စစ်တပ်ရဲ့  စစ်ကြောင်းထိုးမှုကြောင့်ထွက်ပြေးပြီး စစ်ရှောင်နေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီး စစ်လော်ဘီတွေ သတင်းမှားဖြန့် 
Share:FacebookX

စစ်တပ်ရဲ့  စစ်ကြောင်းထိုးမှုကြောင့်ထွက်ပြေးပြီး စစ်ရှောင်နေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီး စစ်လော်ဘီတွေ သတင်းမှားဖြန့် 

စစ်တပ်ရဲ့  စစ်ကြောင်းထိုးမှုကြောင့်ထွက်ပြေးပြီး စစ်ရှောင်နေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီး စစ်လော်ဘီတွေ သတင်းမှားဖြန့် 

 

၂၀၂၆ ဧပြီ ၉

 

(Fact Check _ DNA/Akyab Post/ The Red Flag)

 

အခုရက်ပိုင်း ဝါဒဖြန့်ချန်နယ်တွေမှာ အင်းတော်ဒေသကို စစ်တပ်က  စစ်ကြောင်းထိုးမယ် ဆိုတဲ့  သတင်းကြောင့် တိမ်းရှောင်ထွက်ပြေးကြရသူတွေဟာ ပြည်သူတွေမဟုတ်ဘဲ ကသာတော်လှန်ရေး အဖွဲ့တွေသာ ဖြစ်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။ 

 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ “မှိုင်းဝေ” ကနေ ဧပြီလ ၈ ရက်နေ့မှာ “ပြည်သူတွေက အေးဆေးပါ …အကြမ်းဖက်သမားတွေပဲ ကြောက်နေကြတာ.. ပုံထဲမှာပြေးနေတဲ့အဖွဲတွေကလည်း ကသာအဖွဲ့တွေပါ…” (မူရင်းအရေးအသား) ဆိုတဲ့ စာသားနဲ့အတူ “ထီးချိုင့်နဲ့ဗန်းမောက်မြို့ကို သိမ်းလိုက်တဲ့ စကမ တပ်တွေ အင်းတော်ထိ စစ်ကြောင်းဆက်ထိုးမယ် ဆိုတဲ့သတင်းကြောင့် ဒေသတွင်းစစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေ” ဆိုတဲ့ ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။ 

 

https://archive.ph/XpHjR 

 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post နဲ့ DNA ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၈ ရက်နေ့ အထိ ဝင်ရောက်ဖတ်ရှုသူ ၂၁၀၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၅၅၂ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

 

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ DNA တို့ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အင်းတော်ဒေသကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမှာကြောင့် ထွက်ပြေးလာကြသူတွေဟာ  ဒေသခံ ပြည်သူတွေပဲဖြစ်ပြီးတော့  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

သတင်းစိစစ်ချက်

 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ reverse image search tools အပါအဝင် google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

 

ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ  Kachin Waves သတင်းဌာနကနေ ဧပြီလ ၆ရက်နေ့မှာ “ထီးချိုင့်နဲ့ဗန်းမောက်မြို့ကို သိမ်းလိုက်တဲ့ စကမ တပ်တွေ အင်းတော်ထိ စစ်ကြောင်းဆက်ထိုးမယ် ဆိုတဲ့သတင်းကြောင့် ဒေသတွင်းစစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။ 

 

Kachin Waves သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ စစ်ဘေးရှောင်အများစု ခိုလှုံနေကြတဲ့ အင်းတော်မြို့နယ်ထဲကို ထီးချိုင့်နဲ့ဗန်းမောက်က စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ဘေးလွတ်ရာကျေးရွာတွေမှာ တိမ်းရှောင်ခိုလှုံ နေကြရတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

 

https://www.facebook.com/share/p/1CcNgjE4uG/

 

ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း  စစ်ကိုင်းတိုင်း၊ ကသာမြို့ကို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အရပ်သား စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာ မြို့နီးနားချင်းဖြစ်တဲ့ အင်းတော်မြို့နယ်၊ နဘားမြို့၊ မော်လူးမြို့၊ မဲဇာရွာ ၊ မြစ်ကြီးနား၊ မန္တလေး စတဲ့ နေရာတွေကို တိမ်းရှောင်နေကြတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

 

https://www.facebook.com/share/p/18hLJr4cB2/ 

 

 ဒီသတင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာကိုလည်း People Spring သတင်းဌာနကနေ ကသာမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်လာနေရတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

 

https://www.facebook.com/share/p/1J5ZwxCyQu/ 

 

သုံးသပ်ချက် 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးနေကြတဲ့ ပြည်သူတွေဟာ အရပ်သားတွေသာဖြစ်ပြီးတော့ ကသာတော်လှန်ရေး အဖွဲ့တွေ မဟုတ်ဘူးဆိုတာ ကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ နားလည်မှုလွဲအောင်ရည်ရွယ်ပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားဖြစ်ပါတယ်။  

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို တော်လှန်ရေးနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။ 

 

လက်ရှိ စစ်ကောင်စီဟာ မြန်မာပြည်တွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

 

လက်ရှိမြန်မာပြည်တွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

 

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #Akyabpost_factcheck #Akyabpost #FactCheck #MFCN

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .