
သံတွဲမှာ အေအေ စစ်သည်တွေ ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ် ဆိုတဲ့ သတင်းအမှား
အောက်တိုဘာ ၇ – Arakan Express News/ The Red Flag ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူတွေ စစ်ရှောင်တွေ မရှိဘဲ အေအေ စစ်သည်တွေသာရှိပြီး ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ်လို့ အောက်တိုဘာ ၁ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၄၅,၇၀၀ ကျော်ရှိတဲ့...
Read More
ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi- Myanmar Pressphoto Agency/ The Red Flag စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃...
Read More
မိုးကုတ်မှာ TNLA က ဆင်တွေကို သုံးပြီး လက်နက်ခဲယမ်းတွေ စုဆောင်းနေတယ်ဆိုတဲ့ သတင်းအမှား
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် (Fact Check) Delta News Agency/ The Red Flag မိုးကုတ်မြို့မှာ ဆင်တွေကို အသုံးပြုပြီးတော့ တအာင်းတပ် TNLA က လက်နက်ခဲယမ်းများ စုဆောင်းနေ တယ်ဆိုကာ လူစီးနင်းလိုက်ပါလာတဲ့ ဆင်အများအပြား သွားလာနေတဲ့ ဓါတ်ပုံတွေနဲ့အတူ လူမှုကွန်ယက် မှာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။...
Read More
အေအေက အမ်းမြို့အတွင်း ကျေးရွာတွေက ရွာသားတွေကို မောင်းထုတ်နေပြီး ရွာသားများတွေနဲ့အတူ အေအေ စစ်သည်တွေပါ ရောနှောဝင်ရောက်ပြီး စစ်ဆင်ရေး ဖော်ဆောင်ဖို့ပြုလုပ်နေတယ် ဆိုတဲ့ သတင်းအမှား
အောက်တိုဘာ ၃ – Arakan Express News/ The Red Flag ရခိုင်ပြည်မှာ အေအေက အမ်းမြို့အတွင်း ကျေးရွာတွေက ရွာသားတွေကို မောင်းထုတ်နေပြီး ရွာသားများတွေနဲ့အတူ အေအေ စစ်သည်တွေပါ ရောနှောဝင်ရောက်ပြီး စစ်ဆင်ရေး ဖော်ဆောင်ဖို့ပြုလုပ်နေတယ်လို့ စက်တင်ဘာ ၂၈ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber...
Read More
အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ PDF တွေ ဖမ်းမိတယ်ဆိုတဲ့သတင်းအမှား
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းဘုရင့်တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ PDF တွေ ဖမ်းမိတယ်လို့ တယ်လီဂရမ်ချန်နယ်တစ်ခုက ဖြန့်ချိနေပါတယ်။ “ဖမ်းဆီးခံရသူများမှာ ကျား၂၁၂ ဦး၊ မ၅၂ ဦးပါဝင်ပြီး KNU နယ်မြေထဲမှ ထွက်ပြေးခိုးဝင်လာတဲ့ PDF တွေ အများအပြား လည်း ဖမ်းဆီးခံခဲ့ရတာပါ” ဆိုပြီး Truth Media တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်မှာ ရေးသားထား ပါတယ်။...
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကြီးနှင့် မန္တလေးကို တိုက်ခိုက်မယ်ဆိုပြီး MNDAA က လားရှိုးစစ်ဒေသမှူး ကျောက်မှုံဖန် မှပြောဆိုသည့် သတင်းအမှား
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ အောက်တိုဘာလ ၂ ရက် စစ်ကောင်စီ၏ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် MNDAA က မန္တလေးနှင့် တောင်ကြီးကို မတိုက်ခိုက်ကြောင်း ထုတ်ပြန်မှုကို ဖျက်သိမ်းပြီး ဝင်ရောက်တိုက်ခိုက်ပါက “တရုတ်ကျုးကျော်စစ်” ဟု မပြောရန် စစ်တပ်ချစ်သူများ အား MNDAA တပ်မှူးက အသိပေးပြောကြားသည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ Subscriber ၇,၈၀၀ ကျော်ရှိသည့် “ဖောင်းကားစားဖိုးကဲကြီး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ...
Read More
ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ် ဆိုတဲ့ သတင်းအမှား
အောက်တိုဘာ ၁ – AEN/TRF ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ်လို့ စက်တင်ဘာ ၂၆ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၅၆,၂၀၀ ကျော်ရှိတဲ့ ဘညွှန့် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “အေအေကတိုက်ယူရထားတဲ့ တပ်စခန်းတွေမှာ အေအေတွေ နေတယ် အခု အေအေတွေ...
Read More
မန္တလေးက လုပ်ငန်းရှင်တွေကို PDF တွေက ဆက်ကြေးတောင်းစာတွေပို့ပြီး ခြိမ်းခြောက်နေတယ် ဆိုတဲ့ သတင်းအမှား
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (Fact Check)-Delta News Agency/Kantarawaddy Times/The Red Flag ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်လောက်ကစပြီး မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာ မန္တလေး PDF ကနေ ဆက်ကြေးပေးဖို့ Viber ကနေ စာပို့တောင်းခံပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းပျံ့နှံ့နေခဲ့ပါတယ်။ စစ်ကောင်စီလော်ဘီ...
Read More
ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု
By MPA+KTT- The Red Flag စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀...
Read More
ဧရာဝတီမြစ်ထဲတွင် စစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရမှုသည် ဂျင်းသတင်းများသာဖြစ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်
July 26 2025 By RaHu/ Myanmar Pressphoto Agency-The Red Flag ဧရာဝတီမြစ်ထဲတွင် စစ်ကောင်စီစစ်သင်္ဘောများ ပစ်ခတ်နစ်မြုပ်ခံရဆိုသော သတင်းများသည် ဂျင်းသတင်းများ သာဖြစ် ကြောင်း စစ်ကောင်စီလော်ဘီKyaw Swar တယ်လီဂရမ်ချန်နယ်က သတင်းအမှား ဖြန့်ဝေထားသည်။ Kyaw Swar ချန်နယ်က ၂၀၂၅ ဇူလိုင် ၂၃ရက် ညပိုင်းတွင် ဧရာဝတီမြစ်ထဲတွင်...
Read More
ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား
7 July 2025 By Wadi/ MPA – The Red Flag ရန်ကုန်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆဲဗင်းဇူလိုင် ဆန္ဒပြဆိုသည့် အကြောင်းအရာသည် လူမှုကွန်ယက်ဖေ့ဘွတ်၌ ပျံ့နှံ့လျက်ရှိသည်။ “ဆူးကြားကဘူးခါး” ဖေ့ဘွတ်ခ်အကောင့်က ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် စစ်အာဏာရှင်ပြုတ် ကျရေးအတွက် GSC၊...
Read More
ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှု PDF များလက်ချက်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်
June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။ “VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က...
Read More
ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်သတင်းမှား
DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက်...
Read More
မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်မှု NUG စေခိုင်းခြင်းဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
By Wadi/ Myanmar Pressphoto Agency- The RedFlag စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို...
Read More
လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်
ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ Lagon Eain, The Red Flag, MFCN အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။...
Read More
ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ
Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN) ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင်...
Read More
ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်
ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber...
Read More
ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီကတန်ပြန်လွှင့်သည့် သတင်းအမှား
ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ် Lagon Eain, KIC, The Red Flag, MFCN မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊...
Read More
စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရတာ မဟုတ်ဘူးဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀...
Read More
မံစီတွင် ဒေသခံပြည်သူများကို KIA နှင့် PDF က လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးသူများဆိုသည့် သတင်းအမှား
By Wadi / Myanmar Pressphoto Agency(MPA) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက်...
Read More
အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရဆိုပြီး ဝါဒဖြန့်
ဒီဇင်ဘာလ ၉ ရက် – Federal FM/ The Red Flag ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့...
Read More
သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံခဲ့ရတယ်လို့ YouTube ၊ Facebook နဲ့ Telegram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ချိနေကြတာတွေ့ရပါတယ် ။ အဲဒီဖော်ပြချက်တွေကို Myanmar Factchecking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ People’s Spring က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို...
Read More
တာချီလိတ်တွင် ဖမ်းဆီးခံထားရသော ဓားပြများ NUG ကို အလုပ်လုပ်ပေးနေသူများဟုဆိုသည့် သတင်းအမှား
By Haythar/Myanmar Pressphoto Agency+The Red Flag ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိပြီးနောက် ဓားပြများသည် NUG ကိုအလုပ်လုပ်ပေးနေသူများဖြစ်ဟုဆိုသည့် သတင်းအမှားများ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂ ရက်မွန်းလွဲပိုင်းတွင် ဓားပြတိုက်သူများကိုဖမ်းဆီးရမိထားသည့် ဓာတ်ပုံများနှင့်အတူ “ ဖမ်းဆီးရမိသူများမှာ NUG အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး...
Read More
Fact Check Playlist
အပွေးမြင်အပင်သိတွေးဆင်ခြင်သတင်းအမှန်သိအစီအစဉ် ဒီတစ်ပတ်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက TNLA/PDF တို့သိမ်းယူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီကထိုးစစ်ဆင်အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို စောလားဘွယ်က စိစစ်တင်ဆက်ပေးထားပါတယ်။ #FFM #FederalFM #Factcheck #FreeHtetHtetKhine #FreeAllJournalists Website – https://federalfmradio.com YouTube – / @federalfmradio Telegram – https://t.me/federalfm Facebook – / federalfmradio Instagram – / federalfmradio
Read More
လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ် ဆိုပြီး ဝါဒဖြန့်
ဒီဇင်ဘာလ ၂ ရက် – Federal FM/ The Red Flag လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၃၇,၃ ကျော်ရှိတဲ့ KO Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ...
Read More
ရေဘေးသင့်မိဘများအား ကယ်ဆယ်နေသော လူငယ်တစ်ဦးကို PDF သတ်ဖြတ်ဟု စစ်ကောင်စီဝါဒ ဖြန့်သူများ သတင်းအမှားဖြန့်
By Wadi / MPA- The Red Flag ပဲခူးတိုင်း ရေတာရှည်တွင် ရေဘေးသင့်နေသော မိဘများကို လာရောက်ကယ်ဆယ်သည့် ဒေသခံလူငယ် တစ်ဦးကို PDF များ ဖမ်းဆီးသတ်ဖြတ်ဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “ဘညွန့်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၆ ရက်...
Read More
စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား
By Wadi / MPA – The Red Flag ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊...
Read More