Akyab Post/MFCN
2 Apr 2026
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေနဲ့ စက်လှေတွေကို ဖမ်းဆီးပြီး ပြန်ပေးဆွဲကာ ငွေညှစ်နေတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “ရွေဘ” ချန်နယ်ကနေ မတ်လ ၃၀ ရက်နေ့မှာ “မတ်လ ၂၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၃ ဦးနဲ့ စက်လှေ ၃ စင်းတို့ကို AA အကြမ်းဖက်အဖွဲ့က နတ်မြစ်ဝ၊ ရှာပေါရီကျွန်းအနီးမှာ ဖမ်းဆီးပြန်ပေးဆွဲခဲ့တယ်လို့ သိရပါတယ်…AA အကြမ်းဖက်အဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမားတွေကို ဖမ်းဆီးပြန်ပေးဆွဲ ငွေညှစ်နေတာက ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး…အကြိမ်ကြိမ်ရှိနေပြီဖြစ်ပါတယ်…သိရသလာက်ဆိုရင် AA အကြမ်းဖက်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅၀၀ နီးပါးကို ဖမ်းဆီးပြန်ပေးဆွဲငွေညှစ်ခဲ့ပြီး ၃၀၀ နီးပါးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီလို့ သိရပါတယ်…” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားလင့်ခ် – https://archive.ph/T99oI
ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၁၀၂၀၀ ထိရှိပြီးတော့ reaction ပေးသူ ၁၂ ဦးနဲ့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆက်စပ်သတင်းမှား – https://archive.ph/BPr4d
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လိုရာဆွဲပုံဖော်ရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်ကို reverse image search tools နဲ့ google advanceed search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ မတ်လ ၂၉ာ “ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၃ ဦးနှင့် စက်လှေ ၃ စင်းကို AA ဖမ်းဆီး” လို့ ရေးသားဖော်ပြထားပါတယ်။
DVB သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၃ ယောက်နဲ့ စက်လှေ ၃ စင်းကို မတ် ၂၈ ရက် မနက်ပိုင်းက နတ်မြစ်ဝမှာ အာရက္ခတပ်တော် AA ကနေ ရခိုင်ရေပိုင်နက်အတွင်းငါးဖမ်းပြီးအပြန်မှာ နတ်မြစ်ဝ ရှာပေါရီကျွန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
DVB – https://burmese.dvb.no/post/854674
ဒါ့အပြင် ဒီသတင်းကို ရခိုင်ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ မတ်လ ၂၉ ရက်နေ့မှာ “အာရက္ခတပ်တော် (AA) ကမ်းခြေစောင့်တပ်က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၃ ဦးနှင့် ငါးဖမ်းလှေသုံးစင်းကို မတ်လ ၂၈ ရက်နေ့ နံနက်တွင် ပင်လယ်ပြင်မှ ငါးဖမ်း၍ ၎င်းတို့နေရပ် တက်ကနက်မြို့နယ် ရှာပိုရီယာကျွန်း(ဆင်မဖြူကျွန်း)သို့ ပြန်လာစဉ် နတ်မြစ်၀ရှိ နာခေါင်းတိုအနီးမှာ ဖမ်းဆီးခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။
Narinjara – https://burmese.narinjara.com/news/detail/69c87f125ec101b7a7c638fc
ဒီသတင်းကိုပဲ နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေ မတ်လ ၂၉ ရက်နေ့မှာ “အေအေက ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၁၃ ဦးနဲ့ ငါးဖမ်းလှေအချို့ကို နတ်မြစ်ဝမှာ ဖမ်းဆီး” လို့ ရေးသားဖော်ပြထားပါတယ်။
BBC – https://www.facebook.com/share/p/1DfBae85gY/
ဒီသတင်းနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲသတင်းကိုလည်း Narinjara သတင်းဌာနကနေ ဧပြီလ ၂ ရက်နေ့မှာ “အေအေ က “ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၄ ဦးကို ပြန်လွှတ်ပေး” လို့ ရေးသားဖော်ပြထားပါတယ်။
Narinjara- https://www.facebook.com/share/p/18JUb1CJwC/
ဘင်္ဂလားဒေ့ရ်ုနိုင်ငံက ငါးဖမ်းသမားတွေ မြန်မာနိုင်ငံရေပိုင်နက် နတ်မြစ်မှာ ငါးခိုးဖမ်းတာကြောင့် ထိရောက်စွာကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ရေးသားထားတဲ့ သတင်းတွေကို မြန်မာနိုင်ငံတွင်း သတင်းဌာနတွေဖြစ်တဲ့ DVB နဲ့ DMG သတင်းဌာနတွေကနေ ဖော်ပြထားတာကို တွေ့ရပါတယ်။
DVB – https://www.facebook.com/reel/1284843580196553
DMG – https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/rttrn.html
ဒါ့အပြင် အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရ်ုနိုင်ငံက နိုင်ငံပိုင်နက်ကို ကျူးကျော်ပြီးတော့ ငါးလာခိုးဖမ်းတဲဲ့သူတွေကို ဖမ်းဆီးခဲ့ပြီးတော့ အာဏာပိုင်တွေကို ပြန်လည်လွှဲအပ်ခဲ့တာတွေကို န်ိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA ကနေ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
RFA – https://www.facebook.com/share/p/1AteJYYAEj/
ယခင်ကလည်း ဘင်္ဂလားဒေ့ရ်ုနိုင်ငံက ငါးဖမ်းသမားတွေဟာ မြန်မာရေပိုင်နက်အတွင်းမှာ ငါဝင်ခိုးဖမ်းခဲ့တာကြောင့် အာရက္ခတပ်တော် အေအေဖက်မှနေ ဖမ်းဆီးခဲ့တာကို ပြန်ပေးဆွဲပေးပါတယ်ဆိုပြီး ရေးသားထားတာကို Akyab Post က အချက်အလက် စစ်ဆေးခဲ့ဖူးပါတယ်။
ဘင်္ဂလားဒေ့ရ်ုနိုင်ငံသား ၅ဦးကို အေအေအဖွဲ့ကနေ ပြန်ပေးဆွဲဆိုကာ သတင်းမှားဖြန့် >>> https://www.facebook.com/share/v/186x8AhZqW/
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့နေသလိုမျိုး အေအေအဖွဲ့ကနေ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၁၃ ဦးကို ပြန်ပေးဆွဲသွားပါတယ်ဆိုပြီး ဖြန့်ဝေထားတာဟာ လိုရာဆွဲ ပုံဖော်ပြီး ရေးသားဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းက နိုင်ငံရေးအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရ်ုနိုင်ငံဖက်ကနေ ငါးဖမ်းခိုးဝင်တာတွေကို အာရက္ခတပ်တော် အေအေဖက်ကနေ ဖမ်းဆီးတာတွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဖမ်းဆီးခံရတဲ့ ငါးဖမ်းသမားတွေကို အေအေက ပြန်ပေးဆွဲတယ်ဆိုပြီး ရေးသားဖြန့်ဝေတာဟာ ပဋိပက္ခကိုတိုးစေနိုင်ပါတယ်။
ဒါ့အပြင် အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေ သတင်းတုသတင်းမှားတွေ ပျံနေတာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။
စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လိုက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။
ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/







