ထိုင်းနိုင်ငံမှာ ခင်ပွန်းဖြစ်သူရဲ့ အသတ်ခံရသူ မျိုးသမီးဟာ NUGက တာဝန်ရှိသူတစ်ဦးနဲ့ ဖောက်ပြန်နေတာကြောင့် အသတ်ခံရခြင်းဖြစ်တယ်ဆိုပြီး စစ်လော်ဘီတွေသတင်းမှားဖြန့်နေ
Share:FacebookX

ထိုင်းနိုင်ငံမှာ ခင်ပွန်းဖြစ်သူရဲ့ အသတ်ခံရသူ မျိုးသမီးဟာ NUGက တာဝန်ရှိသူတစ်ဦးနဲ့ ဖောက်ပြန်နေတာကြောင့် အသတ်ခံရခြင်းဖြစ်တယ်ဆိုပြီး စစ်လော်ဘီတွေသတင်းမှားဖြန့်နေ

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေ   “ထိုင်းနိုင်ငံမှာ ခန္ဓာကိုယ်အစိတ်အပိုင်းဖြတ်ပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဟာ NUGက တာဝန်ရှိသူတစ်ဦးနဲ့ ဖောက်ပြန်နေတာကြောင့် အမျိုးသားက သတ်ခြင်းဖြစ်ကြောင်းနဲ့ သီတဂူဆရာတော်ကို စော်ကားခဲ့တဲ့ တော်လှန်ရေးထောက်ခံသူဖြစ်တယ်” ဆိုပြီးတော့ရေးသား ဖြန့်ဝေထားတာတွေ့ရပါတယ်။

 

အဲ့ဒီ အကြောင်းအရာကို Likeပြုလုပ်သူ – ၆၀၀ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ- ၁၇၀၀၀ ကျော် ရှိနေပါတယ်။

 

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

 

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://archive.is/wip/BHv14

 

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက  အချက်အလက် စစ်ဆေးကြည့်တဲ့အခါ

မှားယွင်းချိတ်ဆက်ပြီးလိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

စစ်ဆေးတွေ့ရှိချက်

 

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို  Googleမှာ ပြန်လည်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်းမှာ ဇနီးဖြစ်သူ မြန်မာအမျိုးသမီးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံနေရတယ်လို့ စိစစ်တွေ့ရှိရပါတယ်။

 ဇနီးဖြစ်သူ မြန်မာအမျိုးသမီးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသားဖြစ်သူကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး ဘာကြောင့်ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ ဒီအကြောင်းအရာကို သတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။ 

မောင်း သတင်းဌာန ကဖော်ပြထားတဲ့သတင်း – https://www.facebook.com/share/p/1JMxteS4NF/

Dawei Watchသတင်းဌာနက ဖော်ပြထားတဲ့သတင်း   – https://www.facebook.com/share/p/1CagV7ABVt/

လက်ရှိမှာတော့ တရားခံ အောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မှုခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမေးမြန်းမှုတွေကို ဆက်လုပ်ပြုလုပ်နေတယ်လို့ စိစစ်တွေ့ရှိရပါတယ်။

သတင်းအပြည့်အစုံလင့်ခ်- https://www.facebook.com/share/p/1EU1A6bTKK/

 

လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ အသတ်ခံရသူဟာ  NUGက တာဝန်ရှိသူတစ်ဦးနဲ့ ဖောက်ပြန်နေတာကြောင့် အမျိုးသားက သတ်ခြင်းဖြစ်တယ်ဆိုတာမျိုး  ဖော်ပြထားတာမျိုး မရှိပါဘူး။

 

သုံးသပ်ချက်

 

အထက်မှာဖော်ပြထားတဲ့အတိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာအမျိုးသမီး မအေးအေးနွဲ့ အသတ်ခံရမှုဟာ လူသတ်မှုဆိုင်ရာ ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ သေဆုံးသူဟာ NUG တာဝန်ရှိသူတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတဲ့ အချက်ကို ဖော်ပြထားခြင်း မရှိပါဘူး။ 

 

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကဖြန့်ဝေနေတဲ့ “ထိုင်းနိုင်ငံမှာ ခန္ဓာကိုယ်အစိတ်အပိုင်း သတ်ဖြတ်ခံရသူအမျိုးသမီးဟာ NUGက တာဝန်ရှိသူတစ်ဦးနဲ့ ဖောက်ပြန်နေတာကြောင့် အမျိုးသားက သတ်ဖြတ်ခြင်း ဖြစ်တယ်” ဆိုတာဟာ မှားယွင်းချိတ်ဆက်ပြီး ရာဇဝတ်မှုတစ်ခုကို နိုင်ငံရေးနဲ့ ချိတ်ဆက်ပြီး လိုရာဆွဲပုံဖော်ဖန်တီးထားတဲ့  သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ 

 

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

 

 Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

 

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .