ဩစတေးလျနိုင်ငံပိုင် အရပ်ဘက် ရဟတ်ယာဉ်နှစ်စီးကို အေအေ ပစ်ခတ်တယ်ဆို တဲ့ သတင်းအမှား
Share:FacebookX

ဩစတေးလျနိုင်ငံပိုင် အရပ်ဘက် ရဟတ်ယာဉ်နှစ်စီးကို အေအေ ပစ်ခတ်တယ်ဆို တဲ့ သတင်းအမှား

Akyab Post/MFCN

7 Apr 2026

Fact-check

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဩစတေးလျနိုင်ငံပိုင် အရပ်ဘက် ရဟတ်ယာဉ်နှစ်စီးကို အာရက္ခတပ်တော် အေအေမှ ရသေ့တောင်မြိုနယ်၊ မိုးစဲကျွန်းအနီးမှာ ပစ်ခတ်ချတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ဖြန့်ဝေထားတာတွေ့ရပါတယ်။

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်က ဧပြီလ ၆ ရက်နေ့မှာ “ဧပြီလ ၅ ရက် နေ့လယ်ပိုင်းက Australia နိုင်ငံပိုင် Airbus Helicopters ၂ စီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းလေဆိပ်မှ  ရန်ကုန်လေဆိပ်သို မေယုမြစ်ကြောင်းအတိုင်း ပျံသန်းလာစဉ် ရသေ့တောင်မြိုနယ်၊ မိုးစဲကျွန်းအနီးမှာ အခြေပြုထားတဲ့ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲက လက်ပံပင်ရင်းကျေးရွာနဲ့ ဆားပြင်ကြီးကျေးရွာ အနီးအရောက်မှာ လေယာဉ်ပစ် စက်သေနတ်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။ AA အကြမ်းဖက်အဖွဲရဲ့ အဲဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် Airbus Helicopters အမျိုးအစား ရဟတ်ယာဉ် ၁ စီးရဲ့ အမြီးပိုင်းကို ကျည်ထိမှန်ခဲ့ပြီး ဘေးအန္တရာယ် ကင်းရှင်း စွာဖြင့် ရန်ကုန်လေဆိပ်သို ညနေ ၃ နာရီ ဝန်းကျင်မှာ ဆင်းသက်နိုင်ခဲ့တယ်လို သိရပါတယ်။ AA အကြမ်းဖက်အဖွဲအနေဖြင့် အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ နိုင်ငံဖြတ်ကျော် ပျံသန်းခွင့် ပြုထားတဲ့ အခြားပြည်ပနိုင်ငံပိုင် အရပ်ဘက်ရဟတ်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်ပါတယ်။” (မူရင်းအရေးအသား)  လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

သတင်းမှားလင်ခ့် – https://archive.ph/rt9Og 

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၆ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၃၀၀၀ ကျော်ထိရှိပြီိးတော့ reaction ပေးသူ ၃၄၂ ဦးထိရှိပြီးတော့ အခြားဝါဒဖြန့် ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

သတင်းမှားလင်ခ့် – https://archive.ph/rdv02  

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

 Google မှာ “ဩစတေးလျ အရပ်ဘက်ရဟတ်ယာဉ် ပစ်ခတ်ခံရ” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ စိတ်ချယုံကြည်ရတဲ့ ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေနဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

DMG – https://www.dmgburmese.com/ 

Narinjara – https://burmese.narinjara.com/ 

Mizzima – https://bur.mizzima.com/ 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဩစတေးလျသံရုံးကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တစုံတရာမှာ ထုတ်ပြန်ထားတာကို မတွေ့ရှိရပါဘူး။ 

Australian Embassy in Myanmar – https://burma.embassy.gov.au/rang/home.html 

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အာရှဒေသတွင်းသတင်းဌာနတွေမှာလည်း ဩစတေးလျ အရပ်ဘက်ရဟတ်ယာဉ်နှစ်စီးကို အာရက္ခတပ်တော် က တော်ဖက်မှနေ ပစ်ခတ်ခဲ့တယ် ချဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

Asia Times – https://asiatimes.com/ 

The Daily Star – https://www.thedailystar.net/ 

ဒါ့အပြင် ဩစတေးလျနိုင်ငံ ပိုင် ရဟတ်ယာဉ်တွေ တိုက်ခိုက်ခံရတယ်ဆိုရင်  ကမ္ဘာ့သတင်းဌာနကြီးတွေဖြစ်တဲ့  BBC, Reuters, AFPစတဲ့ သတင်းဌာနကြီးတွေ မှာ ချက်ချင်းဖော်ပြမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီလိုဖြစ်စဉ်မျိုးကိုအဲ့ဒီ သတင်းဌာနတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဩစတေးလျနိုင်ငံပိုင် ရဟတ်ယာဉ်တွေဟာ မြန်မာ့လေပိုင်နက်ထဲကိုအထူးသဖြင့် စစ်ရေး တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသပေါ်ကို ခွင့်ပြုချက်မရှိဘဲ ဒါမှမဟုတ် အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ ဖြတ်သန်းပျံသန်းမှာ မဟုတ်ပါဘူး။ 

စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်)ကနေ  ရန်ကုန် ကို  ပျံသန်းမယ်ဆိုရင် ပုံမှန်အားဖြင့် ကမ်းရိုးတန်းတစ်လျှောက် ဒါမှမဟုတ် ပင်လယ်ပြင်ပေါ်ကနေ တိုက်ရိုက်ပျံသန်းမှာ ဖြစ်ပါတယ်။

မေယုမြစ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့  ရသေ့တောင် မြို့နယ်တွေ မှာ ရှိတာပါ။ စစ်တကောင်းကနေ ရန်ကုန်ကိုသွားတဲ့ ရဟတ်ယာဉ်တွေဟာ မေယုမြစ်ကြောင်းအတိုင်း ကွေ့ဝိုက်ပြီး ပျံသန်းတယ်ဆိုတာက ယုတ္တိမရှိပါဘူး။ 

သုံးသပ်ချက် 

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို စိတ်ချယုံကြည်ရတဲ့ ဒေသတွင်း သတင်းဌာနတွေ၊ အာရှနဲ့ နိုင်ငံတကာသတင်းဌာနတွေအပါအဝင် ဩစတေးလျ သံရုံး ထုတ်ပြန်ချက်တွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဩစတေးလျနိုင်ငံပိုင် အရပ်ဘက် ရဟတ်ယာဉ်နှစ်စီး အေအေက နေ ပစ်ခတ်ခဲ့ ချတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားနဲ့ သက်သေတွေမတွေ့ရှိရပါဘူး။ 

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖြန့်ဝေနေတဲ့ ဟာ ဩစတေးလျနိုင်ငံပိုင် အရပ်ဘက် ရဟတ်ယာဉ်နှစ်စီးကို အာရက္ခတပ်တော် အေအေ က မှနေ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .