စစ်ကိုင်းတိုင်း၊ ကနီမှာ ပွဲစျေးကပြန်လာသူတဲ့ ပြည်သူတစ်ဦးကို PDF တွေက ဖမ်းဆီးရိုက်နှက်ခဲ့ တယ်ဆိုပြီး ဝါဒဖြန့်ချိ
Share:FacebookX

စစ်ကိုင်းတိုင်း၊ ကနီမှာ ပွဲစျေးကပြန်လာသူတဲ့ ပြည်သူတစ်ဦးကို PDF တွေက ဖမ်းဆီးရိုက်နှက်ခဲ့ တယ်ဆိုပြီး ဝါဒဖြန့်ချိ

အာဏာသိမ်းစစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေ   “ထိုစစ်ကိုင်းတိုင်း၊ ကနီမှာ ပွဲစျေးကပြန်လာသူတဲ့ ပြည်သူတစ်ဦးကို PDF တွေက ဖမ်းဆီးရိုက်နှက်ခဲ့တယ်” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။

အဲ့ဒီ အကြောင်းအရာကို Likeပြုလုပ်သူ – ၃၀၀ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ- ၁၈၀၀၀ ကျော် ရှိနေပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://t.me/hminewai/104628

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက  အချက်အလက် စစ်ဆေးကြည့်တဲ့အခါ

မှားယွင်းချိတ်ဆက်ပြီးလိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ဆေးတွေ့ရှိချက်

ဖြန့်ဝေထားတဲ့ အကြောင်းအရာမှာ ပါရှိတဲ့ ဓာတ်ပုံကို ကို  Google Image Search မှာ ပြန်လည်ရှာဖွေကြည့်လိုက်တဲ့အခါမှာ Rohingyakhobor ဆိုတဲ့သတင်းမီဒီယာမှာ  ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ Camp 10 ရှိ  ၉ ကျောင်းသားတစ်ဦးကို အမည်မသိ အဖွဲ့တခုက ဖမ်းဆီးခဲ့ပြီးတော့ ဖမ်းဆီးခံရ မိသားစုတွေကို ၅ သိန်းနေတယ်လို့ စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် ငွေ ၅ သိန်းမပေးပါက အသတ်ခံနိုင်ရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ သတင်းမှာ ထပ်မံဖော်ပြတာ တွေ့ရှိရပါတယ်။ 

Rohingyakhobor သတင်းဌာန ကဖော်ပြထားတဲ့သတင်း – https://www.facebook.com/share/p/1Bdraka8pg/

Times of Rohingya   – https://www.facebook.com/share/p/14feBcUH1yF/

Rohingya Human Rights Initative – ROHRIngya – https://www.facebook.com/share/p/1BRUxnMTrj/

လက်ရှိမှာတော့ တရားခံ အောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မှုခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမေးမြန်းမှုတွေကို ဆက်လုပ်ပြုလုပ်နေတယ်လို့ စိစစ်တွေ့ရှိရပါတယ်။

သတင်းအပြည့်အစုံလင့်ခ်- https://www.facebook.com/share/p/1EU1A6bTKK/

လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ပွဲစျေးကပြန်လာသူကို PDF တွေရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ရေးသားဖော်ပြထားတာမတွေ့ရပါဘူး။ 

သုံးသပ်ချက်

စိစစ်တွေ့ရှိချက်များအရ “စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပွဲစျေးကပြန်လာတဲ့ ပြည်သူတစ်ဦးကို PDF တွေက ဖမ်းဆီးရိုက်နှက်ခဲ့တယ်” ဆိုတဲ့ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ဟာ အထောက်အထားမရှိဘဲ ဓာတ်ပုံဟောင်းတစ်ပုံကို ဖြစ်စဉ်အသစ်နဲ့ မှားယွင်းချိတ်ဆက်ပြီး လိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

စစ်ဆေးချက်အရ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ကနီမြို့နယ်နဲ့ သက်ဆိုင်တာမဟုတ်ဘဲ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ သီးခြားဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

အဲဒီဖြစ်စဉ်မှာ Camp 10 က ကျောင်းသားတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးပြီး မိသားစုထံက ငွေကြေးတောင်းခံခဲ့တယ်လို့ Rohingya သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါကြောင့် မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖော်ပြချက်ဟာ မသက်ဆိုင်တဲ့ ဓာတ်ပုံကို အသုံးပြုပြီး PDF တွေအပေါ် အပုပ်ချဖို့ ရည်ရွယ်ချက်နဲ့ ဖြန့်ဝေထားတဲ့ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ 

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

 Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .