Akyab Post/ MFCN
3 Apr 2026
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် သံတွဲမြို့ရှိ အေအေတပ်သားတွေနေထိုင်တဲ့ စခန်းကို စစ်ကောင်စီ က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “People Media” ကနေ ဧပြီလ ၁ရက်နေ့မှာ “သံတွဲမြို့ အနီးရှိ AA စခန်းကို တပ်မတော်က ဖိုက်တာ ၄ စီး၊ Y-12 (၁)စီးဖြင့် ရှင်းလင်း” ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားလင်ခ့် – https://archive.ph/pFPp5
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၂ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှူသူ ၃၂၆၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၆၁၅ ဦးနဲ့ မှတ်ချက်ပေးသူ ၁၄ ဦးနဲ့ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
သတင်းမှားလင်ခ့် – https://archive.ph/JCblb
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ သံတွဲလေကြောင်းတိုက်ခိုက်မှုဆိုတဲ့ keywords နဲ့ ရှာကြည့်တဲ့အခါ ပြည်တွင်းသတင်းဌာန တစ်ခုဖြစ်တဲ့ Mizzima ကနေ ဧပြီလ ၂ ရက်နေ့မှာ “သံတွဲမြို့ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါ မိသားစုလိုက် သေဆုံး” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
Mizzima သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ သံတွဲမြို့နယ်ထဲက စစ်ကော်မရှင်၏ ခလရ(၅၅) စခန်းဟောင်းအနီးကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ကလေးငယ် နှစ်ဦး အပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ပြီးတော့ သေဆုံးတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါဝင်နေတာကို တွေ့ရပါတယ်။
Mizzima – https://bur.mizzima.com/2026/04/02/86662
ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now ကနေလည်း ဧပြီလ ၂ ရက်နေ့မှာ “တပ်ချုပ်အသစ်လက်ထက် သံတွဲဒေသတိုက်ခိုက်မှု ကလေးများအပါ မိသားစုဝင် ၄ ဦးသေဆုံး” လို့ ရေးသားဖော်ပြထားပါတယ်။
Myanmar Now သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း သံတွဲမြို့ရှိ စစ်တပ်ခြေလျင်တပ်ရင်း အမှတ် (၅၅) နေရာအနီး ဧပြီလ ၁ ရက်၊ နံနက် ၁၁ နာရီတွင် လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်ဗုံးကြဲစဉ် ကလေးများအပါအဝင် အရပ်သား လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကာ သေဆုံးတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါဝင်နေတာကို တွေ့ရပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/73790/
ဒီသတင်းကိုပဲ မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ The Irrawaddy သတင်းဌာနနဲ့ DVB သတင်းဌာနတို့ကနေလည်း စစ်ကောင်စီမှနေ သံတွဲမှာ လေကြောင်းမှနေ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
The Irrawaddy – https://www.facebook.com/share/p/1BHvEsdmmz/
DVB – https://burmese.dvb.no/post/806937
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ သံတွဲမှာ စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တာဟာ အရပ်သားပြည်သူတွေသာဖြစ်ပြီးတော့ အသက်မပြည့်သေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါ သေဆုံးတဲ့အထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး သံတွဲမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့သူတွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်ပြီးတော့ သေဆုံးတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်နေတာတွေ့ရပြီးတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ သေဆုံးတဲ့သူတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။
ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို အေအေတပ်သားတွေပါဆိုပြီး မှန်ကန်တိကျမှုမရှိတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2
(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







