲ့ရတယ်လို့ YouTube ၊ Facebook နဲ့ Telegram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ချိနေကြတာတွေ့ရပါတယ် ။ အဲဒီဖော်ပြချက်တွေကို Myanmar Factchecking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ People’s Spring က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို...
Read More
တာချီလိတ်တွင် ဖမ်းဆီးခံထားရသော ဓားပြများ NUG ကို အလုပ်လုပ်ပေးနေသူများဟုဆိုသည့် သတင်းအမှား
By Haythar/Myanmar Pressphoto Agency+The Red Flag ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိပြီးနောက် ဓားပြများသည် NUG ကိုအလုပ်လုပ်ပေးနေသူများဖြစ်ဟုဆိုသည့် သတင်းအမှားများ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂ ရက်မွန်းလွဲပိုင်းတွင် ဓားပြတိုက်သူများကိုဖမ်းဆီးရမိထားသည့် ဓာတ်ပုံများနှင့်အတူ “ ဖမ်းဆီးရမိသူများမှာ NUG အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး...
Read More
Fact Check Playlist
အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ် ဒီတစ်ပတ်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက TNLA/PDF တို့သိမ်းယူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီကထိုးစစ်ဆင်အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို စောလားဘွယ်က စိစစ်တင်ဆက်ပေးထားပါတယ်။ #FFM #FederalFM #Factcheck #FreeHtetHtetKhine #FreeAllJournalists Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
Read More
လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ် ဆိုပြီး ဝါဒဖြန့်
ဒီဇင်ဘာလ ၂ ရက် – Federal FM/ The Red Flag လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၃၇,၃ ကျော်ရှိတဲ့ KO Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ...
Read More
ရေဘေးသင့်မိဘများအား ကယ်ဆယ်နေသော လူငယ်တစ်ဦးကို PDF သတ်ဖြတ်ဟု စစ်ကောင်စီဝါဒ ဖြန့်သူများ သတင်းအမှားဖြန့်
By Wadi / MPA- The Red Flag ပဲခူးတိုင်း ရေတာရှည်တွင် ရေဘေးသင့်နေသော မိဘများကို လာရောက်ကယ်ဆယ်သည့် ဒေသခံလူငယ် တစ်ဦးကို PDF များ ဖမ်းဆီးသတ်ဖြတ်ဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “ဘညွန့်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၆ ရက်...
Read More
စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား
By Wadi / MPA – The Red Flag ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊...
Read More